Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jakob Diehl
7.0
From Hilde with Love (2024) In Liebe, Eure Hilde
From Hilde with Love (2024)IMDb Rating (7.0) / Rotten Tomatoes (80%) ဒုတိယကမ္ဘာစစ်ကာလမှာ ဟစ်တလာရဲ့ နာဇီဝါဒဟာ သူ့လူမျိုးအတွက် ဦးတည်လို့ ဘယ်လိုပဲဆိုဆို နာဇီဝါဒကို ဂျာမန်ပြည်တွင်းထဲမှာပဲ လက်ခံသူတွေရှိခဲ့သလို လက်မခံသူတွေလည်း ရှိခဲ့တယ်။ဒီကာလက ဝါဒရေးရာတွေ အမြင်က ရှင်းမယောင်နဲ့ အသေးစိတ်ကြည့်ရင် တော်တော်ရှုပ်ထွေးတာတော့ အားလုံးသိပြီးကြသလိုပါပဲ။အာရင်ဘတ်စာတွေထဲကလိုပဲ စစ်ပွဲကာလနဲ့ လူ့အမြင်တွေ လူသားဆန်မှုတွေက ရှင်းမရတဲ့ချည်ခင်တွေလိုပါပဲ။ဒီဇာတ်လမ်းကတော့ အဲဒီလိုဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်ကတော့ Hildeဆိုတဲ့ ဂျာမန်မလေးအကြောင်းပါ။သူက ဒုတိယကမ္ဘာစစ်ကာလမှာ နာဇီဝါဒါကိုဆန့်ကျင်ပြီး ကွန်မြူနစ်ဝါဒကို အားပေးပြီး ရုရှတွေနဲ့ ဆက်သွယ်ခဲ့လို့ သေဒဏ်ပေးခံခဲ့ရတဲ့သူပါပဲ။၁၉၄၂ နှစ်ကုန်ပိုင်းမှာ ကိုယ်ဝန်ရှိနေတုန်း ဂတ်စတာပိုတွေဖမ်းခေါ်သွားတာခံခဲ့ရပြီး ထောင်ထဲမှာပဲ ကလေးမွေးခဲ့ပြီး ၁၉၄၃နှစ်ကုန်ပိုင်းမှာ ကွပ်မျက်ခံခဲ့ရပါတယ်။ကွပ်မျက်မခံရရင် ဒီသနားစရာ မိန်းကလေးက ဟစ်တာလာဆီ အသနားခံစာ တင်ခဲ့ပေမဲ့ ဟစ်တလာက ပယ်ချခဲ့ပါတယ်။ရုပ်ရှင်ထဲတော့ စစ်ရေးကို ထည့်မပြောသွားပေမဲ့လည်း ...
movie
From Hilde with Love (2024) In Liebe, Eure Hilde
2024
7.3
The Conference (2022)
သမိုင်းမှာ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးပါဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး ဂျူးလူမျိုး ၆သန်းကျော်ကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယကမ္ဘာစစ်နဲ့တကွ နောင်လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်က နာဇီတွေရဲ့ဂျူးပြဿနာကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်ရဲ့ မြစ်ဖျားခံရာ Wannsee Conference အကြောင်းကို Dokudrama အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ခုလုံးဟာ Wannsee Conference ကျင်းပနေတဲ့ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို တင်ဆက်ထားတာဖြစ်ပါတယ်။ဒီအစည်းအဝေးကို ဘာလင်မြို့ပြင်က Wannsee ဆိုတဲ့အရပ်မှာကျင်းပခဲ့ပြီး အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်းအရာရှိတွေနဲ့ SS ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေထဲမှာ ထိပ်တန်းဂျာမနီတက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တဲ့ ပညာရှင်တွေ ခေါင်းဆောင်တွေပါဝင်ပြီး ဒီလူတွေကပဲ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပတိုက်ကို ကျူးကျော်မှုစပြီးမကြာမီမှာ ဂျူးပြဿနာကိုဖြေရှင်းဖို့ ...
movie
The Conference (2022)