Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jacki Weaver
7.7
Silver Linings Playbook (2012)
Silver Linings Playbook (2012)IMDb Rating (7.7) / Rotten Tomatoes (92%)Bradley Cooper နဲ့ Jennifer Lawrence တို့အပြင် Robert De Niro , Chris Tucker , Julia Stiles စတဲ့နာမည်ကြီးတွေလဲပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Matthew Quick ရဲ့ ၀တ္ထုဖြစ်တဲ့ The Silver Linings Playbook ကို အသက်သွင်းထားတာပါ။ဂျနီဖာလောရန့်က ဒီဇာတ်ကားနဲ့ အော်စကာရခဲ့ပြီး တခြားသရုပ်ဆောင်တွေလဲ အော်စကာ Nominee ဝင်ခဲ့သလို ဘတ်ဂျက် $21 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ $236.5 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုကြီးမားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ အထက်တန်းကျောင်းအစမ်းခန့်ဆရာတစ်ယောက်ဖြစ်တဲ့ အဓိကဇာတ်ကောင်ပတ်ထ်ဟာ bipolar disorder ရောဂါခံစားနေရတဲ့ လူတစ်ယောက်ပါ။ မိန်းမဖောက်ပြန်နေတာကို ရေချိုးခန်းထဲမှာသွားတွေ့ပြီး အဲဒီလူကို သေလုနီးနီးထိ ...
movie
Silver Linings Playbook (2012)
4K HEVC
6.5
Magic in the Moonlight (2014)
Magic in the Moonlight (2014)*****************************ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အချစ်ဟာသရုပ်ရှင်ကားဖြစ်ပြီး Mamamia, Kingsman အစရှိတဲ့ရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Colin Firth နဲ့ အားလုံးသိပြီးသား နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Emma Stone က အသက် ၂၅ နှစ်အရွယ်မှာ အဓိကဇာတ်ကောင်တွေအနေနဲ့ ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။ဝေးလင်းဆူးဆိုတဲ့ တရုတ်နာမည် Stage name ကို အသုံးပြုကာ ဖျော်ဖြေတတ်ပြီး အထူးချွန်ဆုံးမျက်လှည့်ပညာရှင် တစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ "စတန်လေ"ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဖျော်ဖြေပြီးတဲ့နောက် စင်နောက်ကို မတွေ့တာကြာတဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ ဟောင်းဝဒ် ဘာကင်တစ်ယောက် ရောက်ချလာပါတယ်...သူ့လိုပဲ မျက်လှည့်ပညာရှင်ဖြစ်သူ ဟောင်းဝဒ်ဟာ သူ့ရဲ့မိတ်ဆွေဟောင်း မိသားစုဆီမှာ ရောက်နေတဲ့ တမလွန်ဘဝနဲ့ ဆက်သွယ်ပေးနိုင်တယ်ဆိုတဲ့ နတ်ဝင်သည်တစ်ယောက်ကို အတုအယောင်ဆိုတာ သက်သေပြဖို့ အလည်သွားရင်း .. ဘာမသင်္ကာစရာ မြုပ်ကွက်မှ ရှာမတွေ့တာကြောင့် စတန်လေကို ကူညီဖော်ထုတ်ပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်...နတ်ဝင်သည်အတုအယောင်ကို ဖော်ထုတ်ဖို့ ပြင်သစ်တောင်ပိုင်းကို ခရီးထွက်လာတဲ့ စတန်လေတစ်ယောက် အဲဒီနတ်ဝင်သည်ဆိုတဲ့ အမေရိကန်သူ ဆိုဖီ ...
movie
Magic in the Moonlight (2014)
7.2
Widows (2018)
Widows (2018) *************2018 ထွက် Widows ဆိုတဲ့ စိတ်လှုပ်ရှား အံ့အားသင့်စရာ ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်…IMDb -7.2 / Rotten Tomatoes 91% နဲ့ အကောင်းစား Rating ကြီးတွေရထားလေတော့ ကားကောင်းဖြစ်ကြောင်းနဲ့ဒေါင်းကြည့်ပါလို့တော့ ပြောစရာလိုမယ်မထင်ဘူးဗျာ...သို့ပေမဲ့ ဇာတ်လမ်းအကြောင်းအနည်းငယ်တော့လိုအပ်မယ်ထင်လို့ပြောပါရစေ...ဒုစရိုက်လုပ်ငန်းတွေကို အာဏာရှင်တွေ ကျောထောက်နောက်ခံနဲ့ဆောင်ရွက်နေတဲ့ ဟယ်ရီ ရောလင်း (Liam Neeson)ဟာလူမည်းလုပ်ငန်းရှင်တစ်ဦးထံက အမေရိကန်ဒေါ်လာ တစ်သန်းလုယူအပြီး အပြန်လမ်းမှာ ရဲတွေနဲ့ပက်ပင်းမိတာကြောင့်ပစ်ကြခတ်ကြရင်း သူအပါအဝင် နောက်လိုက်နှစ်ယောက်လည်း သေဆုံးသွားပါတော့တယ်...သူတို့နဲ့အတူ လုယူလာတဲ့ ဒေါ်လာ တစ်သန်းလည်း ကားပေါက်ကွဲ မီးလောင်တဲ့အထဲပါသွားပါတယ်…သေတဲ့လူတွေကသေသွားပြီဖြစ်ပေမဲ့ ဒေါ်လာတစ်သန်းကိစ္စဟာ ကျန်ရစ်သူ ဟယ်ရီရဲ့မိန်းမ ဗရော်နီကာထံပြဿနာခေါင်းပုံကျလာပါတော့တယ်...အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက်ကြောင့်ဗရော်နီကာဟာ ပေါက်ကွဲမှုမှာသေဆုံးသွားသူတွေရဲ့ ဇနီးတွေထံဆက်သွယ်ပြီး မုဆိုးမသုံးယောက် ဒီပြဿနာကိုဘယ်လိုများဖြေရှင်းကြမလဲ...ဒုစရိုက်ဂိုဏ်းကြီးနဲ့မှ ပတ်သက်မိတော့ မိန်းမသားတွေအဖို့ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား...အားနွဲ့တဲ့မိန်းမသားတွေလား ကျားသစ်မတွေလားဆိုတာကိုတော့ ...ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်...File Size : 2.01GB / 787MB Quality : WEB-DL ...
movie
Widows (2018)
Stage Mother (2020)
Stage Mother (2020) *******************ခရစ်ယာန်ဘုရားကျောင်းရဲ့ဓမ္မတေးဆိုအဖွဲ့ရဲ့ခေါင်းဆောင် မေဘီလင်းမက်ကပ်ဖ်ဟာ...စန်ဖရန်စစ္စစကိုက သူ့သား ရစ်ကီပီးဒီးယားရုတ်တရက်သေသွားတဲ့သတင်းကို ကြားရချင်းချင်းပဲ...သူ့သားအသုဘကို သွားခဲ့ပါတယ်။ သူ့သားက ဆယ်ကျော်သက်အရွယ်ကတည်းက အိမ်ကထွက်ပြီး...Pandora’s Boxလို့ခေါ်တဲ့ Drag Club တစ်ခု တည်ထောင်ခဲ့တာပေါ့။ Drag club ဆိုတာ...ယောကျ်ားလေးတွေက မိန်းကလေးတွေလို ဝတ်စားခြယ်သတယ်၊ ဆံပင်အတုတွေတပ်ပြီး သီချင်းတွေ ဆိုကြတယ်။Drag Queen ဆိုတာ သူတို့ကိုခေါ်ကြတဲ့နာမည်ပေါ့။ သူတို့ရဲ့ခေါင်းဆောင်ကိုတော့ Drag mother လို့ ခေါ်ကြတယ်။ရစ်ကီသေပြီးတဲ့နောက်ပိုင်း အဲဒီ clubကို ဦးစီးဖို့ မေဘီလင်းတာဝန်ဖြစ်လာပါတော့တယ်...ရှေးရိုးဆန်တဲ့ မေဘီလင်းတို့လင်မယားအဖို့ ဒါဟာ တကယ်ကို စိန်ခေါ်မှုကြီးပါပဲ...ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်....File Size : 1.47GB / 568MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:33:00 Genre : Comedy, Drama, Music Subtitle ...
movie
Stage Mother (2020)
8.1
Memoir of a Snail (2024)
Australian animator နဲ့ filmmaker Adam Elliot ရဲ့2024 ထွက် Stop-motion animated flim လေးမို့Stop-motion fans တွေလက်မလွှတ်သင့်ပါဘူးနော်။Stop-motion ဆိုတဲ့အတိုင်း အသေးစိတ်အနုစိတ်တဲ့ပညာမို့ဒီanimation လေးကို အပြီးသတ်ဖို့ရှစ်နှစ်တောင်အချိန်ယူခဲ့ရပြီးDirector Adam Elliot ရဲ့ဘ၀ကိုလည်း အနည်းငယ်အခြေခံရိုက်ကူးထားတာပါတဲ့။ဒီကားလေးက ထူးခြားတာက ပုံမှန် Adventure သွားတာမျိုးတွေနဲ့Fantasy ဆန်ဆန်တွေမပါပဲ ဂရေစ့်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုံမှန်ဘ၀လေးကို သဘာ၀ကျကျရိုက်ကူးထားတာပါ။အမြဲတမ်းကြီးမဟုတ်ပေမယ့် တစ်ချို့လူတွေက ကံဆိုးတတ်တာများပြီးတစ်ချို့တွေကျ ကံကောင်းတတ်ကြတယ်။ဒီဂရေ့စ်ကတော့ ပထမအတန်းစားထဲပါတယ်လို့ပြောရမယ်ပေါ့။အမေကိုယ်၀န်ရှိခါစမှာ သူ့အဖေကားတိုက်ခံရတော့ ကိုယ်တစ်ပိုင်းသေသွားတယ်။အမေဖြစ်သူကလည်း ဂရေ့စ်နဲ့သူ့အမွှာမောင်လေးဂေးဘတ်ကို မွေးပြီး ဆုံးသွားရော။ အဆိုးတွေများနေပေမယ့်လည်းသူ့ကိုကာကွယ်ပေးမယ့် ဂေးဘတ်နဲ့အတူ ဖခင်ရှိသေးတော့ သူတို့မိသားစုလေးက ပျော်စရာလေးတွေတော့ရှိတာပေါ့။ပြသာနာက ဂရေ့စ်ရဲ့ဖခင်ဆုံးသွားတော့ မောင်နှမနှစ်ယောက်ကမွေးစားအိမ်တစ်အိမ်စီပို့ခံလိုက်ရတယ်။ဂရေ့စ်က တဖြေးဖြေးအထီးကျန်လာပြီး သူစုဆောင်းတတ်တဲ့ ခရုလေးတွေလိုပဲ အခွံထဲမှာပုန်းနေတော့တာပေါ့။ သူ့ရဲ့မျှော်လင့်ရာက ဂေးဘတ်ဆီက စာတွေနဲ့ပင်ကီဆိုတဲ့ အဘွားကြီးတစ်ယောက်။ ပင်ကီက သွက်လက်တယ်ပျော်ပျော်နေတယ် ဂရေ့စ်ရဲ့ မီးခိုးရောင်ကမ္ဘာကြီးထဲက အရောင်လေးပေါ့။ ...
movie
Memoir of a Snail (2024)
6.6
Goldstone (2016)
ဒီဇာတ်ကားက Crime/Thriller အမျိုးအစား ဖြစ်ပြီးတော့ကိုယ့်ရဲ့မွေးရပ်မြေမှာ အကျင့်ပျက်ခြစားမှုကြီးတစ်ခုကိုဖော်ထုတ်ခဲ့တဲ့ စုံထောက် ဂျေးစွမ်းန်ကို အာဏာပိုင်တွေကGoldstone ဆိုတဲ့ မြို့လေးတစ်မြို့ဆီပို့ပြီး ပျောက်ဆုံးနေတဲ့အာရှသားတိုးရစ်တစ်ယောက်ကို ရှာဖွေဖို့ စေလွှတ်လိုက်ပါတယ်။အဲဒီမှာမှ အကျင့်ပျက်ခြစားနေတဲ့ Goldstone မြို့တော်ဝန်တို့လူတစ်စုနဲ့ လိုက်လျောညီထွေနေနေရတဲ့ နယ်ခံရဲ ဂျော့ရှ်ဝါးတားနဲ့ သွားတွေ့ပါတယ်။ အကျင့်ပျက်ခြစားနေတဲ့လူတွေကြားကိုယ့်ရဲ့နဂိုကောင်းတဲ့စိတ်ရင်းအခံကို ချိုးနှိမ်ပြီး အလိုက်သင့်မျောပါနေရတဲ့ ဂျော့ရှ်တစ်ယောက်...မှန်ရင်ပြီးရော စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ စုံထောက်ဂျေးစွမ်းန်နဲ့ ထိပ်တိုက်တွေ့အပြီးမှာ ဘာတွေဘယ်လိုပြောင်းလဲသွားမလဲ...ကိုယ်စီက သက်ဆိုင်ရာတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်မလား၊တရားတဲ့ဘက်နဲ့ မတရားတဲ့ဘက် ဘယ်ဘက်ကို ရွေးချယ်ကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်... File size…1.65GB / 743 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie
Goldstone (2016)
6.3
The Voices (2014)
The Voice (2014) Horrer/Thriller Imdb 6.3/10ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo
movie
The Voices (2014)
6.0
Equals (2015)
ဒီဇာတ်ကားလေးကတော့ မင်းသား Nicholas Houltနဲ့မင်းသမီး Kristen Stewartတို့ အဓိကသရုပ်ဆောင်ထားတဲ့ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအမျိုးအစားက sci-fi၊romanceအမျိုးအစားဖြစ်ပြီးဇာတ်အိမ်နဲ့ သရုပ်ဆောင်တွေ ကွက်တိကျလိုက်ဖက်နေတာကိုလည်းခံစားရမှာပါ။ဇာတ်လမ်းအကြောင်းကိုပြောပြရင် ကမ္ဘာ့ပျက်ကပ်ကြီးအပြီးခေတ်လွန်ကာလတစ်ခုမှာ လူတွေဟာ စိတ်ခံစားချက်ကိုဦးစားမပေးတော့ဘဲ အရာရာကို စနစ်တကျ စက်ရုပ်လိုသာနေထိုင်ကြပါတော့တယ်...။တစ်ယောက်နဲ့တစ်ယောက် ခံစားချက်၊ အထိအတွေ့ဆိုတာမရှိသလိုစိတ်ခံစားချက်ကို ရောဂါတစ်ခုလိုလက်ခံကျင့်သုံးနေကြတာပါ...။ခံစားချက်ပေါ်လာရင်၊ စွဲလမ်းသွားရင် ဒီစိတ်ကို ကုသဆေးတွေနဲ့ချုပ်တည်းပြီးနေရပါတယ်...။ဒီလိုအခြေအနေမျိုးမှာ အချစ်ဆိုတဲ့ ခံစားချက်ကို ဖိနှိပ်ချုပ်တည်းဖို့ကဖြစ်နိုင်ပါ့မလားဆိုတာကို....ဒီဇာတ်လမ်းလေးကြည့်ရင်း sci-fi ရိုမီယို၊ဂျူးလိယက်ပုံပြင်လေးတစ်ပုဒ်အဖြစ် ရှုစားလိုက်ပါတော့ဗျာ...။ File size…1.18GB / 497MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Equals (2015)
6.4
Bird Box (2018)
ကမ္ဘာကြီးမှာ ဒုက္ခတွေ အလိုရမက်လောဘသားတွေ ထူပြောလာတာနဲ့အမျှဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ Kingmans:The Secret Serviceထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ်Avengers:Age of Ultron ထဲက Ultronကြီးလိုမျိုးပေါ့ ဒါပေမယ့်အခုဇာတ်ကားမှာတော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည်မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါသူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူကအသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်သေမိတော့တာပဲ ဇာတ်လမ်းအကျဉ်းကတော့ အဲ့သဘာဝလွန်ကောင်ကြီးထွက်လာတယ်ပေါ့ လူတွေလဲ အစကမသိတော့ကြည့်မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ် စိတ်တွေ လွတ်ထွက်ကုန်တယ်တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့မင်းသမီးချောကြီး Sandra Bullock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြတာပေါ့ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ်အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲရောက်ခဲ့တယ် အဲ့အိမ်မှာလဲအခြားသူတွေရှိတာပေါ့ ဒီတော့ဇာတ်လမ်းက survivalဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါဆိုတော့တာ ဒီကားလေးက rating သိပ်မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့ကားလို့မြင်မိပါတယ်နာမည်လေးကလဲBird Box ငှက်အိမ်လေးတဲ့ ဒီနာမည်ပေးထားတာလေးကိုချီးကျူးမိတယ် ဇာတ်လမ်းနဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plotကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်ထူးထူးခြားခြားကြီးမရှိဘူး ဒါပေမယ့်ကြည့်ရတာတော့သိပ်ကိုထူးခြားမှာပါ ...
movie
Bird Box (2018)
2018
American Murderer (2022)
အမေရိကန်ရဲ့ဖြစ်ရပ်မှန်လိမ်လည်မှုတစ်ခုအကြောင်းရိုက်ထားတဲ့ ဒီဇာတ်လမ်းမှာ ဂျေဆန် ဒဲရစ်ခ်ဘရောင်းကတော့ FBI ရဲ့ Top 10 အလိုရှိသူစာရင်းမှာပါဝင်ခဲ့တဲ့ လူလိမ်ကြီးတစ်ဦးဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိပြီး စကားပရိယာယ်ကြွယ်တဲ့ လူလိမ်ဂျေဆန်ဟာ ဘဏ်တွေဆီကနေပိုက်ဆံယူပြီး အလိမ်ပေါ်အလိမ်ဆင့်ထားတဲ့ အထက်တန်းလွှာဘဝမှာနေထိုင်တယ်။ ဒါပေမယ့် ပိုက်ဆံတွေပြန်မဆပ်နိုင်တဲ့ ပါတီဘုရင်ကြီးရဲ့ အလိမ်အညာတွေနဲ့ အတိတ်အကြောင်းတွေတစ်ဖြည်းဖြည်းပေါ်လာတဲ့အခါမှာတော့ ဘေးပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုရိုက်စားလုပ်ပြီး FBI လက်ကလွတ်အောင်ပြေးမလဲဆိုတာကို American Murderer မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.4GB) / (785.22MB) / (377.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie
American Murderer (2022)
6.8
Stoker (2013)
Stoker (2013)~ IMDb - 6.8/10, Rotten Tomatoes - 70% ~ဒီနှစ်မှာ Decision to Leave နဲ့ ပြန်ပေါက်ခဲ့တဲ့ ကိုရီးယားဒါရိုက်တာကြီး ပတ်ချန်းဝုရဲ့ ဟောလိဝုဒ်မှာ ရိုက်ခဲ့တဲ့ကားပါ။ IMDb - 6.8/10 နဲ့ RT - 70% ဆိုတော့ rating တွေကတော့ ကောင်းမြဲပါပဲ။ ဒါပေမဲ့ ပတ်ချန်းဝုလို ဆရာ့ဆရာကြီးအနေနဲ့ဆိုရင်တော့ သိပ်မကောင်းလှဘူးပေါ့။ ဒီလိုအဖြစ်က ဖြစ်နေကျပါပဲ။ အာရှက ဂိဆရာတွေ ဟောလိဝုဒ်တက်ရိုက်လိုက်တိုင်းနီးပါးကို ဖြစ်နေကျပေါ့။ ဝေါင်ကာဝေးရဲ့ အနုဆုံးကားကလည်း သူဟောလိဝုဒ်တက်ရိုက်လိုက်တဲ့ကားပါပဲ။ ပတ်ချန်းဝုရဲ့ အနုဆုံးဆိုပေမဲ့လည်း ဒီရုပ်ရှင်က သူ့ဟာနဲ့သူတော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ Thriller ကားပီသစွာပဲ တစ်စတစ်စချင်း ဆွဲခေါ်သွားပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ ပတ်ချန်းဝုကားပီပီသသ မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်စကေးပြခွင့်ရတဲ့ကားဆိုလည်းမမှားပါဘူး။ ဘာလို့ဆို တစ်ကားလုံး လူများများစားစားမပါလှပဲ ...
movie
Stoker (2013)
2013
7.2
Animal Kingdom(2010)
Animal Kingdom(2010) အညွှန်း****************************IMDb..7.3.,,, Rt..95%ဒီကားဟာ အော်စကာ ဆန်ကာတင်တစ်ဆုစာရင်းဝင်ခဲ့သလိုအခြားဆု ၃၉ ဆုလည်းရရှိခဲ့ပါတယ်...မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူးဆိုတဲ့စကားရှိပါတယ်။ဘယ်သူမှမသိတောင် ကိုယ်လုပ်တဲ့ မကောင်းမှုတွေဟာ အရိပ်မည်းကြီးလိုခြောက်လှန့်ပြီး ဘာကိုကြောက်နေရမှန်းမသိ ကြောက်နေရတာမျိုးပါပဲ။ဒါပေမယ့် တချို့လူတွေကတော့ ကြောက်ရွံမှုတွေနဲ့အတူမကောင်းမှုတွေကို ထပ်ပြီး လုပ်မိတတ်ကြပါတယ်။ အမေတစ်ခုသားတစ်ခုပဲရှိတဲ့ ဂျေဆိုတဲ့ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက် သူ့အမေ ဆေးလွန်ပြီးဆုံးပါးသွားခဲ့လို့သူ့အဖွားတွေ သူ့ဦးလေးတွေဆီ သွားနေရဖို့ဖြစ်လာပါတယ်။သူမသိခဲ့တာက အဲ့ဒီလူတွေက ဒုစရိုက်မှုတွေကို ကျူးလွန် နေကြသူတွေဆိုတာပါပဲ။ပြီးတော့ တစ်ချိန်လုံး ကြောက်နေရသူတွေပေါ့။ဂျေတစ်ယောက် သူ့ရောက်သွားရတဲ့ ပတ်ဝန်းကျင်အသစ်မှာ ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ပတ်ဝန်းကျင်ဆိုတာက လူတစ်ယောက်ကိုဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။File Size : (1.6GB) (552MB) and (162 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:53:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded ...
movie
Animal Kingdom(2010)
6.7
Father Stu (2022)
Father Stu(2022)Mark Wahlberg နဲ့ Mel Gibson တို့ရဲ့ Father Stu လာပါပြီဗျာ။Father Stu ဆိုတာကတော့ ထိုးဖို့ ကြိတ်ဖို့ သတ်ဖို့ ပုတ်ဖို့ပဲ စိတ်ဝင်စားတဲ့ လက်ဝှေ့သမား အဖြစ်ကနေ လူတွေကို ပျက်စီးရာပျက်စီးကြောင်းကနေ အဖတ်ဆယ် ကယ်တင်ပေးသူ ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်လာတဲ့ Stuart Long အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါStuart Long ဟာ ဆိုးသွမ်းတဲ့ ဖခင်ဒဏ်ကို ခံရပြီး ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာရတဲ့ လက်ဝှေ့သမားတစ်ယောက်ပါလက်ဝှေ့ထိုးနေရင်း ဆိုးဝါးတဲ့ မေးရိုးရောဂါကြောင့် လက်ဝှေ့သမားအဖြစ်ကနေ နှုတ်ထွက်ခဲ့ရပြီး သရုပ်ဆောင် လုပ်မယ်ဆိုပြီး LA ကို ထွက်လာခဲ့ပါတယ်LA က စူပါးမားကတ်မှာ အလုပ်လုပ်ပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစား ရုန်းကန်ရပုံတွေ စူပါမားကတ်ကို စျေးဝယ်လာတဲ့ ကတ်သလစ်ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သဘောကျမိရာက ဘုရားကျောင်းရောက်သွားပြီး ဖာသာဘဝကို ရောက်ခဲ့ရပုံတွေ စတာတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပါIMDb rating 6.8 အထိ ...
movie
Father Stu (2022)
2022
6.7
Back to the Outback (2021)
IMDb Rating (6.7) / Rotten Tomatoes (87%)တိရိစ္ဆာန်လေးတွေအားလုံးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ လူတွေက အဆိပ်ပြင်းတဲ့ တိရိစ္ဆာန်တွေဆို မကောင်းဆိုးဝါးတွေလို တူးတူးခါးခါး မုန်းကြတယ်၊ ကြောက်ကြတယ်။ ဒါပေမဲ့ သူတို့ဆီမှာလည်း ကြင်နာတတ်တဲ့ နှလုံးသား၊ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေရှိကြပါတယ်။ဒါကို Back to the Outback ဆိုတဲ့ ကာတွန်းကားလေးမှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ အဆိပ်ပြင်းတဲ့မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ပုတ်သင် အစရှိတဲ့တိရိစ္ဆာန်လေးတွေဟာ တိရိစ္ဆာန်ရုံထဲမှာ မကောင်းဆိုးဝါးတွေအဖြစ်ပြစားခံရပါတယ်။ ဒီထဲမှာမှ ကိုအာလာလို ချစ်ဖို့ကောင်းတဲ့ ကောင်တွေတော့မပါဘူးပေါ့လေ။ဒီကားလေးမှာ ဒီတိရိစ္ဆာန်လေးတွေဟာ လှောင်အိမ်ထဲကရုန်းထွက်ပြီး ဘေးလွတ်ရာကို အသက်စွန့်ပြေးရတဲ့ စွန့်စားခန်းတွေအပြင် သူတို့ဆီမှာ ကန့်လန့်ကန့်လန့်ပါလာတဲ့ ကိုအာလာကိုလည်း ကြည့်ရမှာပါ။သူကတော့ ထွက်ပြေးချင်တာမဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲမှာပဲ ကျော့ကျော့မော့မော့နေချင်တဲ့ ငနဲဆိုတော့ ဒီထွက်ပြေးမှုမှာ သူက အတိုက်အခံပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့တိရိစ္ဆာန်လေးတွေဟာ လူတွေလက်ထဲက ရုန်းထွက်သွားပြီး ...
movie
Back to the Outback (2021)
6.7
Penguin Bloom (2020)
Penguin Bloom (2020)***********************=IMDB 6.7=Drama ကားကောင်း ငတ်နေကြသူများအတွက် နက်ဖလစ်က ကားလေးနဲ့ ရသေ့စိတ်ဖြေကြတာပေါ့။ဇတ်လမ်းSam Bloomဆိုတဲ့ အမျိုးသမီးဟာ မိသားနဲ့အတူ ထိုင်းနိုင်ငံကို ခရီးထွက်ရင်း ကံမကောင်းစွာပဲ မျှော်စင်တစ်ခုပေါ်က ပြုတ်ကျပြီး ဒုက္ခိတဖြစ်သွားခဲ့ရတယ် ဝီးချဲနဲ့ဖြတ်သန်းရတဲ့ သူ့ဘဝမှာ သားသုံးယောက်အတွက် အမေတစ်ယောက်တာဝန်မကျေပွန်နိုင်တဲ့အခါသူ့ကိုယ်သူမုန်းတီးမိလာပြီး အရာရာမှာမကြည်ဖြူဖြစ်လာတော့တယ် ယောက်ျားဖြစ်သူ Cameron Bloomကလည်း ဒုက္ခိတဇနီးသည်နဲ့ သားသုံးယောက်တာဝန်ကို မလစ်ဟင်းအောင် ထမ်းရွက်ရင်း ရုန်းကန်နေရရှာတယ်တနေ့မှာတော့ သားအကြီးဆုံးလေးNoah Bloomဟာ ကမ်းခြေကနေ အသိုက်ကွဲနေတဲ့ငှက်ပေါက်စလေးတကောင်ကို တွေ့လို့ သနားပြီးအိမ်ခေါ်လာခဲ့တယ်သူတို့မိသားစုဟာ ငှက်ကလေးရဲ့နာမည်ကို “Penguin”လို့ပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်ယောက်ျားဖြစ်သူအလုပ်သွားချိန်နဲ့သားသုံးယောက် ကျောင်းသွားချိန်တိုင်းမှာ အိမ်မှာပဲ အထီးကျန်စွာကျန်ခဲ့တဲ့ ဒုက္ခိတ Sam Bloomအတွက် Penguinက အဖော်မွန်လေးဖြစ်လာတဲ့အခါ....မျှော်လင့်ချက်တွေပျက်သုဉ်းနေတဲ့ Sam Bloomတစ်ယောက် ကိုယ့်စိတ်ကို ဘယ်လို ပြန်လည်ထူထောင်နိုင်လာမလဲဆိုတာကိုတော့.... Blooms မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ခံစားကြည့်ရှုကြပါဦး File Size : ( 1.54 GB) and (892.3MB) Quality : 1080p.NF.WEB-DL Format…mp4 Duration… 1h 35min ...
movie
Penguin Bloom (2020)
2020
4.1
The Grudge (2020)
ရုံတင်ထားတဲ့ သရဲကားတစ်ခုကို တင်ပေးထားပါတယ်။Jump scare အများစုကို သုံးထားတာမို့အသည်းငယ်ရင်တော့ မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းသေဆုံးသွားလို့သားတစ်ယောက်နဲ့ အိမ်ပြောင်းလာတဲ့ စုံထောက်မူဒွန်ဟာ ထူးဆန်းတဲ့ လူသေမှုတစ်ခုကို စုံစမ်းရင်းကြောက်စရာအိမ်ကြီးတစ်လုံးထဲက ရောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ အဲဒီအိမ်ကြီးထဲမှာ အစဉ်အဆက်သေဆုံးခဲ့ကြတဲ့သူတွေအကြောင်းကိုသိလာပြီးမူဒွန်ဆီကိုပါဒီအန္တရာယ်တွေရောက်လာတဲ့အခါဒီကိစ္စတွေရဲ့ ဇစ်မြစ်ကိုရှာပြီး အန္တရာယ်တွေကိုကျော်လွှားဖို့ကြိုးစားရပါတော့တယ် File Size : (877 MB , 322 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The Grudge (2020)
5.3
Elsewhere (2019)
Elsewhere (2019)==============#Unicode2020 ခုနှစ်ထွက် drama ဇာတ်ကားလေးဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ ဇနီးသည်သေဆုံးပြီး ၂ နှစ်ကြာတဲ့အထိ ဗိသုကာပညာရှင် ဘရူနိုဟာကြေကွဲဝမ်းနည်းနေတုန်းပါပဲ... ဘဝကို အရှုံးပေးထားတဲ့ ဘရူနိုတစ်ယောက် သူတို့လင်မယားအတူတူဒီဇိုင်းဆွဲဆောက်လုပ်ခဲ့တဲ့သစ်သားအိမ်လေးမှာ နေထိုင်ပါတယ်... တစ်ရက်တော့ ဘရူနိုရဲ့ ယောက္ခမတွေကသူတို့သမီးကိုပေးထားတဲ့ အိမ်ကို ပြန်လည်သိမ်းယူသွားပါတော့တယ်... မိဘအိမ်ပေါ် ပြန်တက်နေရတဲ့ ဘရူနိုဟာအိမ်ကိုပြန်ရယူအောင်ကြိုးစားနေဆဲမှာပဲ အဲ့အိမ်ကို ရောင်းထုတ်ခံလိုက်ရပါတယ်... အသစ်ပြောင်းလာသူနဲ့ဆုံကြတဲ့အခါ ဘရူနိုဘာတွေဆက်လုပ်မလဲ သူ့အိမ်ကိုပြန်ရနိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်.... #Zawgyi2020 ခုနှစ်ထွက် drama ဇာတ်ကားလေးဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ ဇနီးသည်သေဆုံးပြီး ၂ နှစ်ကြာတဲ့အထိ ဗိသုကာပညာရှင် ဘရူနိုဟာကြေကွဲဝမ်းနည်းနေတုန်းပါပဲ... ဘဝကို အရှုံးပေးထားတဲ့ ဘရူနိုတစ်ယောက် သူတို့လင်မယားအတူတူဒီဇိုင်းဆွဲဆောက်လုပ်ခဲ့တဲ့သစ်သားအိမ်လေးမှာ နေထိုင်ပါတယ်... တစ်ရက်တော့ ဘရူနိုရဲ့ ယောက္ခမတွေကသူတို့သမီးကိုပေးထားတဲ့ အိမ်ကို ပြန်လည်သိမ်းယူသွားပါတော့တယ်... မိဘအိမ်ပေါ် ပြန်တက်နေရတဲ့ ဘရူနိုဟာအိမ်ကိုပြန်ရယူအောင်ကြိုးစားနေဆဲမှာပဲ အဲ့အိမ်ကို ရောင်းထုတ်ခံလိုက်ရပါတယ်... အသစ်ပြောင်းလာသူနဲ့ဆုံကြတဲ့အခါ ဘရူနိုဘာတွေဆက်လုပ်မလဲ သူ့အိမ်ကိုပြန်ရနိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ...
movie
Elsewhere (2019)
2019
5.5
Out of Blue (2018)
ဒီတစ်ခါ CM ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ စုံထောက်ကားလေးတစ်ကားပါဇာတ်လမ်းအညွှန်ပြောရမယ်ဆိုရင် တစ်နေ့ ဂျန်နီဖာရော့ခ်ဝဲဆိုတဲ့နက္ခတ်ဗေဒပညာရှင်ကောင်မလေးဟာ နက္ခတာရာကြည့်မျှော်စင်မှာပဲသေနတ်ဒဏ်ရာနဲ့သေဆုံးနေခဲ့ပါတယ်အဲ့အမှုကို ဦးဆောင်စစ်ဆေးတဲ့လူကတော့ မိုက်ဟူလင်တန်ဆိုတဲ့ အမျိုးသမီးစုံထောက်ပါသူတို့စစ်ဆေးရေးအဖွဲ့လဲ ပထမ သံသယရှိသူတွေကိုတစ်ယောက်ပြီးတစ်ယောက် စစ်မေးကြတာပေါ့နောက်ပိုင်းသိလာတာက အမှုကဟိုးအရင်က ဖြစ်ခဲ့ဖူးတဲ့ ကွင်းဆက်လူသတ်သမားအမှုနဲ့ဆင်တူနေတယ်ဆိုတာပါပဲဒါပေမဲ့ တရာခံက ဘယ်လိုမျိုးမထင်မှတ်ထားတဲ့လူ ဖြစ်နေမလဲအဲ့တရာခံနဲ့ စုံထောက်နဲ့ကရော အတိတ်မှာ ဘယ်လိုပါတ်သက်မှုတွေ ရှိနေမလဲဆိုတာကိုဇာတ်လမ်းလေးထဲ စီးမျောပြီး အဖြေရှာကြည့်ရအောင်ပါ File Size : (1 GB) & ( 377 MB)Quality : Web-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre : Crime , ...
movie
Out of Blue (2018)
2018
5.4
Life of the Party (2018)
Spy ဆိုတဲ့ ဟာာသကားကို ကြည့်ဖူးရင် ဒီဇာတ်ကားထဲက မင်းသမီး Melissa ကိုသိကြမှာပါ။ သရုပ်ဆောင်တဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ သူ့ရဲ့ဇာတ်ကားတစ်ကားကြည့်ရုံနဲ့သူ့ကိုမှတ်မိနေမှာပါ။ အခုဇာတ်ကားကလည်း ဟာသကားတစ်ကားဖြစ်ပြီးတော့ ဒီယာနာဆိုတဲ့ ကလေးအမေတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင်တော့ဒီယာနာတို့လင်မယားနှစ်ယောက်ဟာ ၂၆ နှစ်ကြာအိမ်ထောင်သက်တန်းရှိခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့သူက ရုတ်တရက်ကြီး သူ့ကိုကွာရှင်းဖို့ တောင်းဆိုလာပါတယ်။ မမျှော်လင့်ထားတာတွေ ရုတ်တရက်ဖြစ်လာပြီး ချက်ချင်းဆိုသလို တခုလတ်ဖြစ်သွားတဲ့ ဒီယာနာဟာ သူမရဲ့ မိဘအိမ်ကို ပြန်ရောက်သွားပါတော့တယ်။ အဲဒီအချိန် သူ့သမီးဖြစ်တဲ့ မယ်ဒီက တက္ကသိုလ်နောက်ဆုံးနှစ် ကောလိပ်ကျောင်းသူဖြစ်နေပါပြီ။ ဒီယာနာက ကျောင်းမပြီးခဲ့ပါဘူး။ သူတက္ကသိုလ်နောက်ဆုံးနှစ်မှာ သူ့သမီးလေးကို မွေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ငွေစုရမှာမို့လို့ ကျောင်းကနေထွက်ခဲ့တာပါ။ ဒါနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံးမှာ သူ့သမီးကပဲ သူ့အတွက်ဘဝတစ်ခု ဖြစ်နေခဲ့တာပေါ့။ သူ့သမီးလေးကို ပြုစုပျိုးထောင်ပေးရင်းနဲ့နောက်ဆုံးနှစ်ရောက်တော့မှ ယောက်ျားစွန့်ပစ်တာခံရပြီး မိဘအိမ်ကို ပြန်ရောက်သွားတာပေါ့။ အရင်က ယောက်ျားကိုပဲ ဦးစားပေးခဲ့တဲ့အတွက် ယောက်ျားကစွန့်ပစ်သွားတဲ့အချိန် သူ့ရဲ့ဘဝမှာ သူ့အတွက်ဘာဆိုဘာမှ မကျန်တော့တဲ့အထိ ...
movie
Life of the Party (2018)
2018
6.3
Irreplaceable You (2018)
ဒီကားလေးက ဒါရိုက်တာ Stephanie Laingရဲ့IMDB rating 6.3 ရထားတဲ့အမေရိကန် အချစ်ဟာသဒရမ်မာကားလေးပါဇာတ်လမ်းပုံစံကတော့ ငယ်ငယ်တည်းကအခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့တဲ့ဆမ်နဲ့ အက်ဘီတို့က စေ့စပ်ထားကြတဲ့သူတွေပေါ့ရှစ်နှစ်ကတည်းက ချစ်ခင်လာခဲ့တဲ့သူတို့နှစ်ယောက်ကံကြမ္မာကသေကွဲမကွဲခင်အထိပဲ အတူနေဖို့ပဲဖြစ်လာခဲ့တယ်ကံကြမ္မာက အက်ဘီ့မှာ သေနိုင်တဲ့ကင်ဆာရောဂါဖြစ်ဖို့အကြောင်းဖန်လာတဲ့အခါ အက်ဘီကသူ့ရဲ့မသေချာတော့တဲ့ ဘဝကိုရင်ဆိုင်ရင်း ဆမ့်ကိုပြုစုစောင့်ရှောက်ဖို့ အချစ်သစ်ကိုစရှာပေးပါလေရောနောက်ဆုံး အက်ဘီကဆမ့်ကို ဘယ်လိုတွေလုပ်ပေးပြီးနှုတ်ဆက်ထွက်ခွာသွားလဲ...အက်ဘီ့ရဲ့ဆန္ဒရော ပြည့်သွားခဲ့လားဆိုတာကို ဇာတ်ကားလေးကိုကြည့်ကြည့်နော် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေဖြူခင် ပါ) File Size : (750 MB) and (325 MB) Quality : WEB-Rip 720p Running Time : 1hr 36min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEBRip.DD5.1.x264-FGT Translated by May Phyu Khin Encoded by Thanhtike Zaw
movie
Irreplaceable You (2018)
2018
1
2
Next