Channel Myanmar

Inturi Vasu

Daaku Maharaaj (2025) 6.3
Daaku Maharaaj (2025) Daaku Maharaaj (2025)"ဒါကူမဟာရာ့ဂျ်" ===============================တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လို ဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက် အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့ မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက် သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေ လူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက် ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီး သူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကို ကာကွယ်ပေးဖို့ကြိုးစားပါတယ်။မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်း နောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.8 GB / 1.4 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Daaku Maharaaj (2025)

100 Crores (2024) 7
100 Crores (2024) 100 Crores (2024) "ကုဋေ ၁၀၀ ရှာပုံတော်"ရိုးရိုးအချစ်ကားတွေချည်း ကြည့်ရတာ ငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက် ရသတစ်မျိုးပေးစွမ်းမဲ့ မှုခင်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါရစေ။မှုခင်းဇာတ်လမ်းဆိုပေမဲ့ ဇာတ်ကောင်စရိုက်စုံစုံလင်လင်နဲ့ twist အမျိုးမျိုးကို ပေါ့ပေါ့ပါးပါး ကြည့်ကြရမှာပါ။ဇာတ်လမ်းအစမှာတော့ ဆိုင်ကယ်ပြင်ဆိုင်က စက်ပြင်ဆရာလေးရယ်၊ သူ့ချစ်သူရယ်၊ အခွန်ရှောင်တဲ့ သူဌေးကြီးရယ်၊ သူ့ရဲ့စမောလေးရယ်၊ သူဌေးကြီးရဲ့၀န်ထမ်းရယ်နဲ့ ရဲတစ်စုရဲ့နေ့စဉ်ဘ၀နဲ့ အဖြစ်အပျက်တွေကို ခပ်ရိုးရိုးပဲ ပုံဖော်ထားပါတယ်။တစ်နေ့မှာတော့ စမောလေးနဲ့ပျော်ပါးနေတဲ့ သူဌေးကြီးဟာ သူ့အိမ်ကို အခွန်ဌာနက ရှောင်တခင်၀င်စစ်မဲ့သတင်းကြောင့် ဖွက်ထားတဲ့ပိုက်ဆံတွေကို အိတ်တွေနဲ့ထုပ်ပိုးပြီး အိမ်ပေါ်ကနေ အိမ်နောက်ဖက်ကို ပစ်ချထားလိုက်ပါတယ်။ လာစစ်တဲ့သူတွေ ပြန်သွားတဲ့နောက် သူ့ပိုက်ဆံထုပ်တွေလည်း ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာကြောင့် သူဌေးကြီးလည်း ရှော့ခ်ရပြီး သေဆုံးသွားခဲ့ပါတယ်။အဲဒီအခါ ကုဋေချီတဲ့ပိုက်ဆံတွေကို ရှာဖွေဖို့အတွက် ရဲတွေရော လောဘသားကောင်တွေပါ အလုပ်များကုန်ပါတော့တယ်။ အဲဒီပိုက်ဆံတွေ ဘယ်လိုပျောက်ဆုံးသွားတာလဲ၊ ဘယ်သူတွေက ဘယ်လိုလှည့်ကွက်တွေ သုံးနေတာလဲဆိုတာ စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 52min Subtitle….Myanmar Subtitle ...
movie

100 Crores (2024)

Alanaati Ramachandrudu (2024) 8.9
Alanaati Ramachandrudu (2024) Alanaati Ramachandrudu (2024)အင်ထရိုဗာ့တစ်ယောက်ရဲ့အချစ် မွေးဖွားလာချိန်တူပြီး ကိုယ်ရည်ကိုယ်သွေးမတူကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်...။ဗစ်ကရမ်ဆိုတဲ့ကောင်လေးက ဗီဇကိုက စကားနည်းပြီး အနေအေးလွန်းလို့ ငယ်ငယ်တုန်းကအတန်းထဲမှာ မာနကြီးတဲ့ကောင်လို့ အပြောခံရသည်ထိပါပဲ ။ဒါရာနီကတော့ လမင်းကြီးပုံပြင်နားထောင်ရင်းကြီးပြင်းလာတဲ့ လနတ်သမီးလေးလိုအလှနဲ့ တက်တက်ကြွကြွကောင်မလေးတစ်ယောက်။လူကြောက်ပေမဲ့ လူတွေကြားထင်ပေါ်လွန်းတဲ့ကောင်မလေးကိုမှ ချစ်မိလေတော့ တစ်သက်လုံးစွဲလာတဲ့အကျင့်ကို ဖီဆန်ပြီး အားမွေးတော့တာပေါ့။အာမွေးပြီး ဖွင့်ဆိုလိုက်တဲ့ အချစ်စကားတစ်ခွန်းက သူ့ဘဝကို ပြောင်းပြန်လှန်သွားစေတဲ့အခါမှာတော့....ပိတ်ရက်မှာ သီချင်းချိုချိုလေးတွေနဲ့ အချစ်ဟာသကားလေးနဲ့ အမောဖြေ‌နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size… 2.1 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Alanaati Ramachandrudu (2024)