Channel Myanmar

Isla Fisher

The Great Gatsby (2013) 7.2
The Great Gatsby (2013) The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie

The Great Gatsby (2013)

2013
4K HEVC
Dog Man (2025) 6.4
Dog Man (2025)  Dog Man (2025)IMDb Rating (6.4) / Rotten Tomatoes (79%) ဒီရုပ်ရှင်ကတော့ နာမည်ကြီး အန်နီမေးရှင်း စတူဒီယို Dreamwork ရဲ့ Captain Undepant Comic စီးရီးထဲက ဇာတ်လမ်းကိုခွဲထုတ်ရိုက်ကူးထားတဲ့ ခွေးတစ်ပိုင်းလူတစ်ပိုင်း ခွေးလူသား စူပါရဲတစ်ယောက်အကြောင်းပါ..ဉာဏ်အရမ်းကောင်းတဲ့ ခွေးလေးနဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းလာခဲ့တဲ့ ရဲအရာရှိ ဂရက်ဟာ တစ်နေ့တော့ ဗီလိန် ကြောင်ပီတီကြီးရဲ့ ဗုံးလက်ချက်ကြောင့် နှစ်ယောက်လုံး မသေမရှင်ဖြစ်နေတဲ့အခါမှာသိပ္ပံပညာရှင်တွေက ခွေးခေါင်းနဲ့ ဂရက်ရဲ့ခန္တာကိုယ်ကို ဆက်ပေးလိုက်ပြီး ဉာဏ်အရမ်းကောင်းပြီး သန်မာတဲ့ ခန္တာကိုယ်နဲ့ စူပါရဲတစ်ယောက်ဖြစ်သွားပါတယ်။သူ့ရဲ့မဟာရန်သူပြိုင်ဘက် ကြောင်ပီတီကိုလည်း ဖမ်းဆီးဖို့အတွက် ကြိုးစားပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size…(4.4 GB) / (1.8 GB) / (1 GB) Quality….WEB-DL 4K HEVC / 1080p HEVC ...
movie

Dog Man (2025)

2025
4K HEVC
Bridget Jones: Mad About the Boy (2025) 6.8
Bridget Jones: Mad About the Boy (2025)  Bridget Jones: Mad About the Boy (2025)IMDb Rating (6.8) / Rotten Tomatoes (86%) ဒီဇာတ်ကားလေးကတော့ 2025 ခုနှစ် ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ မိသားစုအချစ်ဟာသ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မင်းသမီး Renée Zellweger အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Michael Morris ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း..Bridget Jones ဆိုတဲ့အမျိုးသမီးဟာ သူ့ယောက်ျား ဆုံးပါးသွားပြီးတဲ့နောက်မှာ ကလေးနှစ်ယောက် ဖြစ်တဲ့ Billy နဲ့ Mabel နဲ့ အတူ တစ်ခုလပ် မိခင်အဖြစ် ရုန်းကန်ခဲ့ရပါတယ်။လေးနှစ်​လောက် အလုပ်မလုပ် ဘယ်သူနဲ့မှလည်း မတွေ့ခဲ့ပဲနဲ့ ကလေးတွေနဲ့ပဲ အချိန်ကုန်နေခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ သူ့ရဲ့ မိသားစု နဲ့ သူငယ်ချင်းတွေရဲ့ အားပေးမှုနဲ့ အတူ အလုပ်ပြန်လုပ်ပြီး ဘဝလက်တွဲဖော်အသစ်ကို ရှာဖို့ကြိုးစားပါတော့တယ်။ဘဝကိုရှေ့ဆက်လျှောက်နိုင်သွားမလား သူ့ရဲ့လက်တွဲဖော်အသစ်ကို ရှာတွေ့သွားမလားဆိုတာကို ရင်ခုန်စွာစောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File ...
movie

Bridget Jones: Mad About the Boy (2025)

2025
4K HEVC
The Lookout (2007) 7
The Lookout (2007) The Lookout(2007)အညွှန်း***********************IMDb....7.0Rotten tomatoes....87%Chrisဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် ဆယ်ရက်လောက် ကိုမာဝင်ခဲ့ပြီး အတိတ်မေ့ရောဂါရခဲ့ပါတယ်....ဒီယာဉ်တိုက်မှုရဲ့အဓိက တရားခံဟာ သူကိုယ်တိုင်ဖြစ်ပြီး ကားပေါ်ပါတဲ့သူငယ်ချင်းတွေဆုံးပါးခဲ့တဲ့အတွက်ယူကြုံးမရဖြစ်ပြီး သူ့အမှားဆိုတဲ့ စိတ်ကြီးနဲ့ပဲ အပြစ်တင်ရင်းနေလာခဲ့တယ်....သူရဲ့တစ်နေ့တာလုပ်ငန်းစဉ်ကိုတောင် မမှတ်မိနိုင်တဲ့ Chrisအတွက် ဘဝမှာ အဆင်မပြေမှုတွေ များခဲ့တယ်...ဘဏ်တစ်ခုမှာသန့်ရှင်းရေးလုပ်ရင်းတစ်နေ့တာကို ခက်ခဲလေလွင့်စွာဖြတ်သန်းနေရတယ်...တစ်နေ့တော့ အကြီးစားဘဏ်ဖောက်မှုကျူးလွန်တဲ့သူတွေဟာအမာခံတစ်ယောက်ရအောင် သူ့ကိုချဉ်းကပ်လာပြီးဘဏ်ဖောက်ဖို့ စည်းရုံးသိမ်းသွင်းလာတဲ့အခါမှာတော့....ဘဏ်ဓားပြကားတွေကြိုက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်... File Size : 3.12GB / 660MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:39:00 Genre : Crime , Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Tiff
movie

The Lookout (2007)

Nocturnal Animals (2016) 7.6
Nocturnal Animals (2016) Nocturnal Animals (2016)IMDb Rating (7.6) / Rotten Tomatoes (74%)မင်းသား Jake Gyllenhaal နဲ့ Aaron Taylor-Johnson , ရုပ်ချင်းခပ်ဆင်ဆင် မင်းသမီးနှစ်ယောက်ဖြစ်တဲ့ Amy Adams နဲ့ Isla Fisher စတဲ့သရုပ်ဆောင်တွေနဲ့ Psychological Thrillers အမျိုးအစား ရင်ဘတ်ထဲက ၃ ၄ ရက်ခန့် ထုတ်မရဆိုတဲ့ ရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းက အစမှာ ရွံစရာကောင်းတဲ့ စိတ်မသက်မသာအခန်းတွေနဲ့စလာပါမယ်...ပြီးရင်တော့ ထိုင်ရာမထဆွဲခေါ်သွားမယ့် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အဆုံးမှာတော့ ရင်ဘတ်ထဲက ထုတ်မရ အတွေးတွေများသွား။အနုပညာ ပြခန်းတခန်းကနေ ဆူစန် (သူဌေး) စထွက်လာတာကနေစတယ် သူမ အိမ်ကို ရောက်သွားတယ် သူမ မအိပ်ဖြစ်တာ အတော်ကြာနေတဲ့ ပုံပါပဲ... ထူးထူးခြားခြားသူမဆီကို ပါဆယ်တစ်ခု ရောက်နေလို့ တိပ်တွေကို လျင်လျင်မြန်မြန် ဆွဲဖွင့်တဲ့အခါ စက္ကူသားကြောင့် လက်ရှသွားပြီး ဝန်ထမ်းတစ်ယောက်ကိုဖွင့်ခိုင်းပြီး စာကို ဖတ်ခိုင်းတဲ့အခါ သူမ ယောင်္ကျားဟောင်း အက်ဝဒ် ...
movie

Nocturnal Animals (2016)

2016
The Present (2024) 5.7
The Present (2024)  ဒီကားလေးကတော့ ကလေးရှိတဲ့ မိဘတိုင်း ကြည့်ကိုကြည့်ရမဲ့ မိသားစု ဇာတ်လမ်းလေးပါEric နဲ့ Jennifer တို့ စုံတွဲဟာ နှင်းကျတဲ့ ညတစ်ညမှာ ပထမဆုံးဒိတ်ကျရင်း စံပြအိမိထောင် တစ်ခုကို ထူထောင်နိုင်ခဲ့ကြပါတယ်။ သူတို့မှာ လိမ္မာတဲ့ သမီးကြီး၊ ရော်ကာ သားလတ်ကလေးနဲ့ စကားမပြော အပြင်မထွက် အသားချင်းမထိချင်တဲ့ သားငယ်လေး Taylor ဆိုပြီး သားသမီး ၃ယောက် ရှိကြပါတယ်။ တစ်နေ့မှာတော့ ကလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်မဖြစ်ဘူးလို့ ကိုယ့်ကိုကိုယ် ယူဆထားတဲ့ Eric နဲ့ ကလေး ၃ယောက်မွေးထားလည်း လှနေသေးတဲ့ Jen တို့ဟာ single life ကို ပြန်သွားဖို့ရာ ကွာရှင်းကြမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။မိဘ ၂ပါး ကွာရှင်းမှာကို တားနိုင်ဖို့ မိသားစုလေး မပြိုကွဲရဖို့အရေး အောင်နှမ ၃ယောက်ဟာ အချိန် ခရီးသွားတာကို ၈၆ ကြိမ်တောင် ပြုလုပ်ခဲ့ကြပါသတဲ့။ ...
movie

The Present (2024)

Hot Rod (2007)
Hot Rod (2007)  ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ဒါပေမဲ့ ပ‌ထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ...
movie

Hot Rod (2007)

Now You See Me (2013) 7.3
Now You See Me (2013) ဒီဇာတ်ကားက ၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီးလူကြိုက်အတော်များခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒါရိုက်တာ Louis Leterrier က ရိုက်ကူးပေးထားပြီး နာမည်ကျော်Hulk သရုပ်ဆောင် Mark Ruffalo,Woody Harrelson, Jesse Eisenberg, Morgan Freeman တို့ကအဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းရဲ့ လှည့်ကွက်တိုင်းမှာ လှည့်ကွက်တွေထပ်ထပ်ဆင့်နေတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ လမ်းပေါ်မှာ လှည့်လည်ပြသနေကြတဲ့ မျက်လှည့်ဆရာလေးဦးကိုတစ်ရက်မှာ ဘယ်ကမှန်းမသိတဲ့ ကတ်လေးတစ်ကတ် ရောက်လာပြီးနေရာတစ်ခုကို ချိန်းလိုက်ပါတယ်။ သူတို့လေးယောက်ကို ခေါ်လိုက်တဲ့အဖွဲ့က ဒဏ္ဍာရီလာ မျက်လုံးတော်ဆိုတဲ့အသင်းတော်တစ်ခုက ဖြစ်ပါတယ်။ ဒီအသင်းတော်က မြန်မာလိုသဘောအရဆိုငတက်ပြားရာဇဝင်နဲ့ ခပ်ဆင်ဆင် တူပါတယ်။သူဌေးတွေထဲက ခိုးယူပြီး ဆင်းရဲသူတွေကိုမျှဝေတဲ့သူတွေကနေ စတင်ခဲ့ကြတာပေါ့။ အီဂျစ်ခေတ်ကတည်းက စတင်ခဲ့တဲ့ ဒီအသင်းတော်ကထူးချွန်တဲ့ လူငယ်မျက်လှည့်ဆရာတွေကိုအသင်းတော်ထဲ ဝင်ခွင့်ပေးပါတယ်။ အခု ဒီလေးယောက်ကိုလည်း မြင်းစီးသမားလေးယောက်ရယ်လို့အမည်ပေးပြီး ဘယ်လို မကောင်းမှုတွေကို ထုတ်ဖော်သွားမလဲဆိုတာကိုစိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။Rating တွေအနေနဲ့ IMDb 7.2 နဲ့ RT 51% ရရှိထားပါတယ်။ File ...
movie

Now You See Me (2013)

4K HEVC
Strays (2023) 6.3
Strays (2023) Strays (2023)CM က ခွေးကားအသစ်လေးတင်ထားတယ် ကလေးတွေကိုပြဖို့ဒေါင်းဦးမယ်တော့ မတွေးလိုက်နဲ့နော်။ ဒီခွေးကားက လူကြီးတွေကြည့်ပြီး အထာတွေပေါက် စခွီထရမယ့်ကားပါ။ စကားအသုံးအနှုန်းကြမ်းတမ်းမှု အဆဲအဆိုအစုံ မူးယစ်ဆေး လိင်ကိစ္စအားလုံးပါဝင်တာကြောင့် R-Rated ဖြစ်ပါတယ် ဇာတ်လမ်းလေးကလဲ ကြည်နူးစရာပါပဲ။ ခွေးတစ်ကောင်က သူ့သခင်ဟူးမန်းရဲ့ဒစ်ကို ကိုက်ဖြတ်မယ်ဆိုပြီး သူ့ဟူးမန်းဆီကို ပြန်တဲ့ အိမ်ပြန်ခရီးပါ။ ဒီလိုပြောလို့ ခွေးက ဆိုးလှချည်းလားလို့ မထင်ပါနဲ့။ ဒီခွေးလေးနာမည်ကတော့ ရက်ဂျီပါ။ သူ့သခင်ဒေါ့ဂ်က သူ့ကိုတစ်စက်မှမချစ်ပါဘူး။ သူ့ရည်းစားရဲ့ခွေးကို ရည်းစားနဲ့ပြတ်သွားတော့ တမင်ညစ်ပြီးယူထားလိုက်တာပါပဲ။ ရက်ဂျီကတော့ အဲ့ဒါကိုနားမလည်ဘဲ သူ့ဟူးမန်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး သူ့ကို အချစ်ဆုံးလို့ထင်နေတာပါပဲ။ ဒေါ့ဂ်ကမလုပ်မရှိ အကိုင်မရှိ စော်ပစ်ကောင်လဲဖြစ်နေတော့ တစ်နေကုန် ထိုင် fap နေတဲ့သူပါ။ ရက်ဂျီကိုလဲအကြိမ်ကြိမ်အခါခါစွန့်ပစ်ဖို့ကြိုးစားပေမယ့် ရက်ဂျီက ဒါကဂိမ်းတစ်ခုလို့ထင်နေတော့ အိမ်ကိုအရောက်ပြန်ပြန်လာနေပါလေရော။ တစ်နေ့တော့ ရက်ဂျီကို အဝေးကြီးထိခေါ်သွားပြီးစွန့်ပစ်လိုက်တာမှာ ရက်ဂျီက တခြားလမ်းဘေးခွေးတွေနဲ့ပေါင်းမိမှပဲ သူ့သခင်က ဘယ်လောက်ဆိုးမှန်း သူ့ကိုစွန့်ပစ်သွားမှန်းသဘောပေါက်လိုက်ပါတယ်။ အဲ့တော့သူ့သခင်ကို လက်စားချေဖို့အတွက် သူ့သခင် အကြိုက်ဆုံးအချစ်ဆုံး တစ်နေကုန်ကိုင်ကိုင်နေတဲ့ ဒစ်ကို ကိုက်ဖြတ်မယ်ဆိုပြီး အငြိုးအတေးနဲ့ ပြန်လာတဲ့ ခွေးကလေး ရက်ဂျီ နဲ့ သူ့ဘော်ဒါအသစ်လမ်းဘေးခွေးတစ်သိုက်ရဲ့ အိမ်ပြန်ခရီးမှာ ဘာဆတွ ...
movie

Strays (2023)

2023
4K HEVC
Life of Crime (2013) 5.8
Life of Crime (2013)  Tim Robbins နဲ့ Jennifer Aniston တို့ အဓိကပါဝင်ထားတဲ့ Comedy ဇာတ်ကားလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်.... ဇာတ်လမ်းအစမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ဖရန့်ခ်ဒေါ်ဆင်ရဲ့မိန်းမ မစ်ကီဒေါ်ဆင်ကို ပြန်ပေးဆွဲဖို့ တိုင်ပင်နေကြတဲ့ရာဇဝတ်သား ၂ ယောက်ရဲ့ ဇာတ်ဝင်ခန်းနဲ့ စထားပါတယ်.သူ့မိန်းမကိုယ်တိုင်တောင်မသိတဲ့ ဖရန့်ခ်ဒေါ်ဆင်ရဲ့ လျှို့ဝှက်ချက်တွေကို သိထားတဲ့ သူတို့ ၂ယောက်ကတော့ ဖရန့်ခ်ရဲ့မိန်းမကိုပြန်ပေးဆွဲငွေညှစ်တာက လွယ်လွယ်လေးပိုက်ဆံရမယ့် အလုပ်လို့ထင်ထားခဲ့တာပါ.ဒါပေမယ့် သူတို့မသိတာက ဖရန့်ခ်မှာ သူတို့မထင်ထားတဲ့ မယ်လနီဆိုတဲ့ အငယ်အနှောင်း ရှိနေပြီး.သူ့မိန်းမ မစ်ကီ့ကိုလည်း ကွာရှင်းဖို့ထိ စီစဉ်ထားပြီးဖြစ်နေခဲ့တယ်ဆိုတာပါပဲ. တကယ့်တကယ် မစ်ကီကို ပြန်ပေးဆွဲချိန်မှာတော့ ဖရန့်ခ်အနေနဲ့က သူ့မိန်းမကို ဒေါ်လာ ၁ သန်း ပေးပြီး ပြန်အရယူဖို့စိတ်ကူးမရှိသလို သူ့အငယ်အနှောင်း မယ်လနီကလည်းတခြားအကြံအစည် တစ်ခုရှိနေပါတယ်.ငွေအရလွယ်ဖို့ ပြန်ပေးဆွဲမိကာမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့အဖြစ်ကြုံရတဲ့သူတို့၊ မစ်ကီကို ဖမ်းထားရင်း ကြုံတွေ့ရတဲ့အလွဲများ၊ တစ်ဖက်က ဖရန့်ခ်ရဲ့ မီးခဲဖင်ခုထိုင်မိသလိုကြံရာမရဖြစ်ပုံများနဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲ စတာတွေကိုဟာသနှော တင်ဆက်ထားတဲ့ ...
movie

Life of Crime (2013)

Wedding Crashers (2005) 7
Wedding Crashers (2005) IMDb Rating -7/10Rotten Tomatoes - 75%Wedding crashers ဆိုတဲ့သူတွေကမင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲအပျော်တမ်းလိုက်တက်တဲ့သူတွေနောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာမင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီးမင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာမျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်ကခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ်ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီးချစ်မိသွားလေသောအခါ...ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ ... ...
movie

Wedding Crashers (2005)

2005
Rango (2011) 7.2
Rango (2011) [Unicode]2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ …Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ ...
movie

Rango (2011)

London(2005) 7.0
London(2005) London(2005)************နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Chris Evan နဲ့ Jason Statham တို့ပါဝင်သရုပ်ဆောင်ထားတဲ့Londonဆိုတဲ့ ဒီဇာတ်ကားလေးမှာတော့ ဆစ်ဒ်ဟာ သူအရမ်းချစ်ရတဲ့ အမျိုးသမီလေး Londonနဲ့ လမ်းခွဲပြတ်စဲအပြီးဆေးစွဲသူတစ်ယောက်အဖြစ် ဘဝကို ဖြစ်သလိုဖြတ်သန်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ Londonက အဝေးကိုထွက်ခွာတော့မှာမို့ နှုတ်ဆက်ပါတီပွဲလုပ်ကြတဲ့အခါ...ဖိတ်ကြားခြင်းမခံရတဲ့ ဆစ်ဒ်ဟာလည်း နောက်ဆုံးအကြိမ်အခွင့်အရေးရလိုရငြားသူ့အတွက် ကိုကိန်းလာပို့ပေးတဲ့ ဘိတ်မန်းနဲ့အတူ ပါတီပွဲကို တက်ရောက်ခဲ့ပါတယ်။ဒီလိုနဲ့ တစ်ခါမှ မတွေ့ဖူးကြတဲ့ ဆစ်ဒ်နဲ့ ဘိတ်မန်းတို့ အစပ်အဟပ်တည့်ပြီးဆေးတွေ ရှူ.. ဒဿနတွေပြောကြရင်း Londonသူငယ်ချင်းတွေဆီကနေသူတောင်မသိတဲ့ဇာတ်လမ်းတွေကြားသိရတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့..............     File Size : (1.4GB) and (535 MB) Quality : Blu-Ray 720p Format…mp4 Duration…01:32:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tun Ag Kyaw Encoded by Phyo Pyae
movie

London(2005)

Back to the Outback (2021) 6.7
Back to the Outback (2021) IMDb Rating (6.7) / Rotten Tomatoes (87%)တိရိစ္ဆာန်လေးတွေအားလုံးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ လူတွေက အဆိပ်ပြင်းတဲ့ တိရိစ္ဆာန်တွေဆို မကောင်းဆိုးဝါးတွေလို တူးတူးခါးခါး မုန်းကြတယ်၊ ကြောက်ကြတယ်။ ဒါပေမဲ့ သူတို့ဆီမှာလည်း ကြင်နာတတ်တဲ့ နှလုံးသား၊ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေရှိကြပါတယ်။ဒါကို Back to the Outback ဆိုတဲ့ ကာတွန်းကားလေးမှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ အဆိပ်ပြင်းတဲ့​မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ပုတ်သင် အစရှိတဲ့တိရိစ္ဆာန်​လေးတွေဟာ တိရိစ္ဆာန်ရုံထဲမှာ မကောင်းဆိုးဝါးတွေအဖြစ်ပြစားခံရပါတယ်။ ဒီထဲမှာမှ ကိုအာလာလို ချစ်ဖို့ကောင်းတဲ့ ကောင်တွေတော့မပါဘူးပေါ့လေ။ဒီကားလေးမှာ ဒီတိရိစ္ဆာန်လေးတွေဟာ လှောင်အိမ်ထဲကရုန်းထွက်ပြီး ဘေးလွတ်ရာကို အသက်စွန့်ပြေးရတဲ့ စွန့်စားခန်းတွေအပြင် သူတို့ဆီမှာ ကန့်လန့်ကန့်လန့်ပါလာတဲ့ ကိုအာလာကိုလည်း ကြည့်ရမှာပါ။သူကတော့ ထွက်ပြေးချင်တာမဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲမှာပဲ ကျော့ကျော့မော့မော့နေချင်တဲ့ ငနဲဆိုတော့ ဒီထွက်ပြေးမှုမှာ သူက အတိုက်အခံပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့တိရိစ္ဆာန်လေးတွေဟာ လူတွေလက်ထဲက ရုန်းထွက်သွားပြီး ...
movie

Back to the Outback (2021)

Horton Hears a Who! (2008) 7.8
Horton Hears a Who! (2008) IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူးကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး...ကျွန်တော်တို့လို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး...ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်...ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့်ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်.. ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကိုအမှတ်မထင်တွေ့သွားပါတယ်...မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့..... ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး... တစ်ခုပြောချင်တာက ဒီလိုကာတွန်းကာတွန်းရုပ်ရှင်ဆိုတာကလေးတစ်ယောက်လိုကြည့်ရင် ကလေးကာတွန်းကားအနေနဲ့ဖြစ်ပေမယ့်လူကြီးတစ်ယောက်လို ကြည့်ရင်တော့ လူကြီးအတွေးနဲ့ရုပ်ရှင်ကားတစ်ကားဖြစ်သွားမှာပါ...ရုပ်ရှင်ကပေးတဲ့ message လေးကိုသိအောင်လုပ်ရင်းအတွေးပွားစေလိုပါတယ်... ကဲ လေကြောရှည်တာများသွားတဲ့အတွက် ပြောတာလေးရပ်ပြီးကြည့်ရှုခံစားလိုကိကြပါဦး...(သေးသေးလေးတွေတော့ ထပ်သွားတယ် )(ဇာတ်ကားအတွက် ...
movie

Horton Hears a Who! (2008)

2008
Rise of the Guardians (2012) 7.3
Rise of the Guardians (2012) Director: Peter Ramsey ရိုက်ကူးတင်ဆက်ထားပြီးNovember 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ လူကြီးရော ကလေးပါ ကြည့်သင့်တဲ့ယုံကြည်မှု စိတ်ဓါတ်ရေးရာ မြင့်တင်ပေးပြီး စိတ်ဓါတ်ခွန်အား ရရှိစေမယ့် နတ်သမီး ပုံပြင်အခြေခံကာတွန်းဇတ်လမ်းလေး ဖြစ်ပါတယ်....==================================ဇတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကိုစွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်...တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ် ကိုသေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်....ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဉာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူးဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်းဆန်တာကလော့ တို့ အက်စတာဘန်နီ ...
movie

Rise of the Guardians (2012)

2012
HEVC 1080p 5.1
Godmothered 2020 6.2
Godmothered 2020 မှော်ဆန်ဆန်လေးနဲ့ လူတွေရဲ့ပျော်ရွှင်မှုအနှစ်သာရကိုဖော်ပြသွားတဲ့ GODMOTHEREDဇာတ်လမ်းခေါင်းစဥ္အတိုင်းပဲ လူတွေကိုကူညီပေးတဲ့နတ်သမီးမေမေတိုင်းပြည်ကအသက်ငယ်သေးတဲ့ အယ်လီနာအမည်ရတဲ့နတ်သမီးမေမေသင်တန်းသားလေးကစစ်မှန်တဲ့နတ်သမီးမေမေဖြစ်ဖို့အတွက်လူတွေကိုထာ၀ရပျော်ရွှင်အောင်ကူညီပေးတဲ့တာ၀န်ကိုရအောင်ရှာပီးတာ၀န်ဖြစ်တဲ့ မက ်ကန်ဆီအမည်ရတဲ့ကလေးမလေးဆီသွားခဲ့ပါတယ်မက ်ဆာချူးဆက်ကိုရောက်တဲ့အချိန်မှာတော့မက္ ကန်ဆီက သူထင်ထားသလို၁၀နှစ်သမီးလေးမဟုတ်တော့ပဲSingle momအဖြစ်နဲ့ သမီး၂ယောက်ကိုထိန်းကျောင်းရင်းသတင်းကြေ ငြာသူလုပ်နေတာဖြစ်ပါတယ်အစပိုင်းမှာ အယ်လီနာရဲ့မှော်အစွမ်းကမပြည့်စုံသေးတဲ့အတွက်လွဲချော်မှုတွေရှိပေမဲ့ နောက်ပိုင်းမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့Single momနဲ့ သူ့ကလေးတွေကိုဘ၀ရဲ့အဓိ္ပ္ပါယ်ကိုသိရှိအောင်ဘယ်လိုကြိုးစားဖန်တီးပေးမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် File Size - 1.4 GB , 700 MB Quality - 1080P , 720P Subtitle - Myanmar (Hardsub) Translator - Zora Yang Encoder - Littleneo  
movie

Godmothered 2020

Greed (2019) 5.7
Greed (2019) England Brand အဝတ်အစားတွေရဲ့ လောကမှာဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကိုဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့်သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီးအမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီးသူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကိုသူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်က...
movie

Greed (2019)

Definitely, Maybe (2008) 7.1
Definitely, Maybe (2008) Definitely, Maybe (2008) IMDb - 7.1/10_____Rotten - 70%    Will Hayes (Ryan Reynolds) ဆိုတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်မှာ သမီးလေးတစ်ယောက်ရှိပြီး ဇနီးမယားနဲ့တော့ ကွဲကွာနေသူပါ... တစ်နေ့သမီးလေးဟာ ကျောင်းရဲ့ လိင်ပိုင်းဆိုင်ရာသင်ခန်းစာတွေသင်ပြီးနောက်မှာ အဖေ့ထံက တစ်သက်လုံးမကြားခဲ့ရတဲ့အမေ့အကြောင်းကို စပ်စုပါတော့တယ်.... ဖခင်ဖြစ်တဲ့သူဟာ အမေဆိုတာကြီးကိုတမ်းတပြီး သမီးလေးကိုမကြီးပျင်းစေချင်တော့ အမေ့အကြောင်းကို တစ်ကြောင်းတောင် မပြောပြထားသလို လွမ်းမောစရာအတိတ်ကြီးကိုလည်း ပြန်လည်အမှတ်မရချင်တော့တာကြောင့်ပေါ့... ကျွန်တော်တို့အားလုံးလည်း တစ်စုံတစ်ယောက်ကိုသိပ်ချစ်ခဲ့ပေမယ့် အကြောင်းကြောင်း ကြောင့်လက်တွဲဖြုတ်ခဲ့ရတဲ့အခါမှာ အတတ်နိုင်ဆုံးမေ့ပျောက်ဖို့ကြိုးစားကြတယ်... သို့ပေမယ့် ချစ်ခဲ့သူနဲ့ပတ်သက်လို့မေ့ပျောက်ဖို့ကြိုးစားတဲ့အခါမှာ ကျွန်တော်တို့ဘယ်တုန်းကများအောင်မြင်ခဲ့ဖူးလို့လဲ... နောက်ဆုံးသမီးလေးကို ကွဲသွားတဲ့မိန်းမအကြောင်းကို ပြောပြဖြစ်တယ်... သူပြောတဲ့အကြောင်းတွေက တကယ်စိတ်ဝင်စားဖို့ကောင်းသလို ရယ်လည်းရယ် ရင်လည်းခုန်ဖို့ကောင်းတယ်... ရိုက်ပြထားတာလည်း တကယ်ကြည်နူးဖွယ်ရာကောင်းတယ်... ခံစားကြည့်လိုက်ပါဦး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paingပဲဖြစ်ပါတယ်....     File Size : (950 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Definitely, Maybe (2008)

2008