Channel Myanmar

Jack McGee

The Prophecy 3: The Ascent (2000) 5.4
The Prophecy 3: The Ascent (2000)  The Prophecy 3: The Ascent (2000)IMDb Rating (5.4) / Rotten Tomatoes (20%) နတ်တမန်စစ်ကို အဆုံးသတ်ပေးမယ်လို့ ဗျာဒိတ်ပေးခံထားရတဲ့ နတ်သွေးနှောလူသား ဒန်နေယယ်တစ်ယောက် မထင်မှတ်ဘဲ လုပ်ကြံခံလိုက်ရပြီးနောက် အလောင်းတိုက်ထဲ ပြန်နိုးထလာချိန်ကျမှပဲ ကောင်းကင်ဘုံစစ်ပွဲမှာ ဘယ်လောက်အရေးပါတဲ့ အခန်းကဏ္ဍကနေ သူ ပါဝင်နေတယ်ဆိုတာကို အသိဝင်လာခဲ့တယ်။ဒီဇာတ်ထဲမှာ နတ်သတ်ခြွေခံရပြီး လူ့ဘဝရောက်နေတဲ့ မရဏနတ်မင်းဟောင်း ဂေဘရီယယ်ရော.. ၊ ဒန်နေယယ်ရဲ့ချစ်သူ မက်ဂီနဲ့အတူ ဒန်နေယယ့်နောက် တရကြမ်းလိုက်လာတဲ့ နတ်တမန်-ဇိုဖေယယ်တို့ကပါ ပါဝင်လာတဲ့နောက်မှာ ဘုရားကိုဖြုတ်ချပြီး စကြဝဠာကိုအုပ်စိုးဖို့ ကြံနေတဲ့ ပေရီယယ်ဆိုတဲ့ နတ်တမန်ကို တားဆီးရမယ့် ဒန်နေယယ်ရဲ့ အစတည်းက ခက်ထန်တဲ့ခရီးမှာ ပိုကြမ်းတမ်းဖို့ ဖြစ်လာတော့တယ်။မင်းသားကြီး Christopher Walken ကို ဂေဘရီယယ်အဖြစ် နောက်ဆုံးမြင်ရမယ့် Prophecy: The Ascent ကတော့ ဇာတ်လမ်းပိုင်းမှာ Prophecy II ...
movie

The Prophecy 3: The Ascent (2000)

2000
Jungle 2 Jungle 5.2
Jungle 2 Jungle Jungle 2 Jungle (1997) IMDb - 5.2ဟာသမင်းသားကြီး Tim Allen ရဲ့ 1997 ထွက်ဟာသကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ် ခရုန်ဝဲလ် (Tim Allen) ဟာအောင်မြင်တဲ့ trader တယောက်ဖြစ်ပြီး ရည်းစားဖြစ်သူချားလော့နဲ့ လက်ထပ်ဖို့ပြင်ဆင်နေသူပါ။ ဒါပေမဲ့ ပထမဇနီးဖြစ်သူပက်ထရစ်ရှာနဲ့ အရင်ကွာရှင်းဖို့လိုသေးတာကြောင့် ပက်ထရစ်ရှာရှိတဲ့ဗင်နီဇွဲလားနိုင်ငံက လီပို လီပိုကျွန်းအထိလိုက်သွားခဲ့ပါတယ်။ပက်ထရစ်ရှာဆီကို ကွာရှင်းဖို့သွားခဲ့တာဆိုပေမဲ့ ပက်ထရစ်ရှာဆီမှာသူနဲ့ရတဲ့ သားလေးတစ်ယောက်ရှိနေသလို ဒေသခံမျိုးနွယ်စုရဲ့ ဓလေ့အတိုင်းနေထိုင်တဲ့ ကလေးတယောက်ဖြစ်နေခဲ့ပါတယ်။မိုက်ကယ်လည်း သားဖြစ်သူနဲ့စကားစမြည်ပြောရင်းမတော်တဆ နယူးယော့ခ်က လေဘာတီရုပ်တုဆီလိုက်ပို့ပေးမယ်လို့ကတိပေးမိသွားခဲ့ပါတယ်။ ဒါကြောင့် အဖေတယောက်ရဲ့ ကတိအတိုင်းလေဘာဆီရုပ်ဆီခေါ်သွားပေးဖို့သားဖြစ်သူ နယူးယော့ခ်ကိုခေါ်လာပြီးနောက်မှာတော့တောတွင်းသားနဲ့ သူ့အဖေတို့ရဲ့ နယူးယော့ခ် မြို့ပြမျက်မည်းပေါ်ကအလွဲလွဲအချော်ချော်ဖြစ်ကြပုံတွေကို ရယ်ရယ်မောမောကြည့်ရှုကြရမှာဖြစ်ပါတယ်။  File size…    2.4 GB /  1.2 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 46m Genre ..... Comedy/Family Subtitle…. Myanmar ...
movie

Jungle 2 Jungle

TRON: Legacy 6.8
TRON: Legacy Tron : Legacy (2010)ကတော့၂၀၁၀ ထွက် သိပ္ပံစိတ်ကူးယဉ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။မကြာခင်မှာလည်း Tron : Ares ထွက်ရှိတော့မှာဖြစ်သောကြောင့်ပြန်နွေးလို့ရအောင် Quality Update ပေးလိုက်ရပါတယ်။ဇာတ်ညွှန်း Kevin Flynn ဟာ နည်းပညာအတော်လေးတော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူဟာ Digital World တစ်ခုကို ဒီဆောက်နိုင်တဲ့Coding ဆရာကြီးဆိုလည်းမမှားပါဘူး။ သူ့မှာ သားလေးတစ်ယောက်ရှိပါတယ်။နာမည်က Sam Flynn။ Kevin က Sam ကိုပြောနေကြတစ်ခုရှိတယ်။အဲဒါက သူ Digital World မှာ Tron လို့ခေါ်တဲ့ Digital လူသားတစ်ယောက်ကိုဖန်တီးထားတယ်။ သူနဲ့လည်းအရမ်းကိုခင်တဲ့အကြောင်း တွေပြောပြခဲ့ပါတယ်။ ကလေးပဲရှိသေးတဲ့ Sam အဖို့ဒါဟာတကယ်ကိုကြီးမားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပါတယ်။တစ်ရက်မှာတော့ Kevin ဟာ ပျောက်ချင်းမလှပျောက်သွားပြီးSam တစ်ယောက်တည်း လူ့လောကမှာကျန်ခဲ့ပါတယ်။ Sam အရွယ်ရောက်လာတဲ့အခါမှာ သူ့အဖေပြောပြခဲ့တဲ့Tron ဇာတ်လမ်းဟာ တကယ်မဖြစ်နိုင်မှန်း နားလည်ခဲ့ပါတယ်။ဒါပေမဲ့ တကယ်ဖြစ်နိုင်ခဲ့ရင်ရော....ဆက်လက်ခံစားလိုက်ကြပါခင်ဗျာ။ File SIze : 8.3 GB / 3.8 GB / 1.2 ...
movie

TRON: Legacy

2010
4K HEVC
A Simple Wish (1997) 5.3
A Simple Wish (1997) A Simple Wish (1997)Fairy Godmother ဆိုတဲ့ နတ်သမီးအသွင်နဲ့ အဘွားအိုတွေကိုငယ်ဘဝက ကြည့်ရှုဖူးတဲ့ကာတွန်းဇာတ်လမ်းတွေမှာ မကြာခဏမြင်ရဖူးပါတယ်။စိတ်နှလုံးသားဖြူစင်သူတွေရဲ့ဆုတောင်းတစ်ခုကို ဖြည့်ဆည်းပေးတတ်ကြတဲ့Motherly Figure ဇာတ်ကောင်တွေလည်း ဖြစ်ကြပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ နတ်သူငယ်ခေါင်းကိုင်အမေ၊ ဆန်တာဘိုးဘိုး၊ သွားနတ်သမီးစတာတွေကို အကြွင်းမဲ့ယုံကြည်ထားသူကလေးမလေးတစ်ယောက်ရဲ့ဖြူစင်တဲ့ဆုတောင်းလေးတစ်ခုအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ဘရော့ဒ်ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေမယ့် ပြဇာတ်အတွက် ဇာတ်ကောင်နေရာကိုလိုချင်နေတဲ့ အန်နာဘယ် နဲ့ ချာလီတို့ရဲ့ဖခင်ဖြစ်သူ အိုလီဗာဟာလူရွေးပွဲမှာတော့ ကံမကောင်းခဲ့ဘဲ နာမည်ရပြီးသားသရုပ်ဆောင်တစ်ယောက်ရဲ့နောက်ကနံပါတ် (၂) နေရာသာ ချိတ်သွားခဲ့ပါတယ်။သာမန်မြင်းလှည်းမောင်းသမားတစ်ယောက်ဖြစ်ပေမယ့်အသံဩဇာ ပါရမီပါသူ ဖခင်အတွက်သူလိုချင်တဲ့ ပြဇာတ်သရုပ်ဆောင်ဘ၀ရရှိအောင်ဖြည့်ဆည်းပေးချင်နေတဲ့ အန်နာဘယ်ဟာFairy Godmother တစ်ယောက်ဖြစ်နေပေမယ့်ယောကျ်ားဘဝကို ပိုင်ဆိုင်ထားသူဖြစ်တဲ့မာရေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အရွယ်ရောက်ခါစဖြစ်တဲ့ အစ်ကိုဖြစ်သူ ချာလီ နဲ့နတ်သမီးပုံပြင်တွေအကြောင်းကို ငြင်းခုန်ပြီး အိပ်ရာဝင်သွားတဲ့ညမှာပဲမောင်နှမနှစ်ယောက်ရဲ့ အိပ်ခန်းထဲကိုFairy Godmother တစ်ယောက်ဖြစ်တဲ့မာရေး ရောက်ရှိလာခဲ့ပါတယ်။ဆုတောင်းတစ်ခုကို ဖြည့်စွမ်းပေးမယ့် သူဖြစ်ကြောင်း သိသိချင်းမှာပဲ ဖခင်ဖြစ်သူ လိုချင်နေတဲ့ဇာတ်ကောင်နေရာအတွက် ဆုကို တောင်းပေးခဲ့ပါတယ်။မာရေးကလည်း ဆုတောင်းဖြည့်ပေးတော့မယ့်ဆဲဆဲမှာFairy Godmother များ နှစ်စဉ်တွေ့ဆုံပွဲကျင်းပရာကိုအလျင်စလို ...
movie

A Simple Wish (1997)

Moneyball (2011) 7.6
Moneyball (2011) Moneyball (2011)************************IMDb..... 7.6/ Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ် သူရတဲ့လစာဟာ တခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း  ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမဲ့ သူဟာ အသင်းကို အကောင်းဆုံးတည်ဆောက်ဖို့ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီး လမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့် အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့ အခက်အခဲတွေ အားကစားသမားတွေရဲ့ ခံယူချက်တွေကို တွေ့ရမှာဖြစ်သလိုအားကစားလောကရဲ့  အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်း အတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin ...
movie

Moneyball (2011)

Three Fugitives (1989) 6.2
Three Fugitives (1989)  Three Fugitives (1989)IMDb Rating (6.2) / Rotten Tomatoes (14%) ဘဏ်ဓါးပြတိုက်မှု ၁၄ ခု လုပ်ခဲ့တဲ့ ဓါးပြတိုက်ကျွမ်းကျင်သူ လူးကတ်တစ်ယောက် ထောင်ထဲမှာ ၅ နှစ်နေပြီး လွတ်လာတဲ့ အခါ ဘဝကို အသစ်ပြန်စဖို့ခွန်အားတွေ အပြည့် ဖြစ်နေခဲ့ပါတယ် .....စိတ်သစ်လူသစ် နဲ့ ဘဏ်ကို သွားပြီး အကောင့် အသစ် ဖွင့်တဲ့အခါ ဘဏ်ဓါးပြတိုက်တာနဲ့ လူးကတ် ကြုံတွေ့ခဲ့ရတဲ့အခါမှာတော့ ...........အတေွ့အကြုံမရှိတဲ့ ဘဏ် ဓါးပြတိုက်သူ နပ်နဲ့ လူးကတ်နဲ့ ကြုံတွေ့ကြတဲ့အခါ ...........နပ်ရဲ့ ဓါးပြတိုက်ဖို့ပဲ သိတဲ့ အတွေ့အကြုံမရှိတဲ့ ရိုးသားမှု နားမလည်မှု ဓါးပြတိုက်ရတဲ့ နောက်ကွယ်က အကြောင်းအရင်း ဒါတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Cara ဖြစ်ပါတယ်။)File size…(2.7 GB) / (1.1 GB) Quality….WEB-Rip 1080p / 720p Format…. ...
movie

Three Fugitives (1989)

1989
Thirteen Days (2000) 7.3
Thirteen Days (2000)  Thirteen Days (2000)IMDb Rating (7.3) / Rotten Tomatoes (83%) ဒီရုပ်ရှင်ကားလေးကတော့ ၁၉၆၂ ခုနှစ် သမ္မတကနေဒီလက်ထက်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား နျူးကလီးယားစစ်ပွဲဖြစ်လုနီးနီးဖြစ်ပျက်သွားတဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျူးဘားဒုံးကျည်အရေးအခင်းဆို လူတိုင်းသိကြမှာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။နိုင်ငံကြီးနှစ်နိုင်ငံအကြား အားပြိုင်ကြတာကို ကမ္ဘာက စောင့်ကြည့်ရင်း ရင်တမမနဲ့ ဘယ်တော့ အန်ကယ်ဆမ်နဲ့ ဆိုဗီယက်ခရူးရှက်တို့ ထိပ်တိုက်တွေ့မလဲဆိုတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ကိုယ်တွေ မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်ဦးသန့်က ကမ္ဘာ့ကုလသမ္မဂမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်ဆိုတော့ သူ့နာမည်တောင် ရုပ်ရှင်ထဲမှာပါသေးတယ်။တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သမိုင်းရဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:26:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny
movie

Thirteen Days (2000)

2000
Scrooged (1988) 6.9
Scrooged (1988) Scrooged (1988)~ IMDb - 6.9/10, Rotten Tomatoes - 71% ~ခရစ္စမတ်ကတော့ ထပ်ရောက်လာပေမဲ့ ခရစ္စမတ်ရဲ့အရသာကိုလည်း အပြည့်အဝရပြီး တကယ်လည်းကောင်းတဲ့ ရုပ်ရှင်တွေက မထွက်သလောက်ရှားနေပါပြီ။ ကျွန်တော်တို့တွေ မကြည့်ရသေးတဲ့ထဲလည်း ကုန်သလောက်ဖြစ်နေပြီ။ ခရစ္မမတ်ရဲ့အရသာကိုလည်း အပြည့်အဝရသလို တကယ်လည်းကောင်းတဲ့ Superman ပထမဆုံးကားရဲ့ ဒါရိုက်တာ Richard Donner ရဲ့ Scrooged ကိုတော့ ကြည့်ပြီးတဲ့သူထက် မကြည့်ရသေးတဲ့သူပိုများမယ်လို့ ထင်ပါတယ်။ ပါရာမောင့်က ထုတ်ထားတဲ့ ဒီကားက ခရစ္စမတ်ရဲ့အရသာအပြည့်ရတာလည်းမဆန်းပါဘူး။ ခရစ္စမတ်ရဲ့အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကိုပဲ မော်ဒန်ဗားရှင်းနဲ့ Black Comedy နှောပြီး ရိုက်ထားတာကိုး။ ထုံးစံအတိုင်း ခရစ္စမတ်ကာလမှာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခရစ္စမတ်တစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းခံရတဲ့ လူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ ပိုလည်းလက်တွေ့ကျလာသလို ကြည့်ရတာလည်းပိုအရသာရှိပါတယ်။ ဘီလ်မာရေးရဲ့ သရုပ်ဆောင်ချက်ကြောင့်လည်း ...
movie

Scrooged (1988)

1988
The Man Who Wasn’t There (2001) 7.5
The Man Who Wasn’t There (2001)  မရှိခဲ့တဲ့သူတစ်ယောက်အကြောင်းမနေ့က လှေကားခွင်မှာမရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ်ဒီနေ့လည်း သူရှိမနေပြန်ဘူးဒီလူမရှိတော့ရင် သိပ်ကောင်းမှာပဲ။မနေ့က လှေကားပေါ်တက်လာတော့မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ်ဒီနေ့လည်း သူ့ကိုထပ်မတွေ့ရပြန်ဘူးဒီလူပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။“Antigonish” William Hughes Mearns အက်ဒ်ကရိန်းဆိုသူက ရှိနေပေမယ့်လည်း မရှိနေသူတစ်ယောက်လိုဖြစ်နေတဲ့သူပါ။ သူက ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာနေပြီး စကားအပြောအဆိုနည်းလှပါတယ်။ ဆံသဆရာတစ်ယောက်ဖြစ်ပြီး အရာအားလုံးပိုင်ဆိုင်ထားတဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူပိုင်ဆိုင်တာဘာမှလည်း ရှိမနေပြန်ပါဘူး။ အပြောင်းအလဲကြီးကြီးမားမားလည်းမရှိသလို ပြောင်းလဲဖို့လည်း မကြိုးစားနေသူပါ။ တနေ့မှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ထံမှာ ရင်းနှီးမြှပ်နှံချင်စိတ်တွေ ပေါ်လာပြီးနောက် သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတယ်။၂၀၀၁ခုနှစ်မှာရိုက်ကူးခဲ့ပေမယ့် ၁၉၄၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကားကို ဆေးရောင်စုံနဲ့ရိုက်ကူးပြီး တည်းဖြတ်ချိန်မှာ အဖြူအမဲအဖြစ်ပြောင်းလဲထားတဲ့ neo-noir crime film အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်သူ ဒါရိုက်တာတွေဖြစ်ကြတဲ့ Coen brothers ကိုတော့ No Country for Old Men နဲ့ The Ladykillers ...
movie

The Man Who Wasn’t There (2001)

[18+]Showgirls(1995) 6.7
[18+]Showgirls(1995) [18+]Showgirls(1995)******************** (Dark Side Production မှတင်ဆက်သည်...) ဒီဇာတ်လမ်းဟာ.. Las Vegasရဲ့ဖော်ချွတ်အက လောကထဲကိုမိမိတတ်တဲ့အကပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရောက်ရှိလာတဲ့ ဆွဲဆောင်မှုရှိပြီး သိပ်လှလွန်းတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ... ရှိုးပွဲထဲက မိန်းမလှကလေးတွေရဲ့အကြောင်း... မတူညီတဲ့လူတန်းလွှားတို့ရဲ့ ဆက်ဆံမှုတွေအကြောင်း.. ရှိုးပွဲတစ်ခုထဲက ပြိုင်ဆိုင်မှုတွေအကြောင်းကို.. ပွင့်လင်းမြင်သာစွာဖြင့် အနုပညာမြောက်ပုံဖော်ထားပါတယ်..ပုရိသယောင်္ကျားထုတို့အဖို့ ထိုကဲ့သို့အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူလေးတွေကို စာနာ နာလည်းတတ်စေဖို့ကြည့်သင့်သလို (၁၈)ယောက်စုကြည့်ရမယ်ဆိုတဲ့ဝေါဟာရနဲ့လည်း လိုက်ဖက်လွန်းတဲ့ အခန်းများစွာပါဝင်ဇာတ်ကားမို့ ကြည့်သင့်ကြောင်းရဲဝံစွာဖြင့်အာမခံလိုက်ပါတယ်...File Size : (2.7GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:08:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB   
movie

[18+]Showgirls(1995)

Basic Instinct (1992)[18+] 7.0
Basic Instinct (1992)[18+] Basic Instinct (1992)IMDb Rating (7.0)ဒီဇာတ်ကားကို ယောက်ျားလေးပရိသတ်ထဲက မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ မင်းသမီး ရှာရွန်စတုန်း ခြေထောက်ကို ဘယ်ညာပြောင်းချိတ်ပြတဲ့အခန်းကို သုံးလေးခါလောက် ရှေ့နောက်ရစ်လိုက်၊ ရပ်လိုက်၊ Slow နဲ့ ကြည့်လိုက် ကြည့်ဖူးတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်...ခင်ဗျားတို့လဲပါပါလိမ့်မယ်...မပူပါနဲ့...တစ်ကမ္ဘာလုံးလဲ ခုထိ အဲ့လိုပဲကြည့်နေကြတုန်းပါပဲ။ဘာလို့ဆို Pause ခလုတ်နှိပ်ပြီးရပ်ကြည့်ရတဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ ဒီရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။အခုပြန်ကြည့်မိတော့မှ ဒီဇာတ်ကားက မင်းသမီးကို ငမ်းရတာထက် အများကြီးအနှစ်ရှိပြီး အရမ်းကောင်းတဲ့ Psychological, Crime, Drama ဇာတ်ကားလေးဆိုတာ သိရတော့တာပါပဲ။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေက အရမ်းလှတယ်။ ကြည့်နေရင်း မင်းသားစုံထောက်နဲ့တူတူ ခေါင်းတွေလည်သွားမှာသေချာပါတယ်။အမှုတစ်မှုကနေ စပြီး တခြားအမှုတွေ တစ်သီတတန်းကြီး ထွက်လာတယ်။ အဲဒီအမှုတွေ အကုန်လုံးကလည်း လူတစ်ယောက်တည်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလူက အမှုကျူးလွန်ပါတယ်ဆိုတာကို သက်သေမပြနိုင်ဘူး။ တော်တော်လေးကို အကွက်ရွှေ့တာတွေလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခပ်ရှုပ်ရှုပ် ...
movie

Basic Instinct (1992)[18+]

4K HEVCHDR
Father of Invention (2010) 5.7
Father of Invention (2010) Father of Invention (2010) ===================ဒီကားလေးကတော့ Superman Return တို့ Baby Driver တို့မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင်ကြီး Kevin Spacey Fowler ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy Drama ကားလေးပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းအနေနဲ့ Fowler တစ်ဖြစ်လဲ စွန့်ဦးတီထွင်သူ ဒိတ် ဒိတ်ကြဲတစ်ယောက်ဖြစ်တဲ့ Axle ဟာ သျှမ်းသျှမ်းတောက် အောင်မြင် ချမ်းသာရာကနေ သူ့ရဲ့ထုတ်ကုန်တစ်ခုမှာ Error တက်သွားပြီး လူတွေ ထိခိုက်သွားတဲ့အခါမှာတော့ ၈နှစ်လောက် ဂျေးအောင်းလိုက်ရပါတယ်။ အဲဒီနောက်ပိုင်း ဘဝကို တစ်ကနေပြန်စတဲ့ အဖြစ်အပျက်လေးကို ဟာသ လေးတွေနှောပြီး ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။Axle တစ်ယောက် ပြန်ကြိုးစားရင်း ဘယ်လို တလွဲတွေလုပ်မိမလဲ..မိသားစုကိုထားခဲ့ပြီးသမီး ဖြစ်သူငယ်ငယ်ရွယ်ရွယ်နဲ့ ဂျေးအောင်းလိုက်ရတာကြောင့် ပျက်စီးသွားတဲ့ သားအဖနှစ်ယောက်ကြားကဆက်ဆံရေးကို အလွဲအမှားလေးတွေကြားက ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.88 GB) / (693 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thetti Tun Encoder..........SWM 
movie

Father of Invention (2010)

2010
Marmaduke (2010)
Marmaduke (2010) Marmaduke (2010) ==================ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိအမျိုးစုံ ဆိုဒ်စုံတွေကို ‌တယုတယမွေးပြီးသားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။ တခါတလေကျ သူတို့စိတ်ထဲငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာသိချင်စိတ်လေးဖြစ်မိကြမှာပါ။  ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးကအဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီးComputer Animation နဲ့ သူတို့အတွေးတွေစကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါအနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့်သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင်မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျ‌နေတဲ့ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာမာမဒုခ်နဲ့‌ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာအဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကိုဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက်ခွေးချစ်သူတွေသာမက မိသားစုနဲ့ ‌အေးဆေးအနားယူချင်သူတွေDrama ကြိုက်သူတွေပါ သဘောကျမယ့်ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။ File size…   2 GB ...
movie

Marmaduke (2010)

2010
Open Season (2006) 6.1
Open Season (2006) သစ်တော နဲ့ နီးစပ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဘတ်ဂ် လို့ ခေါ်တဲ့တောခေါင်း အမျိုးသမီးငယ်လေးဟာ ဘုဂ် လို့ နာမည်ပေးထားတဲ့ဝက်ဝံကြီးတစ်ကောင်ကို ငယ်စဉ်ကတည်းက မွေးစားထားပါတယ်ဘုဂ် ဟာ သင်ရပြုရလွယ်ပြီး လိမ္မာရေးခြားရှိတဲ့ ဝက်ဝံကြီးတစ်ကောင်ဖြစ်လာပြီး သူ့သခင်မ နဲ့ အတူ နယ်မြိုကလေးမှာ လာလည်တဲ့ ဧည့်သည်တွေကိုဖျော်ဖြေလေ့ ရှိပါတယ်...တစ်ရက်မှာတော့ စည်းကမ်းမရှိတဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရာသီမစခင်မှာသမင်လေးတစ်ကောင်ကို ကားနဲ့ တိုက်လာပြီး ဘုဂ် တို့ ရှိတဲ့ မြို့လေးထဲ ရောက်အလာသနားတက်တဲ့ ဘုဂ် က သမင်လေး အီလီယော့ ကို ကယ်တင်ပေးလိုက်ပါတယ်ဒါပေမဲ့ ဘုဂ် ကယ်တင်ပေးလိုက်တဲ့ အီလီယော့ က တကယ့်ငမွေထိုးဖြစ်ပြီးတည်ငြိမ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ရဲ့ ဘ၀ ကိုပါ ငါးပါးမှောက်အောင်လုပ်လိုက်တဲ့အခါဝက်ဝံကြီး ဘုဂ် ကို သခင်ဖြစ်သူက ရင်နာနာနဲ့ပဲ တောတွင်းထဲကို ပြန်လွှတ်ပေးလိုက်ရပါတော့တယ်လူယဉ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ...
movie

Open Season (2006)

2006
Born on the Fourth of July(1989) 7.2
Born on the Fourth of July(1989) Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie

Born on the Fourth of July(1989)

The Quest (1996) 5.6
The Quest (1996) အရှေ့တောင်အာရှတောနက်တစ်ခုထဲမှာ တစ်ကမ္ဘာလုံးက ကိုယ်ခံပညာအသီးသီးရဲ့ အကျော်အမော်တွေကို တိတ်တဆိတ်ဖိတ်ခေါ်ကာ ပြိုင်ပွဲလက်ခံကျင်းပနေတဲ့ ပျောက်ဆုံးမြို့တော်လေးတစ်မြို့ ရှိနေပါတယ်။အနိုင်ရရှိသူဟာ ရွှေအတိသွန်းလောင်းထားတဲ့ နဂါးရုပ်ထုကြီးကို လက်ဝယ်ရရှိပိုင်ဆိုင်ရမှာပါ။ပြိုင်ပွဲအမည်ကဂန်ဂန့်ဖြစ်ပြီးတော့ …. ဒီပြိုင်ပွဲကို အမေရိကားမှာ လူရွှင်တော်လုပ်စားနေတဲ့ ဗန်ဒိန်းတစ်ယောက် ပြန်ပေးဆွဲ ကျွန်ပြုခံရရင်းက ဒီ ဂန်ဂန့်ပြိုင်ပွဲကြီးမှာ ဘယ်လိုပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့သလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် …မွေ့ထိုင်းနဲ့ပက်သက်တဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ သိုင်းပေါင်းစုံရဲ့ ကစားကွက်တွေကိုလည်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

The Quest (1996)

Lethal Weapon 2(1989) 7.2
Lethal Weapon 2(1989)  1987 မှာ Lethal weapon ပထမကားထွက်အပြီးနောက်နှစ်နှစ်အကြာမှာ ၂ ထွက်လာခဲ့ပါတယ်ပထမကားမှာကတည်းက အတွဲညီညီနဲ့ အခွီတွေရော အတည်တွေရောလုပ်တတ်တဲ့ အဓိကဇာတ်လိုက်ကျော်ကြီးနှစ်ဦးဖြစ်တဲ့ ရစ်ဂ် နဲ့ မားတာချ် တို့ရဲ့ ရှုပ်ထွေးလှတဲ့ အမှုပေါင်းသောင်း‌ခြောက်ထောင်ကို အက်ရှင်အကြမ်းစားတွေ၊ ခွက်ထိုးခွက်လန်ရယ်နေရမယ့် ဟာသတွေနဲ့အတူ ထပ်ကြည့်ရဦးမှာပါဒီဒုတိယကားမှာတော့ ရစ်ဂ်နဲ့ မားတာချ်တို့ကြားက bond ကပိုခိုင်မာလာတာကို မြင်ရမှာဖြစ်ပြီး ပထမကားမှာ မပြောသွားခဲ့တဲ့ ရစ်ဂ်ရဲ့ဇနီးဖြစ်သူ သေဆုံးရတဲ့အကြောင်းလည်း ပြောပြသွားမှာပါ။ဆိုတော့ကာ အသက်အရွယ်မတူ၊ အသားအရောင်မတူ၊ တွေးခေါ်ပုံတွေကအစ မတူညီတဲ့ ရဲအရာရှိနှစ်ယောက် ဒီတစ်ခါရော ဘယ်လိုအတွဲညီညီနဲ့ လှုပ်ရှားသွားမလဲ၊ အတည်ပေါက်နဲ့ ဘယ်လိုတွေခွီကြဦးမလဲဆိုတာကို ခံစားကြည့်ရှုလိုက်ကြပါဦးဗျာ။ File size…(3.16GB)  / (`1.43GB) / (712.65GB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Action / Crime / ThrillerSubtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Lethal Weapon 2(1989)

The International(2009) 7.0
The International(2009) The International(2009) အညွှန်း****************************IBBC ဆိုတဲ့ဘဏ်က ဘဏ်နဲ့မဆိုင်တဲ့ သန်းရာချီ လက်နက်တွေဝယ်ယူနေတဲ့လို့သတင်းရပြီးနောက်ပိုင်းအေးဂျင့် လူးဝစ် နဲ့ သူ့အဖွဲ့က IBBC ကို ဆက်တိုက်လိုက်စုံစမ်းပါတယ်...အချက်အလက်တွေ အချိန်တွေ အများကြီးယူပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဟာ အရေးပါတဲ့သူတစ်ယောက်နဲ့ဆက်သွယ်မိကြတယ်...ခက်တာက အဲ့ဒီသူနဲ့တွေ့တဲ့ လူးဝစ်တို့အဖွဲ့က တစ်ယောက် မတော်တဆမှုနဲ့သေဆုံးခဲ့သလိုအချိန်တစ်ရက်မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်မိတဲ့သူဟာလည်း မတော်တဆမှုနဲ့ထပ်မံ့ပြီးသေဆုံးခဲ့ပါတယ်..အထက်ကလူကြီးတွေကလည်း မရေရာမသေချာတဲ့ ဒီကိစ္စကြီးကိုလက်ရှောင်ချင်နေကြတယ်..လူးဝစ်အတွက်တော့ လုပ်ဖော်ကိုင်ဖက်လည်းဆုံးရှုံးရသလို အင်အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်နေရလို့လက်ရှောင်ချင်တဲ့သူတွေကြားမှာတော့ အကြီးအကျယ် ဒေါသထွက်နေတယ်...သို့ပေမဲ့ သူအစွမ်းရှိသလောက် ရအောင်ဖော်ထုတ်မယ်ဆိုပြီ:ကြိုးစားတဲ့အခါမှာတော့...ဒီကားဟာ BOX Office မှာ ဝင်ငွေကောင်းခဲ့သလို  မင်းသားကြီး Clive Owen  နဲ့ မင်းသမီ:ကြီးNaomi Watts တို့ က အဓိက သရုပ်ဆောင်ထားပြီ: ဇာတ်လမ်းအစမှ  အဆုံး အီနေတာမျိုးမရှိဘဲတော်တော်လန်းတဲ့ဇာလမ်းမို့ ကြည့်ကြပါလို့....File Size :(4.1GB)(924MB) and (292MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:58:00 Genre : Crime , ...
movie

The International(2009)

Crash 2004 7.1
Crash 2004 Crash ဆိုတဲ့ ဇာတ်​ကား​က​တော့ ​လော့စ်​အန်​ဂျလိစ်​မြို့​တော်​တွင်​း လူမျိုး​ရေးခွဲခြားမှု​တွေ လူ့အသိုင်​းအဝိုင်​းကြားတင်​းမာမှု​တွေကို ရိုက်​ကူးပုံ​ဖော်​ထားတဲ့ ဇာတ်​ကားပဲဖြစ်​ပါတယ်​လူဖြူ လူမည်​းခွဲခြားမှု​တွေကြားမှာ လူဖြူ​တွေကို မုန်​းတီးပြီး အနုကြမ်​းစီးတတ်​တဲ့ Anthnoy ဟာ သူ့အ​ဖော်​နဲ့အတူ လူဖြူ​ရှေ့​နေ Rick နဲ့ သူ့ဇနီး Jean တို့ရဲ့ကားကို လုခဲ့ပါတယ်​။ဒီဇာတ်​ကား​လေးထဲမှာို​သေနတ်​နဲ့ခြိမ်​း​ခြောက်​ခံခဲ့ရတဲ့အတွက်​ လူမည်​း​တွေကို ​ကြောက်​ရွံ့​သွားပြီး သူ့အိမ်​မှာအလုပ်​လာလုပ်​တဲ့ လူမည်​း​​တွေကို မယုံကြည်​နိုင်​​တော့တဲ့ Jeanကျည်​ဆံသံ​တွေ​ကြား အိမ်​ခဏခဏ​ပြောင်​းခဲ့တဲ့ ​သော့ပြင်​ဆရာ Daniel​သော့ပြင်​ဆရာနဲ့အ​ခြေအတင်​စကားများပြီး​နောက်​ လူမည်​း​သော့ပြင်​ဆရာ​ကြောင်​့ သူ့ဆိုင်​​ဖောက်​ထွင်​းခံရတယ်​ ယူဆထားသူ Farhandလူမည်​းတစ်​​ယောက်​ဖြစ်​တဲ့အတွက်​ ဇနီးဖြစ်​သူကို ရဲတစ်​ဦး လက်​သရမ်​းတာကို ကြည်​့​နေခဲ့ရတဲ့ လူမည်​းရုပ်​ရှင်​ဒါရိုက်​တာ Cameronဖခင်​ရဲ့​ရောဂါ​ကြောင်​့ ​ဆေးရုံမှတာဝန်​ရှိသူ လူမည်​းအမျိုးသမီးကို မ​ကျေမနပ်​ဖြစ်​​နေသူ ရဲအရာရှိ Ryanလူမျိုး​ရေးခွဲခြားမှု​ကြောင်​့ ဖြစ်​​ပေါ်လာတဲ့ လူသတ်​မှုတစ်​ခုကို စုံစမ်​း​နေသူ လူမည်​းစုံ​ထောက်​တစ်​​ယောက်​ဦး Graham watersစတဲ့ဇာတ်​​ကောင်​​တွေရဲ့ လှုပ်​ရှားမှု​တွေနဲ့ ​အ​မေရိကန်​လူ့အသိုင်​းအဝိုင်​းကြား ဖြစ်​ရပ်​​တွေကို ပုံ​ဖော်​ထားတာ​တွေ့ရမှာပါ။ပါဝင်​ထားတဲ့ သရုပ်​​ဆောင်​​တွေက​တော့ခရိုင်​​ရှေ့​နေ Rick အဖြစ်​ Brendan ...
movie

Crash 2004

Gangster Squad 6.7
Gangster Squad Gangster Squad (2013)_____IMDb - 6.7/10    ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie

Gangster Squad

2013