Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Donald
8.2
The Great Escape (1963)
၁၉၄၄ ခုနှစ်မှာ လုံခြုံရေးအတင်းကျပ်ဆုံး ထွက်ပြေးလွတ်မြောက်ဖိုလုံး၀မဖြစ်နိုင်ဘူးဆိုတဲ့ ဂျာမန်အကျဉ်းစခန်းကနေ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ မဟာမိတ်တပ်ဖွဲ၀င်စစ်သားတွေဟာ ထွက်ပြေးဖို ကြိုးစားခဲ့ကြတယ်။ ထွက်ပြေးမယ့်သူကလည်း တစ်ယောက်နှစ်ယောက် တစ်ဒါဇင်လောက်တောင်မဟုတ်ဘဲ အယောက် ၂၅၀ ထွက်ပြေးကြမှာ။၃ နှစ်ကျော် အကျဉ်းချခံထားတဲ့သူတိုဟာ လိုက်ခေါင်း ၃ ခုတူးပြီး မရရအောင် ထောင်ဖောက်ပြေးကြဖို စီစဉ်ခဲ့ကြတယ်။ ဇာတ်ကောင်တွေ အချိန် နေရာတွေကို အနည်းငယ်ပြုပြင်ထားပေမဲ့ ထွက်ပြေးလွတ်မြောက်ရေးအစီအစဉ်ကတောာ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အတိုင်း အသေးစိတ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တာမို စိတ်လှုပ်ရှားဖို အတော်လေးကောင်းပါတယ်။ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးတဲ့ ထောင်ဖောက်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် ဒီဇာတ်ကားကလည်း လက်လွှတ်ခံလိုမဖြစ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:52:00 Genre... Adventure, Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
The Great Escape (1963)
6.7
Carry-On (2024)
Carry-On (2024)IMDb Rating (6.7) / Rotten Tomatoes (88%) Kingsman မင်းသား Taron Egerton နဲ့ Ozark ထဲက မင်းသားကြီးJason Bateman တို့ပါဝင်ထားတဲ့ လေယာဉ်အကြမ်းဖက် ပြန်ပေးဆွဲ Carry- on ထွက်လာပါတယ်။အီသန်ကိုပက်ခ်က ခရစ်စမတ်မှာ သူ ၃ နှစ်တာ လေဆိပ်စစ်ဆေးရေးဝန်ထမ်းအဖြစ်လုပ်ခဲ့တဲ့ အလုပ်ကနေထွက်ပြီး ရဲသင်တန်းတက်ဖို့ ဒွိဟတွေဖြစ်နေပါတယ်။ဒါပေမယ့် သူနောက်ဆုံးအလုပ်ထွက်စာတင်မယ့်နေ့မှ အထက်လူကြီးက သူ့ကို ရာထူးတစ်ဆင့်မြှင့်ပြီး အိတ်တွေကို စကန်ဖတ်စက်နဲ့ စစ်ဆေးရတဲ့နေရာမှာ အစမ်းခန့်ထားလိုက်ပါတယ်။ဖြစ်ချင်တော့ သူ့နောက်ဆုံးနေ့မှာပဲ လူ ၂၅၀ ပါဝင်တဲ့ လေယာဉ်ကို ဇီဝဓာတ်ငွေ့နဲ့အဆိပ်ခတ်ပြီး လေယာဉ်ပေါ်မှာ ပါတဲ့ အမတ်ကို ရုရှားစပိုင်က လုပ်ကြံဖို့ ကြိုးစားပါတယ်။ပြဿနာတစ်ခုရှိတာက အဆိပ်ဗုံးထည့်ထားတဲ့အိတ်ကို စကန်ဖတ်စက်မှာဖြတ်လို့မရတာပါ။ဒီအတွက် အဲ့ဒီနေ့မှာ အစားထိုး စကန်ဖတ်စက်ကိုင်ရတဲ့ အီသန်ကိုပက်ခ်ကို လုပ်ကြံရေးသမားက အမျိုးမျိုးအကြပ်ကိုင်ခြိမ်းခြောက်ပြီး လေယာဉ်ပေါ်တက်ဖို့ ကြိုးစားပါတယ်။ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ ...
movie
Carry-On (2024)
2024
4K HEVC
7.4
Lust for Life (1956)
[Unicode]Lust for Life (1956) ================ IMDb. = 7.4 out of 10 Rotten Tomatoes = 100%မှောင်ယံကမ်းပါးဆီ ဝင်းလက်စိုမြနေတဲ့ ကြယ်တွေရဲ့ နောက်ကြောင်းမှာ အသိုက်ပျက် အနက်ရောင်ငှက်တွေ ပျံဝဲနေကြပါတယ်။ သေကွင်းသေကွက်တည့်တည့်ကို လောကဓံလာမှန်တဲ့နေ့မှာ ကြယ်တွေဆီ အိပ်တန်းတက်သွားတဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ဟာ အရောင်တွေစိုလို့မြလို့။ သူ့ရာဇဝင်ကတော့မလှခဲ့ဘူး။အင်ပရက်စ်ရှင်ဝါဒပန်းချီတွေရဲ့ တာထွက်မှာ အင်ပရက်စ်ရှင်သမားတွေ ပို့စ်အင်ပရက်စ်ရှင်သမားတွေ အတော်လေး ရှုံ့ချခံခဲ့ကြရတယ်။ မာနက်ရဲ့ မြက်ခင်းပေါ်ကပျော်ပွဲစားပွဲကားနဲ့ အိုလံပီယာကားဆိုရင် ပြရင် ဓားနဲ့ခွဲ တံတွေးနဲ့မထွေးအောင် ရဲတွေက ကြိုးနဲ့အမြင့်မှာ ချိတ်ထားခဲ့ရတဲ့အထိကိုဆိုးတယ်။ အဲ့ဒီကာလမှာ အင်ပရက်စ်ရှင်သမားတွေဟာ အရူးတွေလို့ သမုတ်ခံရတာပါပဲ။ ဗင်းဆင့်ဟာ ပို့စ်အင်ပရက်ရှင်သမားဖြစ်တဲ့အပြင် အနေအထိုင်မတတ်တော့ ပိုရှုံ့ချခံရပါတယ်။ ဒါပေမယ့် သူလက်မလျှော့ခဲ့ပါဘူး။ဗင်းဆင့်ဟာ သူ့သက်တမ်း တစ်လျှောက်မှာ လုံးဝမအောင်မြင်ခဲ့တဲ့ အနုပညာတွေသက်သက်ကို ပိုင်ဆိုင်ထားတဲ့လူပါ။ ခင်ဗျားတို့ ဖတ်ဖူးမှာပေါ့။ ဘယ်စာရေးဆရာကတော့ဖြင့် မအောင်မြင်ခင်မှာ သူ့ဝတ္တုကို ဘယ်လိုလက်လျော့ခဲ့ပြီးမှ ကံအကြောင်းတိုက်ဆိုင်လို့ ပြန်အောင်မြင်တယ်ဆိုတာမျိုးတွေ။ ဒီလိုတွေ အများကြီးပါ။ ဗန်ဂိုးကတော့ ...
movie
Lust for Life (1956)
8.1
The Bridge on the River Kwai (1957)
The Bridge on the River Kwai (1957) IMDb - 8.1/10_____Rotten - 95% Won 7 Oscars. Another 23 wins & 7 nominations ဒုတိယကမ္ဘာစစ်အတွင်း.......ဗမာပြည်တစ်နေရာတွင် အခြေစိုက်ထားသော ဂျပန်စစ်အကျဉ်းစခန်းတစ်ခုသို့ British စစ်သုံ့ပန်းတစ်အုပ်စုတို့ ရောက်ရှိလာခဲ့သည်။ ဂျပန်စစ်အကျဉ်းစခန်းကိုဦးစီးသူက Colonel Saito။ British စစ်သုံ့ပန်းများကို ဦးစီးလာသူက Colonel Nicholson။ Colonel Nicholson နှင့်တပ်သားများသည် အကျဉ်းစခန်းသို့စဝင်လာကတည်းက စစ်ချီတေးတစ်ခုကို သံပြိုင်လေချွန်၍ဝင်လာကြသည်။ ဒါဟာ Colonel Nicholson ဘယ်လောက်အထိ Formality, Discipline ကိုအရေးပေးသလဲဆိုတာကိုပေါ်လွင်စေသည်။ Nicholson သည် သည်အကျဉ်းစခန်းမှာ ရောက်ရှိနှင့်ပြီးသော Commander Shears အပါအဝင် အခြားသုံ့ပန်းများအတွက်တော့ အထူးအဆန်းပြုံးချင်စရာဖြစ်နေခဲ့၏။ သူတို့ရောက်နေသည့် နေရာ၊ လုပ်ရမည့်အလုပ်တွေက ဒါမျိုးတွေနှင့်မှ မသက်ဆိုင်တာကိုး။ Commander Shears ...
movie
The Bridge on the River Kwai (1957)
1957–