Channel Myanmar

Illyassou Balde

The Assessment (2025) 7.1
The Assessment (2025)   The Assessment (2025)IMDb Rating (7.1) / Rotten Tomatoes (83%) Elizabeth Olsen နဲ့ Himesh Patel တို့ ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် ဆိုက်ကိုဒရာမာပါ။လူနည်းနည်းနဲ့ ဇာတ်လမ်းအဆန်းမျိုးကို ကြိုက်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ဒီလို ဇာတ်လမ်းမျိုးလည်း အရင်က မကြည့်ဖူးကြသေးလောက်ပါဘူး။ဇာတ်လမ်းအကျဉ်းကမ္ဘာကြီးမှာ သယံဇာတနဲ့ စားစရာတွေကုန်ခါနီး အချိန်မှာ လူတစ်စုက ကမ္ဘာပေါ်မှာပဲ နေရာတစ်ခုကို ဖန်လုံအိမ်ပုံစံတည်ဆောက်ပြီး အသက်ရှင်အောင်နေကြပါတယ်။အဲဒီ နေရာကို မလာရတဲ့လူတွေကတော့ ကမ္ဘာဟောင်းမှာ စုတ်ပြတ်နေအောင် နေကြရတာပါ။အဲဒီ ကမ္ဘာသစ်ထဲမှာ လိုတာအကုန် အပြည့်အစုံရရုံမက ဆီနိုစီဒင်းဆိုတဲ့ ဆေးတစ်မျိုးကိုပါ ဖော်စပ်နိုင်ခဲ့ပြီး နေမကောင်းဖြစ်တာတွေ အသက်ကြီးတာတွေ အားလုံးကိုပါ ရပ်တန့်စေခဲ့ပါတယ်။ဒါကြောင့် ကမ္ဘာသစ်ထဲကလူတွေက တစ်ယောက်အသက်ကို တစ်ယောက် မှန်းလို့မရကြပါဘူး။အဲဒီနေရာရဲ့ ကန့်သတ်ချက်ကတော့ ကလေးမွေးခွင့်မရှိတာပါပဲ။ရင်းမြစ်တွေမလောက်မှာဆိုးတဲ့အတွက် ကလေးတစ်ယောက်ယူခွင့်ရဖို့ဆိုရင် ခက်ခက်ခဲခဲ လျှောက်လွှာတင်ရပြီး အရမ်းခက်ခဲတဲ့ စစ်ဆေးမှုကို ခံယူရပါတယ်။အဲဒီစစ်ဆေးမှုကို ...
movie

The Assessment (2025)

2025