Channel Myanmar

Jake Miner

Big Fat Liar (2002)
Big Fat Liar (2002) Imdb - 5.5/10၂၀၀၂ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီဇာတ်ကားလေးက အမေရိကန်​ ဆယ်​ကျော်​သက်​ဟာသ ရုပ်ရှင်​ဖြစ်ပါတယ်။ Agent Cody Banks ရုပ်ရှင်​တွေမှာ အဓိက​ဇာတ်​ကောင်​အဖြစ်​ ပါဝင်​သရုပ်ဆောင်​ခဲ့တဲ့ Frankie Muniz က ဒီ​ဇာတ်​ကားထဲမှာ​Jason အဖြစ်​ ပါဝင်​ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Jason က Greenbury မြို့​မှာနေထိုင်တဲ့ ၁၄ နှစ်အရွယ်​ ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး လုပ်​ကြံ​ဇာတ်လမ်း​တွေ ဖန်တီး​လိမ်လည်တဲ့နေရာမှာ ထူးချွန်​သူဖြစ်ပါတယ်။တစ်နေ့မှာ​ ဆရာမ ပေးလိုက်​တဲ့ အိမ်စာဖြစ်တဲ့ အင်္ဂလိပ်​စာ အက်​ဆေးကို အချိန်​မီထပ်ဖို့ ကျောင်း​ကို​အသွား Marty Wolf ဆိုတဲ့​ သြဇာကြီး ဟောလီးဝုဒ် ပရိုဂျူဆာ တစ်​ဦးရဲ့ ကားနဲ့တိုက်မိပါတယ်။ Marty က Jason ကို ကျောင်း​အထိလိုက်ပို့ပေးပေမဲ့ Jason ရဲ့ အိမ်စာအက်ဆေးက ကား​ထဲမှာကျန်ခဲ့ပါတယ်။ အိမ်စာမထပ်နိုင်လို့ Jason လည်း နွေရာသီ​ ...
movie

Big Fat Liar (2002)

I Want a Dog for Christmas, Charlie Brown (2003) 7.0
I Want a Dog for Christmas, Charlie Brown (2003) I Want a Dog for Christmas, Charlie Brown (2003) ==================================== IMDb Rating - 7.0/10"Peanuts" ဆိုတဲ့ကာတွန်းတွေထဲက ချာလီဘရောင်းဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့အချစ်တော်ခွေးလေးစနူပီဆိုတာကို တော် တော်များများပဲသိကြမှာပါ။ သူတို့နဲ့အတူ သူငယ်ချင်းတွေဖြစ် ကြတဲ့ လူစီတို့၊ လိုင်းနပ်စ်တို့ကိုပါတွဲမြင်ကြတယ်ဟုတ်။ ဒီ "I Want a Dog for Christmas, Charlie Brown" ဆိုတဲ့ဇာတ် လမ်းလေးထဲမှာတော့ လူစီနဲ့လိုင်းနပ်စ်တို့ရဲ့မောင်ငယ်လေးရီရန်းလ်ကို အဓိကဇာတ်အိမ်တည်ထားပါတယ်။ ဒါပေမယ့်လည်း သူ့ဇာတ်ကြောင်းအပြင် တခြားရယ်စရာ၊ ကြည်နူးစရာလေးတွေနဲ့ အချစ်တော်ခွေးလေးစနူပီရဲ့မိသားစုအကြောင်းလေးတွေပါ တစ်ပိုင်း တစ်စပါတော့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ပုဒ်ဆိုတာ တော့သေချာပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ရီရန်းလ်ဆိုတဲ့ကောင်လေးဟာ တစ်နေ့တစ်နေ့ သူ့အမေစက်ဘီးနောက်ကနေ ရင်တမမနဲ့လိုက်စီး နေရတာတွေ၊ သူငယ်ချင်းဖြစ်သူတွေက သူ့ရဲ့ဘုဂလန့်အစ်မဖြစ်သူလူစီနဲ့၊ စောင်တကားကားနဲ့အလုပ်ရှုပ်နေတတ်တဲ့အစ်ကိုဖြစ်သူ လိုင်းနပ်စ်တို့ အကြောင်းတွေလိုက်မေးတာပဲခံနေရတာတွေကနေစိတ်ညစ်ငြီးငွေ့နေ ရတာပေါ့။ အဲဒီမှာ ချာလီဘရောင်းနဲ့သူ့ခွေးလေးစနူပီတို့ကိုမြင်တော့ အားကျမိပြီး ရီရန်းလ်တစ်ယောက် သူနဲ့အတူတူဆော့ပေးနိုင်မယ့်ခွေးလေး တစ်ကောင်လိုချင်လာပါတယ်။ ဒီတော့လည်း မကြာခင်ကျရောက်တော့မယ့် ခရစ္စမတ်စ်ပွဲတော်မှာ ဆန်တာကလော့စ်ဘိုးဘိုးကြီးကိုစာရေးပြီးပူဆာဖို့ ကြံမိတယ်ပေါ့။ပြဿနာက သူ့အမေကလည်း ခွေးတွေဆိုတာက ဒုက္ခများလွန်းတယ်ဆိုပြီး ခွေးမွေးခွင့်ကိုဘယ်လိုမှမပြုသလို အစ်မလူစီကလည်း ဆန်တာကလော့စ် ဆိုတာ မိဘဖြစ်သူတွေသဘောမတူတဲ့အရာကိုလာပေးမှာမဟုတ်ဘူးဆိုပြီး ပြောတော့ ရီရန်းလ်လေးမှာစိတ်ညစ်ပြန်ရတာပေါ့။ အဲဒါအပြင် ချာလီဘရောင်း ဆီခဏခဏသွားသွားပြီး စနူပီနဲ့ဆော့ဖို့ခေါ်တာကများများနေတော့ သူ့ကို ရှောင်ချင်နေကြပြန်သေးတယ်။ ...
movie

I Want a Dog for Christmas, Charlie Brown (2003)

2003