Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ismail Basbeth
7.1
Grave Torture (2024)
အခုတင်ဆက်ပေးမဲ့ Horror ဇာတ်ကားလေးကတော့ တွေ့မြင်နေကျHorror ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ အင်ဒိုနီးရှားဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Siksa Kubur(Grave Torture) ဖြစ်ပြီး IMDb Rating 7.1 အထိ ထိုက်ထိုက်တန်တန်ရရှိထားပါတယ်။အစ္စလာမ်တွေမှာအရင်တုန်းက ဇာတ်ကားနာမည်အတိုင်းအုတ်ဂူနှိပ်စက်ခြင်းဆိုတဲ့ အယူအဆတစ်ခုရှိခဲ့ပြီး လက်ရှိယုံကြည်နေတဲ့ဘာသာဝင်တွေလည်း ရှိပါသေးတယ်။အုတ်ဂူနှိပ်စက်ခြင်းကဘာလဲလို့ဆိုရင်တော့ အသက်ရှင်စဉ်မှာအပြစ်တွေအများကြီးလုပ်ခဲ့တဲ့ အပြစ်သားတစ်ယောက်က သေဆုံးသွားရင်မင်းဘာဘုရားကိုကိုးကွယ်လဲလို့မေးတဲ့အခါ ယုံကြည်ခြင်းမရှိလို့အလ္လာလို့မဖြေနိုင်တဲ့အခါ ကြီးမားတဲ့နှိပ်စက်ခြင်းတွေကိုအုတ်ဂူထဲမှာတင်ခံစားရတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။အဲ့ဒီအယူအဆအပေါ်မှာအခြေခံပြီး ဒီဇာတ်ကားကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ဆီတာနဲ့အာဒေးလ်ဆိုတဲ့ မောင်နှမ ၂ ယောက်က မိဘဖြစ်သူတွေနဲ့မုန့်ဖုတ်ဆိုင်လေးဖွင့်ပြီး ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ မိသားစုဖြစ်ပါတယ်။စီးပွားရေးတွေ ကျဆင်းနေပေမဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစုလေးအပေါ်မှာ တစ်နေ့မှာတော့ကြမ္မာငင်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့အထက်မှာပြောခဲ့တဲ့ အုတ်ဂူနှိပ်စက်ခြင်းကိုယုံကြည်ပြီး ကြောက်ရွံ့နေတဲ့လူတစ်ယောက်ရဲ့အသေခံဗုံးခွဲမှုကြောင့် သူတို့ရဲ့မိဘနှစ်ပါးဆုံးပါးသွားခဲ့ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဆီတာနဲ့အာဒေးလ်လည်း မိဘမဲ့တွေဖြစ်လာကြပြီးအစ္စလာမ်ဘော်ဒါကျောင်းတစ်ခုမှာ နေခဲ့ရပါတော့တယ်။ဒါပေမယ့် ဆီတာ့စိတ်ထဲမှာတော့ အဲ့ဒီအုတ်ဂူနှိပ်စက်ခြင်းဆိုတာကြီးကိုမုန်းတီးနေခဲ့ပြီးတကယ်မရှိကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ကြီးလာတဲ့အခါမှာတော့ အဲ့ဒီအရာကြီးတကယ်မရှိဘူးဆိုတာကိုသက်သေပြနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ကြည့်ရှုရမဲ့ ကြည့်သင့်တဲ့Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.62GB / 782MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. ...
movie
Grave Torture (2024)
6.0
Cemara’s Family 2 (2022)
Cemara's Family 2 (2022) =================== IMDb Rating - 6.0/10အာရာရဲ့ မိသားစုဟာ တစ်ချိန်က ဖြစ်ခဲ့တဲ့ အခက်အခဲကြောင့် ကြိုးစား ရုန်းကန်နေရတယ်။ အာရာရဲ့အဖေဟာ နောက်ဆုံးမှာတော့ ကြက်ခြံမှာ အလုပ်အသစ်တစ်ခုရသွားတယ်။ အလုပ်ရသွားတဲ့အတွက်ကြောင့် အာရာ ကို ကိုယ့်ဘာသာကိုယ် ကျောင်းကနေ အိမ်ပြန်တတ်အောင်ကြိုးစားရမယ် လို့မှာထားပါတယ်။ အထက်တန်းကျောင်းသူဖြစ်လာတဲ့ အာရာရဲ့အစ်မဖြစ် သူ အီးစ်ဟာ လူငယ်သဘာဝ စိတ်ကစားတတ်တဲ့အရွယ်ရောက်လာပြီဖြစ် တဲ့အတွက် အာရာနဲ့ တစ်ခန်းတည်းအတူတူသုံးစွဲရတာ သူ့အတွက်စိတ်မ လွတ်လပ်ဘူးဖြစ်နေတယ်။ တစ်နေ့ထမင်းစားဝိုင်းမှာ အီးစ်က အာရာကို ကျောင်းအလုပ်တွေလည်းရှိတဲ့အတွက် အမြဲတမ်းကျောင်းလာမကြိုနိုင် ကြောင်း ပြီးတော့ သီးသန့်အခန်းလိုချင်ကြောင်းပြောတယ်။ကလေးအရွယ် အာရာက သူ့ကိုကတိပေးထားတာတွေကိုဖျက်တဲ့အတွက် စိတ်မကောင်းဖြစ်နေတာပေါ့။ မိဘတွေလည်းအခန်းခွဲပေးလိုက်ပြီး အာရာရဲ့ အခန်းကို စနေနေ့မှာပြင်ပေးမယ်လို့ပြောထားတယ်။ ကျောင်းကအပြန်ကောက် ရလာတဲ့ကြက်ပေါက်လေးကပဲ စိတ်အားငယ်နေတဲ့အာရာအတွက်တော့ စိတ်ဖြေစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်မကောင်းဖြစ်နေတဲ့ အချိန်မှာ အဖေဖြစ်သူကပါ ကတိပျက်တဲ့အတွက် ပိုဆိုးသွားေတာ့တယ်။ ဝမ်းနည်း နေတဲ့အာရာဟာ ကြက်ကလေးကို သူ့လိုမဖြစ်အောင် မိသားစုနဲ့ပြန်တွေ့အောင် ရှာပေးမယ်လို့ကတိပေးလိုက်ပါတယ်။ အခြားသူတွေလိုကတိမပျက်ချင်တာ ကြောင့် အာရာဟာကြက်လေးရဲ့မိသားစုကိုရှာဖွေပေးဖို့ကြိုးစားလာတဲ့အခါမှာတော့ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.82 ...
movie
Cemara’s Family 2 (2022)
2022