Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James Cosmo
5.7
Ben-Hur (2016) Ben Hur
Ben-Hur (2016) Ben Hurရောမခေတ် ဂျူးလိယက်ဆီဇာ ဂျေရုစလင်နဲ့ ဂျူး အာရပ် စတဲ့ဇာတ်ကောင်တွေကို အခြေပြုလို့ ခရစ်တော်ရဲ့မေတ္တာဂရုဏာတော်ကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ 1959 ခုနှစ်က အောင်မြင်ထင်ရှားခဲ့တဲ့ Ben-Hur ခေတ်ဟောင်းရုပ်ရှင်ကို ပြန်လည်းဆန်းသစ်ထားတဲ့ ရုပ်ရှင်ပါ။ ရာဇဝင်ကားကြီးတွေရဲ့ ထုံးစံအတိုင်း လူအင်အားကောင်းကောင်း၊ ဆက်တင်ကြီးကြီးတွေနဲ့ အားထုတ်ရိုက်ကူးထားပြီး Rating တွေ မကောင်းလှပေမယ့် သူ့ဟာနဲ့သူကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ရုပ်ရှင်ကိုတော့ ခရစ်တော် သက်ရှိထင်ရှားရှိစဉ် ရောမခေတ်ကို ဇာတ်အိမ်ယူထားပါတယ်။ ဂျူးလူမျိုးနဲ့ ရောမသားဆိုတဲ့ မွေးစားညီအကိုနှစ်ယောက်ကြား ကိုယ်ပိုင်ဇာတ်လမ်းနဲ့အတူ၊ အရမ်းချစ်ခင်ကြတဲ့ ညီအကိုနှစ်ဦးရဲ့ အိမ်အပြန်ခရီးတွေဟာ သူတို့မိသားစုအတွက် မမျှော်လင့်လောက်အောင် ခက်ခဲတဲ့ အနာဂတ်တွေကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ ချစ်ခြင်းမေတ္တာနဲ့အတူ အမုန်း၊ အာဃာတ၊ အာဏာတွေကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောမခေတ်က စစ်ရထားပြိုင်ပွဲကြီးတွေကိုလည်း ရင်တစ်ဖိုဖိုနဲ့ ကြည့်ရူ့ရမှာပါ။ ဒီရုပ်ရှင်မှာ ထိုစဉ်အချိန်က သက်ရှိထင်ရှားရှိဆဲ ခရစ်တော်၏ ပုံရိပ်ကိုပါ ...
movie
Ben-Hur (2016) Ben Hur
4K HEVC
5.9
Babe: Pig in the City (1998)
Babe: Pig in the City (1998)IMDb Rating (5.9) / Rotten Tomatoes (65%) Pig in the city ကတော့ ၁၉၉၈ ခုနစ်ကထွက်ရှိထားတဲ့ family, adventure, comedy ဇာတ်လမ်းအမျိုးအစားလေးပဲဖြစ်ပါတယ်။ဘေဘီလို့ခေါ်တဲ့ဝက်ကလေးဟာ လယ်သမားကြီးအာသာရဲ့အချစ်တော် သိုးထိန်းဝက်ကလေးပဲဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်ကျော်ကြားမှုတွေကြောင့် တစ်နေ့မှာတော့ မြို့ကိုအလည်လာဖို့ဖိတ်ကြားခံရတဲ့ဝက်ကလေးဟာ မြို့ပေါ်မှာ ဘယ်လိုသူငယ်ချင်းအသစ်တွေနဲ့ကြုံဆုံပြီး ဘယ်လိုစွန့်စားခန်းတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။)File size…(2.4 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Comedy,Drama,Familr Duration….01:36:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Senju
movie
Babe: Pig in the City (1998)
1998
5.1
Salvable (2025)
Salvable (2025)IMDb Rating (5.1 / Rotten Tomatoes (40%) ဒီတစ်ခါတော့ မေလ ၂ရက်နေ့ကမှ ထွက်တဲ့ ဗြိတိသျှဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ အသက်အရွယ်ရနေပြီဖြစ်တဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ ဆယ်လ် (Toby Kebbell) ဟာ တစ်ဦးတည်းသော သမီး၊ကွာရှင်းထားတဲ့ ဇနီးတို့ရဲ့အဝေးမှာ ခက်ခက်ခဲခဲဝမ်းကြောင်းနေရပြီး လက်ရှိနေတဲ့မြို့ငယ်လေးကနေ ရုန်းထွက်ဖို့ ကြိုးစားနေသူပါ။ပင်ကိုစိတ်သဘောကောင်းသူဖြစ်ပေမယ့် ငယ်သူငယ်ချင်းဟောင်း လူဆိုးဂိုဏ်းဝင်ဖြစ်သူ ဗင်းဆင့် (Shia LaBeouf) ပေါ်လာချိန်မှာ တရားမဝင်မြေအောက်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဖို့ ဆွယ်တာခံရပါတော့တယ်။သမီးလေးနဲ့အတူ ဒီမြို့ငယ်လေးကနေ ထွက်သွားချင်စိတ်တစ်ခုတည်းနဲ့ ဒုစရိုက်လုပ်ငန်းနွံထဲ နစ်သည်ထက် နစ်လာတဲ့အခါ...Transformer မင်းသား Shia LaBeouf ကိုတော့ Fury, Indiana Jones တို့နဲ့ လူသိများပါတယ်။Toby Kebbell ကတော့ Monsterverse မှာ ပါဝင်ခဲ့ဖူးပြီး Prince of Persia, War Horse, ...
movie
Salvable (2025)
2025
4K HEVC
5.6
Eliminators(2016)
Action ကားကြိုက်သူတွေအတွက် Eliminators ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်း အစိုးရအေးဂျင့်ဟောင်း"သောမတ်စ်ပါကာ"ဟာအမှုကိစ္စတစ်ခုကြောင့် အင်္ဂလန်မှာ သူ့ရဲ့ရှစ်နှစ်သမီးလေးနဲ့အတူပုန်းကွယ်ပြီးနေထိုင်နေပါတယ် သားအဖနှစ်ယောက်တည်းရှိတာကြောင့်သမီးလေးကိုသေချာဂရုတစိုက်စောင့်ရှောက်ပါတယ် တစ်နေ့မှာမူးယစ်ဆေးသုံးတဲ့လူသုံးယောက်က သူတို့သားအဖရှိတဲ့အိမ်ကို အိမ်မှားပြီးကျူးကျော်ဝင်ရောက်ခဲ့ပါတယ်ဒါပေမဲ့တစ်ချိန်ကအစိုးရအေးဂျင့်ဟောင်းဖြစ်ခဲ့တဲ့သောမတ်စ်က လူဆိုးသုံးယောက်ကိုအနိုင်ယူသတ်ဖြတ်နိုင်ခဲ့ပါတယ်..... သို့ပေမဲ့ အဲ့ဒီကိစ္စအကြောင်းသတင်းမီဒီယာတွေမှာပျံ့နှံလာတော့ အင်္ဂလန်မှာခြေရာဖျောက်ပြီးပုန်းကွယ်နေကတဲ့သောမတ်စ်ပါကာရဲ့တည်နေရာဟာ အလိုအလျောက်ပေါက်ကြားသွားပါတယ်သူ့ကိုလိုက်ရှာနေတဲ့ ဂိုဏ်းစတားကြီးကူပါးရဲ့လက်ကနေလွတ်မြောက်ဖို့ သောမတ်စ်ပါကာဟာ သူရောသူ့သမီးလေးကိုပါကာကွယ်ပေးဖို့ကြိုးစားရပါတော့တယ် File size…(2.1 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre... Dark Comedy, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane
movie
Eliminators(2016)
2016
8.1
Trainspotting (1996)
Trainspotting (1996)IMDb Rating (8.1) / Rotten Tomatoes (90%) ဒါရိုက်တာ Danny Boyle က ရိုက်ကူးတင်ဆက်ထားပြီး Stars တွေဖြစ်တဲ့ Ewan McGregor, Jonny Lee Miller, Kevin McKidd မင်းသမီး Kelly Macdonald တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။Trainspotting 1996 ဒီဇာတ်ကားကတော့ မာခ့်ဆေးစွဲနေတဲ့လူငယ်လေးတစ်ဦးနဲ့ သူ့မိတ်ဆွေတွေ မူးယစ်ဆေးကိုစွဲလမ်းနေပုံ၊မူးယစ်ဆေးကြောင့် အမှားအမှန်မသိအရှက်အကြောက်မရှိတော့ပဲနဲ့ လုပ်ချင်တာတွေကို စိတ်ထင်တိုင်းလုပ်ကြပုံ။ပတ်ဝန်းကျင်မှတွန်းအားပေးကူညီမှုကြောင့် မာခ့်တစ်ယောက်ဆေးပြတ်သွားသောအခါ သူ့ဘဝရှေ့ခရီးဘယ်လိုဆက်ဖြစ်မလဲ။သူနှင့်ဆေးအတူသုံးတဲ့ မိတ်ဆွေတွေကို ဘယ်လိုအဆက်ဖြတ်ဖို့ကြိုးစားမလဲ ၊သူ့ရဲ့ဆိုးဖော်ဆိုးဖက်မိတ်ဆွေတွေကရော မာခ့်ကို အလွတ်ပေးပါ့မလား ၊သူ့မိတ်ဆွေတွေကရော မူးယစ်ဆေးဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ စသည်တို့ကို ဟာသနှောကရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(2.5 GB) / (980 MB) Quality….Blu-Ray 1080p HEVC / 720p Format…. ...
movie
Trainspotting (1996)
1996
5.5
The Last Redemption (2024)
အမိန့်ကိုနာခံနေရတဲ့လူတစ်ယောက်ရဲ့ဘ၀မှာ တစ်ခါတစ်လေကျရင်အမိန့်ထက်ပိုပြီး နှလုံးသားကလမ်းပြတဲ့ ပိုသင့်တော်တဲ့လမ်းကိုရွေးချယ်ရတဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။အဲ့ဒီအခိုက်အတန့်တွေကို ရောက်လာခဲ့ရင် ကိုယ်ဆိုရင်ကောငြင်းဆန်နိုင်မဲ့သတ္တိရှိပါ့မလား မှန်ရာကိုလုပ်ဖို့ရွေးချယ်တဲ့အခါမှာဘာတွေပေးဆပ်ရမလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်သာလာအောင် အရင်ခေတ်ကစစ်သည်တော်ခေတ်နဲ့ နှိုင်းယှဉ်ရိုက်ကူးပြသထားတဲ့ The Last Redemption ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အရင်ခေတ်မှာနစ်စ်ထရိုးလို့ခေါ်တဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့နာမည်ကြီးဓားပြဂိုဏ်းတစ်ခုရှိခဲ့ပါတယ်။နစ်စ်ထရိုးလို့ဘာလို့ခေါ်ရလဲဆိုရင် အဖွဲ့ခေါင်းဆောင်ကလီလန်းနစ်စ်ထရိုးဖြစ်ပြီးတော့အကြင်နာကင်းမဲ့တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။အဖွဲ့သားတွေအားလုံးက၀ရမ်းပြေးတွေဖြစ်ပြီး လက်ရှိအုပ်ချုပ်နေတဲ့ ဘုရင်ဖယ်ရယ်ရဲ့စစ်တပ်တွေလက်ထဲကနေ အမြဲတမ်းထွက်ပြေးနေရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ဘုရင်ရှိရင် ဘုရင့်နေရာလိုချင်သူတွေကလည်းရှိတယ်ဆိုတဲ့အတိုင်း ဘုရင်ဖယ်ရယ်ရဲ့ဝမ်းကွဲညီက ဘုရင့်ကိုသတ်ပြီးဘုရင်နေရာယူဖို့အတွက်တစ်နေ့မှာ နစ်စ်ထရိုးတို့ကိုမက်လုံးပေးပြီးခိုင်းပါတော့တယ်။ဘုရင်ဖယ်ရယ်ကိုသတ်နိုင်ပေမဲ့ ဘုရင်ဖယ်ရယ်ရဲ့သမီးလေးကမျက်မြင်သက်သေဖြစ်သွားတဲ့အတွက် ကလေးကိုပါသတ်ဖို့လုပ်ချိန်မှာတော့ မှန်ရာကိုလုပ်မဲ့အဖွဲ့သားတွေနဲ့ ပိုက်ဆံရဖို့အတွက်ဘာမဆိုလုပ်မဲ့ နစ်စ်ထရိုးတို့အဖွဲ့ ကွဲသွားကြပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.79GB) / (1.01GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 2m Genre …..Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Last Redemption (2024)
The Beast Within (2024)
Game of Throne ထဲက ဂျွန်စနိုးတဖြစ်လဲ Kit Harington ပါဝင်သရုပ်ဆောင်ထားတဲ့ လပြည့်ညတိုင်း အူရတဲ့ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်......ဒီဇာတ်ကားထဲမှာ ဝဲလ်လိုဆိုတဲ့ ၁၀နှစ်အရွယ်သမီးလေးဟာ သူ့အဖေရယ် အမေရယ် အဖိုးရယ်နဲ့ပဲ တသီးတသန့် တောထဲမှာကြီးပြင်းလာရာကနေ တဖြည်းဖြည်းနဲ့ ပုံမှန်မဟုတ်တာတွေကို သတိထားမိလာပါတယ်......သူ့အဖေက ပျောက်ပျောက်သွားပြီး ပြန်လာရင်ပုံမှန်လူတစ်ယောက်လို မဟုတ်တာကို သူသိလာခဲ့တာပါ....နောက်ပိုင်းတော့ သူ့အမေဖုံးကွယ်ထားတွေကို ဟိုတစ်စ ဒီတစ်စ သိလာပြီး သူ့အဖိုးကပါ သူ့ကိုကာကွယ်ဖို့အတွက် သူ့အဖေ အမေနဲ့ အတိုက်အခံလုပ်ပြီးနောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်လာကြမလဲ ဘာတွေဖုံးကွယ်ထားကြတာလဲ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(1.2 GB)/(590 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield
movie
The Beast Within (2024)
6.1
Moonwalkers (2015)
၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လူသားသမိုင်းတစ်လျှောက်အကြီးမားဆုံး အောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ အမေရိကန်နိုင်ငံက လွှတ်တင်လိုက်တဲ့ အာကာသယာဉ် အပိုလို ၁၁ ပေါ်က အာကာသယာဉ်မှူးနှစ်ယောက်က ကမ္ဘာ့ပထမဆုံးလပေါ်ခြေချဖူးတဲ့ လူ ၂ ယောက်အနေနဲ့ ဆင်းသက်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမယ့် အဲ့လို ဖြစ်လာဖို့ဆိုတာကတော့ လွယ်ကူတဲ့အရာမဟုတ်ခဲ့ပါဘူး။ကမ္ဘာ့ ပထမဆုံးလပေါ် ခြေချနိုင်တဲ့ နိုင်ငံဖြစ်နိုင်ဖို့ အမေရိကန်နိုင်ငံက ရှရှားနိုင်ငံနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။အဲ့လို လပေါ် အဲ့လိုဆင်းသက်ဖို့ ကြိုးစားခဲ့ကြတဲ့တကယ့် အကြောင်းအရာတွေနဲ့စိတ်ကူးယဉ် ဟာသဇာတ်လမ်းဇာတ်ကွက်တွေကိုပေါင်းစပ်ပြီးHarry Potter ထဲကမင်းသား Rupert Grint နဲ့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့အဓိကပါဝင်ရိုက်ကူးထားတဲ့၂၀၁၅ တုန်းကထွက်ရှိခဲ့တဲ့ဟာသ အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ လကမ္ဘာသွားတဲ့အကြောင်းကိုအခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက် Moonwalkers ဖြစ်ပြီးIMDb Rating ကတော့ 6.1 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ ပေါတောတောရော့ခ်တီးဝိုင်း တစ်ခုရဲ့မန်နေဂျာဖြစ်တဲ့ ဂျွန်နီကအကြွေးလည်ပင်းနစ်နေပြီး သူ့ကိုပိုက်ဆံရှာပေးနေတဲ့ တီးဝိုင်းကလည်း သူ့ကို မန်နေဂျာရာထူးကနေထုတ်တော့မယ်ဆိုတော့ အကြံအိုက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ ...
movie
Moonwalkers (2015)
7.4
Wonder Woman (2017)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Wonder Woman (2017)
2017
4K HEVC
5.5
The Last Legion (2007)
၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံအက်ရှင်စွန့်စားခန်းရုပ်ရှင်ဖြစ်တဲ့ The Last Region နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Doug Lefler က ရိုက်ကူးပေးထားပြီး၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Valerio Massimo Manfredi ရဲ့The Last Region ဝတ္တုကို အခြေခံထားပါတယ်။Colin Firth ၊ Ben Kingsley နဲ့အိန္ဒိယရုပ်ရှင်မင်းသမီးAishwarya Rai တို့လိုအကျော်အမော်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အနောက်ရောမအင်ပါယာပြိုလဲခဲ့တဲ့ ၅ ရာစုဥရောပသမိုင်းကြောင်းကဖြစ်ရပ်တွေကို စိတ်ကူးဉာဏ်ကွန့်မြူးပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ King Arthur ဒဏ္ဍာရီဖြစ်ပေါ်လာစေဖို့အခြေခံအကြောင်းအရာတွေလည်း ထည့်သွင်းရိုက်ကူးထားတာမြင်တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း****************ရောမအင်ပါယာပြိုလဲပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ်နောက်ဆုံးဧကရာဇ် Romulus Augustus ဟာ ကာပရီကျွန်းပေါ်မှာအကျဉ်းသားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Romulus ရဲ့ပညာရှိဆရာဖြစ်တဲ့ Ambrosinus နဲ့တော်ဝင်အစောင့်တပ်မှူးAurelius တို့ရဲ့ကယ်တင်မှုနဲ့ ကာပရီကျွန်းကနေလွတ်မြောက်လာခဲ့ပါတယ်။ ရောမကိုသိမ်းပိုက်ခဲ့တဲ့ဂေါ့သ်တွေလက်ကထွက်ပြေးရင်း Romulus နဲ့သူ့လူတွေဟာ ဒဏ္ဍာရီလာနဂါးတပ်ဖွဲ့ကိုရှာဖွေဖို့ ဘရစ်တားနီးယားကိုရောက်ရှိလာပြီးဘုရင်အာသာမွေးဖွားလာဖို့အတွက်လည်း အစပျိုးလာခဲ့ပါတော့တယ်။ File size…2.23GB / 1.3GB Quality…WEB-DL ...
movie
The Last Legion (2007)
7.0
Highlander (1986)
Highlander (1986) ================ IMDb Rating - 7.0/10Highlander 1986 ဇာတ်ကားကတော့ စိတ်ကူးယဥ် Fantasy ကားပါ။ စကော့နလန်ဓားသမားတစ်ယောက်ဟာ သူ့ကိုယ်သူ မသေမျိုးဖြစ်နေမှန်းသိလာခဲ့ပါတယ်။ သူတို့လိုမသေမျိုးတွေဟာ နောက်ဆုံးတစ်ယောက်ပဲ ရှင်ကျန်ရစ်တဲ့အထိ တိုက်ခိုက်ရတာမျိုး ပါ။ လူတွေက မသေချင်ကြပါဘူး။ ဒါပေမယ့် ကော်နာမက်ခလောက်စ် တစ်ဖြစ်လဲ နက်ရှ်ကတော့ အသက်ရှင်နေရတာကို ငြီးငွေ့လို့နေပါ တယ်။ သူချစ်ရတဲ့ အမျိုးသမီးတွေဟာ သေမျိုးဖြစ်နေတော့ တစ် ယောက်တည်း ရှင်ကျန်ရစ်ခဲ့ရတာမျိုးပါပဲ။ ချစ်ခြင်း ၊ တိုက်ခိုက်ခြင်း၊ ရှင်သန်ရခြင်းတွေနဲ့တွဲဖက်ရိုက်ထားတာပါ။ ဒါရိုက်တာ Russell Mulcahy က ရိုက်ကူးထားတာဖြစ်ပြီး ဆုအတွက် နှစ်ကြိမ်တောင် တင်သွင်းခံရပါတယ်။ IMDB rating 7.0 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(2.5 GB) / (1.0 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Fantasy Translator.......Thy Santa Encoder..........SWM
movie
Highlander (1986)
1986
7.2
Troy (2004)
Troy (2004) ရုပ်ရှင်ခံစားမှုTroy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော ...
movie
Troy (2004)
2004
4K HEVC
6.5
The Four Feathers (2002)
The Four Feathers (2002)ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့... ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth... နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age... သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ...
movie
The Four Feathers (2002)
5.4
Citadel (2012)
တွမ်မီကူလီဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ သူရဲ့ဇနီးဖြစ်သူ ထူးဆန်းတဲ့ကလေးတစ်သိုက်တိုက်ခိုက်ခံရပြီးချိန်ကစပြီးတော့ နာတာရှည်လူအုပ်ကြောက်ရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ ပျက်စီးနေတဲ့နေရာတစ်ခုဖြစ်တဲ့ အီဒင်တောင်းမှာပိတ်မိနေရင်းနဲ့ ဇနီးဖြစ်သူကိုတိုက်ခိုက်ခဲ့သည့်သူများ သမီးဖြစ်သူနောက်ကိုလိုက်နေတယ်ဟု ခံစားရကာထိတ်လန့်ခြောက်ခြားနေရာမှ မိမိထိတ်လန့်နေသော အရာကိုနားလည်ပေးတဲ့ တရားဟောဆရာတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ ဇနီးဖြစ်သူကို စောင့်ရှောက်ပေးခဲ့တဲ့သူနာပြုမလေးကတော့ တွမ်မီတစ်ယောက်အကြောက်လွန်ပြီးထင်ယောင်ထင်မှားဖြစ်တယ်ထင်ကာ ကူညီပေးဖို့ကြိုးစားပါတော့တယ်။ တရားဟောဆရာမှ ဖြစ်ကြောင်းကုန်စင်ကိုရှင်းပပြလိုက်သောအခါ တွမ်မီကူလီတစ်ယောက် အကြောက်လွန်နေခြင်းလား ဇနီးဖြစ်သူကိုတိုက်ခိုက်သွားတဲ့ကလေးတွေကရော ဘယ်ကလာတာလဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမှာလဲ စသည်ဖြင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့် သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size…(1.3 GB)/(620 MB)/(340 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Citadel (2012)
4.7
The Kindred (2021)
The Kindred (2021) ===============ဟယ်လင် တာလစ်တ်ဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ တစ်နှစ်လောက် ကိုမာဝင်နေရာကနေ မှတ်ဉာဏ် တချို့တစ်ဝက်နဲ့ သတိပြန်ရလာပါတယ်။ ဟယ်လင် သတိပြန်ရလာတဲ့အချိန်မှာ ကိုမာ ဝင်နေရင်း ကလေးမွေးနိုင်တဲ့ တတိယမြောက် အမျိုးသမီး အဖြစ် မှတ်တမ်းဝင်နေပြီး လသားအရွယ် သမီးလေးတစ်ယောက်က သူ့ကို စောင့်ကြိုနေပါတယ်။ဟယ်လင်ရဲ့ ခေါင်းထဲမှာ စွဲနေတာက အက်ဆီးဒင့် မဖြစ်ခင်လေးမှာ သူ့မျက်စိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သူ့အဖေ ရော ဘတ် ဖြစ်ပြီးတော့ ဘာလို့ သတ်သေခဲ့ရလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေပါတယ်။ ဆေးရုံက ဆင်းပြီး သူ့အဖေနေခဲ့တဲ့ အိမ်ကို ပြောင်း လာတဲ့ အခါမှာတော့ ဟယ်လင်တစ်ယောက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးဝိဉာဉ်တွေကို မကြာမကြာ မြင်လာရပါတော့တယ်။ ကလေး ဝိဉာဉ်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တဲ့ လူသတ်မှုတွေ အကြောင်း သိရှိလာရပြီး အဲဒီဖြစ်ရပ်ဆိုးကြီးက သူ့ အဖေ ရောဘတ်နဲ့ ဘယ်လိုတွေ ပတ်သက်နေလဲ၊ ဟယ်လင်ရဲ့ သမီး လေးဆီကို ...
movie
The Kindred (2021)
2021
5.7
Estranged(2015)
Estranged(2015)==============ဒီဇာတ်ကားလေးကတော့ 2015 တုန်းက ထွက်ရှိခဲ့တဲ့horror movie လေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဇန်နဝါရီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ 6 နှစ်အကြာမှာ မိသားစုအိမ်ကိုပြန်ရောက်လာပါတယ်။ ဒါပေမယ့် တစ်ခုခု လွဲနေပြီဆိုတာ သူသတိထားမိသွားပါတယ်။ ကွဲကွာတာကြာပြီဖြစ်တဲ့မိသားစုနဲ့ ပြန်လည်နေထိုင်ရင်းနဲ့မှ ကြောက်စရာကောင်းတဲ့ အဖြစ်ဆန်းတွေကို တစ်စတစ်စကြုံတွေ့လာရပါတယ်။ ဒီအဖြစ်အဆန်းတွေက ဘာတွေလဲ။နောက်ကွယ်မှာ ဘယ်သူတွေရှိနေတာလဲ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။Horror genre တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကားလေးကသင့်အကြိုက်ဖြစ်မှာ သေချာပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ပဲ ဖြစ်ပါတယ်) File size…1.21GB / 598MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Mystery , Thriller , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin
movie
Estranged(2015)
6.2
Scrooge: A Christmas Carol(2022)
ခရစ်စမတ်နဲ့ပတ်သတ်တဲ့ကာတွန်းကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားနာမည်ကိုရင်းနှီးနေတဲ့လူတွေလည်းရှိမှာပါ။ ဟိုးငယ်ငယ်လေးတုန်းကလည်း စကရုချ်နဲ့ပတ်သတ်တဲ့ဇာတ်ကားလေးတွေ ထွက်ခဲ့ပါတယ်။ ဒါလေးကတော့ 2022 မှထွက်လာတဲ့ကားသစ်လေးပါ။ ခရစ်စမတ်ဆိုတာကို စက်ဆုပ်ရွံရှာမုန်းတီးပြီး ပျော်ပွဲရွှင်ပွဲတွေကိုလည်းကြည့်မရတဲ့ လူ့ဂွစာကြီးတစ်ယောက် "အက်ဘီနီဇာစကရုချ်".. အကြင်နာတရားခေါင်းပါးပြီး လောဘကြီးတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ခရစ်စမတ်မရောက်ခင် မနက်ခင်းမှာ စကရုချ်ဆီ ၔည့်သည် ၃ ယောက်ရောက်လာခဲ့ပါတယ်။ ထိုၔည့်သည် ၃ ယောက်ဟာ စကရုချ်ရဲ့ဘဝကြီးကို ဘယ်လိုအပြောင်းအလဲဖြစ်သွားစေမယ်ဆိုတာကတော့...File size…(2.4GB) / (`1.29B) / (698MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre... Animation / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
Scrooge: A Christmas Carol(2022)
Breath (2022)
Breath (2022)Survival Thriller ကားတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၂ ခုနှစ် ရဲ့ ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဘူမိဗေဒပညာရှင် တစ်ယောက်ဖြစ်တဲ့ လော်ရာ ဟာ အမြဲတမ်း အလုပ်ကိုပဲရှေ့တန်းတင်ပြီး အလုပ်မှာအမြဲစိတ်နှစ်ထားသူတစ်ယောက်ပါ။ သူဟာ ခရစ္စတင်း လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရယ် ပြီးတော့ သူ့အဖေရယ်နဲ့ အတူတူ နေထိုင်ပါတယ်။တစ်ရက်မှာတော့ မီးတောင်တွေနဲ့ ကမ္ဘာမြေကြီးလှုပ်ရှားတဲ့လေ့လာရေးမှာ သူ့အလုပ်ပါတနာ အဒမ် ဆိုသူနဲ့ မီးတောင်တစ်တောင်ပေါ်တက်ခဲ့ပါတယ်။ ညနေမှောင်လာတဲ့ အချိန်မှာတော့ အဒမ် က အရင်ဆင်းသွားနှင့်ပြီး သူမကတော့ မြေကြီးနမူနာ ယူဖို့ နောက်မှဆင်းလာခဲ့မယ်ဆိုပြီး နေခဲ့ပါတယ်။ ဒီလိုနဲ့ သူမတစ်ယောက်တည်း ပြန်ဆင်းလာရင်း ကံဆိုးစွာနဲ့ မီးတောင်အလယ်က တွင်းနက်ကြီးထဲကို ကျသွားခဲ့ပါတယ်။ လော်ရာ တစ်ယောက် ကူသူမဲ့ တစ်ယောက်တည်း ဘယ်လို တွင်းနက်ကြီးထဲကနေ ရုန်းထွက်မယ်ဆိုတာကတော့ Survival ကားတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်တစား ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။Genre.....Drama, Thriller Quality….1080p | 720p| 480p File ...
movie
Breath (2022)
2022
7.0
Jagame Thandhiram(2021)
Jagame Thandhiram(2021) အညွှန်း*******************************IMDb...7.0အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်ထွက် အမိုက်စား အိန္ဒိယ Action/Drama ကားလေးပဲဖြစ်ပါတယ်....ဒီဇာတ်ကားထဲမှာ ဇာတ်လိုက်မင်းသား ဆူရီလီ ဟာ အိန္ဒိယနိုင်ငံ တမေးလ်နာဒူ ဒေသကသာမာန်စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်... ဒါ့အပြင် ကြံ့ခိုင်ထက်မြတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဆူရီလီ ဟာ ဒေသတွင်းက ပြဿနာတွေကို အကြမ်းနည်းနဲ့ကိုင်တွယ်ဖြေရှင်းလေ့ရှိတဲ့အတွက် ဂိုဏ်းစတားတစ်ယောက်အဖြစ် နာမည်ကျော်ကြားတဲ့ သူလည်းဖြစ်ပါတယ် .... တစ်နေ့မှာတော့ ဗြိတိန်နိုင်ငံက နာမည်ကြီး ဂိုဏ်းတစ်ခုဟာ လန်ဒန်မှာ သောင်းကျန်းနေတဲ့….သူတို့ရဲ့ပြိုင်ဖက် အိန္ဒိယလူမျိုးဂိုဏ်းတစ်ခုကို ချေမှုန်းဖို့အတွက် ကူညီပေးဖို့ တမေးလ်နာဒူဒေသရဲ့ နာမည်ကျော် ဆူရီလီ ကို ကမ်းလှမ်းလာပါတော့တယ်...အဲ့ဒီနောက်ဘာတွေဆက်ဖြစ် ဆက်ကြမ်းမလဲဆိုတာကိုတော့.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thar Htet & Thaik San တို့ပဲဖြစ်ပါတယ်...File Size :1.4GB Quality : WEB-DL 720p Format…mp4 Duration…02:37:00 Genre : Action, Comedy, Crime Subtitle : Myanmar Subtitle ...
movie
Jagame Thandhiram(2021)
HEVC 1080p 5.1
5.5
Skylines (2020)
Skylines (2020)=============IMDb Rating - 5.5/10#UnicodeSci-fi , Adventure ကား ကြိုက်သူတွေ အကြိုက်တွေ့ဦးမယ့် ဇာတ်လမ်းတစ်ခုပါပဲ။Skylines မူဗီဟာ 2010, 2017 တို့မှာ နှစ်ကားထွက်ရှိထားခဲ့ပြီး . အခု 2020 မှာတော့နောက်ထပ်ထွက်ရှိလာပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ရို့စ် ကောလီ ဟာ ဂြိုလ်သားနဲ့မျိုးစပ်ဖြစ်ပြီး အရွယ်ရောက်တာမြန်လွန်းလို့ အရွယ်ရောက်တာ နှေးအောင် သွေးသွင်းနေရတဲ့သူ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၅ နှစ်က ရို့စ်ဟာ သူရဲ့အမျိုးအနွယ် ဂြိုလ်သားတွေ ထောင်ပေါင်းများစွာကို သူ့လက်နဲ့စီရင်ခဲ့ရပါတယ်။ အခု ၅ နှစ်အကြာမှာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဂြိုလ်သားတွေ နဲ့ ကမ္ဘာမြေအကြား ပြဿနာတွေပေါ်ပေါက်လာတဲ့အခါမှာတော့ ရို့စ်တစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတွေ့မြင်ရမှာပါ . . .ဒီဇာတ်လမ်းထဲမှာ သဘောကျတဲ့စကားတစ်ခွန်း ရှိပါတယ်။"စစ်တိုက်ရတာ လွယ်တယ် ငြိမ်းချမ်းရေး ယူရတာ ခက်တယ်" ဆိုတဲ့ စကားပါပဲ။ ရို့စ်နဲ့ အဖွဲ့ကရောဒီပြဿနာကို ဘယ်လိုရှင်းနိုင်ကြမှာလဲဆိုတာကိုတော့ ...
movie
Skylines (2020)
2020
1
2
Next