Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack O'Connell
8.0
Sinners (2025)
( အော်စကာပါရနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ကား )+ အချို့အခန်းတွေ screen နည်းနည်းကျဉ်းသွားလည်း မပူပါနဲ့ အပြည့်ပြန်လာပါတယ် Imax Scene အချို့ ပါနေလို့ပါ +IMDb 8, Rotten Tomatoes 97% တောင် ရရှိထားပြီး 35 နှစ်အတွင်း ပထမဦးဆုံး A အဆင့်ကို ပြန်လည်ရရှိခဲ့တဲ့ ဗန်ပိုင်းယားဟော်ရာ ဇာတ်ကား လာပါပြီ။ ရုံတင်တုန်းကလည်း ရီဗျူးကောင်းတွေ ရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး ဟော်ရာမူဗီအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ကြည့်ရှုသူတွေကလည်း ဒီဇာတ်လမ်းဟာ ဗန်ပိုင်းယားတွေကို realistic အဆန်ဆုံး ရိုက်ပြနိုင်တဲ့ကားဖြစ်ကြောင်းချီးကျူးထားပါသေးတယ်။ Cast တွေကလည်း Michael B Jordan, Hailee Steinfeld တို့လို နာမည်ကြီးတွေနဲ့ ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း ++++++++++++စမုတ်ခ်နဲ့ စတက်ခ်ဆိုတဲ့ အမြွှာညီအစ်ကိုဟာ ချီကာဂိုကနေ ဇာတိဖြစ်တဲ့ မစ္စစ္စပီကို ပြန်လာပြီး သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဂျုကလပ် ဖွင့်ဖို့ စတင်ကြိုးစားပါတယ်။ ဒါပေမဲ့ ...
movie
Sinners (2025)
4K HEVC
5.2
Jungle 2 Jungle
Jungle 2 Jungle (1997) IMDb - 5.2ဟာသမင်းသားကြီး Tim Allen ရဲ့ 1997 ထွက်ဟာသကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ် ခရုန်ဝဲလ် (Tim Allen) ဟာအောင်မြင်တဲ့ trader တယောက်ဖြစ်ပြီး ရည်းစားဖြစ်သူချားလော့နဲ့ လက်ထပ်ဖို့ပြင်ဆင်နေသူပါ။ ဒါပေမဲ့ ပထမဇနီးဖြစ်သူပက်ထရစ်ရှာနဲ့ အရင်ကွာရှင်းဖို့လိုသေးတာကြောင့် ပက်ထရစ်ရှာရှိတဲ့ဗင်နီဇွဲလားနိုင်ငံက လီပို လီပိုကျွန်းအထိလိုက်သွားခဲ့ပါတယ်။ပက်ထရစ်ရှာဆီကို ကွာရှင်းဖို့သွားခဲ့တာဆိုပေမဲ့ ပက်ထရစ်ရှာဆီမှာသူနဲ့ရတဲ့ သားလေးတစ်ယောက်ရှိနေသလို ဒေသခံမျိုးနွယ်စုရဲ့ ဓလေ့အတိုင်းနေထိုင်တဲ့ ကလေးတယောက်ဖြစ်နေခဲ့ပါတယ်။မိုက်ကယ်လည်း သားဖြစ်သူနဲ့စကားစမြည်ပြောရင်းမတော်တဆ နယူးယော့ခ်က လေဘာတီရုပ်တုဆီလိုက်ပို့ပေးမယ်လို့ကတိပေးမိသွားခဲ့ပါတယ်။ ဒါကြောင့် အဖေတယောက်ရဲ့ ကတိအတိုင်းလေဘာဆီရုပ်ဆီခေါ်သွားပေးဖို့သားဖြစ်သူ နယူးယော့ခ်ကိုခေါ်လာပြီးနောက်မှာတော့တောတွင်းသားနဲ့ သူ့အဖေတို့ရဲ့ နယူးယော့ခ် မြို့ပြမျက်မည်းပေါ်ကအလွဲလွဲအချော်ချော်ဖြစ်ကြပုံတွေကို ရယ်ရယ်မောမောကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size… 2.4 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 46m Genre ..... Comedy/Family Subtitle…. Myanmar ...
movie
Jungle 2 Jungle
6.2
Tulip Fever (2017)
Tulip Fever (2017)IMDb Rating (6.2) ၁၇ ရာစုတုန်းက အမ်စတာဒမ်မြို့ဟာ ပန်းတစ်မျိုးကို အရူးအမူးဖြစ်ခဲ့ဖူးပါတယ် - ကျူးလစ်ပန်းပါ။ ဒီပန်းလေးတွေဟာ အရှေ့ဘက်အဝေးကြီးကနေ ရောက်လာပြီး အလွန်ရှားပါးလှပတာကြောင့် လူတွေဟာ ဒီပန်းပိုင်ဆိုင်ဖို့ မှော်ဆန်တဲ့အလိုဆန္ဒတွေနဲ့ ရူးသွပ်ခဲ့ကြပါတယ်။ ချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ကျူးလစ်မျိုးဥတွေကို ဝယ်ယူဖို့ ပိုက်ဆံတွေသုံး၊ ချေးငွေတွေယူပြီး ရင်းနှီးခဲ့ကြတယ်။ ကျူးလစ်ပန်းမျိုးဥတွေရဲ့ ဈေးဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့တဲ့အခါသမယပေါ့... ဒီရုပ်ရှင်ဟာ သမိုင်းမှာ "ကျူးလစ်ပန်း ရူးသွပ်မှု" (Tulip Mania) အဖြစ် ကျော်ကြားခဲ့တဲ့ ၁၇ရာစု နယ်သာလန်က ဖြစ်ရပ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... ဆိုဖီယာဆိုတဲ့ မိဘမဲ့ကောင်မလေးတယောက်ဟာ ကုန်သည်ကြီးတယောက်ဖြစ်တဲ့ ကောနယ်လစ်ဆန့်ဗို့ဆီကို မယားငယ်အဖြစ်နဲ့ရောက်သွားခဲ့ပါတယ်... တစ်နေ့တော့ ကောနယ်လစ်ဟာ သူနဲ့သူ့မိန်းမရဲ့ပုံတူပန်းချီဆွဲဖို့ ပန်းချီဆရာလေး ဂျန်ဗန်လော့စ်ကိုငှါးခဲ့ရာက ပန်းချီဆရာလေးနဲ့ သူ့မယားငယ်ဆိုဖီယာတို့ဟာ နောက်ကွယ်မှာ တိတ်တိတ်ပုန်းချစ်ကြိုက်သွားပါတော့တယ်။ ကောနယ်လစ်ရဲ့အိမ်ဖော် မာရီယာကတော့ ဈေးသည်ဝီလ်လျံနဲ့ချစ်ကြိုက်နေသူဖြစ်ပါတယ်... အဲ့ဒီအချိန်ကာလမှာ နယ်သာလန်တနိုင်ငံလုံး ပိုက်ဆံအချီကြီးမြတ်တဲ့ကျူးလစ်ဖူးတွေကို လေလံတင်ပြီးရောင်းတာ ခေတ်စားနေချိန်ဖြစ်တော့ ဝီလ်လျံဟာလဲ ...
movie
Tulip Fever (2017)
2017
7.2
’71 (2014)
'71 (2014) **************IMDb....7.2,,,Rotten....95 (ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့....) ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေ မဟုတ်တဲ့အပြင်တခြားသူဒုက္ခရောက်နေမှ ပျော်နေတဲ့သူတွေမဟုတ်ကြဘူး... သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်......တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက်ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်... သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်းဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်...ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင် ထိုးကြသေးတယ်..သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014)အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်း ပုံစံပေးချက်က မညှာတာ....သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်...'71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာသင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်...တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက်အသတ်ခံလိုက်ရတယ်....တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာသူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ...ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်... File Size : 2.05 GB and 825 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:39:00 Genre : ...
movie
’71 (2014)
Back to Black (2024)
Amy Winehouse ကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ် မသိရင်တောင် သူ့သီချင်းတွေတော့ တစ်နေရာရာမှာကြားဖူးနေပါလိမ့်မယ် 2008 မှာ Grammy 5 ဆုဆွတ်ခူးနိုင်ခဲ့ပြီး 2006-2008 ဝန်းကျင်မှာ US ထိထိုးဖောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ဘဲ 2011 Amy အသက် 27 မှာတော့ alcohol အဆိပ်သင့်ပြီး နေအိမ်မှာပဲသေဆုံးခဲ့ပါတယ် ဇာတ်ကား နာမည် Back To Black ဆိုတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲထားချိန် ထွက်ရှိခဲ့တဲ့သီချင်း အမည်ဖြစ်ပြီး သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေဆီ ရောက်ရှိခဲ့တဲ့အကြောင်းပါ၊ဒီဇာတ်ကားက 2024 မှာထွက်ရှိထားပြီး သူ့ရဲ့ biography ကို Musical/Biography အနေနဲ့ ပြန်ရိုက်ထားတာပါ ဒီဇာတ်ကားမှာ Amy ရဲ့ စတင်အောင်မြင်လာတဲ့အချိန် ဖြတ်ကျော်ရတဲ့အခက်အခဲတွေ မူးယစ်ဆေးနဲ့ alcohol စွဲသွားတာတွေ Relationship ပြဿနာတွေအကြောင်း သေချာမီးမောင်းထိုးပြထားပါတယ် Marisa Abela က ...
movie
Back to Black (2024)
6.8
Ferrari (2023)
Ferrari (2023) ============= IMDb Rating - 6.8/10ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို ...
movie
Ferrari (2023)
2023
4K HEVC
5.5
Weekender (2011)
Weekender (2011)2011 ကထွက်ရှိခဲ့တဲ့ Weekender ဇာတ်ကားလေးကတော့ ၉၀ပြည့်နှစ်အစောပိုင်းကာလ ကို အခြေတည်ပြီးတော့ Rave တွေ ဘယ်လိုစဖြစ်တည်လာတာကို တစေ့တစောင့် ပြထားပါတယ်။ပါတီနွှဲရတာ၀ါသနာပါကြပြီး ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကြိုက်တဲ့ မက်နဲ့ ဒီလန် တို့ သူငယ်ချင်း နှစ်ယောက်ဟာ လူမနေတော့တဲ့ ဂိုဒေါင်ဟောင်းတွေမှာ အခကြေးပေးရတဲ့ ပါတီ ပဲွတွေ စထောင်ရာကနေ ငွေရပေါက်လမ်းကို တွေ့လာပါတယ်။ ငွေမရှိတုန်းက ပျော်ပျော်နေတတ်ကြတဲ့ သူတို့နှစ်ယောက်နဲ့ တခြားသူငယ်ချင်းတွေဟာ အဆမတန် မြင့်တက်လာတဲ့ ပါတီလာသူတွေနဲ့ မူးယစ်ဆေးသုံးစဲွသူတွေအကြား ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရောက်လာမလဲ ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။UK မှာ ၂၀၁၁ ကထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ drama အမျိုးအစားဖြစ်ပြီး လူငယ်ဆန်တဲ့ စကားပြောတွေ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။အညွှန်း န့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p File size… ...
movie
Weekender (2011)
6.3
Knight and Day (2010)
Tom Cruise နဲ့ Cameron Diaz တို့ပါဝင်ထားတဲ့ဇာတ်ကားလေးပါ...နှစ်ယောက်လုံးက ဝါရင့်တွေပီပီ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှုသူအပေါင်းကို စိတ်ပါဝင်စားအောင် ဆွဲခေါ်သွားနိုင်ပါတယ်... ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် Action ကားကိုကြည့်မယ်ဆိုရင် အလိုက်ဖက်ဆုံးဇာတ်ကားပါ... Comedy Action ဆိုပေမယ့် IMdb Rating (6.3) ထိ ရရှိထားတာမလို့ ဘယ်လောက်ထိ ကြည့်ပျော်မယ်ဆိုတာ ခံစားကြပါဦး။ File size…(3.2 GB)/ (1.2 GB) Quality….BluRay Extended 1080p HEVC /720p Format…mkv/mp4 Duration….01:57:07 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Mugiwara Ya
movie
Knight and Day (2010)
Extended
Doubt (2008)
John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ...
movie
Doubt (2008)
7.2
Harry Brown(2009)
Harry Brown (2009)================တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin
movie
Harry Brown(2009)
7.3
Starred Up(2013)
Starred Up(2013)==============ဒီကားလေးကတော့ british director David Mackenzie ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ လူကြီးထောင်ကို ပြောင်းလာတဲ့ Eric Loveလို့ခေါ်တဲ့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အကြောင်းပါ။ဖြစ်ချင်တော့ အဲ့ဒီထောင်မှာပဲ သူ့အဖေဖြစ်သူ Neville ဟာလည်းအကျဉ်းသားအဖြစ် ရှိနှင့်နေပြီးသား ဖြစ်နေပါတယ်။ ဒေါသကြီးပြီးစိတ်ဆတ်တတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ယောကျ်ားတွေကြားမှာ ရှင်သန်ဖို့ ဘယ်လို ရုန်းကန်ရမယ်၊အဖေဖြစ်သူမှာလည်း သူ့သားဒီထောင်ထဲမှာ အခြေကျနိုင်ဖို့အတွက်ဘယ်လိုကြိုးစားပြီး ကူညီပေးမယ် ဆိုတာတွေကို အမုန်းတရားတွေ၊ဒေါသတွေကြားက သားအဖနှစ်ယောက်ရဲ့ မေတ္တာတရားကိုပါ မြင်တွေ့ရမှာပါ။Eric Love အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဖြစ်သူJack O’Connell ရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေ၊ခပ်ကြမ်းကြမ်း action တွေနဲ့ စကားအသုံးအနှုန်းတွေအပြင်အုတ်နံရံ၊ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ ဘ၀တွေကိုစိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 46m Genre ..... Crime , ...
movie
Starred Up(2013)
The Yards (2000)
Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( ...
movie
The Yards (2000)
6.7
Eden Lake (2008)
Eden Lake (2008)~ IMDb - 6.7/10, Rotten Tomatoes - 80% ~ခရမ်းချဉ်သီး အလုံးရှစ်ဆယ်ရထားတဲ့ Horror ကားဆိုတော့ တော်တော်ကောင်းတဲ့ကားလို့ပြောရပါမယ်။ ကြည့်ပြီးတဲ့သူအနေနဲ့ ညွှန်းရရင်လည်း တော်တော်ကြည့်ကောင်းတာပါပဲ။ သရုပ်ဆောင်တွေကလည်း ရဲလိုးစတုန်းက အဓိကမင်းသမီး၊ ရှားလော့ဟုမ်းထဲက မေရီမော်စတန် Kelly Reilly, သူက ဒန်ဇယ်နဲ့ ဖလိုက်ခ်လည်းရိုက်ဖူးတယ်။ နောက် Michael Fassbender သူတော့ ပြောစရာမလိုလောက်ဘူး။ နောက် သိပ်မကြာသေးခင်ကပဲ SAS: Rogue Heroes မှာ Paddy အဖြစ် ပြန်ကမ်းဘက်ခဲ့တဲ့ ဂျက် အိုကော်နယ်။ သရုပ်ဆောင်တွေကတော့ အလန်းပါပဲ။ဇာတ်လမ်းတော့ လက်ထပ်ဖို့ကြံနေတဲ့အတွဲရှိတယ်ဗျာ။ ကျောက်ကျင်းတစ်ခုကို ကောင်လေးက ခေါ်သွားတယ်။ ရေကန်လိုဖြစ်နေတာပေါ့။ ဘီကီနီနဲ့စကီက ရေထဲစိမ်လိုက် တက်လိုက် နေတာပေါ့။ ၁၂နှစ်သားကလေးတွေက မလှမ်းမကမ်းမှာ နှောင့်ယှက် ချောင်းကြည့် အကုန်လုပ်ပေါ့။ ...
movie
Eden Lake (2008)
2008
7.0
Bringing Out the Dead(1999)
Bringing Out the Dead(1999)***************************IMDb...7.0,,,Rotten Tomatoes 73% Psychology ဆိုတာလူတိုင်းနဲ့ဆက်စပ်နေပါတယ် လူတယောက်ရဲ့ ဝန်းကျင်အသိုင်းဝိုင်းနေထိုင်မှု အလုပ် သူ့ရဲ့ background စတာတွေအပေါ်မှာ လိုက်ပြီးinfluence ဖြစ်တတ်ပါတယ်...ဖရန့်ပီရာစ့်ဆိုတဲ့ ဆေးဖက်အကူလုပ်သားတယောက်မှာအလုပ်ကပေးတဲ့ post traumatic disorder တွေ ခံစားနေရပါတယ်....ဆေးဖက်အကူဆိုတဲ့အတိုင်းပဲ သေသူတွေနဲ့ ခဏခဏထိတွေ့နေရတဲ့ အတွက်ဖရန့်တယောက်အိပ်မပျော်တာတွေ ကြောက်တာတွေထင်ယောင်ထင်မှားဖြစ်တာတွေ ဝိညာဥ်တွေကို မြင်တစ်ချက် မမြင်တစ်ချက်ဖြစ်တာနဲ့တစ်ချိန်လုံး အကြပ်ရိုက်နေပါတယ်...ဒီကားဟာ American psycho နဲ့ ခပ်ဆင်ဆင်ကားလို့တောင်ပြောရမယ် ...ရုပ်ရှင်ထဲက cast တွေဘာလုပ်လို့လုပ်နေမှန်း တစ်ခါတစ်ခါသူတို့ပြောတဲ့ပြောစကားတွေကဘာတွေပြောနေမှန်းကြည့်ရင်းနဲ့တင် ရူးကြောင်ကြောင်နိုင်ပါတယ်....ဒါပေမယ့် American psycho လိုတော့ ပြန်မဖြည်ချပဲ ဒီတိုင်းလေး လူကိုတောက်လျှောက်မွန်းကြပ်အောင် လုပ်ပြသွားတယ်..တစ်ချို့နေရာတွေမှာလည်း အဓိပ္ပါယ်၂ခွ ထွက်တဲ့ scene တွေ color tone တွေကိုလည်းကစားထားတာတွေ့တယ်..အဲ့တော့ ပြောရရင် ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပဲ ...ကိုယ့်စိတ်ထဲက deep down တစ်နေရာက ခံစားမှုကိုအခြေပြုပြီး ရတဲ့ ...
movie
Bringing Out the Dead(1999)
6.9
[18+] Lady Chatterley’s Lover (2022)
Lady Chatterley's Lover (2022)(18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ)1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ...
movie
[18+] Lady Chatterley’s Lover (2022)
2022
6.9
Little Fish (2020)
Little Fish (2020)~ IMDb - 6.9/10, Rotten Tomatoes - 91% ~House of the Dragon ထဲမှာ Alicent Hightower အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမအိုလီဗီယာလေးက တိကုဆရာဝန်မလေးနေရာက ပါဝင်ထားပြီး ဒရာမာ၊ အချစ်၊ သိပ္ပံ အမျိုးအစားစုံတာမို့ အရသာစုံတဲ့ ထမင်းဝိုင်းလိုကားလေးပါ။ ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့လည်း Timeline ကစားထားတာတွေကို လေ့လာလို့ရမယ့်ကားလေးပေါ့။အမှတ်တရဆိုတာက လူသားတွေရဲ့ဇာတ်လမ်းကို ပြန်ပြောင်း ပြောပြဖို့အတွက် အရေးကြီးတဲ့ အထူးအခိုက်အတန့်လေးတွေပါတဲ့…။ အကယ်၍များ ဒီလို အမှတ်တရတွေ သိုမှီးထားတဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်ရော…NIA လို့ခေါ်တဲ့ မှတ်ဉာဏ်တွေကို ပျောက်ကွယ်သွားစေတဲ့ ရောဂါတစ်မျိုးဟာ ကမ္ဘာမှာ ပျံ့နှံ့လို့နေပါတယ်။ ကုရာနတ္ထိ ဆေးမရှိသေးတဲ့အပြင် မှတ်ဉာဏ်ပျောက်ဆုံးသွားသူတွေရဲ့ သံသယက သူတို့ကို ချစ်ခင်သူတွေကို စည်းတားသလိုဖြစ်သွားတာတွေ ဒုနဲ့ဒေးပါ။ ဒီလိုအခြေအနေ အရပ်ရပ်တွေကို ဓါတ်ပုံဆရာလေးနဲ့ တိကုဆရာဝန်မလေးတို့ ...
movie
Little Fish (2020)
2020
6.8
Men in Black 3 (2012)
ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်...အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်...တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
movie
Men in Black 3 (2012)
2012
4K HEVC
8.3
Requiem for a Dream (2000)
Requiem for a Dream (2000)IMDb - 8.3/10, RT - 79%တစ်ချို့က Requiem For A Dream ကို ကြည့်ရအခက်ဆုံးရုပ်ရှင်တစ်ကားလို့ ဆိုကြတယ်။ တခြားတော့မဟုတ်ပါဘူး။ စိတ်ညစ်စရာတော်တော်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်ပါပဲ။ နာမည်ကျော်ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကတော့ ဒီလိုပြောထားတယ်။" Requiem for a Dream ဟာ အတော်လေးလက်တွေ့ကျတဲ့ စိတ်ဓာတ်ကျစရာအတော်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ Requiem for a Dream နဲ့ ပတ်သက်ပြီး စွဲမက်စရာကောင်းတဲ့အချက်က... ဒါရိုက်တာက ဆေးစွဲနေတဲ့ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားတဲ့အချက်ပါပဲ။ ဆေးသုံးနေတဲ့အချိန်မှာ... ဆေးဟာ ဘာမဆိုဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုထဲကို ပြတင်းတံခါးခဏဖွင့်ပြပေးပြီး... အဲဒီတံခါးပိတ်ကျသွားတဲ့အခါမှာ... ဘဝက အဲဒီပြတင်းတံခါးကိုပြန်ဖွင့်ဖို့ ငွေနဲ့ဆေးကိုရှာဖို့ ကြံမိကြံရာရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တယ်" တဲ့။ဒီရုပ်ရှင်ဟာ ဆေးစွဲနေတဲ့သူရဲ့ စိတ္တဗေဒကို အစစ်အမှန်ပြသထားတဲ့ ...
movie
Requiem for a Dream (2000)
2000
7.2
Unbroken (2014)
မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းထားပြီး Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။ တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။ IMDb Rating(7.2/10) ...
movie
Unbroken (2014)
HEVC 1080p 5.1
6.3
Jungleland 2020
လက်ေ၀ှ့ထိုးတဲ့နေရာမှာထူးချွန်တဲ့ ညီဖြစ်သူလိုင်းယန်း..ညီဖြစ်သူကထူးချွန်သလောက် အကြွေးပတ်လည်၀ိုင်းနေပြီးအမြဲဒုက္ခရှာတတ်တဲ့ အကိုဖြစ်သူ စတန်..လက်ေ၀ှ့ကျော်ဖြစ်လာခဲ့ရင် ဘ၀သစ်စမယ်လို့ကြွေးကျော်နေတတ်တဲ့ ညီအကိုပေါ့။တစ်နေ့တော့ လက်ေ၀ှ့ပွဲတစ်ပွဲရှုံးနိမ့်သွားလို့ အကြွေးရှင်တွေရဲ့စိတ်တိုင်းကျ Junglelandဆိုတဲ့ ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့ပွဲမှာ သွားထိုးသတ်ဖို့ညီအကိုနှစ်ယောက်ပြင်ရပါတော့တယ်။အဲဒီခရီးစဥ်တလျောက် စကိုင်းဆိုတဲ့ကောင်မလေးကိုပါ ကြွေးရှင်တွေက ရီနိုကိုပို့ပေးဖို့တာ၀န်ပေးပါတော့တယ်။လိုင်းယန်းရယ် စကိုင်းရယ် စတန်ရယ်...သူတို့သုံးယောက်အတူတူသွားရင်းနဲ့ဘာတွေကြုံတွေ့ရမှာလဲ?အတူတူသွားရင်းနဲ့ စကိုင်းအကြောင်းကိုပါသိလိုက်ရချိန်မှာ သူတို့ညီအကိုနှစ်ယောက်ဘာဆက်လုပ်မလဲ?ညီအကိုနှစ်ယောက်ကရော အဆုံးထိမပြောင်းလဲဘဲ ချစ်ခင်သွားမှာလားဆိုတာ အဆုံးထိစိတ်၀င်တစားကြည့်ရှု ရမှာပါ။ရိုးရိုးရှင်းရှင်းလေးပဲပြသွားတဲ့ဒီကားလေးကစိတ်ထဲမှာစွဲနစ်ခံစားမိစေမှာပါ။ကြည့်ရှုခံစားနိုင်ဖို့CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ဒရာမာကားကောင်းကောင်းလေးတွေမျှော်လင့်နေသူတွေအဖို့တော့ ကွက်တိပါပဲလို့ညွှန်းလိုက်ပါရစေ။ဇာတ်ကားလေးနာမည်က Jungleland(2019)ပါ။ File size… 1 Gb / 500 Mb Quality… webrip 720p Format…mp4 Duration….01:30:00 Genre … Action, Comedy Subtitle….Myanmar Subtitle (Hardsub) Translated by Aye Mon Kyaw
movie
Jungleland 2020
1
2
Next