Channel Myanmar

Jake Curran

Maze Runner: The Death Cure (2018) 6.3
Maze Runner: The Death Cure (2018) Maze Runner: The Death Cure (2018) ************************************* IMDb.....6.3  ဒီ Maze Runner 3 မှာတော့  ​ပထမ၂ကားထဲက လွတ်​​မြောက်​လာကြတဲ့​​ ကောင်​​လေးတွေထဲက သောမတ်စ်ကလွတ်​​မြောက်​လာတဲ့ လူ​တွေကို စုစည်းပြီး သူ့သူငယ်​ချင်း​တွေကို ကယ်​ဆယ်​ဖို့ ရည်ရွယ်ကာ အဖွဲ့တစ်ဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်​ရက်​မှာ မလွတ်​​သေးဘဲ ကျန်​​နေခဲ့​သေးတဲ့ သူ့သူငယ်​ချင်းတွေကိုတင်​​ဆောင်​လာတဲ့ ရထားကို ဖြတ်​တိုက်​ပြီး​တော့ ကယ်​ဖို့ကြိုးစားရင်း မ​အောင်​မြင်​ဘဲ သောမတ်စ်တစ်ယောက်သူ့ရဲ့ အဖွဲ့နဲ့အတူ Cranks(Zombie)​ တွေရှိနေတဲ့ လိုဏ်ခေါင်းထဲကို ရောက်သွားပြီး အန္တာရယ်တွေနဲ့ရင်​ဆိုင်​ကြရပြန်ပါတော့တယ်.. သူတို့ထဲကမှ ဒီဖုတ်​​ကောင်​ကူးစက်​တဲ့​ရောဂါကို ခံနိုင်​ရည်​ရှိတာက​တော့မင်​ဟိုဆိုတဲ့ ​ကောင်​​လေးပါ.. ဒီလိုနဲ့ မင်​ဟိုကို ​ဖြေ​ဆေး​ဖော်​ဖို့ The Last City မြို့က လူ​တွေက လိုက်​ဖမ်းရင်း​နောက်​ဆုံးမှာ သူတို့ ဘယ်​လို​တွေဖြစ်​ကြမလဲ.. ဖုတ်​​ကောင်​​တွေရန်​က​ရော ကာကွယ်​နိုင်​ပါ့မလား..Maze ထဲကလွတ်​​မြောက်​လာတဲ့ ပထမဆုံး Runner ​တွေက​ရော ဘာအတွက်​ ​ထွက်​​ပြေး​နေရတာလဲ..ဆိုတာကို​တော့ ကိုယ်တိုင်ကိုယ်ကျပဲ ...
movie

Maze Runner: The Death Cure (2018)

Journey’s End (2017) 6.7
Journey’s End (2017)  Journey's End (2017)IMDb Rating (6.7) / Rotten Tomatoes (91%) ဒီဇာတ်ကားကတော့ 2017ကထွက်ရှိထားပြီး IMDb 6.7/10ရရှိခဲ့တဲ့ war/dramaရုပ်ရှင်အမျိုးအစားပါပဲ။1928 တုန်းကပြသခဲ့တဲ့ပြပွဲတစ်ပွဲကို အခြေခံပြီး ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာပါ။နာမည်ကျော်" The Space between us "," Hugo "အစရှိတဲ့ဇာတ်လမ်းတွေထဲက သရုပ်ဆောင် Asa Butterfield.. " Me before u","Love Rosie!" အစရှိတဲ့ Romanceကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသား Sam Clafin..ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေက သူတို့ရိုက်နေကြ Characterတွေကနေခွဲထွက်ကာ ဒီဇာတ်လမ်းထဲမှာပီပြင်အောင်သရုပ်ဆောင်နိုင်သွားတာလဲ ချီးကျူးစရာပါပဲ။Rating ကပ်စေးနည်းတဲ့ Rotten Tomatoesကတောင် 91%ပေးထားတာမို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ရုပ်ရှင်ဝေဖန်ရေးသမားတွေကလဲ Rating တွေရက်ရက်ရောရောပေးထားတာတွေ့ရပြန်ပါတယ်။ ဇာတ်လမ်းလေးကိုမြည်းစမ်းကြည့်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးလဲ တင်ပြပေးပါရစေ။ဇာတ်လမ်းအကြောင်းကတော့ ပထမကမ္ဘာစစ်တုန်းက ရှေ့တန်းမှာရောက်နေခဲ့တဲ့အင်္ဂလိပ်စစ်သားတွေရဲ့ဘဝနဲ့ အခက်အခဲတွေကိုရိုက်ကူးပြထားတာပါ။သူတို့စခန်းချထားတဲ့နေရာရဲ့ရှေ့မှာက အင်အားများလွန်းတဲ့ရန်သူတွေဖြစ်ပြီး နောက်ကိုပြန်ဆုတ်ဖို့ကလဲ အထက်ကလူကြီးတွေက နောက်ဆုတ်ခွင့်လုံးဝမပေးလို့ ရှေ့တိုးနောက်ဆုတ်မရဖြစ်နေတဲ့အချိန်ပါ။ဒါ့အပြင်သူတို့တပ်စိတ်ရဲ့ကပ္ပတိန်ဖြစ်သူကပါ ...
movie

Journey’s End (2017)

2017
The Owners (2020)
The Owners (2020) The Owners (2020) *****************ဒီကားထဲက အဓိကမင်းသမီးလေး Maisie Williams ကိုတော့ Games Of Thrones ထဲမှာ...အာယာစတဒ်အဖြစ်နဲ့  Needle ဆိုတဲ့ဓားလေးကို ကိုင်ပြီး ဖိုက်တာကျခဲ့တာကို အားလုံးသိကြမှာပါ။ဒီဇာတ်ကားထဲမှာရော ဘယ်လောက်ဖိုက်တာကျနိုင်မလဲ အားပေးကြည့်ရှုလိုက်ကြပါဦးနော်...ဇာတ်လမ်းအကျဉ်း --------------အသက်အရွယ်ကြီးရင့်ပြီးတော့ သားသမီးမြေးမြစ်တွေမရှိတော့တဲ့ ဆရာဝန်လင်မယားနှစ်ယောက်နဲ့...ပိုင်ဆိုင်မှုတွေလည်းရှိပြီး ဆက်ခံမဲ့သူမရှိတဲ့ သူတို့အကြောင်းကိုသိနေတဲ့ ငွေလွယ်လွယ်လိုချင်တဲ့ လူ ၃ ယောက်...ဒီလိုငွေလွယ်လွယ်ရချင်တဲ့ လူ ၃ ယောက်က ဆရာဝန်လင်မယားအိမ်ကို ဓားပြဝင်တိုက်ကြပါတော့တယ်။ဓားပြဝင်တိုက်တဲ့သူတွေဟာ ငွေတွေအလွယ်တကူရလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ အိမ်ကို ဓားပြတိုက်လို့အပြီး...နာရီပိုင်းအတွင်းမှာတင် ဒီသက်ကြီးရွယ်အို ၂ယောက်မှာ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိတာ သိလိုက်ရတယ်။သူတို့ထင်သလို မလွယ်ကူတဲ့အပြင် ကိုယ်တိုင်မုဆိုးကနေ သားကောင်အဖြစ်ကိုရောက်သွားတဲ့အချိန်မှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ခံစားကြည့်ရှုလိုက်ပါဦးနော်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်....File Size : 1.35GB / 620MB Quality : 1080p 5.1ch / 720p Duration : 01:32:00 Genre ...
movie

The Owners (2020)

Oliver Twist (2005) 6.8
Oliver Twist (2005)  ဂန္ထဝင်စာရေးဆရာကြီး Charles Dickensရဲ့အထင်ရှားဆုံးပုံပြင်ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ အိုလီဗာတွစ်လေးရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မိဘမဲ့လေးအိုလီဗာတွစ်ရဲ့ဘဝမှာ အမျိုးမျိုးသောလူပေါင်းစုံနဲ့ကြုံတွေ့ပြီးတဲ့နောက်မှာ လန်ဒန်မြို့ကြီးအထိကို ၇ ရက်လောက်လမ်းလျှောက်ပြီးအရောက်သွားခဲ့ပါတယ်. ကလေးလေးတစ်ယောက်ရဲ့တစ်ကိုယ်တည်းသွားတဲ့ခရီးရှည်အဆုံးမှာတော့မထင်ထားပဲ သူနဲ့ရွယ်တူသူခိုးလေးတွေအုပ်စုနဲ့ကြုံပြီးတော့ဘဝကိုတစ်ဆစ်ချိုးအကြီးအကျယ်ပြောင်းလဲသွားရှာပါတော့တယ်။လူဆိုးလေးမဖြစ်ချင်တဲ့အိုလီဗာလေးဟာ ပိုကောင်းတဲ့ဘဝကိုရောက်ခဲ့ပေမယ့်လဲ ကံတရားကမျက်နှာသာမပေးခဲ့တာမလို့သူ့ရဲ့ဘဝမှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပုံပြင်ထဲကအိုလီဗာလေးအတိုင်းပဲချစ်ဖို့ကောင်းပြီး ခပ်ဆိုးဆိုးလူဆိုးကြီးတွေရဲ့ကြားကဇာတ်ကားလေးမလို့ လူကြီးတွေအပြင်ကလေးတွေပါကြိုက်နှစ်သက်မဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။  File size…2.07GB / 898MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 10m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Oliver Twist (2005)

The New World (2005) 6.7
The New World (2005) The New World (2005)Pocahontas နဲ့ Captain John Smith တို့ရဲ့ ဇာတ်လမ်းလေး တင်ဆက်ပေးပါရစေ။အင်္ဂလိပ်ကိုလိုနီအဖွဲ့တွေဟာ နယ်ချဲ့ရင်းနဲ့ အမေရိကတိုက်ကိုရောက်ရှိလာပါတယ်။ အမေရိကတိုက်ရဲ့ ယခုဗာဂျီးနီးယားလို့ခေါ်ဆိုတဲ့နေရာမှာ အမေရိကန်လူမျိုးစစ်စစ်တွေဖြစ်တဲ့ အင်ဒီးယန်းလူမျိုးစုတွေ နေထိုင်ပါတယ်။အင်ဒီးယန်းတွေနဲ့ အင်္ဂလိပ်နယ်ချဲ့တွေအကြား ပဋိပက္ခဖြစ်ပွားရာမှာ Captain Smith အသတ်ခံရမယ့်အရေးကို အင်ဒီးယန်းလူမျိုးစုမင်းသမီး Pocahontasက ကယ်ဆယ်လိုက်ပါတယ်။ မင်းသမီး Pocahontasဟာ ဖခင်ရဲ့ အရေးအပေးခံရဆုံး သမီးတော်လည်းဖြစ် ထူးလည်းထူးခြားတာကြောင့် သမီးတော်သဘောကိုလိုက်ကာ Captain Smith ကို မသတ်ဘဲလွှတ်ထားလိုက်ပါတယ်။ဒီလိုနဲ့ Pocahontas နဲ့ Captain Smith ဟာ တွယ်ငြိသွားကြပါရော။ ရန်သူနှစ်ဖက်ကြား ပဋိပက္ခတွေနဲ့ သူတို့ချစ်သူနှစ်ယောက်ဟာ ဘယ်လိုနှစ်ပါးသွားကြမလဲ? ဘယ်လိုအလှည့်အပြောင်းတွေကြုံကြဦးမလဲ? ဆိုတာ ...ဇာတ်လမ်းသွားက အေးအေးနဲ့မို့ အစပိုင်းပျင်းဖို့ကောင်းနိုင်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ အရသာရှိရှိထိုင်ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။)File Size        ...
movie

The New World (2005)

2005
Robin Hood (2010) 6.7
Robin Hood (2010) Robin Hood (2010)================ ရော်ဘင်ဟုဒ်ကားအများကြီးထဲကမှ အ‌ကောင်းဆုံးလို့ပြောစမှတ်ပြုကြတဲ့ကားလေးလာပါပြီ။Cate Blanchett Russell Croweတို့လို ဝါရင့်မင်းသား မင်းသမီးကြီးတွေကအစွမ်းပြသရုပ်ဆောင်ထားပါတယ်။ ရော်ဘင်လောင်းစတွိုက်ဟာဘုရင်ကြီးရစ်ချတ်ရဲ့ခရူးဆိပ်စစ်ပွဲက လေးသည်တော်တစ်ယောက်ပါ။အင်္ဂလန်ကိုပြန်လာဖို့ ပြင်သစ်နဲ့အင်္ဂလန်ကြားကနိုင်ငံရေး တွေကြားနော့တင်ဟမ်ရဲ့ ဆာ ရောဘတ် လော့ဇ်စလေအဖြစ်အယောင်ဆောင်ပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ရောဘတ်တဖြစ်လဲ ရော်ဘင်တယောက်အင်္ဂလန်ရောက်ပြီးဘာတွေဆက်ဖြစ်မလဲ။ ရောဘတ်ရဲ့မိန်းမဖြစ်ခဲ့သူမယ်ရီယွန်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ။ ပြင်သစ်ကကျူးကျော်စစ်နီးကပ်လာချိန်အထိတိုင် ပြည်တွင်းစစ်ဖြစ်အဲ့ဆဲဆဲ အင်္ဂလန်ကို သာမန်လေးသမားတယောက်ကကယ်တင်နိုင်ပါ့မလား။ အဆုံးမှာဒဏ္ဍာရီတခုဘယ်လို ရေးနိုင်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး..  File size…2.31GB / 926MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 20m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Robin Hood (2010)

Fury(2014) 7.6
Fury(2014) Fury(2014) Blu-Ray 1080p 5.1 CH,720P IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦးFile Size : (2.7GB)၊(950MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray ...
movie

Fury(2014)

2014
Stardust (2007) 7.6
Stardust (2007) "အချစ်ရယ် မင်းအချစ်ကိုသာရမယ်ဆို မိုးပေါ်ကကြယ်ကို ဆွတ်ခူးရ ဆွတ်ခူးရပါ" တဲ့ ဒါပေမဲ့ မိုးပေါ်ကကြယ်လေးက ကောင်မလေးချောချောလေးဖြစ်နေခဲ့ရင်ရော?? ဟုတ်ပါတယ်။ ထရစ်စတန်သရုန်းတစ်ယောက် သူ့အချစ်ကိုသက်သေပြဖို့ ကြယ်ကိုလိုက်ရှာရာကနေ ကြယ်ကကောင်မလေးဖြစ်နေတဲ့အခါ… သူ့ချစ်သူဆီခေါ်ဆောင်သွားရာကနေ လမ်းခရီးမှာ ကြယ်လေးက သူထင်သလောက်ရိုးရှင်းမနေဘဲ အနှောင့်အယှက်မျိုးစုံနဲ့ ရင်ဆိုင်ရပါတော့တယ်။ ထရစ်စတန်သရုန်းကောင်လေးရဲ့နောက်ကြောင်းကလည်း သူထင်ထားသလို သာမာန်ဘဝလေးမဟုတ်ပါဘူး။ ဒီကားလေးက romance, mystery အကုန်ရောစပ်ထားဖြစ်တဲ့အတွက် စိတ်ကူးယဉ်ဆန်ဆန် ရိုတဲ့ကားကောင်းလေးတွေကြိုက်တတ်ရင်… အချစ်ကအရာရာကျော်ဖြတ်ရဲလောက်အောင် အစွမ်းရှိကြောင်း ပြောပြထားတဲ့ကားကောင်းလေးမို့ မလွတ်တမ်းကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။File size…(1.79 GB) and (923.5 MB) Quality…1080p Blu-Ray H264 FGT Format…mp4 Duration…2h 7min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Ngeu Mon
movie

Stardust (2007)

2007
Chain Reaction (1996) 5.6
Chain Reaction (1996) အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူ‌တွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie

Chain Reaction (1996)

19962007