Channel Myanmar

Jacob Laval

The Unbreakable Boy (2025) 5.8
The Unbreakable Boy (2025)  Unbreakable Boy ဟာ 2025 ခုနှစ်ထွက်Family Drama ရုပ်ရှင်လေးပဲ ​ဖြစ်ပါတယ်..Shazam မင်းသား Zachary Levi ပါဝင်သရုပ်ဆောင်ထားပြီး  ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်ကားလေးဟာIMDb 5.8 ရရှိထားပါတယ်...ဇာတ်လမ်းကတော့...မျိုးရိုးလိုက်တတ်တဲ့ အရိုးရောဂါသည်လေး ထရီဆာနဲ့စကော့ထ်တို့ အကြောင်းပါခဲ့ရာမှ အော်တစ်ဇင် နဲ့အရိုးရောဂါသည်လေး အော်စတင်မွေးဖွားလာခဲ့ပြီးသူတို့မိသားစု ကြုံကြ ဆုံကြ ရင်ဆိုင်ကြရတဲ့အကြောင်းတွေပဲဖြစ်ပါတယ်...အိမ်ထောင်ရေး ပြဿနာတွေ မိသားစု သံယောဇဥ်တွေပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဖေးမမှုတွေ စတာတွေကိုFamily drama ဇာတ်ကားကောင်း ပီသစွာ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်...  File size… (1.61 GB) / (888 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Min Thway
movie

The Unbreakable Boy (2025)

8-Bit Christmas (2021) 6.8
8-Bit Christmas (2021) ခရစ်စမတ်ကာလအတွက် အခွီကားလေးတစ်ကားဖြစ်ပါတယ်သမီးဖြစ်သူက ဖုန်းဝယ်ပေးဖို့နားပူနားဆာလုပ်တာကို ခံနေရတဲ့ဂျိတ်ဒွိုင်းဟာ သူငယ်ငယ်က Nintendo ဂိမ်းစက်ကိုထုတ်ပြရင်း ဂိမ်းစက်ကိုရဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံ စွန့်စားခန်းတွေကြုံတွေ့ခဲ့ရပုံကို ပြောပြဖို့ဖြစ်လာပါတယ်။ပထမဆုံး Nintendo ခေတ်စားခါစ ၁၉၈၀ခုနှစ်နောက်ပိုင်းကာလမှာ ဂျိတ်ဒွိုင်းဟာ ဂိမ်းတစ်ခါဆော့ရဖို့ သူဌေးသားတင်မီကင်းန်ရဲ့အိမ်မှာ အတန်းဖော်တွေနဲ့အတူ တန်းစီစောင့်ရတဲ့အ​ခြေအနေပါ။ တစ်နေ့မှာ အဲ့ဒုက္ခတွေကိုမခံနိုင်တော့တဲ့အဆုံး ဂျိတ်တစ်ယောက် ကိုယ်ပိုင်ဂိမ်းစက်ဝယ်နိုင်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျိတ်ရဲ့မိဘတွေကို ပူဆာလို့မရတဲ့အခါ ကင်းထောက်လူငယ်ကျောင်းသားပြိုင်ပွဲမှာ ပထမဆု Nintendo ဆုချမယ်လို့ သိခဲ့ပြီး အခွင့်အရေးကိုလက်လွှတ်မခံပဲ အိမ်မက်အကောင်အထည်ဖော်ဖို့ အစီအစဥ်ချပါတော့တယ်။ခရစ်စမတ်ဇာတ်လမ်းဆိုတဲ့အတိုင်း မိသားစုနဲ့ကြည့်ဖို့အသင့်တော်ဆုံးဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့သင်ခန်းစာတွေပါတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ငယ်ငယ်ကကြုံခဲ့ရတာတွေ ပြန်မြင်ယောင်ပြီး ခွီစေရမှာဖြစ်တဲ့အပြင် Nintendo ပရိတ်သတ်ဆိုရင် ပိုပြီးတောင်ကြည့်သင့်ပါတယ်လို့ ပြောလိုက်ပါရစေ။ File size…(1.8 GB) / (900 Mb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:37:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  
movie

8-Bit Christmas (2021)