Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jake Tapper
4.7
Shadow Force (2025)
Shadow Force (2025)IMDb Rating (4.7) / Rotten Tomatoes (34%) ဒီတစ်ခုကတော့ ဒါရိုက်တာ Joe Carnahan ရိုက်ကူးထားပြီး Kerry Washington ၊ Omar Sy နဲ့ Mark Strong တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ အိုက်ဆာနဲ့ ခိုက်ရာတို့က နိုင်ငံတကာက လက်ရွေးစင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စီအိုင်အေရဲ့ အထူးလျှို့ဝှက်အဖွဲ့ဖြစ်တဲ့ အရိပ်တပ်ဖွဲ့ရဲ့ ပူးတွဲခေါင်းဆောင်နှစ်ယောက်ပါ။အသင်းသားအချင်းချင်းကြားပတ်သက်မှုကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ကြားကနေ သူတို့နှစ်ယောက်က ချစ်ကြိုက်သွားကြပြီး အဖွဲ့ကနေ ထွက်ပြေးသွားကြပါတယ်။အဖွဲ့ရဲ့ဦးစီးသူဂျက်ခ်စင်ဒါက အဲဒီနှစ်ယောက်က သူတို့ရဲ့လျှို့ဝှက်ချက်တွေများစွာကို သိနေခဲ့တာကြောင့် ၀ရမ်းပြေးအနေနဲ့သတ်မှတ်ပြီး ဆုကြေးသတ်မှတ်ကာ အရိပ်တပ်ဖွဲ့တွေကိုပဲ လိုက်ခိုင်းခဲ့ပါတယ်။ဖြစ်ချင်တော့ ခိုက်ရာက ထွက်ပြေးသွားတဲ့အချိန်မှာ ကိုယ်၀န်ရှိနေခဲ့ပြီး သားလေးတစ်ယောက်မွေးခဲ့တော့ ဒီလိုအန္တရာယ်ကြားမှာ ကလေးဖြစ်သူအတွက်ကိုပါ တာ၀န်ရှိလာခဲ့ပါတယ်။ဂျက်ခ်ရဲ့လက်က သူတို့မိသားစုလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်လိုက်ကြနော် ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။)File size…(5.8 GB) / (1.8 GB) ...
movie
Shadow Force (2025)
2025
4K HEVC
5.3
Another Simple Favor (2025)
Another Simple Favor (2025)IMDb Rating (5.3) / Rotten Tomatoes (66%) ဒါကတော့ A Simple Favor 2018 ရဲ့ Sequel ပါ။ပထမ movie ဖြစ်ပြီးကာလ ငါးနှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး စတစ်ဖနီစမတ်တာက မှုခင်းအစစ်အမှန်ဘလောကာတစ်ယောက်ဖြစ်နေပါပြီ။သူနဲ့အမ်မလီနဲဆွန်ရဲ့ ဆက်ဆံရေးနဲ့ အမ်မလီထောင်ထဲ၀င်ခဲ့ရတဲ့အကြောင်းတွေကို စာအုပ်ထုတ်ထားပြီး အောင်မြင်နေပါတယ်။ဒါပေမဲ့ သူ့စာဖတ်ပွဲမှာ ထောင်ထဲမှာရှိနေရမယ့် အမ်မလီက ခံ၀န်နဲ့လွတ်လာကာ ဗြုန်းစားကြီးရောက်ချလာပြီးအီတလီသူဌေးတစ်ယောက်နဲ့အကြောင်းပါပြီး လက်ထပ်တော့မှာမို့လို့ဆိုပြီး စတစ်ဖနီကို လက်ထပ်ပွဲမှာ သူ့သတို့သမီးအရံနဲ့ဖိတ်ပါတယ်။သူ့ကိုလက်စားချေမယ်လို့ထင်နေတဲ့ စတစ်ဖနီက မသွားချင်ပေမယ့် အမ်မလီက အကျပ်ကိုင်သွားတာကြောင့် ကာပရီကလက်ထပ်ပွဲကို သွားရဖို့ဖြစ်လာပါတယ်။အမ်မလီ သူ့ကိုဖိတ်ရတဲ့ အကြောင်းရင်းက သူတကယ်ပဲပြောင်းလဲသွားလို့လား ဒါမှမဟုတ် လက်စားချေချင်လို့ပဲလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။Cast တွေအနေနဲ့ကတော့ အမ်မလီအနေနဲ့ Blake lively , စတစ်ဖနီအနေနဲ့ Anna Kendrick , အမ်မလီရဲ့ခင်ပွန်းလောင်း ဒန်တီ အနေနဲ့ကတော့ ...
movie
Another Simple Favor (2025)
2025
4K HEVC
6.4
Pitch Perfect 2 (2015)
Pitch Perfect 2 ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန်ဟာသကားဖြစ်ပါတယ်။၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သော Pitch Perfect ၏ နောက်ဆက်တွဲကားလည်း ဖြစ်ပါတယ်။ဂီတ-ဟာသ များတွင် ယခုထက်ထိ ဝင်ငွေ အများဆုံးရရှိထားသော ဇာတ်ကားဖြစ်ပါတယ်။IMDb Rating 6.5/ 10 ရရှိထားပြီး Rotten Tomatoes တွင် 66% Rating ရရှိထားပါတယ်။ဒီရုပ်ရှင်ထဲမှာ Cappella သီဆိုခြင်း ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။Cappella သီဆိုခြင်း ဆိုတာကတော့ တူရိယာ မပါဘဲ အဖွဲ့တစ်ဖွဲ့တွင်ပါဝင်သော လူများကပဲ သီချင်းများကို သီဆိုခြင်း၊ ပါးစပ်ဖြင့် Beatbox သံလုပ်ခြင်းအပါအဝင် တူရိယာသံလုပ်ခြင်းများကို ကိုယ်တိုင်ဖန်တီး၍ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Barack Obama ၏ မွေးနေ့ပွဲတွင် Bella အဖွဲ့က ဖျော်ဖြေဆင်တင်ဆက်ရာမှ ဖြစ်ပွားခဲ့ရသော အမှားတစ်ခုကြောင့် Bella အဖွဲ့၏နာမည်ကျဆင်းခဲ့ရပြီး ...
movie
Pitch Perfect 2 (2015)
2015
6.5
Late Night(2019)
Late Night(2019)(Zawgyi)အမေရိကန်နိုင်ငံရဲ့ ညပိုင်းစကားပြောအစီအစဉ်တွေအကြောင်းရိုက်ကူးထားတဲ့ ဟာသဇာတ်မြူးလေးပါ .....ဒီဇာတ်ကားထဲမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်က အလုပ်အရမ်းကြိုးစားသလို အချိန်ပြည့်လည်း ဒီအစီအစဉ်ကိုပဲခေါင်းထဲထည့်ထားလေ့ရှိယတ်... သို့ပေမယ့် သူဟာ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ သူ့အစီအစဉ်တွေဟာ ဒီပုံစံခွက်ထဲက မထွက်သလိုဖြစ်နေတယ်...ဒီတော့ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဖြစ်နေရှာတယ်...အဲ့ဒီအချိန်မှာပဲ သူနဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ ဒီအစီအစဉ်တွေကို တစ်ဘက်တစ်လမ်းက ကူညီဖို့ကြိုးစားတယ်... ဒီဇာတ်လမ်းက ဟာသဇာတ်မြူးလေးဆိုပေမယ့် လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပညာသားသားပါပါ ထောက်ပြထားတယ်... ရယ်လည်းရယ်ရသလို မှတ်သားစရာလေးတွေလည်း ပါတာမို့ ခံစားကြည့်ကြပါဦးလို့.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်...(unicode)အမေရိကန်နိုင်ငံရဲ့ ညပိုင်းစကားပြောအစီအစဉ်တွေအကြောင်းရိုက်ကူးထားတဲ့ ဟာသဇာတ်မြူးလေးပါ .....ဒီဇာတ်ကားထဲမှာ အစီအစဉ်တင်ဆက်သူတစ်ယောက်က အလုပ်အရမ်းကြိုးစားသလို အချိန်ပြည့်လည်း ဒီအစီအစဉ်ကိုပဲခေါင်းထဲထည့်ထားလေ့ရှိယတ်... သို့ပေမယ့် သူဟာ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ သူ့အစီအစဉ်တွေဟာ ဒီပုံစံခွက်ထဲက မထွက်သလိုဖြစ်နေတယ်...ဒီတော့ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဖြစ်နေရှာတယ်...အဲ့ဒီအချိန်မှာပဲ သူနဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟာ ဒီအစီအစဉ်တွေကို တစ်ဘက်တစ်လမ်းက ကူညီဖို့ကြိုးစားတယ်... ဒီဇာတ်လမ်းက ဟာသဇာတ်မြူးလေးဆိုပေမယ့် လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပညာသားသားပါပါ ထောက်ပြထားတယ်... ရယ်လည်းရယ်ရသလို မှတ်သားစရာလေးတွေလည်း ပါတာမို့ ခံစားကြည့်ကြပါဦးလို့.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်...File Size : (950 MB) and (357 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre : Comedy, ...
movie
Late Night(2019)
2019