Channel Myanmar

Indra Birowo

A Business Proposal (2025)
A Business Proposal (2025) A Business Proposal 2025 ကံကြမ္မာ၏ချစ်ခွင့်ပန်ခြင်းKdrama ဖန်တွေကြား မသိတဲ့လူမရှိတဲ့ A Business Proposal ဇာတ်လမ်းတွဲရဲ့ ဇာတ်အိမ်ကိုယူပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အင်ဒိုသရုပ်ဆောင် အချောအလှလေးတွေနဲ့ ပြန်ပြီးလွမ်းဆွတ်လိုက်ရအောင်လားရှင်ဆာရီကငွေကြေးအခက်အခဲကြောင့် သူငယ်ချင်းဖြစ်သူအစား blind date တွေ့ဖို့သွားခဲ့ပါတယ် ဒီကမ်းလှမ်းချက်နောက်မှာ မထင်ထားတဲ့မြှုပ်ကွက်ကတော့ တစ်ဖက်လူက သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ စီအီးအိုဖြစ်နေတာပါပဲ ဒီအဖြစ်အပျက်လေးကနေစပြီး ဆာရီနဲ့ စီအီးအိုတို့ကြားက ဆက်ဆံရေးက ရှုပ်ထွေးပြီး ရယ်စရာကောင်းတဲ့ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်လာပါတော့တယ်အလုပ်ခွင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ခဲ့ကြပေမဲ့ အတုအယောင် Blind Date ကနေ ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်သွားမလဲ အတုအယောင် ဆက်ဆံရေးကနေ သူတို့နှစ်ဦး တကယ့်အချစ်စစ်ကို ရှာတွေ့နိုင်မလားဆိုတာကတော့ ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေပါပဲမူရင်း တောင်ကိုရီးယားနာမည်ကျော် ဇာတ်လမ်းတွဲကို အခြေခံပြီး အင်ဒိုနီးရှားပုံစံနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေ ရယ်မောပျော်ရွှင်ရမဲ့ဇာတ်ဝင်ခန်းတွေနဲ့ စိတ်အပန်းပြေနိုင်စေမဲ့ ဇာတ်ကားကောင်းတစ်ကားပါလို့ ညွှန်းဆိုရင်း တင်ဆက်ပေးလိုက်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် ) File size… ...
movie

A Business Proposal (2025)

Pantaskah Aku Berhijab (2024) 8.0
Pantaskah Aku Berhijab (2024)  Pantaskah Aku Berhijab (2024)IMDb Rating (8.0) "Hijab ကိုဝတ်ဖို့တန်ရဲ့လား"ဆိုတဲ့ ဒီအင်ဒိုနီးရှားကားလေးက မိန်းကလေးတစ်ယောက်ရဲ့အခက်အခဲတွေ စိန်ခေါ်မှုတွေကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။Hijab ဆိုတာ Islam အမျိုးသမီးတွေဝတ်တဲ့ ခေါင်းခြုံတစ်ခုဖြစ်ပြီး ယဥ်ကျေးမှုအရရော ဘာသာတရားကိုင်းရှိုင်းမှုအရပါ အမျိုးသမီးတွေဝတ်ကြတဲ့ အရာပါ။ဇာတ်ကားထဲမှာ ဆိုဖီ လို့ခေါ်တဲ့ သာမန် မိန်းကလေးတစ်ယောက်ရဲ့ စိန်ခေါ်မှုတွေကိုရိုက်ပြထားတာပါ။ဇာတ်လမ်းအကျဉ်း --------------------ဆိုဖီက ဖခင်မရှိတဲ့ မိသားစုမှာကြီးပြင်းလာရပြီး မောင်နှမသားချင်းလည်း များတာကြောင့် ငွေကြေးအခက်အခဲအချို့လဲ ရှိနေခဲ့ပါတယ်။သူမက တက်သစ်စ သရုပ်ဆောင်ဖြစ်ပြီး ကြော်ငြာစရိုက်တော့မယ် ဆိုပေမဲ့ ရိုက်မည့်နေ့မှာ မလာနိုင်တာကြောင့် ဒါရိုက်တာ ဒေါပွပြီး ခေါ်မရိုက်တော့တဲ့အခါ မိသားစုအခက်အခဲတွေကြားက ရည်းစားဖြစ်သူကပါ ကိုယ်ဝန်ရတော့ အဆက်အသွယ်ဖျက်လိုက်တာကြောင့် စိတ်ညစ်နေခဲ့ပါတယ်။ဆိုဖီမှာ အက်ဆာလို့ခေါ်တဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။ အက်ဆာက ဆိုဖီကို အမြဲကူညီပေးတတ်ပြီး တစ်ဖက်သက်ကြိုက်နေတယ်ဆိုလဲ မမှားပါဘူး။ဒီတော့ ဗိုက်တစ်လုံးနဲ့ ဆိုဖီ တစ်ယောက်ကို အက်ဆာ ဘယ်လိုစောင့်ရှောက်မလဲဆိုတာနဲ့ လောကဒဏ်ခံနေရတဲ့ ဆိုဖီရဲ့ စိတ်အခြေအနေကကော ...
movie

Pantaskah Aku Berhijab (2024)

2024
The Most Beautiful Girl in the World (2025) 6.1
The Most Beautiful Girl in the World (2025) The Most Beautiful Girl in the World (2025) *******************************************WinTV ရုပ်သံလိုင်းရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူ ရူဘန်ဟာ အရမ်းကို ပွေရှုပ်တတ်တဲ့ ပလေးဘွိုင်းလေးတစ်ယောက်ပေါ့။ သူဟာ သူ့အဖေနဲ့လည်း မျက်နှာချင်းဆိုင်လိုက်တာနဲ့ ရန်ပွဲဆိုတာလိုဖြစ်နေပြီး အမေဖြစ်သူကလည်း သူနဲ့သူ့အဖေကို ထားကာ ထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ရူဘန့်အဖေဟာ ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့ပါတယ်။သူ့အဖေရဲ့ သေတမ်းစာမှာတော့ ရူဘန်တစ်ယောက် ၆လအတွင်းမှာ ကမ္ဘာပေါ်က အလှဆုံးမိန်းကလေးနဲ့ လက်ထပ်နိုင်မှ ပိုင်ဆိုင်မှုတွေအကုန်လုံးကို ရမယ်ဆိုတာပါပဲ။ဒီအတွက်နဲ့ ရူဘန်တစ်ယောက် မိန်းမရှာပုံတော် ထွက်ရပါတယ်။ရုပ်သံလိုင်းရဲ့ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးဆိုတဲ့ မော်ဒယ်ရှိုးကို အထူးစီစဥ်အနေနဲ့ ရူဘန်ရဲ့ ဇနီးလောင်းရှာဖွေပွဲကြီးအဖြစ်‌ ပြောင်းလဲလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲ ရူဘန်တစ်ယောက် ၆လအတွင်း မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်နိုင်ပါ့မလား ..ရူဘန်ရဲ့ ဘဝ အချစ်ခရီးလမ်းက ဘယ်လိုတွေ ကြုံတွေ့လာရမလဲ ... ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ အချစ်ရိုမန့်ဟာသ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.52GB / 674MB Quality… ...
movie

The Most Beautiful Girl in the World (2025)

Marlina the Murderer in Four Acts (2017) 6.9
Marlina the Murderer in Four Acts (2017)  ၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ Marlina the Murderer in Four Acts ဆိုတဲ့လူသတ်သမား မာလီနာအကြောင်းဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.9 အထိရရှိထားပြီး အင်ဒိုရုပ်ရှင်ဇာတ်ကားတွေထဲမှာတော်တော်လေး လက်စွမ်းပြထားနိုင်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ လူသတ်သမားမာလီနာအကြောင်းကိုအပိုင်းလေးပိုင်းခွဲပြီး ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်မာလီနာက ဘာလို့လူသတ်သမားဖြစ်နေရလဲဆိုတာကတော့ မာလီနာယောက်ျားဆုံးပါးသွားပြီး သူ့အနားမှာဘယ်သူမှမရှိတော့တဲ့အချိန်မှာယောက်ျား ၇ ယောက်လောက်က သူ့အိမ်ကိုလာပြီးတော့ နိုင်ထက်စီးနင်းလုပ်ပါတော့တယ်။အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုလဲယူတဲ့အပြင်အတင်းအဓမ္မပြုကျင့်ဖို့ပါ ကြိုးစားကြပါတော့တယ်။အဲ့ဒါနဲ့ အဓမ္မပြုကျင့်မခံချင်တဲ့ မာလီနာလည်း အဲ့ဒီယောက်ျားတွေထဲက ငါးယောက်ကိုသတ်ခဲ့ပါတော့တယ်။အဲ့လို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့မာလီနာက ရဲစခန်းမှာတိုင်ချက်ဖွင့်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။မသေပဲကျန်ခဲ့တဲ့လူနှစ်ယောက်ကလည်း မာလီနာ့ကိုလိုက်ရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.18GB / 531MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Thriller , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Marlina the Murderer in Four Acts (2017)

Valentine (2017) 6.0
Valentine (2017) ဘက်တီဗီရာဆိုတဲ့မြို့တော်ဟာ ဒုစရိုက်မှုတွေ၊အကြမ်းဖက်မှုတွေနဲ့ပြည့်နှက်နေပြီးတော့ ဆိုးရွားတဲ့လူရမ်းကားတွေကို ရဲတပ်ဖွဲ့ဝင်တွေကလဲ သေချာထိန်းသိမ်းနိုင်စွမ်းမရှိလှပါဘူး။ ဆယ်ကျော်သက်ကလေးတွေရဲ့စံပြလူတွေကလူဆိုးတွေ ဂိုဏ်းစတားတွေဖြစ်နေခြင်းအပေါ်မှာ ဘိုနိုဆိုတဲ့လူတစ်ယောက်ကပြောင်းလဲချင်စိတ်ရှိခဲ့ပါတယ်။ သူ့အနေနဲ့ လူစွမ်းကောင်းတစ်ယောက်ကိုဖန်တီးပြီးတော့ ကလေးတွေရဲ့စံပြလူအဖြစ် ဒီလိုလူမျိုးတွေကိုသတ်မှတ်ပြီးတော့ အကြမ်းဖက်မှုတွေကိုပပျောက်စေချင်ခဲ့တာပါ။ ဗယ်လင်တိုင်းဆိုတဲ့ မျက်နှာဖုံးနဲ့လူစွမ်းကောင်းအမျိုးသမီးနေရာမှာပါဝင်ပြီးတော့ လှုပ်ရှားပေးနိုင်တဲ့ကောင်မလေးတစ်ယောက်ကို ဝဝန်ဆိုတဲ့ဖက်ရှင်ဒီဇိုင်နာတစ်ဦးနဲ့အတူရှာဖွေရင်း နောက်ဆုံးမှာတော့ တွေ့ရှိခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ဗယ်လင်တိုင်းဆိုတဲ့လူစွမ်းကောင်းမလေးဟာ လူဆိုးလူမိုက်တွေနဲ့တိုက်ခိုက်ရင်းတစ်မြို့လုံးရဲ့စိတ်ဝင်စားခြင်းကိုခံလာရပါတော့တယ်။ ဒါပေမယ့် တစ်ဖက်မှာလဲ မြို့ရဲ့အဓိကအကြမ်းဖက်သမားတစ်ယောက်ဖြစ်တဲ့ အရိပ်ဆိုသူဟာလဲ တစ်စနဲ့တစ်စနဲ့ ပိုပိုပြီးတော့အခြေအနေဆိုးတွေကိုဖန်တီးလာတဲ့အခါမှာတော့ ... ဇာတ်လမ်းလေးမှာပဲဆက်ပြီးတော့ကြည့်ရှုလိုက်ရအောင်ဗျာ။ Released Date - May 2019 Genres -Action Duration -1hr 34min ဒီရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Aye Chan Su ဖြစ်ပါတယ်
movie

Valentine (2017)

2017
Galih dan Ratna (2017) 6.9
Galih dan Ratna (2017) 1980s ဝန်းကျင်မှာ ကောင်လေးတွေကမိမိချစ်ရတဲ့ကောင်မလေးတွေအတွက်ရည်စူးပြီးခံစားချက်နဲ့တိုက်ဆိုင်သမျှသီချင်းလေးတွေကိုစုကက်ဆက်တိတ်ခွေလေးထဲထည့်ပြီးချစ်သဝဏ်လွှာအဖြစ်ပေးတဲ့ Mixtape Culture လေး ရှိခဲ့ပါသတဲ့အဲ့လိုချစ်ဖို့ကောင်းတဲ့ Culture လေးကိုအခြေတည်ပြီး ပေါက်ဖွားလာတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်းကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ်ငယ်ရွယ်စဉ်အချစ်ဆိုတာ 'Tried to keep you close to me but life gets in between' ဆိုတဲ့James Bay ရဲ့သီချင်းစာသားလေးအတိုင်းပါပဲလားဆိုတာကို ထိထိမိမိခံစားရစေမှာပါOst အမိုက်စားလေးတွေကိုနားထောင်ပြီး အတူတူ feel ကြပါစို့(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ)File Size : (900 MB) and (380 MB) Quality : NF WEB-DL 720p Running Time : 1hr 52min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : NF ...
movie

Galih dan Ratna (2017)

2017