Channel Myanmar

Jaise Jose

Thudarum (2025) 7.1
Thudarum (2025) Thudarum 2025 (သူဒါရမ်)မင်းသားကြီးမိုဟန်လယ်ပါဝင်တင်ဆက်ထားပြီး ရိတ်တင်လဲကောင်း ရုံတင်ငွေလဲကောင်းလှတဲ့ ရုပ်ရှင်ကားသစ်တကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်လေးကတော့ ဘန့်ဇ်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ရဲ့ဘဝကို အခြေခံပြီး တင်ဆက်ထားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဘန့်ဇ်တစ်ယောက်ဟာ မိန်းမရယ် သားရယ် သမီးရယ်နဲ့အတူတူ တက္ကစီကားလေးမောင်းရင်း အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်နေသူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ဘန့်ဇ်သားရဲ့ သူငယ်ချင်းတွေဟာ အိမ်ကိုလာလည်ခဲ့ကြရင်းနဲ့ ဘန့်ဇ် တက္ကစီဆွဲနေတဲ့ ကားကို မတော်တဆ ထိခိုက်မိအောင်လုပ်မိသွားပါတော့တယ်၊။ဒီလိုနဲ့ ဘန့်ဇ်တစ်ယောက် ကားကို ပြင်ဖို့အတွက် သူ့သူငယ်ချင်းဆီကို ပို့လိုက်ပါတော့တယ်။ သူ့သူငယ်ချင်းဟာလည်း သူငယ်ချင်းကောင်းပီသစွာနဲ့ပဲ သူ့ကားကို မူးယစ်ဆေးသယ်ဖို့အတွက် အသုံးပြုခဲ့ပါတော့တယ်။ အဲဒီအချိန်မှာပဲ ဘန့်ဇ်ရဲ့ကားကို မူးယစ်မှောင်ခိုမှုနဲ့ ရဲတွေသိမ်းတာ ခံလိုက်ရပါတော့တယ်။ ဒီအချိန်မှာပဲ ဘန့်ဇ်ရဲ့ ဘဝဟာ ပြောင်းလဲသွားခဲ့ရပါတော့တယ်။ဘန့်ဇ်တစ်ယောက် သူမလုပ်ထားတဲ့ ပြစ်မှုတွေကြားထဲ ဝင်ရောက်သွားခဲ့ရပြီး အာဏာရှိလူတစ်စုရဲ့ အသုံးချခံဖြစ်လာခဲ့တဲ့အချိန်မှာတော့ ........ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုပေးကြပါဦး(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym~ KKKZ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 9.3 GB  /3.3 GB / 1.5 ...
movie

Thudarum (2025)

4K HEVC
L2: Empuraan (2025) 6.4
L2: Empuraan (2025) L2: Empuraan (2025) "နတ်ဆိုး" IMDb - 6.4/10နာမည်ကျော် တောင်ပိုင်းမင်းသားကြီးမိုဟန်လာလ် ပါဝင်ထားပြီး မလေယာလမ်ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်နေတဲ့အပြင် 2025ခုနှစ် အိန္ဒိယရုပ်ရှင်တွေထဲမှာ ကမ္ဘာတလွှားရုံတင်တင်ချင်း ဝင်ငွေအများဆုံးရခဲ့တဲ့ ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၉ကထွက်ရှိထားပြီး လူကြိုက်များခဲ့တဲ့ Lucifer(2019)ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။နိုင်ငံရေးအရှုပ်၊ နိုင်ငံရေးမသမာမှုတွေကြားက လူမျိုးရေးရန်ပွဲတွေ အာဏာလုယူမှုတွေနဲ့ စခဲ့တဲ့ဇာတ်လမ်း။ရုပ်ရှင်ထဲက အဘွားအိုရဲ့စကားအတိုင်းဆို ငါတို့နိုင်ငံရဲ့ နိုင်ငံရေးဆိုတာက စီးပွားရေးခွင်တစ်ခု၊ အဲဒီနိုင်ငံရေးက ဟိန္ဒူလဲမသိဘူး မွတ်ဆလင်လည်းမသိဘူး၊ ယောကျ်ားမိန်းမတွေ စိတ်ဓာတ်တွေကိုယ်ကျင့်သိက္ခာတွေ မသိဘူးတဲ့။ နိုင်ငံရေးဆိုတာ ကစားပွဲတစ်ခု၊ အရာရာတိုင်းကိုရောင်းစားပစ်တဲ့ အရာတစ်ခုပဲတဲ့။ နိုင်ငံရေးကို ဘာသာတရားနဲ့တွဲလိုက်ရင် ယမ်းပုံပေါ် မီးချလိုက်သလိုပဲ၊ မီးတောက်က အကုန်ဝါးမျိုသွားတော့တာတဲ့။ဒီရုပ်ရှင်မှာလည်း ၂၀၀၂ခုနှစ် ဂူဂျာရတ်မှာဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းကို အခြေခံထားခဲ့ပါသေးတယ်။ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေး၊ အုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းတွေကြားမှာ စတီဖန်တစ်ယောက် ဘယ်လိုဆက်ပြီး အကွက်ရွှေ့မလဲဆိုတာ ကြည့်ရှုကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 9.3 GB / 3.4 GB / 1.5 GB Quality…WEB DL ...
movie

L2: Empuraan (2025)

4K HEVC
Gumasthan (2024) 7.3
Gumasthan (2024) Gumasthan 2024 (ဂူမာစ်သန်)မိန်းမကို သံတုတ်နဲ့ရိုက်လိုက်မိလို့ မိန်းမသေသွားရာကနေ အမှုဖွင့်ခံထားရတဲ့ ဂီရိ၊ သူဟာ ထောင်မကျဖို့အရေး လွတ်လမ်းရှာရင်းနဲ့ တရားဥပဒေနဲ့ပတ်သတ်ပြီးတော့ ဉာဏ်ကြီးရှင်ကြီးတစ်ပါးဖြစ်တဲ့ ပါလီပါဒန်ကို သူ့ရဲ့ ရှေ့နေကနေတစ်ဆင့် သိခဲ့ပါတယ်။ပါလီပါဒန်ဟာဆိုရင် ဥပဒေရဲ့ ယိုပေါက်တွေအားလုံးကို သူသိနေပါတယ်။ ဥပဒေကနေ လွတ်လမ်းရှာချင်သူတိုင်း သူ့ဆီလာပြီးတော့ အကြံတောင်းကြပါတယ်။ တစ်ခုထူးခြားတာကတော့ ပါလီပါဒန်ဟာ ဆူညံမှုကို မုန်းတီးတာပါပဲ။ သူ့အိမ်မှာဆိုရင် အသံကျယ်ကျယ်ပြောလို့မရသလို ဘာဆူညံမှုမှလည်း လုပ်လို့မရပါဘူး။ဂီရိဟာ ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ဖို့အတွက် ပါလီပါဒန်ဆီကနေ အကြံသွားတောင်းခံခဲ့ပါတယ်။ ပါလီပါဒန် အကြံပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ပေမယ့် ရဲအရာရှိတွေဟာလည်း ဂီရိရဲ့ မှုခင်းဇာတ်ကြောင်း အကြောင်းကို သိသွားကြတဲ့နောက်မှာ ရဲတွေဟာလည်း ဒီအမှုကို အမှန်ဖြစ်စေနိုင်ဖို့ လုပ်ဆောင်ပါတော့တယ်။ဒီလိုနဲ့ ဂီရိကို အမှုကနေ ကွင်းလုံးကျွတ်နိုင်ဖို့ ပါလီပါဒန်ပေးတဲ့ အကြံတွေအတိုင်းလုပ်ရင်း လွတ်သွားနိုင်မလား ...... ရဲတွေဘက်ကနေပဲ အားသာပြီး ဂီရိတစ်ယောက်အမှုမှာ ရှုံးသွားမလား ....... ပါလီပါဒန်ရဲ့ နောက်ကွယ်က အကြောင်းတွေကရော ဘယ်လိုတွေ စိတ်ဝင်စားဖို့ကောင်းမလဲ..... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Gumasthan (2024)

Thalainagaram (2023)
Thalainagaram (2023) Thalainagaram  (2023)ကြမ်းမှရမ်းမှကြိုက်တဲ့ဘော်ဒါတို့အတွက် လူမိုက်ကြီးသုံးယောက်ဗိုလ်လုပွဲချန်နိုင်းမြို့တစ်ခွင် ဩဇာညောင်းဆိပ်ကမ်းကုန်အဝင်အထွက်ကနေ တရားမဝင် ဒုစရိုက် ငွေဝင်လုပ်ငန်းအကုန် လက်ဝါးကြီးအုပ်ထားသူတွေ ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်ကြပြီး ဘယ်သူနစ်နာသွားလဲဆိုတာတောင် ရဲတွေမလိုက်နိုင်တဲ့ထိ စွမ်းကြတဲ့ဇိုးကြီးသုံးယောက်ဟာ ချန်နိုင်းတစ်ခွင် ဩဇာညောင်းရုံတင်အားမရကြတော့သုံးယောက်စင်ပြိုင်လိုဖြစ်နေကြတာလည်းမကြိုက်တစ်ယောက်နဲ့တစ်ယောက်ဒေါက်ဖြုတ်ဖို့ အကွက်ချောင်းနေကြသူတွေတစ်ချိန်ကဂန်းစတားဖြစ်ခဲ့ဖူးတဲ့သူ ခုချိန်အားလုံးနဲ့ဝေးရာကို နေချင်သူကိုမှ သူတို့သုံးယောက်စစ်ပွဲထဲဆွဲထည့်မိချိန်မှာတော့..... (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Cherry ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.43GB / 1.01GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Cherry ~ Zwe ~ Yunni
movie

Thalainagaram (2023)

2023
Aaraattu (2022) 5.1
Aaraattu (2022) Aarattu(2022)2022ခုနှစ်ထွက် Aaraattuဆိုတဲ့ ကားလေးကိုCM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့ မူသာလက်ကိုတာဆိုတဲ့ ရွာလေးမှာရှိတဲ့မြေနေရာတစ်ခုကို ငှားရမ်းလိုက်တဲ့ နေရန်တင်ကာရာဂိုပန်ဆိုတဲ့လူတစ်ယောက်နဲ့ ရွာမှာ ရေလွှမ်းမှုဖြစ်တုန်းကရွာကိုကူညီဖို့ရောက်လာတဲ့ အကြီးအကဲတစ်ယောက်နဲ့လူလေးယောက်ကြားထဲက ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ရွာမှာ ရှိနေခဲ့တဲ့ မာသာရီဆိုတဲ့ လူတစ်ယောက်ပိုင်ဆိုင်တဲ့ ရေလွှမ်းနေတဲ့မြေကိုအစိုးရက စိုက်ပျိုးရေးလုပ်ခိုင်းတာမို့ အကျိုးအမြတ်ဖြစ်အောင်လုပ်ချင်တဲ့မာသာရီဟာ ဂိုပန်ကို မြေဖို့ဖို့အတွက် လူငှားလိုက်ပါတော့တယ်။စီးပွားရေးသမား၊ အလုပ်သာဖြစ်မယ်ဆို ဘယ်သူ့မျက်နှာကိုမှ မငဲ့တဲ့ဂိုပန်ဟာ အဲဒီမြေကို အခွန်ဦးစီးဌာနမှူးဆီမှာ ငါးမွေးမြူရေးအတွက်​တောင်းရမ်းပါတော့တယ်။ငွေရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားက တင်းမာမှုတွေ၊ အကျိူးစီးပွားကိုပဲကြည့်တဲ့လူတွေကြားမှာရိုးသားတဲ့ရွာသူရွာသားတွေနဲ့ သာယာပြီး နေထိုင်ချင်စဖွယ်ကောင်းတဲ့ရွာလေးကရော တောင့်ခံထားနိုင်ပါ့မလား။ အဲဒီအပြင် ဒီရွာကို ရောက်လာခဲ့တဲ့ဂိုပန်ဟာရော ဒီတိုင်းရောက်လာခဲ့တာလား၊ သူဖုံးကွယ်ထားတဲ့အတိတ်တစ်ခုခုရှိနေတာလားဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲဆက်ကြည့်လိုက်ကြပါဦးနော်။ IMDb 5.3ရထားတဲ့ကားကောင်းလေးဖြစ်ပြီး ရိုက်ကူးထားသူကတော့ ဒါရိုက်တာB. Unnikrishnanပဲဖြစ်ပါတယ်။ အခုပဲ CM ပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ  File size…3.4GB / 1.6GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitlte ...
movie

Aaraattu (2022)

2022
Nayattu (2021) 8.2
Nayattu (2021) [Unicode]Nayattu (2021) ========== IMDb Rating - 8.2ရဲအရာရှိသုံးယောက်နဲ့ လူတစ်ယောက်က မင်္ဂလာဆောင်က အပြန်မှာ ဆိုင်ကယ်စီးလာတဲ့သူကို ကားနဲ့ဝင်တိုက်မိသွားပါတယ်။ ကားမောင်းတဲ့လူက ကားပေါ်မှာပါလာတဲ့ ရဲအရာရှိရဲ့ တူဖြစ်ပြီးတော့ သူက ကြောက်ပြီး ထွက်ပြေးသွားပါတယ်။သေဆုံးသွားတဲ့သူက ဇာတ်နိမ့်မျိုးရိုးဖြစ်တာကြောင့် ဝန်ကြီးချုပ်က တရားခံကိုဖမ်းမိဖို့ ဖိအားပေးပါတော့တယ်။ နိုင်ငံရေးအမြတ်ထုတ်ချင်တာကြောင့် ဝန်ကြီးချုပ်က အပြစ်မရှိတဲ့ ရဲအရာရှိ၃ယောက်ကို တရားခံလို့ စွပ်စွဲပြီး ဇာတ်နိမ့်လူတန်းစားတွေရဲ့ မေတ္တာကို ခံယူလိုက်ပါတယ်။ "မှန်ကန်ရိုးသားတဲ့ရဲတွေက အမြဲပြဿနာကြုံရတယ်။ မရိုးသားတဲ့ရဲတွေကတော့ ဝန်ထမ်းကောင်းဆုကို ရသေးတယ်" ဆိုတဲ့ စကားအတိုင်း လောကကြီးမှာ အမှန်တရားက တစ်ခါတရံမှာ ပေါ်ချင်မှလည်း ပေါ်လာတတ်ကြောင်း ထိထိမိမိရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mya ပါ ) Quality__Web-DL 1080p , 720p IMDb Rating__8.2/10 Format__mp4 Duration__02:04:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Mya Encoded by Naing Aung Latt
movie

Nayattu (2021)

Anjaam Pathiraa(2020) 8.0
Anjaam Pathiraa(2020) Anjaam Pathiraa(2020)အညွှန်း*************************** IMDb...8.0 အန္နာဝါးဟူစိန်ဆိုတဲ့ စိတ်ပညာအထူးကုဆရာဝန်တယောက်.... သူအထူးစိတ်ဝင်စားတဲ့ စိတ်ပညာပိုင်းက  အတွဲလိုက် လူသတ်မှုတွေရဲ့တရားခံဟာဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို လေ့လာဖို့ဖြစ်တယ်...ဒီတော့ သူလေ့လာနေတာအထိရောက်ဆုံးဖြစ်ဖို့ ရဲအရာရှိတယောက်ဆီကိုအကူအညီတောင်းပီး ရဲဌာနတခုမှာ မှုခင်းဆိုင်ရာစိတ်ပညာအကြံပေးအနေနဲ့ ယာယီဝင်လုပ်ခဲ့တယ်...သိပ်မကြာခင်မှာပဲ သူတို့မြို့လေးမှာလူသတ်မှုဖြစ်ခဲ့တယ်။  သူ့အတွက် ဒီလူသတ်မှုဟာ လေ့လာဖို့ အများကြီးအထောက်အကူဖြစ်လို့အားတက်သရော အခင်းဖြစ်ရာကိုသွားခဲ့တယ်...အဲ့ဒီနောက်မှာတော့ သာမန်လူသတ်မှုဘဲ အရမ်းကိုကြောက်စရာကောင်းတဲ့လူသတ်မှုကြီးဖြစ်နေတယ်...အဲ့ဒီနောက် အန္နာဝါးဟူစိန်ဟာ ဒီလူသတ်သမားကို မရ ရအောင်ဖမ်းမယ်ဆိုပြီး အထူးစုံထောက်တွေနဲ့ပူးပေါင်းပြီးကြိုးစားပါတော့တယ်... ဒီမှုခင်းကားက စိတ်ပညာဆိုင်ရာအချက်အလက်များကို အရင်းပြုပြီးသဲလွန်စတွေကို ရှာထားတာမို့ ကြည့်လို့ကောင်းတဲ့အပြင် ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းပါလို့တော်တော်ကြီးကိုကောင်းပါတယ်....အိန္ဒိယကားကောင်းကြိုက်သူတို့ နင်းကန်ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size :(1.2 GB) and (433 MB) Quality : WEB-DL 720p Format…mp4 Duration…02:24:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie

Anjaam Pathiraa(2020)