Channel Myanmar

Isabel Birch

Three Wiser Men and a Boy (2024) 7.0
Three Wiser Men and a Boy (2024)  Three Wiser Men and a Boy (2024)IMDb Rating (7.0) ဒီဇင်ဘာလခရစ်စမတ်ပွဲတော်ရက်လည်းနီးလာပါပြီ ဘာကျွေးကြမလဲ ဘာတွေလက်ဆောင်ပေးကြမလဲဆိုပြီး ကြိုပျော်တဲ့သူတွေလည်းကြိုပျော်ကုန်ကြပါပြီ ။ဒီအချိန်မှာ ခရစ်စမတ်အကြောင်းအထူးပြုရိုက်ထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။လုခ် ဘရန်နာ( အင်ဒရူးဝေါ့ကာ) တေလာဘရန်နာ( တိုင်လာဟိုင်းစ်)နဲ့စတီဖန်ဘရန်နာ(ပေါလ်ကမ်ဘဲလ်)တို့က ညီအကိုသုံးယောက်ဖြစ်ပါတယ်။လုခ်ကမီးသတ်ဌါနအကြီးအကဲဖြစ်ပြီးသူနဲ့သူ့ဇနီးကယ်ရိုလင်းမှာချစ်စရာကောင်းတဲ့သားလေးသောမတ်စ်ရှိပါတယ်။သောမတ်စ်က ကျောင်းမှာ ခရစ်စမတ်အတွက်ကပြမယ့် ပြဇာတ်ထဲမှာပါနေပါတယ်။စတီဖန်မှာချစ်သူ ဆူဇီ ရှိပြီးစတီဖန်ကစိတ်ဖိစီးမှုလျော့ချနိင်မယ့်နည်းလမ်းတွေအကြောင်းရေးတဲ့စာရေးဆရာဖြစ်ပါတယ်။တေလာကတော့ ဂိမ်းတွေကိုဖန်တီးသူဖြစ်ပြီး သူ့ရဲ့ဂိမ်းကိုအပြတ်လာဝယ်ပေမယ့်မရောင်းလိုက်တဲ့အခါ ငွေကြေးပြတ်လပ်ပြီးနေတဲ့ တိုက်ခန်းကပါထွက်ပေးရတဲ့အခြေအနေဆိုက်နေပါတယ်။သူတို့အမေဘာဘရာ(မာဂရက်ကောလင်း)ကသူတို့ကို သူ့အိမ်မှာညစားဖို့ခေါ်လိုက်ပါတယ်။မထင်မှတ်ထားတဲ့ဟာကသူ့အမေကသူတို့ကို ချစ်သူရွိုင်နဲ့မိတ်ဆက်ပေးလိုက်တာပါ။နေစရာပျောက်နေတဲ့တေလာတိုက်တွန်းတာနဲ့ ညီအကိုသုံးယောက်နဲ့သောမတ်စ်တို့ဘာဘရာ့အိမ်မှာ တစ်ပါတ်နေဖို့အကြောင်းဖန်လာပါတယ်။သောမတ်စ်ဆီကိုကွတ်ကီးမုန့်တွေဝယ်လာပို့တဲ့တေလာကကျောင်းကစန္ဒယားဆရာမလေးနဲ့ရင်းနှီးသွားပါတယ်။မထင်မှတ်ပဲ တေလာနဲ့စတီဖန်ကြောင့်ကျောင်းက ခရစ်စမတ်အထိမ်းအမှတ်ပြဇာတ် အခင်းအကျင်းနဲ့အဝတ်အစားတွေကိုဖျက်ဆီးသလိုဖြစ်သွားပါတယ်။သူတို့ငယ်ကတည်းကြောက်ရတဲ့ကြောက်ရတဲ့ကျောင်းအုပ်ကြီးက သူတို့ညီအကိုသုံးယောက်ကိုပြဇာတ်ကိုအောင်မြင်အောင်ပြန်လုပ်ဖို့ တာဝန်ပေးလိုက်ပါတယ်။ညီအကိုသုံးယောက်ဘာတွေလုပ်ကြမလဲပြဇာတ်ကအောင်မြင်မလား ဘယ်သူတွေကသူတို့ကိုကူညီမလဲ ညီအကိုနှစ်ယောက်ရဲ့အချစ်ရေးနဲ့မိခင်ကြီးရဲ့အချစ်ရေးအဆင်ပြေမလားဆိုတာတော့ဆက်ကြည့်ရှုနိုင်ပါတယ်။အတွေးအခေါ်ပါတဲ့ဒိုင်ယာလော့တွေကလည်း ဆွဲဆောင်မှုရှိပါတယ်။မိသားစုရဲ့ ခရစ်စမတ်ရိုးရာကိုလည်းတွေ့ရမှာဖြစ်သလိုခရစ်စမတ်မှာလုပ်တတ်ကြတဲ့အနောက်နိုင်ငံတွေရဲ့ ရိုးရာလေးတွေကိုပါသိရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ၂၀၂၂ ကရိုက်ကူးခဲ့တဲ့ ThreeWise Men and a Boy ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ဒါရိုက်တာက တယ်ရီအင်ဂရမ်ဖြစ်ပါတယ်။Hallmark Channel ကထုတ်လွှင့်တာဖြစ်ပြီးချန်နယ်ပရိသတ်တွေကြိုက်ကြတဲ့မိသားစုဇာတ်ကားဖြစ်ပါတယ်။   (အညွှန်းနဲ့ဘာသာပြန်ကတော့ khin sakar khin ဖြစ်ပါတယ်။)File size…(1.8 GB) ...
movie

Three Wiser Men and a Boy (2024)

2024
Legend of the Lost Locket (2024)
Legend of the Lost Locket (2024) IMDB 6.9/10 ရရှိထားတဲ့ အချစ်ဇာတ်ကား အသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ အမ်မီလီယာက မိခင်ဖြစ်သူ မဆုံးပါးခင်က ဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့ လော့ကတ်လေးတစ်ခုကို ရှာဖွေဖို့ ကြိုးစားနေသူပါ။ ဒဏ္ဍာရီတွေအရ အဲဒီလော့ကတ်လေးရဲ့ နာမည်က အချစ်စစ်လော့ကတ်ဖြစ်ပြီး ဝတ်ဆင်သူကို အချစ်စစ်နဲ့ဆုံဆည်းရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ဒါပေမဲ့ ကံမကောင်းအကြောင်း မလှစွာနဲ့ နှစ်ခြမ်းကွဲနေရှာတဲ့ လော့ကတ်လေးက တစ်ကွဲစီဖြစ်နေခဲ့ပြီး တစ်ခြမ်းကိုတော့ အမ်မီလီယာရဲ့အမေက ငွေအမြောက်အမြားပေးပြီး ဝယ်ယူသိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ မိခင်ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့လော့ကတ်တစ်ခြမ်းကို ရှာဖွေဖို့ လမ်းစတွေရှာရင်းနဲ့ နောက်ဆုံးမှာတော့ အမ်မီလီယာက ဝယ်လ်မာတန်ဆိုတဲ့ မြို့ငယ်လေးကို ရောက်ရှိလာခဲ့ပါတော့တယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက သမိုင်းရှိခဲ့တဲ့ မြို့ငယ်လေးမှာ သူ့ကို ကူညီပေးတဲ့ ရဲမှူး မားကတ်စ်နဲ့အတူ ပျောက်ဆုံးနေတဲ့ လော့ကတ်ကို ရှာရင်း မထင်မှတ်ထားတဲ့ အခက်အခဲတွေကြုံတွေ့ခဲ့ရာမှာ အမ်မီလီယာတစ်ယောက် အခက်အခဲများစွာကိုကျော်ဖြတ်ပြီး တကယ်ပဲ အချစ်စစ်လော့ကတ်တစ်ခြမ်းကို ရှာဖွေတွေ့ရှိသွားနိုင်မှာလား၊ အဲဒီလော့ကတ်ကရော ...
movie

Legend of the Lost Locket (2024)

Heaven Down Here (2023) 7.0
Heaven Down Here (2023) Heaven Down Here (2023) ==================== IMDb Rating - 7.0/10Heaven Down Here 2023 ကို ဒါရိုက်တာ Anne Wheeler က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 7.၀ ရရှိထားပါတယ်။ ခရစ်စမတ် ဒရာမာကားလေးပါနော်။ မိသားစုတွေ ပြန်ပြီး ဆုံစည်းကြတာ ၊ ပျော် ရွှင်ကြတာ တွေကို တင်ဆက်ထားတာပါ။အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ မိသားစုတွေ ဆုံစည်းနိုင်အောင်ကြိုး စားကြခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ မိသားစုဝင်တွေဟာ အကြောင်း အမျိုးမျိုးကြောင့် ပြန်မတွေ့နိုင်တာ ၊ သဘောထားတွေ မတိုက်ဆိုင်ကြ တာ ဒါတွေကြောင့် ကွဲကွာနေကြတာရှိပါတယ်။ အားလုံး ကြိုးစားပြီး တော့ နားလည်မှုတွေ ပြန်ပြီးရယူကြဖို့ခရစ်စမတ်ကာလရှိနေရတာလို့ သုံးသပ်တင်ပြထားပါတယ်။ အားလုံးမယ်ရီခရစ်စမတ်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.72 GB) / (615 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thy Santa Encoder..........SWM
movie

Heaven Down Here (2023)

2023
Inventing the Christmas Prince (2022) 6.6
Inventing the Christmas Prince (2022) Inventing the Christmas Prince(2022)Christmas Prince ဆိုတာ မြောက်ဝင်ရိုးစွန်းတခွင်မှာ Santa Clause ပြီးရင် နာမည်အကြီးဆုံး လက်ဆောင်တွေ ဖြည့်ဆည်းပေးတဲ့ mythical character တစ်ယောက်ပေါ့ဒါပေမယ့် Santa လောက်သူ့ကိုလူသိပ်မသိကြပါဘူးChristmas Prince ဆိုတဲ့story လေးကို ကျောင်းမှာ မိဘတွေခေါ်ပြီးပုံပြောခိုင်းတဲ့အစီစဥ်မှာ ရှယ်ဘီက သူ့ဖတဆိုးသမီးလေး ဂရေစ့်ကိုပြောပြပါတယ်အဲ့ကတည်းက Christmas prince ကဂရေစ့်ရဲ့စိတ်ထဲ စိုးမိုးနေတော့တာပေါ့ရှယ်ဘီဟာ တဖက်ကလည်း ဂရေစ့်လေးကိုထိန်းရ တဖက်မှာလည်း Rocket Engineer ဆိုတဲ့အတိုင်းအလုပ်တွေကဇယ်ဆက်သလိုကိုလုပ်ရပါတယ် သူ့အတွက်ပိုဆိုးစေတာက သူတို့ရဲ့ ဘောစ့်အယ်ဗန်ပါအယ်ဗန်ဟာ Christmas Carole ထဲက Scrooge လောက်မဆိုးပေမယ့် nearly Scrooge ပေါ့အဲ့တော့အရမ်းလူ့ဂွစာကြီးပေါ့ တစ်နေ့မှာဖြစ်ချင်တော့ ရှယ်ဘီတယောက်သမီးဖြစ်သူကို အလုပ်ခေါ်သွားရင်း ပုံပြင်ထဲက Christmas Prince ရဲ့ လက်ကအမှတ်နဲ့ မစ္စတာအယ်ဗန်ရဲ့လက်ကအမှတ်သွားတူနေပြီးဂရေစ့်လေး အယ်ဗန်ကို တကယ့် Chrostmas prince ...
movie

Inventing the Christmas Prince (2022)