Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James D'Arcy
8.8
Avengers: Endgame (2019)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Avengers: Endgame (2019)
2019
4K HEVC IMAX
5.3
Jupiter Ascending (2015)
Jupiter Ascending (2015)ဒီဇာတ်ကားကတော့ အကာသသိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ဂျူပီတာဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းဝယ်ဖို့ ငွေလိုသဖြင့် သူ၏အစ်ကိုဝမ်းကွဲ အကြံပေးချက်ကြောင့် မမျိုးဥကို ဆေးခန်းတစ်ခုမှာသွားရောင်းပါတော့တယ်။ဆေးခန်းမှာ မထင်မှတ်ထားတဲ့တိုက်ခိုက်ခံရမှုတွေကြားမှ ကယ်တင်ရှင်တစ်ဦးပေါ်လာကာ သူမသည် တော်ဝင်သွေးဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။သူမ၏ ဇစ်မြစ်က သူမကို ဘယ်လိုအန္တရယ်ဖြစ်စေနိုင်မလဲ၊ သူမကို ဘာကြောင့်အန္တရာယ်ပြုချင်နေရတာလဲ စသည်တို့ကို ကြည့်ရှုခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.7 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Sci-Fi Duration….02:08:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated ...
movie
Jupiter Ascending (2015)
2015
7.9
Dunkirk (2017)
Dunkirk (2017)IMDb Rating (7.9) / Rotten Tomatoes (92%)စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင်လုပ်ဖို့ဆိုတာသိပ်တော့လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ Imitation Game ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing စကားကိုပြန်ပြောပါရစေ “You know why people like violence? Because it’s feel good’’လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို့ စာအုပ်ဖတ်လို့ စကားအဖြစ်ပြောလို့ပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုံးတဲ့ဘက်ရော ကြားနေတဲ့အဖွဲ့ရော အကုန်ထိခိုက်ရတာပဲမဟုတ်လား။Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။သူ့ကိုတော်တော်များများက နာမည်ကျော် Superhero Batman ရုပ်ရှင် The Dark Knight Trilogy နဲ့တွဲသိကြမယ်ထင်ပါတယ်။ ရိုက်ခဲ့သမျှရုပ်ရှင်အားလုံးနီးပါး ...
movie
Dunkirk (2017)
2017
4K HEVC IMAX
5.5
Life Like (2019)
အရမ်းချမ်းသာတဲ့ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ အိမ်ကြီးမှာအစေခံ အိမ်အကူတွေ မထားချင်တာကြောင့် AI စက်ရုပ်တစ်ရုပ်ကို ၀ယ်လိုက်ပါတယ်။အစပိုင်းမှာ ဘာမှ မဖြစ်ပေမဲ့ နောက်ပိုင်းမှာ စက်ရုပ်ကလူသားတစ်ယောက်လို စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာတဲ့အခါသူတို့ သုံးဦးကြား ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုဒီကားမှာ စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။နောက်ဆုံးပိုင်းမှာ မထင်မှတ်ထားတဲ့ ဘယ်လို ဇာတ်ကွက်တွေပေါ်လာမလဲဆိုတာ ကြည့်ကြည့်လိုက်ကြရအောင်။ File size…1.09GB / 586MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie
Life Like (2019)
6.8
Flashbacks of a Fool (2008)
Flashbacks of a Fool (2008) =======================CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဂျိမ်းစ်ဘွန်းမင်းသားDaniel Craig ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.8/10 ရရှိထားတဲ့ (2008)ခုနှစ်ထွက် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အက်ရှင်ကားမဟုတ်ဘဲ တစ်မျိုးတစ်ဖုံစီးမျောလို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်။ဂျိုးဟာ နာမည်ကျသွားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူ့ရဲ့စည်းလွတ်ဝါးလွတ်နေပုံထိုင်ပုံတွေကြောင့် ဘဝကြီး ကမောက်ကမဖြစ်နေရသူပေါ့။ တစ်နေ့ကျ သူနှစ်ပေါင်းများစွာလျစ်လျူရှုထားတဲ့ မွေးရပ်မြေကသတင်းဆိုးတစ််ခုကို သူ့အမေကယူဆောင်လာခဲ့ပါတယ်။ တစ်ချိန်က သူ့အချစ်ဆုံးသူငယ်ချင်း ဘုစ် ဆုံးသွားတဲ့အကြောင်းပါ။ အဲလိုနဲ့ ဂျိုးတစ်ယောက် မွေးရပ်မြေကို ပြန်ဖို့ဖြစ်လာပါတယ်။ တကယ်တော့ သူဟာ မွေးရပ်မြေကနေ ထွက်ပြေးလာပြီး သရုပ်ဆောင်လုပ်ဖို့ မြို့တက်လာတာပါ။ မမှတ်မိချင်လို့တစ်သက်လုံးရှောင်ပုန်းနေခဲ့တဲ့ မှတ်ဉာဏ်တွေဟာလည်း သူ့ဆီကို တစ်ရစ်ချင်းပြန်ဝင်လာခဲ့ပါတယ်။ ဂျိုးတစ်ယောက်သူ့အတိတ်ကို ဘယ်လိုပြန်ရင်ဆိုင်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thike ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama Subtitle_Myanmar Subtitle ...
movie
Flashbacks of a Fool (2008)
An American Haunting (2005)
နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Hunger Games , Pride and Prejudice တို့မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Donald Sutherland , ကလေးဘဝရဲ့အမှတ်တရ ဇာတ်လမ်းလေး ဖြစ်တဲ့ Peter Pan နဲ့ နာမည်ကြီး Horror Movie ဖြစ်တဲ့ Perfume တို့မှာပါဝင်ခဲ့တဲ့ မင်းသမီးချောလေး Rachel Hurd-Wood စတဲ့နာမည်ကြီးသရုပ် ဆောင်တွေ ပါဝင်တဲ့ An American Hunting ဟာဆိုရင် Horror ရုပ်ရှင်အမျိုးမစားဖြစ်ပါတယ်ဒါရိုက်တာကတော့ Courtney Solomon ဖြစ်ပြီး ဇာတ်လမ်းကတော့ The Bell Witch: An American Hunting ဆိုတဲ့ Classic ဝတ္ထုရှည်ပေါ်ကိုမှီငြမ်းရိုက်ကူးထားပါတယ်ဇာတ်လမ်းလေးရဲ့အစမှာတော့ သမီးဖြစ်သူ Jane ဟာ အိပ်မက်ဆိုးတွေခဏခဏ မက်ပြီးကြောက်လန့်တကြားတွေဖြစ်ရာမှ သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ 19 ရာစု ခုနှစ်တွေတုန်းက အမေရိကန်မှာ ...
movie
An American Haunting (2005)
5.5
Age of Heroes (2011)
ရိန်းစ်က ထူးချွန်တဲ့တပ်သားတစ်ယောက်ပါ၊ဒန်ကပ်စစ်ဆင်ရေးမှာကိုယ့်တပ်ဖွဲ့ဝင်တွေကိုပြန်ခေါ်လာရင်းနဲ့ နောက်တန်းတစ်နေရမှာအမိန့်ဖီဆန်လို့ဆိုပြီးထောင်ကျသွားတယ်။ တစ်ဖက်မှာ ဗြိတိန်စစ်တပ်ဟာနာဇီတို့ရဲ့နောက်ဆုံးပေါ်ရေဒါနည်းပညာကိုအသည်းအသန်လိုအပ်နေတယ်။အကြောင်းကတော့ ဗြိတိန်စစ်တပ်ကလွှတ်လိုက်တဲ့ လေယာဉ်တွေ စစ်သင်္ဘောတွေဟာ ဂျာမနီရဲ့နောက်ဆုံးပေါ်ရေဒါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတယ်။အဲ့ဒါကြောင့်စစ်ဆင်ရေးလုပ်ဖို့နဲ့အထူးတပ်ဖွဲဖွဲ့စည်းဖို့ ဗိုလ်မှူးဂျုန်းစ် နဲ့ဒုဗိုလ် မော်တန်ဆန်တို့ကိုတာဝန်ပေးအပ်လိုက်တယ်။ စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်က ဂျာမနီပင်မဆက်သွယ်ရေးဌာနထဲကို ဝင်ပြီးနောက်ဆုံးပေါ်ရေဒါနည်းပညာနဲ့ ပစ္စည်းတွေကိုအကောင်းပကတိအတိုင်းသယ်ဆောင်လာရမှာဖြစ်တယ်။ ခေတ်မှီတဲ့ဂျာမနီစစ်တပ်ထဲကိုခြောက်ပတ်တာလေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ကဘယ်လိုပြီးမြောက်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ File size…2.05GB / 938MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Age of Heroes (2011)
8.7
Oppenheimer (2023)
Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie
Oppenheimer (2023)
2023
4K HEVCHDR
6.8
Hitchcock (2012)
ဟစ်ခ်ျကော့ခ်ဆိုတဲ့ နာမည်အတိုင်းပဲ ဒီဇာတ်ကားဟာ ရုပ်ရှင်သမိုင်းကြောင်းမှာ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ "သည်းထိတ်ရင်ဖို ဆရာသခင်ကြီး"လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဒါရိုက်တာကြီး ဟစ်ခ်ျကော့ခ်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး အဲဖရက်ဟစ်ခ်ျကော့ခ်ဟာ ရုပ်ရှင်သမိုင်းကြောင်းတလျှောက်မှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Psycho, Vertigo, North By Northwest အစရှိတဲ့ Thriller, Mystery ကားတွေရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Psycho လို့အမည်ရတဲ့ Horror/Thriller ရုပ်ရှင်ကို ဒါရိုက်တာကြီးဟစ်ခ်ျကော့ခ်တစ်ယောက် ပုံဖော်ရိုက်ကူးခဲ့ပုံကို ဇာတ်အိမ်တည်ထားပါတယ်။အချိန်ကာလကတော့ Psychoရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ၁၉၆၀ ခုနှစ်မှာဖြစ်ပြီး ဟစ်ခ်ျကော့ခ်တစ်ယောက် Vertigo နဲ့ North by Northwest တို့ကို ၁၉၅၈ နဲ့ ၅၉ ခုနှစ်တွေမှာ ရိုက်ကူးဖြန့်ဝေခဲ့ပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်ခ်ျကော့ခ်တစ်ယောက်ဟာ အသက်၆၀ ရှိနေပြီဖြစ်ပြီး ရုပ်ရှင်လောကကနေ အနားမယူသေးဘူးလားဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ် ...
movie
Hitchcock (2012)
5.1
Exorcist: The Beginning(2004)
Exorcist The beginning (2004)====================Exorcist series ကြီးရဲ့အစသမိုင်းဖြစ်တဲ့ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေ လန်ကတ်စတာ မယ်ရင် တဖြစ်လဲဖာသာမယ်ရင်။စစ်ပွဲကြီးအပြီးမှာ သေကြေရတာတွေအနိဠာရုံတွေမြင်ခဲ့တာကနေဘုရားသခင်အပေါ်ယုံကြည်မှုပျောက်ဆုံးသွားခဲ့ပြီးရှေးဟောင်းသုတေသနပညာရှင်အနေနဲ့ပဲကျင်လည်ကျက်စားနေတဲ့သူပါ။တနေ့မှာသူ့ဆီအလုပ်ရောက်လာခဲ့တာက အာဖရိကက ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းတခုဆီကရုပ်ထုတစ်ခုကိုရှာပေးဖို့ပါပဲ။ဒါပေမဲ့ခရစ်ယာန်သာသနာအာဖရိကတိုက်မရောက်ခင်တည်းကရှိနေခဲ့တဲ့ဒီဘုရားကျောင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။ဒီဘုရားကျောင်းနားမှာဖြစ်ပျက်နေတဲ့သေကြေပျက်စီးနေတာတွေကဘာကြောင့်လဲ။ နယ်ခံတာကာနာလူမျိုးတွေနဲ့ဒီဘုရားကျောင်းနဲ့ကဘာတွေဆက်နွယ်နေတာလဲ။ ဒီသေကြေပျက်စီးနေတာတွေရဲ့အလည်မှာကောင်လေးတယောက်ကလည်းရှိနေတာဘာကြောင့်များလဲ။ ဒီကောင်လေးကိုဘယ်အရာကများပူးကပ်ပြီးသတ်ဖြတ်နေတာလဲ။ ဘုရားသခင်ကိုယုံကြည်မှုမရှိတော့တဲ့မယ်ရင်တယောက်အဖြေရှာကယ်တင်ဖို့ကြိုးစားတာအောင်မြင်နိုင်ပါ့မလားဆိုတာကို Exorcist the beginning ဆိုတဲ့ဇာတ်ကားမှရှုစားပေးကြပါဦး..... File size…1.41GB / 779MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 54m Genre ..... Mystery , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Exorcist: The Beginning(2004)
7.4
Master and Commander: The Far Side of the World (2003)
အကောင်းဆုံးနဲ့အပီပြင်ဆုံးရေကြောင်းတိုက်ပွဲ ရုပ်ရှင်တွေကို ပြောဆို ဒီရုပ်ရှင်က ထိပ်ဆုံးက ပါစမြဲပါပဲ။အော်စကာ ၂ ဆု စကာတင် ဆယ်ဆု နဲ့ အခြားဆုတွေ အများကြီး ရထားပါတယ်။နပိုလီယံစစ်ပွဲများကာလ ၁၈၀၅ခုနှစ်အတွင်းမှာ ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်အချိန်ကတော့ အင်္ဂလန်ပြည်နဲ့ ပြင်သစ်ပြည်တို့ အားပြိုင်နေကြတဲ့အချိန်ပေါ့ဗြိတိသျှတော်ဝင်ရေတပ်သင်္ဘောတစ်စင်းဖြစ်တဲ့ 'စပရိုက်'သင်္ဘောကြီးဟာပြင်သစ်ပုဂ္ဂလိကပိုင်တိုက်သင်္ဘော 'အာခရွန်' ရဲ့ အလစ်တိုက်ခိုက်ခြင်းကို နှစ်ကြိမ်တိတိခံခဲ့ရပါတယ်လူအင်အားရော၊ လက်နက်အင်အားရော မမျှရုံမက ကိုယ်ထည်တောင့်တင်းတဲ့ ရန်သူ့သင်္ဘောကြီးနဲ့ ရင်ဆိုင်ရတဲ့အခါဗြိတိသျှကပ္ပတိန်ကြီး ဂျက်အော်ဘရီအတွက် ဗျူဟာတွေဆိုတာ မဖြစ်မနေလိုအပ်လာပါတယ်ပင်လယ်ပြင်တိုက်ပွဲဖြစ်တဲ့အတွက် အက်ရှင်ခန်းတွေ အများကြီးမပါပေမယ့်ကပ္ပတိန်အော်ဘရီရဲ့ စစ်ဗျူဟာတွေကတော့ တကယ်ဩချရလောက်ပါတယ်။သင်္ဘောပေါ်ကဘဝ ပင်လယ်ရဲ့အလှ ပင်လယ်ရဲ့ခက်ထန်မှုတွေကို တင်ဆက်ထားတဲ့cinematography တွေလည်း တော်တော်လေးကိုလှပါတယ်ဒါကြောင့်လည်း အော်စကာ ၁၀ ဆု ဆန်ကာတင်ခဲ့ပြီး Best Cinematography နဲ့ Best Sound Editing နှစ်ဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်မှာပါကပ္ပတိန်အော်ဘရီအနေနဲ့ကတော့ Gladiator မင်းသားကြီး Russell Crowe က ပုံဖော်ပေးထားပါတယ်ဖြစ်ရပ်မှန်ဇာတ်လမ်းမဟုတ်ဘဲ ...
movie
Master and Commander: The Far Side of the World (2003)
5.0
Warning (2021)
Warning (2021)=============အနာဂတ်ခေတ်တစ်ချိန်မှာ ကမ္ဘာပေါ်ကို အန္တရာယ်တစ်ခုကျရောက်လာတဲ့အခါလူတွေရဲ့နေ့စဥ်ဘဝတွေအပေါ်သက်ရောက်ပုံကို Sci-fi, thriller အမျိုးစားပုံစံနဲ့သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဂြိုလ်တုတစ်ခုပေါ်ကနေ ဘေးအန္တရာယ်ကြောင့် မတော်တဆ အာကာသထဲလွင့်ထွက်သွားတဲ့အာကာသယာဥ်မှူးတစ်ယောက်ကစလို့ သီးခြားဇာတ်ကောင်တွေကိုယ်စီရဲ့ မိသားစုရေး အချစ်ရေးဘာသာရေး စတဲ့ကိစ္စတွေ အဆင့်မြင့်နည်းပညာတွေနဲ့ဆက်နွယ်နေပုံကို ပြထားတာပါ။18+ခန်းအနည်းငယ်ပါလို့ မိသားစုနဲ့တော့ သိပ်မကြည့်သင့်ပါဘူး။ ဒီဇာတ်လမ်းမှာအဖြစ်အပျက်တွေကိုဒါကဒီလိုဖြစ်နေတယ်ဆိုပြီး ပေါ်တင်မပြောပြပဲ ကြည့်ရင်းအဓိပ္ပါယ်ကောက်သွားရမှာမျိုးပါ။Sci-fi ကားမျိုး thriller ကားမျိုးကြိုက်သူတွေ၊ ကြည့်ရင်းတွေး တွေးရင်းကြည့် သွားရမယ့်ကားမျိုးကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ကားမျိုးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pyi T. Nyein မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Pyi T. Nyein တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 25minSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi, ThrillerSource : 1080p.WebRipTranslator – JimX, Pyi ...
movie
Warning (2021)
2021
5.4
Six Minutes to Midnight (2020)
Six Minutes to Midnight (2020) *********************************အခုလောလောလတ်လတ် ၂၀၂၀မှာထွက်ထားတဲ့ ဒုတိယကမ္ဘာစစ်ကြိုကာလအတွင်းက ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်...သိကြတဲ့အတိုင်း World War II ဟာ ဂျာမနီက နာဇီခေါင်းဆောင် ဟစ်တလာရဲ့ စစ်မီးပွား စတင်လောင်ကျွမ်း ရာကနေစတင်ခဲ့တာပါ...ဒီစစ်ပွဲမတိုင်ခင်ကတည်းက အင်္ဂလန်ရဲ့တောင်ဘက်ကမ်းရိုးတန်း ဘက်စ်ဟေးမြို့မှာ အထက်တန်းလွှာတွေရဲ့သမီးပျိုတွေကို သီးသန့်သင်ပေးတဲ့ အော်ဂတ်စတာဗစ်တိုးရီးယား မိန်းကလေးကျောင်းရှိပါတယ်...ဒီကျောင်းကြီးကို ဂျာမနီရဲ့နောက်ဆုံးဧကရာဇ်ဘုရင်မကြီးက တည်ထောင်ခဲ့တာပါ အဲ့ကျောင်းမှာ ဂျာမန်နာဇီပါတီရဲ့အရာရှိကြီးတွေရဲ့သမီးပျိုတွေလည်း တက်ကြပါတယ်....အင်္ဂလိပ်လူမျိုး သောမတ်မေလာတစ်ယောက် အဲဒီဂျာမနီကျောင်းကြီးကို အင်္ဂလိပ်စာဆရာအနေနဲ့ ရောက်လာတဲ့အခါမှာတော့.....ဘာတွေဆက်ဖြစ်ကြမလဲ?? ဘာကြောင့်ရောက်လာရတာလဲ??ဒီဇာတ်ကားရဲ့နာမည်ကိုက “Six Minutes to Midnight” သန်းခေါင်ယံရောက်ဖို့၆မိနစ်အလိုတဲ့ World War II မစခင် ၁၇ရက်အလို ၁၉၃၉ ဩဂုတ် ၁၅ ကစပြီး အခြေခံရိုက်ကူးထားတာပါစစ်ကားလိုမျိုးမဟုတ်ပေမယ့် ရသတစ်ခုခုတော့ပေးစွမ်းနိုင်မယ်ထင်ပါတယ်... ခံစားကြည့်ရှူကြပါဦး File Size : (1.6 GB) and (931 MB) Quality : BluRay 1080p Format…mp4 Duration…1h ...
movie
Six Minutes to Midnight (2020)
2021
6.3
W.E. (2011)
movie
W.E. (2011)
2011
7.4
Cloud Atlas (2012)
Cloud Atlas (2012) IMDb.....7.4,,,,Rotten...66% Storyline Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။ Review ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။ ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။ Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ...
movie
Cloud Atlas (2012)
2012
5.7
After the Dark (2013)
After the Dark (2013) ဆိုတဲ့ရုပ်ရှင်ကားလေး အကြောင်းနည်းနည်းပြောပြမယ်ဒီကားကို နောက်နာမည် တစ်မျိုးနဲ့The Philosophers လို့လဲ ခေါ်တယ်တစ်ရက်သော နေ့မှာ ဘာမှ ကြည့်စရာမရှိလို့အဲ့ဒီကားလေးကို သည်းခံကြည့်နေတာအတော်ပျင်းဖို့ ကောင်းတာပါစာသင်ခန်းထဲက အကြောင်းလေးတွေ ဘာညာပေါ့ဒီလိုနဲ့ တကယ်ကောင်းတဲ့ အခန်းက သိပ်မကြာဘူးရောက်လာတယ်ကျောင်းသားတွေရဲ့ philosophy teacher ကကျောင်းသား တွေ အားလုံးကို စုပြီး Game တစ်ခု ကစားတယ်စိတ်ထဲကနေ ကစားရတာမျိုး အတွေးအခေါ် နဲ့ပေါ့ကျောင်းသားတွေ အားလုံးကို ကမ္ဘာစစ်ကြီး ဖြစ်ပြီးတဲ့အချိန်ကို ခေါ်သွားတယ် (စိတ်ထဲကနေ)ပြီးတော့ ကမ္ဘာပေါ်မှာ အဆိပ်ငွေ့နေတုန်းဖုံးလွမ်းနေတုန်း အချိန်မှာ အသက်ရှင်နိုင်တဲ့မြေအောက်ခန်း ရှိနေတယ်ဒါပေမယ့် အဆိပ်ငွေ့တွေ ကုန်တဲ့ အချိန်ထိ ဆိုရင်အသက်ရှင်ဖို့ စားဖို့ သောက်ဖို့ အောက်စီဂျင် နဲ့အစားအသောက်က ၁၀ ယောက် စာပဲ ရှိတယ်ဒီတော့ကာ ကျောင်းသားတွေကို မဲလိပ် နှိုက်ခိုင်းတယ်ပညာရှင်ရွေးတာမျိုး မဲလိပ်တွေထဲမှာကဗျာဆရာ ၊ ...
movie
After the Dark (2013)
2013
5.2
The Snowman (2017)
ဒါရိုက်တာ တိုမက်စ်အဲဖ ရက်ဆင်ရဲ့ လက်ရာဖြစ်ပြီး မိုက် ကယ်ဖက်စ်ဘန်ဒါ၊ ရီဘက်ကာ ဖာဂူဆန်၊ ရှားလက်ဂိန်းစ်ဘော့ဂ်၊ ဗယ်လ်ကစ်လ်မာ စတဲ့ သရုပ် ဆောင်တွေပါဝင်ထားတာပါ။နှင်းခဲလူရုပ်နဲ့ သဲလွန်စပေး ထားတဲ့ စိတ္တဇလူသတ်သမားကို စုံစမ်း ဖော်ထုတ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ဆောင်းရာသီအစပထမဆုံး နှင်းကျတဲ့နေ့မှာ အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့ပြီး စုံ ထောက် ဟယ်ရီဟိုးလ်ကတော့ သာမန်အမှုအခင်းမဟုတ်တဲ့ လူ သတ်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ပါ တယ်။ ထူးခြားတာတစ်ခုက လူ သတ်သမားက သူ့ကိုယ်သူနှင်းခဲ လူရုပ်(The Snowman)လို့သုံး နှုန်းသလို နှင်းခဲလူရုပ်နဲ့လည်း သဲ လွန်စချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။လူသတ်သမားက နှင်းကျတဲ့ အချိန်တွေကိုပဲ ပစ်မှတ်ထားလှုပ် ရှားတာမို့ စုံထောက်ဟယ်ရီတစ် ယောက် ရက်စက်တဲ့လူသတ်မှု တွေထပ်ပေါ်လာမှာကို စိုးရိမ်နေ ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုးရွား တဲ့အဖြစ်အပျက်တွေ ထပ်မပေါ် လာခင်မှာ Snowman ကို ...
movie
The Snowman (2017)
2017