Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ingvar E. Sigurðsson
6.7
K-19: The Widowmaker (2002)
K-19: The Widowmaker (2002)IMDb Rating (6.7)ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်တဲ့ Harrison Ford နဲ့ Liam Neeson တို့ ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။၁၉၆၁ မှာ ဆိုဗီယက်ယူနီယံဟာ အမေရိကန်နဲ့ဉရောပကို စစ်အင်အားပြဖို့နဲ့ အာတိတ်သမုဒ္ဒရာထဲ ဒုံးကျည်စမ်းသပ်ဖို့ဆိုပြီး K-19 ဆိုတဲ့ နျူကလီးယားရေငုပ်သင်္ဘောတစင်းကို ရေချလိုက်ပါတယ်။ ဒါပေမယ့် သင်္ဘောက အဆင်သင့်မဖြစ်သေးဘဲ ပြဿနာတွေ အများကြီးနဲ့ အစောတလျင်စမ်းသပ်စေခဲ့တာဖြစ်ပါတယ်။ K-19 ကို ကပ္ပတိန် ဗော့စထရီကော့ဖ် (Harrison Ford) နဲ့ ဒုကပ္ပတိန် ပိုလီနင် (Liam Neeson) တို့ ဦးစီးဖို့ တာဝန်ပေးခြင်းခံရပါတယ်။သင်္ဘောဟာ အဆင်သင့်မဖြစ်သေးတာနဲ့အညီ ရေလယ်ကောင်မှာ နျူကလီးယား ဓာတ်ပေါင်းဖိုယိုစိမ့်မှုဖြစ်ပြီး အခန့်မသင့်လို့ ပေါက်ကွဲခဲ့ရင် ကမ္ဘာ့စစ်ပွဲတောင် ဖြစ်သွားနိုင်တဲ့အနေအထားဖြစ်လာပါတော့တယ်။ ဒီလိုအချိန်အခါမှာ ဓာတ်ရောင်ခြည်အကာအကွယ်ဝတ်စုံမရှိတဲ့ကြားက ကပ္ပတိန်နဲ့ သင်္ဘောသားရဲဘော်ရဲဘက်တွေ နျူကလီးယားယိုစိမ့်မှုကြီးကို ဘယ်လို စွန့်စားပြီး ပြင်ဆင်ကြမလဲ ခက်ခဲကြမ်းတမ်းတဲ့ ဆုံးဖြတ်ချက်တွေကို ဗော့စထရီကော့ဖ်နဲ့ ပိုလီနင်တို့ ဘယ်လို စွန့်လွှတ်စွန့်စား ...
movie
K-19: The Widowmaker (2002)
2002
4K HEVC
Sebastian (2024)
LGBTQ ဇာတ်ကားတွေကိုအမြဲရိုက်လေ့ရှိတဲ့ Director Mikko Makelaရဲ့ LGBTQ Drama အသစ်စက်စက်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Rotten Tomatoes 72% နဲ့ 1 win & 2 nominations လည်းချိတ်ထားပါသေးတယ်Gay တစ်ယောက်ရဲ့ဘဝကိုကွက်ကွက်ကွင်းကွင်းပေါ်အောင်ရိုက်ထားတယ်ဆိုတော့ ၁၈ ယောက်စုကြည့်ရမယ့်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းကတော့......မဂ္ဂဇင်းတိုက်တစ်ခုမှာဆောင်းပါးတွေရေး၊ ဝတ္ထုတိုတွေရေးပြီးနာမည်ရနေတဲ့ မက်စ် ဆိုတဲ့၂၅ နှစ်အရွယ်လူငယ်လေးတစ်ယောက်ဟာGay တွေရဲ့ Sex Work အကြောင်းကို ကိုယ်ပိုင်လုံးချင်းဝတ္ထုရေးဖို့ကြိုးစားနေပြီးလုပ်ဖော်ကိုင်ဖက်တွေနဲ့ မန်နေဂျာရဲ့ထောက်ပံ့မှုကိုလည်းကောင်းကောင်းရထားပါတယ်ဒါပေမယ့် သူ့ရဲ့စာအုပ်ကိုပိုပြီးလက်ရာမြောက်ဖို့အတွက် Gay တွေနဲ့အင်တာဗျူးရုံနဲ့တင်အားမရဘဲသူကိုယ်တိုင် Gay Website မှာ ဆီဘက်ရှန် ဆိုတဲ့ Account တုနဲလိုက်အိပ်ပြီးသူ့ရဲ့ဝတ္ထုကိုပိုပြီးရသမြောက်ဖို့ကြိုးစားပါတော့တယ်ကိုယ်တိုင်ကုန်ကြမ်းရှာရာကနေ သူ့ရဲ့အလုပ်အကိုင်၊ သူ့ရဲ့ဘဝအပေါ်ဘယ်လောက်ထိ လွှမ်းမိုးမှုရှိလာမှာလဲ....အဲဒီလမ်းကြောင်းမှာတကယ်ကိုယ်တိုင်းစီးမြောသွားတဲ့အခါ ဘယ်လိုအတွေ့အကြုံသစ်တွေဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမလဲ......သူ့ရဲ့ဝတ္ထုကရော တကယ်ပြီးမြောက်အောင်မြင်သွားရဲ့လားဆိုတာကိုတော့.....ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်File size…(1.2 GB)/(738 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated ...
movie
Sebastian (2024)
6.4
Rebel Moon – Part One: A Child of Fire (2023)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ...
movie
Rebel Moon – Part One: A Child of Fire (2023)
8.9
Zack Snyder’s Justice League (2021)
(function(f,b,n,j,x,e){})();DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Zack Snyder’s Justice League (2021)
4K HEVC
7.0
The Northman (2022)
IMDb Rating (7.0) / Rotten Tomatoes (90%)ဒီရုပ်ရှင်ကားကြီးကတော့ နော်ဝေးဗိုက်ကင်းတွေရဲ့ ခေတ်ဇာတ်လမ်းကောင်းတစ်ခုပါပဲ။နာမည်ကျော်ဗိုက်ကင်းစီးရီးကြီးနဲ့ ဆက်စပ်တာတော့မဟုတ်ပါဘူး။မင်းသားအမ်လက်သ်ရဲ့ ဒဏ္ဍာရီဆိုတဲ့ ရှေးပုံပြင်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။Anya Taylor-Joy , Nicole Kidman ,Alexander Skarsgård တို့အပြင် အခြားသရုပ်ဆောင်များစွာရဲ့ သရုပ်ဆောင်ချက်ကောင်းကောင်း၊ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ ရိုက်ကူးချက်အလန်းတွေ တိုက်ခိုက်ခန်းအလန်းတွေကိုမြင်ရမှာဖြစ်ပါတယ်။အဖော်အချွတ်ခန်းအနည်းငယ်ပါလို့ အိမ်မှာ မိသားစုနဲ့ကြည့်ရင်တော့ သတိထားရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ဗိုက်ကင်းဘုရင် အာဗန်ဒေးမှာ အမ်လက်သ်ဆိုတဲ့သားတော်မင်းသားလေးတစ်ပါးရှိပါတယ်။တစ်နေ့မှာတော့ ဘုရင်အာဗန်ဒေးရဲ့ညီ ဖီအိုနာက သူ့အစ်ကိုကို လုပ်ကြံပြီး ထီးနန်းကိုသိမ်းပိုက်လိုက်ပါတော့တယ်။ ဒါအပြင် အမ်လက်သ်ရဲ့အမေကိုပါ ဖမ်းဆီးပြီး အမ်လက်သ်ကိုပါသတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းပြီး အမ်လက်သ်လွတ်သွားတဲ့အခါထီးနန်းကိုပြန်ယူဖို့၊ မိခင်ကိုကယ်တင်ဖို့ နဲ့ အဖေအတွက် လက်စားချေဖို့ ပြန်ကြိုးစားပါတော့တယ်.....။ File size…(6.8 GB)/ (2 GB)/(1.2 GB) ...
movie
The Northman (2022)
4K HEVC
5.8
Beowulf & Grendel (2005)
Beowulf & Grendel (2005)ဒီကားကတော့ ၂၀၀၅ ခုနစ်က ထွက်ရှိထားတဲ့ သမိုင်းအခြေပြု ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားလေးရဲ့ နာမည်အတိုင်းပဲ ဘေးဝုဖ်နဲ့ ဂရန်ဒယ်ဆိုတဲ့ ဇာတ်ကောင်နှစ်ဦးကို ဇာတ်အိမ်တည်ရိုက်ထားတဲ့ကားလေးပါ။နာမည်ကြီး မင်းသား Gerard Butler က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ခေတ်သူ့အခါက ထူးချွန်ဆုကိုပါရရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဂရန်ဒယ်ဆိုတဲ့ ဂိ(တ်) သူရဲကောင်းတစ်ဦးက သူ့ရဲ့နေရပ်ဒေသကို ပြန်ရင်း မုန်တိုင်းတွေကြောင့် ကမ်းတစ်ခုပေါ်အတင် သူ့ရဲ့ ဂန္ထဝင်နောက်ကြောင်းတွေကို ပြန်ရှင်းပြရာကနေစတာဖြစ်ပါတယ်။ထွက်တာကြာပြီဆိုပေမဲ့ ရသမျိုးစုံနဲ့ သုတအနည်းအကျဉ်းပါရရှိနိုင်မယ့် စွန့်စားခန်းသဖွယ် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ အားပေးကြည့်ရှုလိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.2GB, 910MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 43Min Genre - ...
movie
Beowulf & Grendel (2005)
2005
6.5
Lamb (2021)
Lamb (2021)==========IMDb Rating - 6.5/10အသစ်ထွက်ရှိလာတဲ့ Horror/Fantasy အမျိုးအစား Lamb ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။သမားရိုးကျ Jump scare တွေ၊သွေးသံရဲရဲ ခုတ်ထစ်မှုတွေကို ရိုးအီလာပြီဖြစ်တဲ့သူတွေအနေနဲ့ဒီဇာတ်ကားက ရသတစ်ခုပေးစွမ်းစေမှာပါ။ဇာတ်လမ်းကိုတော့ Ingvar နဲ့ Maria လို့ခေါ်တဲ့ လင်မယားနှစ်ယောက်နဲ့စထားတယ်။သူတို့ နှစ်ယောက်ဟာ ရေခဲတောင်ဒေသမှာ သိုးတွေကို မွေးမြူရင်း အတူနေထိုင်ကြပါတယ်။သူတို့တွေက စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်နေတဲ့ သာမန်စုံတွဲတစ်တွဲ...နိစ္စဓူ၀လုပ်ငန်းတွေကိုလုပ်ရင်း နှစ်ယောက်တည်း အထီးကျန်ဆန်တဲ့ဘ၀ကို နေထိုင်လျက်ပဲဒီလိုနဲ့ တစ်ရက် သူတို့လယ်ထဲမှာ သိုးလေးတစ်ကောင်ပေါက်လာတော့ သားသမီးရတနာမရှိတဲ့ လင်မယားဟာပေါက်လာတဲ့သိုးလေးကို သားသမီးသဖွယ် ထိန်းသိမ်းစောင့်ရှောက်ရင်း မိသားစုဘ၀ကို ထူထောင်ရင်း ပျော်ရွှင်နေကြတာပေါ့။ ဒါပေမဲ့ အပျော်တွေကကြာရှည်မခံပါဘူး Ingvar ရဲ့အစ်ကိုဖြစ်သူ Petur ဟာ သူတို့လင်မယားဆီအလည်ရောက်လာတဲ့တစ်နေ့မှာ သူတို့ရဲ့မိသားစုဘ၀ဟာ အလှည့်အပြောင်းတွေစတင်ဖြစ်ပေါ်လာခဲ့တော့တယ်။ဒီဇာတ်ကားဟာ ကြည့်ရင်းနဲ့ ဇာတ်လမ်းရဲ့သဘောသဘာ၀ကို ပြန်စဉ်းစားရမယ့်ရုပ်ရှင်မျိုးပါ . . .မွန်းကျပ်တဲ့ဇာတ်လမ်းသဘောနဲ့အတူ သိပ်လှတဲ့ သဘာ၀ရှုခင်းတွေကို တွဲမြင်ရမှာဖြစ်ပြီး ...
movie
Lamb (2021)
2021