Channel Myanmar

Isabelle De Hertogh

Coup de Chance (2024) 6.5
Coup de Chance (2024)  Coup se chance ဆိုတဲ့ပြင်သစ်ဇာတ်ကားလေးကတော့ချမ်းသာတဲ့စုံတွဲတစ်တွဲဖြစ်တဲ့ ဖန်နီ(Lou de Laâge)နဲ့ဂျင်း(Melvil Poupaud) တို့က လူတိုင်းအားကျတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားရပေမဲ့ ပြဿနာလေးတွေရှိနေပါတယ်။ တစ်နေ့မှာတော့ ဖန်နီက ကျောင်းတုန်းကသူငယ်ချင်းဖြစ်သူအယ်လန်(Niels Schneider)နဲ့ လမ်းမှာအမှတ်မထင်တွေ့ကာ သူငယ်ချင်းက သူ့ကို ငယ်ငယ်တည်းကကြိုက်နေကြောင်းဝန်ခံခဲ့ပါတယ်။ဖန်နီနဲ့ သူ့ကိုအရူးအမူးသဘောကျနေဆဲဖြစ်တဲ့ သူငယ်ချင်းဟောင်း၊ သူတို့နှစ်ယောက်ရဲ့အခြေအနေတွေအဆင့်တက်လာတဲ့နောက်ယောကျာ်းဖြစ်သူ ဂျင်း မသိအောင်ဘယ်လို ဖုံးကွယ်မလဲ။ယောကျာ်းဖြစ်သူ ဂျင်းက သိသွားခဲ့ရင် ဘာတွေလုပ်လာမလဲဆိုတာကို ကြည့်ရမယ့် crime/thiller ဆန်ဆန် အိမ်ထောင်ရေးကားလေးပဲဖြစ်ပါတယ်။  File size… (1.69GB) / (909MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Crime , Drama , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice
movie

Coup de Chance (2024)

Earwig (2021) 5.5
Earwig (2021)  2021 မှာထွက်ရှိထားတဲ့ ပြင်သစ်အမျိုးသမီးဒါရိုက်တာ Lucile Hadzihalilovic ရဲ့ပထမဦးဆုံးသော အင်္ဂလိပ်စကားပြောရုပ်ရှင်ဖြစ်ပြီး စားရေးဆရာ Brian Catling ရဲ့ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်း1950 ဝန်းကျင် ဥရောပအငွေ့အသက်တွေနဲ့ ရိုက်ကူးထားတဲ့ ဒီကားရဲ့ဇာတ်ဆောင်ဖြစ်သူအဲလ်ဘတ်ဆဲလင့်ခ်က မီရာလို့ခေါ်တဲ့ ဆယ်နှစ်အရွယ်ကလေးမလေးကို ပြုစုစောင့်ရှောင့်ရသူပါ။ဒီမီရာလို့ခေါ်တဲ့ကလေးမလေးကို အဲလ်ဘတ်အဓိကလုပ်ပေးရတဲ့တာဝန်က ကလေးမရဲ့ရေခဲနဲ့လုပ်ထားတဲ့အံကပ်ကို ထိန်းသိမ်းလဲလှယ်ပေးရတာပါပဲ။တစ်နေ့မှာတော့ အမြဲတမ်းဖုန်းပဲဆက်တတ်တဲ့ အလုပ်ရှင်ဟာ မီရာကိုသူတို့ဆီခေါ်လာဖို့ အဲလ်ဘတ်ကိုပြင်ဆင်ခိုင်းတဲ့အခါ...တစ်ကားလုံးမှာ Dialogue နည်းနည်းသာပါပြီး mystery ဆန်ဆန် melodrama ဆန်ဆန်ရိုက်ကူးထားတဲ့ ဒီ Earwig ဆိုတဲ့ရုပ်ရှင်ဟာ fantasy/horror genre အမျိုးအစားပါ။ဝတ္ထုထဲမှာပဲသေချာပါပြီး ရုပ်ရှင်မှာမပါတဲ့ trivia တစ်ခုကတော့ ရုပ်ရှင်နာမည် Earwig ကအကြားအာရုံအင်မတန်ကောင်းတဲ့ အဲလ်ဘတ်ရဲ့ nickname ဆိုတာပါပဲ.....  File size…1.19GB / 476MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 54m Genre ….. Drama , Fantasy , Horror Subtitle….Myanmar ...
movie

Earwig (2021)

Lost Illusions (2021) 7.4
Lost Illusions (2021)  Rotten Tomatoes မှာ 93% , IMDb မှာ 7.4 Ratingရထားတဲ့ပြင်သစ်ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ရပါတယ်။ ၁၉၈၀ ခုနှစ်မှာ အသက် ၂၀ အရွယ်ကဗျာဆရာလေးတစ်ယောက်ဖြစ်တဲ့လူစီယန်က အသိုင်းအဝိုင်းကြီးတစ်ခုကအိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်မိပြီးတဲ့နောက်မှ သူ့ရဲ့အိမ်ကနေ ပဲရစ်ကိုထွက်ခွာလာခဲ့ရပါတော့တယ်။စစချင်းမှာတော့ပဲရစ်မှာဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ပါလာတဲ့ ပိုက်ဆံလေးတွေလဲ ပြောင်ခဲ့ပါတော့တယ်။ ဒါပေမယ့်သူ့ရဲ့ ကဗျာစွမ်းရည်နဲ့စာရေးတဲ့ စွမ်းရည်က သူမတူပဲအရမ်းထူးချွန်ပြောင်မြောက်နေတဲ့အတွက် အရည်အချင်းရှိသူတွေအတွက် နေရာမရှားပါဘူးဆိုတာကိုသက်သေပြသွားပြီးတော့ သတင်းစာတိုက်တစ်ခုမှာအလုပ်ရသွားပါတော့တယ်။နောက်ပိုင်းမှာတော့လူစီယန်တစ်ယောက်ကျော်ကြားမှုနဲ့ချမ်းသာမှုတွေလဲပြန်ရလာခဲ့ပါတော့တယ်။ ဒါပေမယ့်ကံကြမ္မာဆိုတာက ချိုတစ်လှည့်ခါးတစ်လှည့်ဆိုတဲ့ အတိုင်းပဲသူ့ဘဝရဲ့ကျရှုံးချိန်တွေကိုရော ဘယ်လိုပြန်ရောက်သွားမလဲဆိုတဲ့ကဗျာဆရာလေးရဲ့ ပဲရစ်မှာကြုံရဆုံရစွန့်စားခန်းအမျိုးမျိုးအဖုံဖုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File size…1.99GB / 785MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….2h 29m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Lost Illusions (2021)