Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ivonne Dahler
7.6
Life is Filled with So Much of You (2024)
Life is Filled with So Much of You (2024) ******************************************ဆာဒါလီဆိုတဲ့ကောင်လေးက သူ့ဇာတိမှာ မိဘတွေသဘောတူတဲ့ အာနာဇာဆိုတဲ့ မိန်းကလေးကို သူပညာသွားသင်ပြီး ပြန်လာတဲ့အခါ လက်ထပ်ပါ့မယ်လို့ ကတိပြုခဲ့ပါတယ်။ဒါပေမဲ့လည်း ကြိုမမြင်နိုင်တဲ့ကံတရားလို့ပဲ ဆိုရမလား။သူပညာသွားသင်တဲ့နေရာက သူငှားနေတဲ့ အိမ်ပိုင်ရှင် ကလေးတစ်ယောက်အမေ မယ်ရာဆိုတဲ့ အမျိုးသမီးကိုလည်း သဘောကျမိသွားခဲ့ပါတယ် .. ။ဒီလိုနဲ့ အကျပ်ရိုက်ရရင်းကနေ ဆာဒါလီတစ်ယောက် အိမ်ကသဘောတူထားတဲ့ မိန်းကလေးကိုပဲယူမလား ..သူသဘောကျရတဲ့ မယ်ရာဆိုတဲ့ အမျိုးသမီးကိုပဲ ယူမလားဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကို Kim မှ ရေးသားထားပါတယ်) File size…1.49GB / 656MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 39m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Kim, Char Ou, Mary & Dao Phyo Encoded by AHtet
movie
Life is Filled with So Much of You (2024)
5.8
Sumala (2024)
Sumala (2024)IMDb Rating (5.8) ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ။အဲ့ဒီဇာတ်လမ်းဟာ အခုချိန်အထိအသက်ဝင်နေပြီး တကယ်ဖြစ်ရပ်မှန်လို့စွဲထင်နေကြဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ်။သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ။အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ်။အောက်လမ်းအတတ်တို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ?ဆူမာလာဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲအစရှိတာတွေကိုရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။(အလွန်ရက်စက်ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့v Alias ဖြစ်ပါတယ်။)File size…(2.3 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:54:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie
Sumala (2024)
2024
6.8
Sakaratul Maut (2024)
Sakaratul Maut 2024ဝီရီယိုဟာ အဝေးမှာ အလုပ်လုပ်နေတဲ့ သူ့သမီးလေးဆီကို မိန်းမနဲ့အတူ သွားလည်ရင်းနဲ့ အပြန်လမ်းမှာ ကားမတော်တဆမှုကြောင့်နဲ့ သေခါနီးအခြေအနေနဲ့ ကိုမာဝင်နေပါတယ်။ဆေးရုံစရိတ်တွေက ကြီးတဲ့အပြင် မျှော်လင့်ချက်ကလည်း မရှိသလောက်ဖြစ်နေလို မိသားစုဟာ ဝီရီယိုကို အိမ်မှာပဲ သက်သောင့်သက်သာနေရဖို ပြန်ခေါ်လာခဲ့တာပေါ့။သမီးဖြစ်သူဟာလည်း အဖေ့ကြောင့်နဲ့ နယ်ပြောင်းလျှောက်ပြီးတော့ အိမ်မှာပြန်လာနေရင်း အဖေ့ကိုစောင့်ရှောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဝီရီယိုရဲ့ ဒုတိယမိန်းမဖြစ်သူနဲ့ သားဖြစ်သူ တာဂျိုဟာလည်း ဝီရီယိုရဲ့အနားကို ရောက်လာခဲ့ပါတော့တယ်။တာဂျိုဟာ အဖေ့ကို စိတ်ပူလိုလာတာမျိုးထက် အဖေသေရင်ရမယ့်အမွေတွေအတွက် လာတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ဒုတိယမိန်းမကတော့ သူ့ယောက်ျားဘေးမှာနေရင်း ကုရ်အာန်ဖတ်လို့ပေးနေပါတော့တယ်။ သေအံ့ဆဲဆဲဖြစ်နေတဲ့ ဝီရီယိုတစ်ယောက်ကတော့ သူမသေခင် အမွေခွဲတဲ့ကိစ္စတွေကို ကြားပြီးတော့ အသေမဖြောင့်ပဲ ပြန်လည်နိုးထလာရင်းနဲ့ပဲ ......... ဝီရီယိုတစ်ယောက် ပြန်လည်နိုးထလာခဲ့တာ ကောင်းသောနိုးထခြင်းမျိုးလား ..... သူတိုအိမ်မှာရော ဘယ်လို ကြောက်ဖိုကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမလဲ ...... ဆိုတာကို ကြည့်ရှုရမယ့် ဟော်ရာဒရာမာကားလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Linn ~ Yunni~ KKKZ ဖြစ်ပါတယ်) File size…1.28 GB / 626 MB Quality…WEB DL ...
movie
Sakaratul Maut (2024)
6.5
Respati (2024)
Respati (2024)IMDb Rating (6.5)သူတို့ဆီမှာရုံတင်နေစဉ်ကတည်းက တစ်တော့မှာနာမည်ကြီးနေခဲ့တဲ့ အင်ဒိုသရဲကားလေးရပါပြီ။Assembly စီနေကြတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ သရဲတွေကိုမြင်နေရတဲ့ကျောင်းသားလေးတစ်ယောက်ဆီကိုသရဲစုံတွဲလေထဲမှာမျောပြီးရွေ့လာတဲ့အခန်းကိုကြည့်ဖူးသူတွေမှတ်မိကြပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ရတ်စ်ပါတီဟာ မိဘမဲ့ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး အဘိုးဖြစ်သူနဲ့အတူနေထိုင်ပါတယ်။သူ့မိဘနှစ်ပါးသေဆုံးခဲ့ရမှုအပေါ်အပြစ်မကင်းသလိုခံစားချက်နဲ့အခုချိန်ထိ အိမ်မက်ဆိုးတွေနဲ့အတူအိပ်မပျော်ရောဂါကိုပါခံစားနေရတဲ့သူဟာ တစ်စတစ်စနဲ့ တစ်ပါးသူတွေရဲ့အိမ်မက်တွေထဲကိုဝင်ရောက်နိုင်စွမ်းရှိတာကိုသိစပြုလာချိန်သူ့ဘေးပတ်ဝန်းကျင်မှာ ရက်စက်ပြီး တရားခံမပေါ်တဲ့လူသတ်မှုတွေဆက်တိုက်ဖြစ်လာနေပါတယ်။အဲ့ဒီအချိန်မှာပဲသူခံစားနေရတဲ့ ဝေဒနာတွေကိုနားလည်တဲ့ သူ့လိုပဲ နာမ်လောကနဲ့အဆက်အသွယ်ရှိတဲ့ကျောင်းသူလေးတစ်ယောက်သူတို့ကျောင်းကိုပြောင်းလာတဲ့အချိန်မှာတော့ ရတ်စ်ပါတီ၊ သူ့သူငယ်ချင်းတာတာနဲ့ ကျောင်းသူသစ်လေး ၀ူလန်တို့သုံးယောက်ဟာသူတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ထူးခြားဆန်းကြယ်တဲ့အဖြစ်တွေကို အဖြေရှာဖို့ကြိုးစားရင်းထင်ထားတာထက်ကြောက်မက်ဖွယ်ကောင်းနေတဲ့ ရန်သူတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။Indo horror တို့ထုံးစံဇာတ်လမ်းဇာတ်အိမ်ကောင်း၊ လှည့်ကွက်ကောင်းတွေနဲ့ ပရိသတ်စိတ်မပျက်စေရမယ့်ကားကောင်းတစ်ကားပါပဲ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)File size…(1.6 GB) / (815 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:53:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie
Respati (2024)
2024
5.5
The Haunted Hotel (2023)
cm ပရိသတ်ကြီးကို အင်ဒိုနီးရှား သရဲကားကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကို ဂျာဗားကျွန်းဆွယ်စကားနဲ့"Panggonan Wingit" လို့လည်း ခေါ်ပါတယ်။ဇာတ်ကြောင်းက ရိန်နာနဲ့ ဖေးဆိုတဲ့ ညီအစ်မနှစ်ယောက်ကဖခင် ဆုံးပါးပြီးနောက်မှာ ဟိုတယ်တစ်လုံးကို အမွေရရှိခဲ့ပါတယ်။ ဒီဟိုတယ်ရဲ့ တတိယထပ်မှာအခန်းနံပါတ်မရှိတဲ့ အခန်းတစ်ခန်းရှိနေတာပါ။ဒီဟိုတယ် တတိယထပ်ကို မသွားဖို့ အဖွားဖြစ်သူကပြောထားပေမယ့် ရိန်နာတစ်ယောက် ညဘက်ကြီးငိုကြွေးသံတွေကြားလို့ ဒီအခန်းထဲကို ဝင်လိုက်တဲ့အခါအခန်းထဲမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ ရိန်နာတို့ ညီအစ်မနှစ်ယောက်ကံကြမ္မာက ဘာတွေ ပြောင်းလဲသွားမလဲ။ဒီကျိန်စာသင့်အခန်းထဲက မိန်းကလေးက ဟိုတယ်နဲ့ဘာတွေပတ်သတ်မှု ရှိနေတာလဲ....။ File size…1.37GB / 665MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 50m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie
The Haunted Hotel (2023)
5.8
Suzzanna: Kliwon Friday Night (2023)
Suzzanna Kilwon Friday Night 2023CM ပရိသတ်ကြီးအတွက် ခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ငယ်ငယ်တုန်းက ကြည့်နေကျ မလေးရှားစုန်းဇာတ်ကားတွေလိုမျိုး အောက်လမ်းပညာတွေ စုန်းကဝေတွေအကြောင်း ပါဝင်တဲ့ အင်ဒိုသရဲကားလေးပဲ ဖြစ်ပါတယ်ဆူဇနာနဲ့ ဆူရာဟာအရမ်းချစ်မြတ်နိုးကြတဲ့ စုံတွဲလေးပါ မကြာခင်မှာလက်ထပ်ဖို့လည်း ရည်ရွယ်ထားပြီး စေ့စပ်ပြီးကြပါပြီ ဒါပေမဲ့ ဘဝဆိုတာ ကိုယ်စီမံသလိုဖြစ်မလာပဲ လောင်းကစားမက်တဲ့ ဆူဇနာရဲ့အဖေကြောင့် ဆူဇနာဟာ ရွာသူဌေး ရာဒန်ရဲ့အကြွေးနဲ့သိမ်း မယားငယ်လုပ်ခြင်းကို ခံလိုက်ရပါတော့တယ် ဒါကိုပဲ မယားကြီးဖြစ်သူက မကျေနပ်လို့ အောက်လမ်းနဲ့ပြုစားတဲ့ ဘာတွေဖြစ်လာမလဲ ဆူဇနာကိုဆုံးရှုံးလိုက်ရပေမယ့် အချစ်မပြယ်သေးတဲ့ ဆူရာကရော ဘာတွေဆက်လုပ်မလဲဆိုတာ ရင်နာနာနဲ့ မျက်ရည်လဲဝဲ ကြောက်လဲကြောက်ရင်း ကြည့်ရှုရမှာမို့ ဒီလိုမျိုး ဖျော်ဖြေမှုအသားပေး ငယ်ဘဝအမှတ်တရ စုန်းသရဲကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Drama, Fantasy, Horror Quality…. 1080p | 720p File size… 1.6GB | 841MB Format… mp4 Duration…. 2h 12min Subtitle…. Myanmar ...
movie
Suzzanna: Kliwon Friday Night (2023)
2023