Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack Yao
5.9
Love Fool ( 2023 )
ဘဝပေးအခြေအနေအရ ငယ်ငယ်ကတည်းက လူမိုက်တစ်ယောက်ဖြစ်လာပေမယ့် သမာရိုးကျဘဝကိုပဲ တပ်မက်တဲ့ထိုင်ဝမ်လူငယ်တစ်ယောက်ရဲ့ ဘဝဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အားချွမ်ဟာ ဆုန်းရန်ဆိုတဲ့လူမိုက်ခေါင်းဆောင်ဆီမှာ ငယ်ငယ်ကတည်းကခိုလှုံခဲ့ပြီးတော့ သူ့ရဲ့ညီအစ်ကိုရင်းလို့ချစ်ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်။ သူကလူမိုက်တစ်ယောက်ဖြစ်ပေမယ့် သာမန်လူတွေလိုပဲ အလုပ်လုပ်ပိုက်ဆံရှာပြီး အိမ်ထောင်ပြုကလေးမွေးပြီး သမာရိုးကျနေနိုင်ဖို့ အိပ်မက်ရှိခဲ့တယ်။တစ်ရက်မှာတော့ သူတို့အားကိုးရတဲ့အစ်ကိုကြီးဆုန်းရန်ဟာ တခြားလူမိုက်အဖွဲ့ကသတ်တာကိုခံလိုက်ရပြီးတော့ ညီအစ်ကိုတွေက သာမန်ဘဝနဲ့ပဲဇာတ်မြှုပ်နေခဲ့ကြတယ်။ သူတို့ဘဝကိုဒီလိုပဲ သမာရိုးကျနိုင်သွားပြီလို့ထင်ပေမယ့် သူတို့အစ်ကိုကြီးထားခဲ့တဲ့မြေကို ပြန်လည်တည်ဆောက်ရေးအတွက် အင်အားစုတစ်ခုက မျ က်စိကျနေတော့ အားလုံးဟာ မထင်မှတ်ထားတာတွေဖြစ်လာခဲ့တယ်။ကိုယ့်ရဲ့အရင်းနီးဆုံးသူက ရန်သူဖြစ်လာပြီး သစ္စာဖောက်လာတဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေအတွက်အန္တရာယ်ဖြစ်လာတဲ့အခါ အားချွမ်တို့ညီအစ်ကိုတွေဟာ အရင်လမ်းကိုပြန်လျှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ အစ်ကိုကြီးထားခဲ့တဲ့မြေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့နောက်ဆုံးတိုက်ပွဲဟာ ဘယ်လိုဖြစ်လာမလဲ ...... ဂိုဏ်းစတားဇာတ်လမ်းမျိုးတွေကိုကြိုက်တတ်တဲ့ပရိသတ်အတွက် အကြိုက်တွေ့စေမယ့် ထိုင်ဝမ်ကားကောင်းပဲဖြစ်ပါတယ်။ Filesize : 1.53 GB / 759 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Romance Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
Love Fool ( 2023 )
6.5
Mama Boy (2022)
Mama Boy (2022)ရှောင်ဟုံဆိုတဲ့ကောင်လေး (တကယ်တော့ကောင်ကြီး)က အသက်သာ ၃၀ ကျော်တယ်၊ ဆေးပေးမီးယူ ကူဖော်လောင်ဖက် တစ်ယောက်မှမရှိသေးတဲ့ ကောင်လေးတစ်ယောက်။ရုပ်ချောပေမဲ့ ဘာဆို ဘာမှမဘာဖူးတဲ့ ဒီကောင်လေးရဲ့ဘဝမှာ "မ" ဆိုလို့ အမေနဲ့ပဲရှိနေခဲ့တဲ့ မေမေ့အချစ်တော် မာမားဘွိုင်းလေးပေါ့။ဒီလိုမာမားဘွိုင်းလေးရဲ့ အသက် ၃၀ ပြည့်မွေးနေ့မှာ သူ့ဝမ်းကွဲအစ်ကိုရဲ့ မွေးနေ့လက်ဆောင်အမည်ခံ ညဉ့်ငှက်မယ်တွေနဲ့ပျော်ပါးဖို့ တွန်းတိုက်မှုကြောင့် ဟိုတယ်ကိုရောက်လာချိန်မှာတော့ ရှောင်ဟုံရဲ့ဘဝထဲကို အစ်မလဲ့လဲ့ဆိုတဲ့ ဟိုတယ်က တစ်ခုလပ် Single mother မမကြီး ရောက်ရှိလို့လာပါတော့တယ်။ဒီလိုမျိုး ရိုးသားတဲ့ဖိုးသခွား ရှောင်ဟုံတစ်ယောက် အစ်မလဲ့လဲ့ကို မေမေ့အထိန်းအချုပ်အောက်ကနေ ဘယ်လိုချဉ်းကပ်သွားမလဲ?"You Are the Apple of My Eye " ဇာတ်ကားထဲက အချစ်ဦးနဲ့ဝေးခဲ့သူ မင်းသားချောလေး Kai Ko တစ်ယောက် ရှောင်ဟုံဇာတ်ကောင်နဲ့ရော အချစ်ဦးနဲ့ နီးစပ်နိုင်ပါ့မလား?。。。IMDb 6.4 ရထားတဲ့ ဒီငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်ဝမ်အချစ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ...
movie
Mama Boy (2022)
2022
7.4
Dear Tenant (2020)
Dear Tenant (2020)===============IMDb Rating - 7.4/10အရင်နှစ်တွေက ထိုင်ဝမ်မှာ လိင်တူချင်းလက်ထပ်ဖို့ကို ခွင့်ပြုပေးခဲ့တာ အားလုံးသိပြီးသားဖြစ်မှာပါ။ အခုလည်း အံ့ဩစွာနဲ့ ထိုင်ဝမ်ရဲ့အကြီးကျယ်ဆုံးဆုပေးပွဲဖြစ်တဲ့ Golden Horse Awards မှာ BL ကားဖြစ်တဲ့ဒီကားလေးက ဇကာတင်ဆု ၅ ဆုအတွက် ဆု ၄ ခုရရှိခဲ့ပါတယ်။ဒီဇာတ်လမ်းကိုရေးသားသူကတော့ “လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်နဲ့မဆိုင်ဘဲ မိသားစုနှစ်ခုပေါင်းစပ်တာပါ။ ဒီကြားထဲ သားသမီးတွေပါလာရင် ပိုရှုပ်ကုန်မှာပေါ့။ ဒီလိုမျိုးရှုပ်ထွေးမှုကို လိင်တူနှစ်ယောက် လက်ထပ်တဲ့အခါ ဘယ်လိုကြုံတွေ့နိုင်မလဲဆိုတာ စိတ်ကူးရင်း ဇာတ်လမ်းရေးသားခဲ့တာပါ” လို့ဆိုခဲ့ပါတယ်။အချစ်ဆိုတာ ချစ်နေဖို့ပဲဖြစ်ပြီး အချစ်အတွက် တာဝန်ယူမှု၊ သစ္စာစောင့်သိမှုဆိုတာ လိင်မခွဲခြားဘဲ ချစ်သူတွေအားလုံး လိုက်နာရမယ့်စည်းဆိုတာကိုလည်း အသားပေးရိုက်ပြပေးထားပါတယ်။------------------ကျန့်ရီ ကတော့ လွန်ခဲ့တဲ့ငါးနှစ်က သူ့ရဲ့ချစ်သူကိုဆုံးရှုံးပြီးနောက် ချစ်သူရဲ့သားနဲ့အမေကို မိသားစုသဖွယ် စောင့်ရှောက်ပေးခဲ့တဲ့သူပါ။ ဒါက ပုံမှန်မိန်းကလေးဆိုရင်တော့ အရမ်းလိမ္မာတဲ့ချွေးမလို့သတ်မှတ်ပြီး ယောက်ျားလေးတစ်ယောက်က သိတတ်တဲ့အခါမှာတော့ ဘာများမျှော်လင့်စရာရှိလဲဆိုတဲ့ သံသယတွေဖြစ်ပေါ်စေပါတယ်။မကြာခင် ကျန့်ရီစောင့်ရှောက်နေတဲ့ ...
movie
Dear Tenant (2020)
2020