Channel Myanmar

Jacob Vargas

Gas Food Lodging (1992) 6.6
Gas Food Lodging (1992) "Gas Food Lodging" ဟာ Allison Anders ရိုက်ကူးထားတဲ့ ပေါ့ပါးတဲ့ ဒရာမာရုပ်ရှင်တစ်ကား ဖြစ်ပြီးစာရေးဆရာ Richard Peck ရေးသားတဲ့ Don't Look and It Won't Hurt ဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်တွေကတော့ Brooke Adams, Ione Skye နဲ့ Fairuza Balk တို့ ပဲ ဖြစ်ပါတယ်။(Shade) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Fairuza Balk ဟာ သူမရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်မှုအတွက်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (Best Female Lead) မှာ Independent Spirit Award ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါဟာ သူမရဲ့ အနုပညာသက်တမ်းမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီးဒီရုပ်ရှင်ဟာ သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ဒီရုပ်ရှင်ဟာ နယူးမက္ကဆီကိုက သဲကန္တာရမြို့ငယ်လေးတစ်ခုမှာ ...
movie

Gas Food Lodging (1992)

Next Friday (2000)
Next Friday (2000) IMDb 6.1 နာမည်ကြီးရပ်ပါ Ice Cube ပါဝင်ထားတဲ့ ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် နာမည်ကျော် meme ပါဝင်တဲ့ Friday (1995) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းပါဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ခရိတ်ဆိုတဲ့ကောင်လေး အနိုင်ယူလိုက်တဲ့ သူတို့ရပ်ကွက်ထဲက လူမိုက်တစ်ယောက်က ထောင်ဖောက်ပြေးလာတဲ့ သတင်းကြားရချင်း အဖေလုပ်သူက ခရိတ်ကို ထီပေါက်ထားတဲ့ ဦးလေးနဲ့ ဝမ်းကွဲညီတို့အိမ်ကို သွားရှောင်နေခိုင်းပါတယ် ဖြစ်ချင်တော့ သူ့ဦးလေးအိမ်နားမှာလည်း နောက်ထပ် ဂန်းစတားညီအစ်ကို ၃ ယောက် ရှိနေတဲ့အခါ ဘယ်လိုအလွဲတွေ ဖြစ်ကြမှာလဲ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပါလို့ ညွှန်းလိုက်ပါတယ်File size…(2.4 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung
movie

Next Friday (2000)

Jarhead (2005) 7.0
Jarhead (2005) Jarhead (2005) *************** IMDB....7.0ဒီစစ်ကားက တခြားစစ်ကားတွေနဲ့ မတူတဲ့ ထူးခြားချက်က ရဲဘော်တစ်ယောက် စစ်ထဲစဝင်တဲ့ အခန်းကနေစပြထားတယ် .. စစ်မြေပြင်အတွက် သင်တန်းတွေ ရဲဘော်သစ်ကို ကြိုဆိုပုံတွေ အထက်အောက်ဆက်ဆံပုံတွေကိုအသေးစိတ်ရိုက်ပြထားပြီးမှ တဖြည်းဖြည်း စစ်မြေပြင်ကိုခေါ်ဆောင်သွားတယ် .. သရုပ်ဆောင်တွေကလည်းနာမည်ကြီးမင်းသား Jake Gyllenhaal, Jamie Foxx, Peter Sarsgaard, Lucas Black စတဲ့သူတွေမို့ဝေဖန်ရေးဆရာတွေကတောင် တာဝန်ကျစစ်သည်နေရာမှာ သရုပ်ဆောင်တာ ဇာတ်ရုပ်ပီပြင်လွန်းတယ်လို့ချီးကျူးခံထားရတယ်... စာရေးဆရာကြီးဖေမြင့်ကပြောဖူးတယ် အားလုံးကိုလက်တွေ့သိဖို့မဖြစ်နိုင်ပေမဲ့ကျွန်တော်တို့မယ် လေ့လာပြီး သိနားလည်ပေးလို့ရတယ်တဲ့ .. စာအုပ်တွေ ရုပ်ရှင်တွေက အဓိကပေါင်းကူးတံတားတွေအဖြစ်တည်ရှိနေသတဲ့ .. ဒီကားက စစ်သားတွေရဲ့ နေပုံထိုင်ပုံ ကြမ်းတမ်းပုံ အရေးကြုံလာရင်အချင်းချင်းစည်းလုံးပြီး အခက်အခဲတွေ ရန်သူတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကိုလှလှပပလေးရိုက်ပြသွားတယ် ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ .. File Size… 2.57 GB, 1.2 GB Quality…BluRay 1080p, 720p Format…mp4 Duration…02:05:00 Subtitle…Myanmar Subtitle(Hardsub) Translated by Zuel Khant Thwin Encoded ...
movie

Jarhead (2005)

Traffic (2000) 7.6
Traffic (2000)  Traffic (2000)IMDb Rating (7.6) / Rotten Tomatoes (93%) ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အော်စကာဆု ၄ခုရရှိထားတဲ့ Traffic ဆိုတဲ့ မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မူးယစ်ဆေးဝါးကို မှောင်ခိုရောင်းဝယ်နေကြတဲ့ ကုန်အဖွဲ့ကြီးတွေ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူတွေနဲ့ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုကို တိုက်ဖျက်ဖို့ကြိုးစားနေသူတွေကြားက မူးယစ်ဆေးဝါးတိုက်ပွဲကို စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဖမ်းဆီးဖို့ကြိုးစားရင်း အထက်လူကြီးတစ်ဦးရဲ့ တားဆီးမှုကိုခံရပြီးနောက် နောက်ကွယ်ကဖြစ်ရပ်တွေကိုသိရှိသွားတဲ့ မက်ဆီကိုနိုင်ငံမှ ရဲအရာရှိ Javier အမျိုးသားမူးယစ်ဆေးထိန်းချုပ်ရေးအဖွဲ့မှာ ခန့်ထားခံရပြီး မူးယစ်ဆေးဝါးကုန်သွယ်နေတဲ့ ဂိုဏ်းကြီးတွေကို နှိမ်နင်းဖို့ကြိုးစားနေတဲ့ တရားသူကြီး Robert Wakefield ကျောင်းမှာ စာသာမက ဘက်စုံတော်တဲ့ ကျောင်းသူတစ်ဦးဖြစ်ပေမယ့် မူးယစ်သားကောင်ဖြစ်နေတဲ့ Caroline မူးယစ်ဆေးဝါးဖြန့်ဖြူးသူအဖြစ် တရားစွဲခံထားရသူ ခင်ပွန်းသည်ကို အမှုမှလွတ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ Helena မူးယစ်ဂိုဏ်းကိုတရားဥပဒေအရ အပြစ်ပေးခံရဖို့ကြိုးစားနေရင်း မိတ်ဆွေရဲဘော်ကိုဆုံးရှုံးလိုက်ရတဲ့ အမေရိကန်ရဲအရာရှိ Moty စတဲ့ဇာတ်ကောင်တွေရဲ့ မတူညီတဲ့ရုန်းကန်မှုတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။မူးယစ်ကုန်သည်ဂိုဏ်းကြီးတွေနဲ့ မူးယစ်ဆေးဝါးကိုတိုက်ထုတ်ဖို့ကြိုးစားနေတဲ့ သူတို့အကြား ...
movie

Traffic (2000)

2000
The Hills Have Eyes 2 (2007) 5.1
The Hills Have Eyes 2 (2007) အမေရိကန် ပြည်နယ်စောင့်တပ်ရဲ့ လူသစ်တပ်ခွဲတစ်ခုဟာ နယူးမက္ကဆီကိုပြည်နယ် ယူမာ မြေပြန့်ဒေသထဲမှာ တည်ရှိတဲ့အမေရိကန်ကြည်းတပ်ပိုင် နယ်မြေတစ်ခုက သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို ကူညီဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ သူတို့တွေဟာ စခန်းကို ရောက်ခဲ့တဲ့အချိန်မှာတော့ လူသူအကုန် ပျောက်ဆုံးနေခဲ့တဲ့အပြင် တောင်ပေါ်က ကျန်ရစ်သူတစ်ဦးကိုပါ ကယ်ဆယ်ရေးလုပ်ဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ပဲ ဒီနေရာမှာ နေထိုင်နေကြတဲ့ မျိုးပြောင်း လူသားစားသူတွေက သူတို့ကို ချောင်းမြောင်းတိုက်ခိုက်လာခဲ့တဲ့အခါမှာတော့ကယ်ဆယ်ရေးကနေ အသက်အတွက် ရုန်းကန်ရေးဖြစ်လာပါတော့တယ်။ပါးနပ်လွန်းလှပြီး သူတို့ကို အလွယ်‌လေးရှင်းထုတ်ပစ်နေတဲ့ ဒီလူတွေဆီကနေ ဒီစစ်သားတွေ လွတ်မြောက်နိုင်ကြမှာလား။အဆုံးမှာ လူသားစားသူတွေကပဲ အနိုင်ရသွားခဲ့မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။(သွေးထွက်သံယို သတ်ဖြတ်ခန်းများ၊ မုဒိန်းပြုကျင့်ခန်းနှင့် ကြမ်းတမ်းသော ဇာတ်ဝင်ခန်းများ ပျို့အန်စရာ ပြကွက်များပါဝင်သည့် ဇာတ်ကားဖြစ်သောကြောင့် အသက်မပြည့်သူများ ကြည့်ရှုရန်မသင့်တော်ပါ။) File Size :  1.5 GB, 752 MB Quality : WEB-DL 1080p / 720p Running Time : 1hr 29min Format : ...
movie

The Hills Have Eyes 2 (2007)

The Public (2018) 6.6
The Public (2018) The Public(2018)IMDb ...... 6.6နိုင်ငံခြားက အိမ်ခြေယာမဲ့တွေကတော့ တချို့တလေက သူတောင်းစားတွေပါ...တချို့တလေကတော့ အလုပ်လုပ်ကြပါတယ်...ဒါပေမဲ့ အိမ်ခြေယာမဲ့ကတော့ အိမ်ခြေယာမဲ့ပါပဲ...သူတို့တွေ ဘယ်အချိန်မှာ ဒုက္ခအရောက်ဆုံးလဲဆိုရင် ရာသီဥတုဖောက်ပြန်တဲ့အချိန်လို့ပဲပြောရမှာပါ...နွေရာသီအရမ်းပူတဲ့အချိန်...မိုးရာသီ မိုးအရမ်းကြီးတဲ့အချိန်...ဆောင်းရာသီ အရမ်းအေးတဲ့အချိန်မျိုးပေါ့...ဒီဇာတ်ကားထဲမှာတော့ Ohio ပြည်နယ် Cincinnati မြို့ကိုအအေးလှိုင်းဖြတ်တဲ့အခါမှာ အိမ်ယာမဲ့တွေ ဒုက္ခရောက်တဲ့အကြောင်း ရိုက်ကူးထားတာပါ...အအေးဒဏ်ကြောင့် မြို့တွင်း အိမ်ယာမဲ့ဂေဟာတွေမှာ လူတွေပြည့်လျှံလာခဲ့ပါတယ်ဒီလိုနဲ့ အခြေအနေပိုမိုဆိုးရွားလာပြီး အသေအပျောက်တွေရှိလာတဲ့အခါမှာတော့ အိမ်ယာမဲ့တွေဟာတစ်ညတာခိုနားနိုင်မယ့် နေရပ်အဖြစ် မြို့လယ်ခေါင်က အများပိုင် စာကြည့်တိုက်ကြီးကို ရွေးချယ်လိုက်ပါတော့တယ်...ဒါပေမဲ့လည်း အာဏာပိုင်တွေက ဒီကိစ္စကို ခွင့်မပြုဘဲ တားဆီးလာချိန်မှာတော့ အစိုးရအဖွဲ့များနဲ့ အိမ်ခြေယာမဲ့တို့အကြားပဋိပက္ခ ပြဿနာတွေဖြစ်ပွားလာခဲ့ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်..... File Size :  1.97GB / 800MB Quality : Blu-Ray 1080p / Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle ...
movie

The Public (2018)

Flight of the Phoenix (2004)
Flight of the Phoenix (2004) ဇာတ်လမ်း အညွှန်း ရေနံမှော်အလုပ်သမား ခရီးသည်အချို့ပါလာတဲ့ ကုန်တင် လေယာဉ်တစ်စင်းက နမ်မစ် ဆိုတဲ့ မွန်ဂိုလီးယား သဲကန္တာရကို ဖြတ်အသွားမှာ မုန်တိုင်းနဲ့တိုးပြီး ပျက်ကျခဲ့ရာကနေ ဇာတ်လမ်းကို စတင်ထားပြီး သဲကန္တာရထဲကနေ သူတို့ ထွက်နိုင်အောင်လုပ်နိုင်ကြပါ့မလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် စွန့်စားခန်း၊ သည်းထိတ်ရင်ဖိုနဲ့ အက်ရှင်တွေ နှောထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။သဲကန္တာရမှာ အသက်ဆက်ဖို့ သူတို့ ဘာလုပ်ကြမလဲ၊ ဘယ်လိုပြဿနာတွေသူတို့ဆီ ရောက်လာကြမလဲ၊ အချင်းချင်းကြား ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လို ဖြေရှင်းကြသလဲ၊ ဘယ်လိုအားမွေးကြသလဲ ဆိုတာကို စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုရမှာပါ။ ၂၀၀၄ ကထွက်ထားပေမယ့် Old But Gold ဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားပါ။20th Century Fox ကတင်ဆက်ထားတာဖြစ်ပြီး IMDb rating 6.1 ရထားတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ Effect တွေက တကယ့်လက်တွေ့ဆန်ပြီး ကိုယ်ပါ ဇာတ်လမ်းထဲကို ပါဝင်စီးမျှောမိနေမယ့် ကားတစ်ကားမို့ ...
movie

Flight of the Phoenix (2004)

Dragonfly (2002) 6.1
Dragonfly (2002) Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့ အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာ သူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့ ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကို ပြန်လာခဲ့ပါတယ်။ တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့ အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါ လိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကို ကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။ အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ "အမ်မလီရဲ့ ဂျိုး" လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီး ဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ ...
movie

Dragonfly (2002)

Death Race(2008) 6.7
Death Race(2008) Death Race(2008)*****************ကြမ်းကြမ်းတမ်းတမ်းကားမောင်းပြိုင်ပွဲတွေ အပစ်အခက်နဲ့အက်ရှင်တွေကို ကြည့်ရတာသဘောကျတဲ့ပရိသတ်ကြီးအတွက် Death Race ဇာတ်ကားလေးကားရှိတဲ့အထဲမှာ ပထမဆုံးကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Resident Evil ဇာတ်ကားတွေကို ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကြီး Paul W.S. Anderson ကရိုက်ကူးပေးထားပြီး ပရိသတ်တွေနဲ့မစိမ်းတဲ့ အက်ရှင်မင်းသားကြီး Jason Statham နဲ့အတူ Natalie Martinez, Ian McShane, Joan Allen နဲ့ Tyrese Gibson တို့ကအဓိကပါဝင်သရုပ်ထားပါတယ်။မိန်းမနဲ့သမီးလေးကိုအလုပ်ကြမ်းလုပ်ရင်းနဲ့ စောင့်ရှောက်နေတဲ့ပြိုင်ကားမောင်းသမားဟောင်း ဂျန်ဆန်အိမ်းစ်ဟာ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို အလုပ်ပြုတ်တဲ့နေ့မှာပဲ မိန်းမဖြစ်သူကိုသတ်တဲ့အမှုနဲ့ အမှုဆင်ချောက်ချခံရပါတယ်။ သူရောက်သွားတဲ့ထောင်ကလည်း တစ်သက်တစ်ကျွန်းအကျဉ်းသားတွေပဲရှိတဲ့ ထောင်တစ်ခုဖြစ်ပြီး အဲ့ဒီကနေလွတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကလည်း သေခြင်းတရားပြိုင်ပွဲလို့ခေါ်တဲ့ ကားပြိုင်ပွဲကို ငါးကြိမ်နိုင်ရမှာပဲဖြစ်ပါတယ်။ ဖရန်ကင်စတိုင်းဆိုတာကတော့ အဲ့ဒီကားပြိုင်ပွဲကို လေးကြိမ်အထိအနိုင်ရခဲ့ပြီး ပရိတ်သတ်ရဲ့စိတ်ဝင်စားမှု အခံရဆုံးကားမောင်းသမားပဲဖြစ်ပါတယ်။ အဲ့ဒီဖရန့်ဟာမတော်တဆမှုကြောင့် နောက်ဆုံးကားပြိုင်ပွဲမှာသေဆုံးခဲ့ပြီး အားပေးမှုအများဆုံးလူဖြစ်တဲ့ နောက်တစ်ခါနိုင်ရုံနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်ဖရန့်နေရာမှာ ဂျန်ဆန်ကိုအစားဝင်ဖို့အတွက် ထောင်ပိုင်ကကမ်းလှမ်းလာတဲ့အခါမှာတော့...မိန်းမကိုသတ်ခဲ့တဲ့သူကိုလိုက်ရှာရင်းနဲ့ အပြင်မှာရှိနေတဲ့သမီးလေးဆီကိုပြန်သွားနိုင်ဖို့ ဂျန်ဆန်အနေနဲ့ ဘယ်လိုတွေကြိုးစားမလဲဆိုတာကို အက်ရှင်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်File Size :(3.1GB)(1.1GB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:45:00 Genre :Action, Crime , Sci-Fi Subtitle : ...
movie

Death Race(2008)

Get Shorty (1995) 6.9
Get Shorty (1995) Get Shorty(1995)IMDb Rating (6.9) / Rotten Tomatoes (88%)သူ့နာမည် Chili Palmer ။ သူ့လုပ်က loanshark လို့ခေါ်တဲ့ တရားမဝင်ငွေတိုးချေးတဲ့လုပ်ငန်းတစ်ခုမှာ လုပ်နေတဲ့သူ။ အတိုးကြီးကြီးနဲ့ချေးထားတဲ့သူတွေဆီကနေ အကြွေးလိုက်တောင်းပေးရတဲ့အခါ ဂိုဏ်းစတားဆန်ဆန်လည်း လုပ်ရတာရှိတယ်။ ချီလီ တောင်းသမျှတော့ မရတဲ့အကြွေးမရှိပါဘူး။ သူက Look at me (ကျုပ်ကိုကြည့်စမ်းပါ) လို့ စပြောလိုက်ရင် သတိသာထားပေရော့။ သူလိုရာကိုလိုက်လျောမိတော့မှာ အသေအချာပဲ။ အဲဒီစကားတစ်ခွန်းက ဒီရုပ်ရှင်ရဲ့ catchphrase ပါပဲ။သွေးအေး၊ သတ္တိကောင်းပြီး ရည်ရည်မွန်မွန်ဆဲတတ်တဲ့ ချီလီဟာ ရုပ်ရှင်ဝါသနာအိုးတစ်ယောက်လည်းဖြစ်နေလေရဲ့။ တစ်နေ့တော့ အကြွေးမဆပ်ဘဲပြေးတဲ့သူတစ်ယောက်နောက်ကို ရေဆုံးရေဖျားလိုက်ရှာရင်း ချီလီတစ်ယောက် ရုပ်ရှင်မြို့တော်လို့ခေါ်ရမယ့် Los Angeles ထိရောက်သွားပါလေရော။ သူစိတ်မပါတော့တဲ့ ငွေချေး၊ကြွေးတောင်းအလုပ်ကို မလုပ်ချင်တော့တဲ့ချီလီဟာ ဇာတ်ကားတစ်ကားလောက် ထုတ်လုပ်သူလုပ်ရင်ကောင်းမလား လို့ စိတ်ကူးပေါက်ရာကနေ ဟောလီးဝုဒ်လောကသားတွေနဲ့ လုံးထွေးသွားတော့တာပဲ။အဲဒီမှာဗျာ။ လေယာဉ်ပျက်ကျရာမှာမပါဘဲ ပါသွားချင်ယောင်ဆောင်ပြီး ...
movie

Get Shorty (1995)

Kimi (2022) 6
Kimi (2022) Kimi (2022)Siri လည်းမဟုတ် Alexa လည်းမဟုတ် ... နည်းပညာတစ်ခေတ်ဆန်းမယ့် Kimi ခေတ်ကိုရောက်ရှိလာပါပြီ။ဘာတွေကွာလည်းဆိုတော့ Kimi ကလူကိုယ်တိုင်ဖြေကြားတာပါတဲ့။ အဲ့ဒီတော့ နားလည်မှုလွဲတာတွေမဖြစ်နိုင်ဘဲ ကိုယ်လိုချင်တာကို တိတိကျကျ အဖြေပေးနိုင်တဲ့ Kimi ဆိုတဲ့ကုန်ပစ္စည်းလေးက ဒီကားလေးမှာ အဓိကဇာတ်ဆောင်ဖြစ်လို့နေပါတယ်။Kimi လေးကိုဈေးကွက်မှာမိတ်ဆက်ဖို့ တစ်ပတ်အလိုမှာ ဒီဇာတ်လမ်းကို စတင်ထားပါတယ်။ အွန်လိုင်းနဲ့ချိတ်ဆက်ထားပြီး သုံးစွဲသူတောင်းဆိုသမျှကိုပြန်ဖြေနိုင်ဖို့ Kimi လေးက အသံတွေကိုအမြဲတမ်းဖမ်းယူထားရပါတယ်။ အန်ဂျလာက အဲ့ဒီအသံဖိုင်ကိုနားထောင်ပြီး ခွဲခြမ်းစိတ်ဖြာပေးရတဲ့ ဝန်ထမ်းတစ်ဦးပေါ့။တစ်နေ့မှာ အဲ့ဒီအသံဖိုင်ထဲကနေ “ရပ်လိုက်...ရပ်လိုက်...တော်ပါတော့...” ဆိုတဲ့ဖိုင်ကိုနားထောင်ပြီးတဲ့နောက် အန်ဂျလာတစ်ယောက် မသင်္ကာဖြစ်လာခဲ့ပါတယ်။ အန်ဂျလာက အသံဖိုင်ထဲက Kimi ပိုင်ရှင်ကိုဘယ်လိုရှာပြီး ဘယ်လိုတွေဇာတ်လမ်းဆက်မလဲဆိုတာကိုတော့ ဇာတ်ကားကောင်းတွေကြိုက်သူအဖို့ ဆက်ပြီးကြည့်လိုက်ပါတော့ဗျာ...အညွှန်းကိုတော့ JoJoVa က ရေးသားပေးထားပြီးတော့ဘာသာပြန်ပေးထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama, Thriller Quality….WEB-DL 1080p and 720p File size…1.34 GB, 738MB, 244MB Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle ...
movie

Kimi (2022)

2022
Plan B (2021) 6.5
Plan B (2021) Plan B (2021)===========IMDb Rating - 6.5/10ကဲ CM ပရိသတ်ကြီးတို့ ss တွေနဲ့ CM gp ထဲမှာ စမြုပ်ပျံလို့ရမယ့် ဇာတ်ကားလာပါပြီ :3Plan B ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ ဘယ်အချိန်မှာ သုံးကြလည်းဗျလိုရင်းတိုရှင်းပြောရရင် Plan B ဆိုတာ Plan A မအောင်မြင်တဲ့အခါ အသုံးချဖို့ထားတဲ့ Back Up ပါပဲPlan B ကို နောက်ထပ်တစ်နေရာမှာလည်း သုံးသေးတယ်ဗျအဲ့ဒါကတော့ Plan B Pill လို့ခေါ်တဲ့ သန္ဓေတားဆေးပါပဲဦးထုပ်မဆောင်းဘဲ ကုတင်ပေါ်ကကိစ္စတွေ လုပ်မိတဲ့အခါ အကာအကွယ်အနေနဲ့ အမျိုးသမီးတွေ သောက်တဲ့ဆေးပေါ့ဗျာအဲ ဒါပေ့မယ် ဒီကားထဲက ဆန်နီဆိုတဲ့ ၁၇ အရွယ်ကောင်မလေးကတော့ ကံဆိုးတယ်ပြောရမှာပေါ့ဗျာFirst Time ကို သူ့ crushနဲ့ ဖြစ်ချင်တာလည်း ဖြစ်ခွင့်မရတဲ့အပြင် ကွန်ဒုံးကပါ သူ့ကိုယ်ထဲ ...
movie

Plan B (2021)

2021
Peel(2019) N/A
Peel(2019) Peel(2019) IMDb.....6.0 ဒီတစ်ခါတော့ ဒရမ်မာကား ကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 2019 မှာ အသစ်စက်စက် ထွက်ထားတဲ့ Peel ဆိုတဲ့ ဇာတ်ကားလေးပါ ..... ဒီထဲမှာတော့ ပီးလ်ဆိုတဲ့ ကောင်လေးရဲ့ ဘဝအကြောင်းလေးကို ရိုက်ပြထားတာပါ..... ပီးလ် ငယ်ငယ်က သူ့အဖေနဲ့ အမေ အဆင်မပြေကြရာက ကွဲသွားကြပါတယ်....... ပီးလ်မှာ အစ်ကို ၂ ယောက် ရှိပါတယ် ......သူ့အဖေက သူ့အစ်ကို ၂ ယောက်ကို ခေါ်သွားပြီး သူကတော့ အမေဖြစ်သူနဲ့ နေခဲ့ရပါတယ်..... အမေဖြစ်သူရဲ့ သားတွေကို ပြုစုပျိုးထောင်ပုံကို သဘောမကျလို့ စကားများရာကနေ အိမ်က ထွက်သွားတဲ့ထိ ဖြစ်ခဲ့ရတာပါ ..... အမေဖြစ်သူက သားတွေကို ကလေးတွေလိုပဲ အမြဲ ကာကွယ်ပေးနေတယ် ကိုယ့်အားကို ကိုးတတ်လာအောင် သင်မပေးဘဲ ကလေးတွေလိုပဲ ပျိုးထောင်နေတာပါ ...... အဖေ ခေါ်သွားတဲ့ အစ်ကို ၂ ယောက်ကတော့ ဘယ်လို ကြီးပြင်းလာလဲ မသိရပေမဲ့ ပီးလ်ကတော့ သူ့အမေရဲ့ ပြုစုပျိုးထောင်နည်းတွေနဲ့ အမေနားမှာပဲ အမေချစ်သားအဖြစ်နဲ့ လောကကြီးအကြောင်း ဘာမှ မသိနားမလည်ဘဲ ...
movie

Peel(2019)

2018
Middle School: The Worst Years of My Life (2016) 6.1
Middle School: The Worst Years of My Life (2016) ဒီဇာတ်ကားလေးကတော့ 2016 မှာထွက်ရှိထားတဲ့ အလယ်တန်းကျောင်းသားဟာသကားလေးပဲ ဖြစ်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ 'ရေးဖ်'ဆိုတဲ့ကောင်လေးဟာ စိတ်ကူးယဉ်ဆန်တတ်ပြီး အမွှေဇယားတွေဖန်တီးတတ်တဲ့ ကောင်လေးတစ်ယောက်ပါအရင်ကျောင်းတွေကနေ ကျောင်းထုတ်ခံရပြီးနောက် စည်းကမ်းတင်းကျပ်တဲ့ ကျောင်းတစ်ကျောင်းကို'ရေးဖ်'တစ်ယောက် ရောက်ရှိသွားရာမှစပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူ့ရမှာပဲဖြစ်ပါတယ်ဟာသအမျိုးအစားလေးဖြစ်ပေမဲ့ မိသားစုပြဿနာများ ညီအစ်ကိုမောင်နှမသံယောဇဉ်များကို ရိုက်ကူးဖော်ပြထားသဖြင့် လက်မလွှတ်တမ်းကြည့်ရှူ့ရမည့် ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ပါ)File Size : (700 MB) and (434 MB) Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Lyric Lynn Khant Encoded by Thanhtike Zaw
movie

Middle School: The Worst Years of My Life (2016)

2016
The 33 (2015) 6.9
The 33 (2015) CM ပရိတ်သတ် ကြီးအတွက် 2015 ခုနှစ်ထွက် The 33 ဆိုတဲ့ ဖြစ်ရပ်မှန် ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်လမ်း လေးဟာ ၂၀၁၀ ခုနှစ်က ကျော်ကြားခဲ့တဲ့ Copiapó မိုင်းတွင်း မတော်တဆ မှု့အကြောင်းကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ချီလီ ကြေးနီ မိုင်းတွင်းလုပ်သား ၃၃ ယောက်ဟာ မြေအောက် ၇၀၀ မီတာ အနက် (ပေ ၂၃၀၀)မှာ ၆၉ ရက်ကြာ ပိတ် မိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်ဖို့ အမေရိကန်က NASA အပါအဝင် ကမ္ဘာ တစ်လွှားက အဖွဲ့ အစည်းပေါင်း မြောက်မြားစွာက ပါဝင်ကူညီခဲ့ကြပါတယ်။ဒီလိုနဲ့ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ်မှာမှ အထူးတည်ဆောက်ထားတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သူတို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ ၃၃ ယောက်ကို ကယ်တင်ဖို့ အတွက် စုစုပေါင်း ဒေါ်လာ သန်းနှစ်ဆယ်ခန့် ကုန်ကျခဲ့ပြီး ကုမ္ပဏီပေါင်းများစွာက ...
movie

The 33 (2015)

2015
Beyond Skyline (2017) 5.3
Beyond Skyline (2017) Beyond Skyline (2017) IMDb - 5.3/10_____Rotten - 65%     IMDb 5.3 ထိ ရရှိထားတဲ့ Alien Invasion ကားလေးပါ ရဲအရာရှိဖြစ်တဲ့ မက်ခ် က ဇနီးဖြစ်သူဆုံးသွားလို့ စိတ်ဓာတ်ကျပြီး အလုပ်ကနားထားတဲ့အချိန် သားဖြစ်သူ ထရန့်ကလဲ ဆိုးပေးတေလို့ ရဲစခန်းကနေ သွားပြန်ခေါ်လာတဲ့တစ်နေ့ သားဖြစ်သူနဲ့အတူ အိမ်အပြန် ရထားစီးရင်း ရုတ်တရက် အပေါ်ကအသံတွေကြားရပြီး ရထားဟာ ပါဝါပျက်ပြီး ရပ်သွားပါတယ် မြေအောက်ရထားလိုဏ်ဂူကနေ ဘူတာရုံကိုလမ်းဆင်းလျှောက်ခဲ့ကျပြီး ဘူတာရုံရောက်တော့ လူတွေတစ်ယောက်မှ မရှိတော့တာကိုတွေ့ရပြီး ထူးဆန်းတဲ့အလင်းရောင်တွေကို မြင်လိုက်ကြတယ်    အလင်းရောင်တွေကို ကြည့်မိတဲ့သူတိုင်း စိတ်ညို့သလို အသိစိတ်ပျောက်ပြီး အာကာသယာဉ်ပျံကြီးက ခေါ်ဆောင်သွားပါတော့တယ် သားအဖတွေထွက်ပြေးရင်းနဲ့ လွတ်မြောက်နိုင်မလား ဂြိုလ်သားတွေက ဘာအတွက်လူသားတွေကို ခေါ်ဆောင်သွားတာလဲ အာကာသယာဉ်ပျံကြီးထဲမှာ သူတို့ဘယ်လိုထူးဆန်းတာတွေနဲ့ ကြုံတွေ့ရမလဲ လူသားတွေကိုဘယ်လိုကယ်တင်မလဲ လွတ်မြောက်အောင် ဘယ်လိုကြိုးစားမလဲဆိုတာတွေကို အက်ရှင်အလန်းစားတွေနဲ့ ကြည့်ရမှာနော်     File Size : (950 MB) Quality : WEB-DL 720p Running Time : 1hr 45min Format : ...
movie

Beyond Skyline (2017)

2017