Channel Myanmar

Jacob Haddoud

The Dishwasher (2023) 7.2
The Dishwasher (2023)  ယခုအခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Le Plongeur ( The Dishwasher ) ဆိုတဲ့ ကနေဒါပြင်သစ်စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးဟာ ဝတ္ထုရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင်Stephane Larue ရဲ့ Le Plongeur ဝတ္ထုကို ရုပ်ရှင်အနေနဲ့ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးဖြစ်ပြီးဝတ္ထုရေးဆရာကိုယ်တိုင် ငယ်စဉ်က စားသောက်ဆိုင်မီးဖိုချောင်အတွင်း ပန်းကန်ဆေးရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ကိုယ်တိုင်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လာချိန် အတွေ့အကြုံတွေကိုအခြေခံကာ အရောင်အသွေးစုံစုံနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ ဒီဝတ္ထုဟာPrix des libraires du Québec ဆုနဲ့ Prix Senghor ဆုကို၂၀၁၇ ခုနှစ်မှာ ရရှိထားတာလည်းဖြစ်ပါတယ်...မက်တယ်သီချင်းတွေကြိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားလေးတစ်ယောက် မထင်မှတ်ဘဲလောင်းကစား စွဲလမ်းမိရာမှ ဖြစ်ပေါ်လာတဲ့လူမှုရေးပြဿနာတွေ၊ ငွေကြေးအခက်အခဲတွေ၊လောင်းကစားခုံမင်သူတိုရဲ့ သဘာဝတွေအပြင် စားသောက်ဆိုင်မီးဖိုချောင်ထဲက စိတ်ဖိစီးစရာအခြေအနေတွေနဲ့ လူမျိုးပေါင်းစုံတို့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခံစားနိုင်မယ့် ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့်လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်... File size… (1.60GB) / (960MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv ...
movie

The Dishwasher (2023)