Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jacek Koman
7.4
Conclave (2024)
IMDb 7.4/10 နဲ့ RT 93% အထိတောင် ရရှိထားတဲ့စိတ်ဝင်စားဖို့လည်းကောင်း ဗဟုသုတလည်း ရမဲ့ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ရွှေကမ္ဘာလုံးဆုအတွက်လည်း ဆန်ကာတင် ပူပူနွေးနွေးဝင်သွားပါပြီ။ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးပျံလွန်တော်မူသွားတဲ့အခါ နောက်ထပ် ပုပ်ရဟန်းမင်းကြီးတစ်ပါးတင်မြှောက်ဖို့ ပြုလုပ်ရတဲ့ သီးသန့်ဆွေးနွေးပွဲ သို့မဟုတ်ပုပ်ရဟန်းမင်းကြီးအသစ် ရွေးကောက်တင်မြှောက်ပွဲကိုအသေးစိတ်အဆင့်ဆင့် ရိုက်ပြထားပါတယ်။ဒီရွေးကောက်တင်မြှောက်ပွဲမှာ ဘုန်းတော်ကြီးတွေဟာတံခါးပိတ်ဆွေးနွေးပွဲတစ်ခု လုပ်ပြီး ပုပ်ရဟန်းမင်းကြီးတင်မြှောက်ဖို့အတွက် မဲတွေပေးရပါတယ်။မဲရဲ့ သုံးပုံနှစ်ပုံကို ရမှသာ ပုပ်ရဟန်းမင်းကြီး ဖြစ်ခွင့်ရမှာဖြစ်ပါတယ်။ ဒီအရေအတွက်မရမချင်း ပါဝင်ရွေးကောက်ခံတဲ့ဘုန်းတော်ကြီးတွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေဟာ ထပ်ခါတလဲလဲမဲပြန်ပေးရပါတယ်။ မဲအဆုံးအဖြတ်မပေါ်မချင်း သူတို့ဟာဒီတံခါးပိတ်ဆွေးနွေးပွဲကနေ ထွက်ခွင့်မရပါဘူး။ဒီဇာတ်လမ်းမှာလည်း ဒီလိုပဲ ပုပ်ရဟန်းမင်းကြီးအသစ်တင်မြှောက်ဖို့တံခါးပိတ်သီးသန့်ဆွေးနွေးပွဲ လုပ်ကြပါတယ်။ ဒါပေမဲ့ဒီရွေးကောက်ပွဲမှာ သဘောထားကွဲလွဲမှုတွေ ပြဿနာတွေအမျိုးမျိုး ပေါ်လာပြီး အဖြေမပေါ်တဲ့ အခြေအနေတွေဖြစ်လာခဲ့ပါတယ်။ ဒီပြဿနာတွေကို ဆွေးနွေးပွဲဦးဆောင်သူဘုန်းတော်ကြီး သောမတ်စ်က ဘယ်လိုတွေ အဖြေရှာဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် မြင်ရမှာမလို့ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် File size… (3.48) / (996MB) / (562MB ) Quality… ...
movie
Conclave (2024)
4K HEVC
7.9
Children of Men (2006)
Children of Men (2006) ************************ IMDb….7.9,,,,,Rotten…..92%ဒီကားက ဇာတ်လမ်းဇာတ်ကွက်ဆန်းပြားသလို IMDbနဲ့ RTကလည်း အမြင့်ဆုံးအနေအထားလောက်မှာရှိတယ်… လူသားတွေ ကလေး မရနိုင်တော့တာဟာ၁၈ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ် .. ကမ္ဘာကြီးဟာလည်း ပြဿနာပေါင်းများစွာနဲ့ပေါ့ ..အင်္ဂလန်သို့ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာလည်း အင်မတန်မှ များပြားနေပါတယ် ..အင်္ဂလန်ကလည်း ဒုက္ခသည်တွေကို လက်မခံနိုင်တော့ဘဲ၊ ရှိပြီးသား ဒုက္ခသည်တွေကိုလည်းဖိနှိပ်လျှက်ရှိတယ် .. ဖိနှိပ်မှုကို မခံနိုင်သူများကလည်း တော်လှန်ဖို့ ကြိုးစားကြတာပေါ့ ..အဲဒီအချိန် ဒုက္ခသည် ကောင်မလေးတစ်ယောက်ဆီမှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ် ..နေ့စေ့လစေ့ ကိုယ်ဝန်အပေါ် နိုင်ငံရေးအရအသုံးချချင်သူများလည်း ရှိလာတယ် ..အဲဒီလူတွေရဲ့ လက်ကနေ ကိုယ်ဝန်သည်မလေး ဘယ်လိုလွတ်မြောက်သွားမလဲ .. ဆိုတာဇာတ်လမ်းထဲ ကြည့်ရှုခံစားလိုက်ပါဦးနော် ..ဒီကားထဲက အဓိက သရုပ်ဆောင်မင်းသားကြီးClive Owen ကိုတော့ တော်တော်များများရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Ye Pyae Sone ပဲ ဖြစ်ပါတယ်… File Size : 1.53GB/ ...
movie
Children of Men (2006)
6.8
Jungle (2017)
ဒီကားလေးကတော့ စာရေးဆရာ Yossi Ghinsberg ရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ပြန်လည်ပုံဖော်ပြီးအသက်သွင်းထားတာဖြစ်ပါတယ်ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ( Daniel Radcliffe ) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်၃ယောက်အတူခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကိုသူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူကရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ်ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ်အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကိုကြည့်ရမဲ့ Survivor movie လေးပါ File Size : ...
movie
Jungle (2017)
2017
6.0
Dangerous Men (aka) Niebezpieczni dzentelmeni (2022)
ဒီဇာတ်လမ်းကတော့ Comedy/ Crime Comedy အမျိုးအစားလေးပါ ၁၉၁၄ ခုနှစ် ဇာကိုပန်နာမြို့မှာ စာရေးဆရာဂျိုးဆက်ဖ် ကွန်ရတ်နဲ့အတူ အခြားသောပိုလစ်အနုပညာသမား ၃ ဦးတို့ ပါတီတစ်ခုမှာ မူးယစ်ဆေးတွေသုံးမိပြီး နောက်တစ်နေ့သူတို့နိုး လာတဲ့အချိန် သူတို့ရဲ့ ဧည့်ခန်းထဲမှာ ယောက်ျားအလောင်းတစ်လောင်းရောက်ရှိနေတာနဲ့ ဇာတ်လမ်းကို စထားပါတယ်။မူးယစ်ဆေးအရှိန်ကြောင့် သူတို့ ၄ ယောက်လုံးက ညကအဖြစ်အပျက်တွေကို ဘာမှမမှတ်မိတော့ဘဲ ဒီအလောင်းကို ဘယ်သူသတ်ခဲ့တာ လဲ ဘာဆက်လုပ်ကြမလဲဆိုပြီး မေးခွန်းထုတ်နေကြတဲ့အချိန် သူတို့အိမ်တံခါးကို ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်က တံခါး လာခေါက်ပါတော့တယ်။ တံခါးသွားဖွင့်ပေးတဲ့ တာဒဲအုရှ်ဇလန်စကီကတော့ ဝါသနာအရစာရေးပေမယ့် ကလေးအထူးကုဆရာဝန် တစ်ဦးဖြစ်ပြီး ထိုသူနဲ့ စကားပြောပြီးတဲ့နောက် သူက ညတုန်းကပါတီပွဲမှာ သေနတ်နဲ့ပစ်သတ်ခံရလို့သေပြီလို့သတင်းပျံ့နေကြောင်း သိလိုက်ရပါတော့တယ်။သူတို့လေးယောက်သား နှစ်ယောက်တစ်ဖွဲ့စီခွဲကာ တာဒဲအုရှ်သေပြီလို့ ဘာလို့မြို့ထဲမှာပြောနေကြတာလဲ သူတို့အိမ်ထဲရောက်နေ တဲ့ အလောင်းကောင်ကဘယ်သူလဲ သူတို့ထဲကဘယ်သူသတ်ခဲ့တာလဲဆိုတာကို စုံစမ်းရေးထွက်လုပ်ကြရင်း နိုင်ငံရေး အရှုပ်တော်ပုံထဲပါသွားကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway ...
movie
Dangerous Men (aka) Niebezpieczni dzentelmeni (2022)
6.7
The Hunter (2011)
Rotten tomatoes - 72% IMDb - 6.7 မာတင်ဟာ မုဆိုးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကြီးတွေကလိုချင်တဲ့ အကောင်ကိုမှရွေးပြီး အမဲလိုက်ပေးတဲ့ကြေးစားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သစ်ရွက်နီ လို့ခေါ်တဲ့ စက်ဖက်ဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်းလာတာကြောင့် တက်စမေးနီးယန်း ဒေသကိုသွားခဲ့ပါတယ်။ သစ်ရွက်နီလိုချင်နေတာကတော့ မျိုးသုဉ်းသွားခဲ့ပြီလို့ ယူဆထားကြတဲ့ တက်စမေးနီးယန်း ကျားရဲ့ ဒီအန်အေပါပဲ။ ဒီလိုနဲ့ မာတင်တစ်ယောက် တက်စမေးနီးယန်း တောင်တန်းတွေပေါ်မှာမှာ ရှိဖို့တောင်မှအာမခံချက်မရှိတဲ့ ကျားကို သုတေသနပညာရှင်ဟန်ဆောင်ပြီးလိုက်ရှာရင်း ဒေသခံတွေနဲ့ရင်းနှီးလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သစ်ရွက်နီ ကုမ္ပဏီက တက်စမေးနီး ကျားရဲ့ ဒီအန်အေကို လိုချင်တဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေသေဆုံးမှုတစ်ချို့ကို မာတင်သိသွားခဲ့တဲ့အချိန်မှာတော့ မာတင်တစ်ယောက် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို ဆင်လက်ကြည့်ရှုလိုက်ကြပါဦး။ မာတင်ရဲ့နေရာမှာသရုပ်ဆောင်ထားတာကတော့မင်းသားကြီး Willem Dafoe ဖြစ်ပြီး တောတွင်းအမဲလိုက်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ကားတစ်ကားပါပဲဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama, ...
movie
The Hunter (2011)
7.4
Talk to Me (2022)
Talk to Me (2022)~ IMDb - 7.4/10, Rotten Tomatoes - 95% ~ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ စက္ကန့် ၉၀ ကျော်ပြီး ဝိညာဉ်တွေ သောင်းကျန်းကုန်ပါတယ်။ အဲဒီကလေးကို သေအောင်လုပ်ပြီး အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ဝိညာဉ်ဆိုးတွေရောက်လာတယ်။ အဲဒီကလေးလွတ်အောင် မင်းသမီးက ဘယ်လိုတွေ လိုက်ကယ်ရမလဲဆိုတာ ကြည့်ရမှာပါ။ဒီ ရုပ်ရှင်ဟာ ...
movie
Talk to Me (2022)
2022
4K HEVC
6.8
Soulcatcher (2023)
Soulcatcher (2023)****************** ပိုလန် အက်ရှင်ကားသစ်တစ်ကား နက်ဖလစ်ကနေ ထွက်လာတာပါ။ ဒါရိုက်တာ Daniel Markowicz ရဲ့လက်ရာဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်တွေအကြောင်းကို အခြေခံထားပါတယ်။ဇာတ်လမ်းအကျဉ်းပိုလန် ကြေးစားအထူးတပ်ဖွဲ့ဝင်ဟောင်းတွေဟာ နယ်စပ်တစ်နေရာကစစ်ခေါင်းဆောင်တစ်ယောက်ဖမ်းထားတဲ့ မိန်းကလေးတစ်ယောက်နဲ့စစ်ရာဇဝတ်မှုသက်သေတွေကို သွားပြီးယူဖို့ တာဝန်ပေးခံရပါတယ်။ဒါပေမဲ့ အဲဒီမှာ လူတွေကို စိတ်ဖောက်ပြန်ပြီး သတ်ဖြတ်ချင်စိတ်တွေဝင်လာစေတဲ့ထူးဆန်းတဲ့စက်တစ်လုံးနဲ့ ရင်ဆိုင်လိုက်ရပြီး အားလုံးနီးပါး သေသွားရပါတော့တယ်။အဲဒီစက်ဟာ မူလက ကင်ဆာကုဖို့ စတီထွင်ထားခဲ့ပေမဲ့ အမှားအယွင်းတစ်ခုကနေလက်နက်ဖြစ်လာခဲ့တာပါ။ အသက်ရှင်ကျန်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်ကအဲဒီစက်ကို ပြန်လုယူဖို့နဲ့ စက်တီထွင်သူကို လုပ်ကြံဖို့ စစ်စခန်းထဲကို ပြန်ဖောက်ဝင်ဖို့ ကြိုးစားရတဲ့အခါ....File size… 1.50GB / 800MB Quality… WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Mr.Anderson
movie
Soulcatcher (2023)
4.3
Ghost Rider: Spirit of Vengeance (2011)
Ghost Rider :Spirit of Vengeance 2011ဒီဇာတ်ကားကတော့ 2007 က ထွက်ရှိခဲ့တဲ့ Ghost Rider Origin Story ရဲ့ အဆက်ဖြစ်ပါတယ်။Ghost Rider 1 Elements တွေနဲ့ တိုက်ပွဲအပြီးမှာ identity ပေါ်သွားတဲ့ Jhonny Blaze ဟာ သူ့ရဲ့အောင်မြင်ကျော်ကြားတဲ့ ဘဝကို ချန်ထားခဲ့ပြီး ဆိုင်ကယ်တစ်စီးနဲ့ နှစ်ပေါင်းများစွာ လေလွင့်သွားလာနေခဲ့ပါတယ်။အဲ့လိုသွားလာရင်းနဲ့ သူ့ကိုယ်ထဲက နတ်ဆိုးကျိန်စာကို ဖြေနိုင်ဖို့ နည်းလမ်းတွေလည်းရှာဖွေခဲ့ပါတယ်။တစ်နေ့မှာတော့ သူ့ဆီကို မော်ရူဆိုတဲ့ အရက်သမားဘုန်းတော်ကြီးတစ်ပါး ရောက်ချလာပါတယ်။ပြီးတော့ ကလေးတစ်ယောက်ကို ကယ်ပေးဖို့ အကူအညီတောင်းလာပါတယ်။အလဲအလှယ်အနေနဲ့ သူ့ကိုယ်ထဲက ကျိန်စာကို ဖြေပေးမယ်လို့လဲ ဆိုပါတယ်။အဲ့ကလေးကလည်း တခြားသူမဟုတ်ပါဘူး။သူနဲ့ စာချုပ်ချုပ်ပြီး သူ့ကို လှည့်စားသွားတဲ့ နတ်ဆိုးရဲ့သားပါ။ဖြစ်ချင်တော့ အဲ့ကလေးဟာလည်း သူ့လို အပေးအယူတစ်ခုကြောင့် သဘာဝလွန် မွေးဖွားလာတာဖြစ်ပြီး နတ်ဆိုးရဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ဒီကားမှာတော့ Jhonny ...
movie
Ghost Rider: Spirit of Vengeance (2011)
1080p HEVC
4.3
Tonight You’re Sleeping with Me (2023)
Tonight You're Sleeping with Me (2023) =============================ပိုလန်နိုင်ငံရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်ကားလေးပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မမနဲ့မောင်လေးဟာ တွေ့ခဲ့ကြတယ်၊ သိပ်ချစ်ခဲ့ကြတယ် စိတ်ကူးတွေယဉ်ခဲ့ကြတယ် ဒါပေမဲ့ မပေါင်းဖက် ခဲ့ရပါဘူး။ ဒီလိုနဲ့ ခုလက်ရှိမှာတော့ မမက သမီးလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် ဖြစ်နေပါပြီ။ဖြစ်ချင်တော့ မောင်လေးက တခြားနိုင်ငံက ပြန်လာပြီး အလုပ်ဝင် လျှောက်တာ မမရဲ့ဌာနကို ကွက်တိ ဖြစ်နေပါတော့တယ်။ မမက လည်း အိမ်ထောင်ရေးမှာက ကတောက်ကဆတွေနဲ့ သာယာတာ မဟုတ် ယောက်ျားဖြစ်သူနဲ့ လိုချင်တာမရ ဆန္ဒမပြည့်ဝနေခဲ့သူ။ မောင်လေးကလည်း ဘယ်နှနှစ်ကြာကြာ မမမှ မမဆိုတဲ့ ကောင်ဇိုး လေးပေါ့။ အဲဒါနဲ့ တစ်နေ့ကျတော့ မမရဲ့ယောက်ျားဖြစ်သူဟာ မမကိုလည်း မတိုင်ပင်ပဲ အပန်းဖြေခရီးဆိုပြီး အိုင်းစ်လန်းကို တစ်လ သွားသာယာပါတော့တယ်။ဘာပြောကောင်းမလဲ ပေါက်ကွဲချင်ပေမယ့်မီးစနက်တံကောင်းကောင်း မရှိလို့ ထိန်းထားရတဲ့ မမတစ်ယောက်မောင်လေးရဲ့လောင်ကျွမ်းမီး တောက်ကြားမှာ ထိန်းမရ သိမ်းမရ ပေါက်ကွဲကုန်ကြပါတော့တယ်။ အဲဒါကြောင့် မမနဲ့မောင်လေး ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ဆန္ဒကို သိက္ခာနဲ့ပဲ ထိန်းကြမလား၊ စိတ်လွတ်လက်လွတ် သားပစ်မယား ပစ် ပျော်ပါးကြမလား၊ ပျော်ရွှင်ရမလား ...
movie
Tonight You’re Sleeping with Me (2023)
2023
6.4
Son of a Gun(2014)
Son of a Gun(2014)=============== ပြစ်မှုတစ်ခုနဲ့ ထောင်ထဲကို ပထမဆုံးရောက်လာတဲ့ ဂျက်စီ ရိုင်ယန်ဝှိုက်ဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်..ထောင်ထဲမှာ ဆပ်ပြာတုံးပြုတ်ကျလို့တောင် မကောက်ရဲဖြစ်နေချိန်Criminal Mastermind တဖြစ်လည်း စစ်တုရင်ပညာရှင် တစ်ဦးဖြစ်သူဘရန်ဒန် နှင့် တွေ့ဆုံပြီး စစ်တုရင်ကစားကွက်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ဂျက်စီကို သဘောကျသွားတဲ့ ဘရန်ဒန်က ဂျက်စီနဲ့ပူးပေါင်းပြီး အပြင်လောကမှာပါ Perfect Crime တစ်ခုကို ကျူးလွန်ဖို့ကြိုးစားတဲ့အခါ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ လှည့်ကွက်တွေ၊ပညာသားပါမှု၊ အနိမ့်အမြင့်အတက်အကျ များ စုပေါင်းပြီး ဘယ်လိုစိတ်ကျေနပ်စရာ ရသများကို ပေးစွမ်းနိုင်မလဲဆိုတာCM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.31GB / 548MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 48m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Son of a Gun(2014)
7.6
Moulin Rouge!(2001)
Moulin Rouge!(2001) အညွှန်း**************************IMDb...7.4ဒီဇာတ်ကားကြီးဟာ အော်စကာ ၂ဆုတောင်ရရှိခဲ့ပါတယ်...Nicole Kidman နဲ့ Ewan McGregor နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... "သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ" ဆိုတဲ့စကားလေးရှိတယ်...လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာသဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်.... နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်... အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့ ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ.... အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲတိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏တန်ဆာ "ပြည့်တန်ဆာ" လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်.... အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါ ငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့.... ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ.... အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့.....သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေအကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File Size : (3.6GB)(1.2GB) And (580 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…02:07:00 Genre : ...
movie
Moulin Rouge!(2001)
7.2
Defiance (2008)
(Unicode)IMDB 7.2Rotten Tomatoes 57%Audience Score 72%ယနေ့ခေတ်လူငယ်တွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို မခံစားခဲ့ဖူးပါဘူး ။ဒါကြောင့်လဲ အချို့နိုင်ငံရေး Post တွေမှာဆိုရင် ချပစ် သတ်ပစ် ဆိုတဲ့ Comments တွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။၁၉၄၁ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဟစ်တလာဟာ ဘီလိုရုရှားနိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ် ။သူ့ရဲ့ အညိုးအတေးတွေကြောင့် ထုံးစံအတိုင်း နိုင်ငံတွင်းက ဂျူးလူမျိုးတွေမှန်သမျှကို တစ်ဖြည်းဖြည်းချင်းလူမျိုးတုန်းသတ်ဖြတ်လာတဲ့အခါမှာတော့.....တူဗီယာတို့ ညီအကိုတွေဟာ နာဇီတွေဝင်ရောက်မလာခင်ကတည်းက ပြစ်မှု့တစ်ခုကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။အချိန်အကြာကြီးနေခဲ့တာကြောင့် တောကိုလည်း ကျွမ်းကျင်နေကြပါပြီ။စစ်ကြီးစဖြစ်တော့ အခြားသူတွေကလည်း သူတို့လို တောထဲကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။တူရာတူရာတွေ စုမိကြရင်း နောက်ဆုံး ရွာတစ်ရွာတည်နိုင်လောက်တဲ့အထိများပြားလာတဲ့အခါမှာတော့သူတို့ဟာ သူပုန်လိုလို တော်လှန်ရေးသမားတွေလိုလို ဖြစ်လာကြပါတော့တယ်။ဒီကားဟာ ဖြစ်ရပ်မှန်ဝတ္တုဖြစ်တဲ့ Defiance : ...
movie
Defiance (2008)
2008