Channel Myanmar

Jake Francois

Honeymoon Crasher (2025) 5.5
Honeymoon Crasher (2025)  ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ပြင်သစ်စကားပြော Comedy အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးမှာဆိုရင် အမေတစ်ယောက်နဲ့ သားတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့စွန့်လွှတ်အနစ်နာခံမှုတွေကို မော်ရစ်တီးယပ်စ်ကျွန်းအလှအပများကို နောက်ခံပြုကာ ဟာသနှော ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်..Lucas Duvivier တစ်ယောက်ဟာ လက်ထပ်ပွဲမှာတင်ရည်းစားဟောင်းဆီပြန်သွားသော သတို့သမီး ထားသွားတာခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်...သတို့သမီးမရှိတော့သောကြောင့် မင်္ဂလာပွဲပျက်သွားသော်လည်းငွေပေးချေပြီးပြီဖြစ်သော ဟန်းနီးမွန်းခရီးစဉ်ဟာ ငွေလည်းပြန်မအမ်းတော့တာမို့ အရှုံးမခံဘဲသွားရာမှာ Lucas ဟာမိခင်ဖြစ်သူကိုပါ ခေါ်ဆောင်ခဲ့ရပါတယ်...အရွယ်ချင်းမတူတဲ့ မင်္ဂလာမောင်နှံလို့ယူဆနေတဲ့ ဟိုတယ်ဝန်ထမ်းများဟာ ၎င်းတို့သားအမိကို အထူးအခွင့်အရေးပေးကာဈေးကြီးအခန်းကို တစ်ပြားတစ်ချပ်မှ ထပ်တိုးမကောက်ခံဘဲနေခွင့်ပေးတဲ့အခါမှာတော့ သားအမိနှစ်ယောက်ဟာ ဇနီးမောင်နှံတွေအဖြစ် ဟန်ဆောင်ဖို့ဖြစ်လာပါတယ်...Lucas တစ်ယောက်ဟာတော့ သူ့ကိုထားသွားခဲ့တဲ့ သတို့သမီးလောင်းဖြစ်ခဲ့သူကိုသာ တမ်းတနေပြီး ပင်လယ်ပြင်တွေ စိမ်းလန်းတဲ့တောင်တန်းတွေ ကျွန်းပေါ်ကျနေတဲ့နေရောင်ခြည်တွေကိုခံစားနိုင်စွမ်းကင်းမဲ့ရင်း အပူမိနေခဲ့ပါတယ်...သို့နှင့် ကျွန်းပေါ်မှာနေရင်း တစ်ခုသောခရီးစဉ်အရောက်မှာဆုံဆည်းရတဲ့ ဧည့်လမ်းညွှန်မိန်းမချောလေးဆီကို စိတ်တိမ်းညွှတ်မှုဖြစ်သွားတဲ့အခါမှာတော့…ဒီကားလေးမှာဆိုရင် သားဖြစ်သူကို အရွယ်ရောက်သည်အထိမျက်ခြေမပြတ်စောင့်ရှောက်ရင်း မိမိဆန္ဒတွေကို လျစ်လျူရှုထားရသူမိခင်နဲ့ မိခင်ရဲ့အနစ်နာခံမှုတွေကိုမမြင်နိုင်ဘဲအပြစ်သာဆိုတတ်သူသားဖြစ်သူတို့ကြား နားလည်မှုရသွားတဲ့ဟန်းနီးမွန်းခရီးစဉ်ကို ရှုခင်းအလှအပများနဲ့ ဟာသနှောကာရယ်ရွှင်ဖွယ်ရာရိုက်ကူးတင်ဆင်ထားတာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များ စိတ်အပန်းပြေဖွယ်ကြည့်ရှုခံစားနိုင်မယ့်ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ... File size… (1.92 GB) / (0.97 GB) Quality… ...
movie

Honeymoon Crasher (2025)

Honeymoon With My Mother (2022) 5.9
Honeymoon With My Mother (2022) Honeymoon with my mother(2022)ဒီတစ်ခါတော့ အမေနဲ့ ဟန်းနီးမွန်း ထွက်ကြည့်ကြရအောင်ပါ။မင်္ဂလာဆောင်မှာ ကတိသစ္စာပြုတော့မယ့်ဆဲဆဲ သတို့သမီးကို သူ တကယ်ချစ်ရတဲ့သူက အချစ်သူရဲကောင်းဆန်ဆန် လာခေါ်သွားတဲ့ ဇာတ်ဝင်ခန်းမျိုး ကြည့်ဖူးကြမှာပါ။ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကြီးကတော့ ကြောင်တောင်တောင်နဲ့ ကျန်ရစ်ဖြစ်ခဲ့ရတဲ့ သတို့သားကြီး ဟိုဆေးလူးဝစ်ပါ။မင်္ဂလာပွဲ ကုန်ကျ စရိတ်လည်းဆုံး သတို့သမီးလည်းဆုံး ဖြစ်နေတဲ့ ဟိုဆေးတစ်ယောက် ဟန်းနီးမွန်းအတွက် ပေးထားတဲ့ ပိုက်ဆံကလည်း ပြန်အမ်းခိုင်းလို့မရ ဖြစ်ရာကနေ သူ့အမေရဲ့ အကြံအတိုင်း အမေနဲ့အတူ ဟန်းနီးမွန်းထွက်ဖို့ ဖြစ်လာပါတော့တယ်။သားအမိနှစ်ယောက် မော်ရေးရှပ်စ်ကျွန်းကို ဟန်းနီးမွန်းထွက်ကြရင်း ဇနီးမောင်နှံဟန်ဆောင်ကြရပုံတွေ တလွဲဖြစ်ကြပုံတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့အပြင်သားအမိတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နားလည်မှုအလွဲတွေ အမေတစ်ယောက်ရဲ့ ခံစားချက်တွေကိုပါ မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေး ဖြစ်တာကြောင့် ကြည့်ရှူခံစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်Genre.....Comedy Quality….WEB-DL 1080p and 720p File size…1.5GB and 830MB and 283MB Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman ...
movie

Honeymoon With My Mother (2022)

2022