Channel Myanmar

Jake Allyn

Venom: The Last Dance (2024) 6.2
Venom: The Last Dance (2024)  မာဗယ် စူပါဟီးရိုးမကျဗီလိန်မကျ ဇာတ်ကောင်ဖြစ်တဲ့ ဗဲနွမ်သုံးကားမြောက်လာပြီ။ ဒါရိုက်တာက ၁ တုန်းကလိုပဲKelly Marcel ပါ။ မင်းသားကလည်း တွမ်ဟာဒီ ပါပဲ။ဗဲနွမ် အသံသရုပ်ဆောင်အဖြစ်လည်း တွမ်ဟာဒီပဲလုပ်ပေးထားတာပါ။ ဆိုနီအတွက် နောက်ဆုံး ဗဲနွမ်ရုပ်ရှင်လို့လည်းဆိုပါတယ်။ ဇာတ်လမ်းအကျဉ်း*************စကြဝဠာကြီးထက်တောင် ရှေးကျတဲ့ နောလ် ဆိုတဲ့ဆင်ဘီအုတ်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ဆိုးသွမ်းလွန်းလို့ဆင်ဘီအုတ်တွေ ကိုယ်တိုင်က ပြန်အကျဉ်းချထားရတာပါ။သူသာလွတ်လာရင် ဂြိုလ်တွေအကုန် ဖျက်ဆီးပစ်မှာမို့ပါပဲ။သူလွတ်လာဖို့ကလည်း ကိုဒက်စ်ဆိုတဲ့ သော့ချက်ကိုလိုပြီးအဲဒီသော့ကတော့ ထုံးစံအတိုင်း အက်ဒီ နဲ့ ဗဲနွမ်တို့ နှစ်ကောင်ဆီရောက်နေပြန်ပါတယ်။ ဒါကို လိုက်ရှာဖို့အတွက် ဇယ်နိုဖာ့ဂျ်ဆိုတဲ့ မုဆိုးကိုလွှတ်လိုက်ပါတယ်။ဒီတော့ ကိုဒက်စ်ကိုမရအောင် ဆင်ဘီအုတ်တစ်သိုက်နဲ့ဗဲနွမ်တို့ ဘယ်လို လွတ်အောင် ပြေးရင် ပြန်တိုက်ခိုက်ကြမလဲဆိုတာဒီမှာ တွေ့ရပါလိမ့်မယ်။ File size…(4.1 GB)/ (1.77GB) / (1.04GB ) Quality… WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ...
movie

Venom: The Last Dance (2024)

4K HEVC
Someone Like You (2024) 5.8
Someone Like You (2024) Someone Like You (2024)*************************IMDb Rating – 5.8/10 ဒါကတော့ ဒါရိုက်တာ Tyler Russell ရိုက်ကူးထားပြီး မင်းသား Jake Allyn နဲ့မင်းသမီး Sarah Fisher တို့ အဓိကပါဝင်ထားတဲ့ လွမ်းမောဖွယ်ရာ အချစ်ဇာတ်ကားလေးပါ။ဒေါ်ဆန်နဲ့လန်ဒန်တို့ဟာ ကလေးဘဝတည်းက သူငယ်ချင်းတွေပါ။ဒေါ်ဆန်က လန်ဒန့်ကိုချစ်နေခဲ့ပေမယ့် friend zoneထဲမှာပိတ်မိနေခဲ့ပါတယ်။သူဖွင့်ပြောတော့မဲ့အချိန်မှာပဲ လန်ဒန်က မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။နောင်တတွေနဲ့ အချစ်ဦးကိုမေ့မရနိုင်တဲ့ ဒေါ်ဆန်က လန်ဒန်က ဖန်ပြွန်သ‌န္ဓေသားဖြစ်ပြီးအမြွှာညီအစ်မရှိနေတာကို သိလိုက်ရတဲ့အခါ......ရှာပုံတော်ဖွင့်ဖို့ ဖြစ်လာခဲ့ပါတယ်။အမြွှာ အန်ဒီကလည်း မိဘရင်းတွေရှိသေးမှန်းသိလာတဲ့အခါ ဒေါ်ဆန်နဲ့ ဆက်သွယ်ရဖို့ဖြစ်လာပါတယ်။အစ်မဖြစ်သူအကြောင်း သိချင်နေတဲ့ အန်ဒီက ဒေါ်ဆန်နဲ့ အစ်မဖြစ်သူ လုပ်ခဲ့ဖူးတာတွေကို လိုက်လုပ်ကြည့်ရင်းသူတို့နှစ်ဦးဟာ နှလုံးသားချင်းနီးစပ်လာကြတဲ့အခါ.....။ (အညွှန်းကို K မှ ရေးသားထားပါတယ်) File size…2.2GB / 820MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 06m Genre ….. Romance, Drama Subtitle….Myanmar Subtitle ...
movie

Someone Like You (2024)

Run Sweetheart Run (2022) 5.5
Run Sweetheart Run (2022) Run Sweetheart Run (2022) =====================လော့အိန်ဂျလိစ်မြို့ရဲ့ မှောင်မိုက်တဲ့ လမ်းမတွေပေါ်မှာ ကောင်မလေး တစ်ယောက် ပြေးလွှားနေရတယ်။ သူ့စိတ်ထဲမှာကတော့ ဒါတွေ ဘယ် လိုလုပ်ပြီး ဒီအခြေအနေဖြစ်လာခဲ့သလဲဆိုတာပဲ တွေးမိနေတယ်။ ချယ် ရီလို့ ခေါ်တဲ့ ဒီ ကောင်မလေးက သူ့သူဌေးရဲ့ မိတ်ဆွေတစ်ယောက်နဲ့ ညစာစားဖို့ ထွက်လာခဲ့တာ။ အခုလိုမျိုး ကိုယ့်အသက်ကိုဖက်နဲ့ထုပ်ပြီး ဒီ မိတ်ဆွေဆိုတဲ့လူဆီကနေ တစ်ညလုံး ပြေးနေရလိမ့်လို့ မထင်ထားခဲ့ဘူး။သူ့ကို အသည်းလေးဆိုတာ ပါးစပ်ကမချတဲ့ ဒီလူက ဘယ်လိုလူမျိုးလဲ။ ဘာဖြစ်လို့ သူ့နောက်ကနေ လိုက်နေရတာလဲ။ သူ့ကိုဘာဖြစ်လို့ လူတိုင်းက ကြောက်ကြတာလဲ။ သူ့သူဌေးနဲ့ ဒီလူတို့ကြား ဆက်ဆံရေးက ဘာတွေလဲ။ သူ့ရဲ့ ကြောင်နဲ့ကြွက်လို ကစားပွဲမှာရော ချယ်ရီတစ်ယောက် အသက်ရှင် နိုင်ပါ့မလား။ ဒါတွေတော့ ချယ်ရီ မသိဘူး သူသိတာကတော့ ဒီလူ ဖမ်းမိဖို့ နီးကပ်လာတိုင်း "ပြေးထား အသည်းလေး ပြေးထား"ဆိုတာပဲ ကြားနေမိ တယ်။ ချယ်ရီ တစ်ယောက် မနက်မိုးသောက်တဲ့အထိ ဒီလူရဲ့လက်ကနေ ပြေးနိုင်ပါ့မလားဆိုတာကိုတော့.....ဒီဇာတ်ကားလေးမှာ အဖြေရှာကြည့် ပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်)File Size..........(1.3 ...
movie

Run Sweetheart Run (2022)

2022
No Man’s Land (2021) 4.3
No Man’s Land (2021) No Man’s Land (2021)==================IMDb Rating - 4.3/10မက္ကဆီကိုနဲ့ တက်စ်ဆက်ပြည်နယ်ကြားက နယ်စပ်မှာဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘေလ်တို့မိသားစုက တက်စ်ဆက်ပြည်နယ်နဲ့ မက္ကဆီကိုနယ်စပ်မှာ မွေးမြူရေးခြံလုပ်ငန်းလုပ်ကြတဲ့ မိသားစုပါ။ သားအကြီးလူးကပ်စ်က မြင်းစီးတော်သလို သားအငယ်ဂျက်ဆင်ကလည်း ဘေ့စ်ဘောမှာ ပါရမီပါတဲ့ကောလိပ်ကျောင်းသားတစ်ယောက်ပေါ့။ သူတို့ခြံက နယ်စပ်မှာရှိတာကြောင့် မက္ကဆီကိုဘက်က နိုင်ငံရေးခိုလှုံချင်တဲ့သူတွေ တရားမဝင်ဖြတ်သွားတိုင်း သူတို့ခြံစည်းရိုးတွေကို ညှပ်သွားတတ်တာကြောင့် သူတို့ရဲ့ကျွဲတွေနွားတွေလွတ်ကုန်တာမကြာခဏပါပဲ။ဂျက်ဆင်တစ်ယောက် ကောလိပ်ပိတ်တဲ့ နွေရာသီမှာ အိမ်ကိုခဏပြန်ရောက်နေတုန်း ပျော်ရွှင်စရာ သူတို့မိသားစုလေးကိုဂြိုလ်ဆိုးဝင်ပါတော့တယ်။ အဲဒါကတော့ နယ်စပ်က တရားမဝင်ဖြတ်သွားတဲ့ မက္ကဆီကန်အုပ်ထဲက ကောင်လေးတစ်ယောက်ကို ဂျက်ဆင် မတော်တဆသတ်လိုက်မိတာပါပဲ။ ကံတရားက တကယ်ထူးဆန်းပါတယ်...ကိုယ်ပိုင်တဲ့မြေကို ကာကွယ်နေတဲ့ဂျက်ဆင်က ကြမ္မာငင်ပြီး ပြေးရင်းလွှားရင်း မက္ကဆီကိုနိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်ရှုကြပါဦး။Action, Adventure, Thriller အမျိုးအစားမို့ ပရိတ်သတ်ကြီးလည်း ကြိုက်နှစ်သက်မို့လည်း ယူဆပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality ...
movie

No Man’s Land (2021)

2021