Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Illeana Douglas
6.3
Message in a Bottle (1999)
Message in a Bottle (1999)*************************IMDb..... 6.3 ဂရက် ဆိုတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်.......ပင်လယ်ကြီးရဲ့ ဘေး ဇနပုဒ်ရွာက သာမန်လူသား တစ်ယောက်ပါပဲ။။ဘဝက ခရီးတစ်ခု ဆိုပါစို့...ဆုံးရှုံးမှုတွေကတော့ ကျွန်တော်တို့ ကြုံတွေ့ရမဲ့ မိုင်တိုင်တွေပါပဲ..။လက်ခံနိုင်သည်ဖြစ်စေ ကြောက်ရွံ့သည်ဖြစ်စေ ကြုံတွေ့ကြရမှာပဲ။ဂရက်ကြုံတွေ့ရတဲ့ မိုင်တိုင်က တခြားသူတွေထက်ခါးသီးနေဟန်ပါပဲ...သို့ပေမဲ့ သူဟာ ဆုံးရှုံးမှုကို ဖက်တွယ်ထားတဲ့ အစွဲအလမ်းကြီးသူ တစ်ယောက် ပါပဲ...။မရှိတော့တဲ့ သူရဲ့ အခါတစ်ပါးက ချစ်ရသူတစ်ယောက်အတွက် ဖန်ပုလင်းထဲစာလေးတွေထည့်ပြီး ပင်လယ်ပြာဆီ မျှောခဲ့တယ်.. လေးနက်ခြင်း လွမ်းဆွတ်ခြင်း တမ်းတခြင်းတွေကိုဖွဲ့သီပြီး စာလေးတွေရေးပြီးထည့်ခဲ့တယ်... ဒီဖန်ပုလင်းထဲက စာကိုအမျိုးသမီးတစ်ယောက်ကဖတ်မိတယ်....ဝါကျတိုလေးတွေဆိုပေမဲ့ စာရေးတဲ့သူရဲ့ ရင်ထဲကခံစားချက်တွေကိုကောင်းကောင်းပုံဖော်နိုင်တယ်...ဒီစာကို ဖတ်မိတဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်ခါမှမမြင်ဖူးတဲ့ ဖန်ပုလင်းထဲကစာပိုင်ရှင်ကိုတွေ့ချင်လာတယ်...။ဖန်ပုလင်းထဲက စာတစ်စောင်က မွေးဖွားခဲ့တဲ့ ရေစက်တစ်ခုဟာ ဘာများ ဆက်ဖြစ်သွားသလဲ...ဆိုတောတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါ။ စကားမစပ် Roလွန်းတဲ့ ဒီဇာတ်ကားရဲ့ မူရင်း စာရေးဆရာကကျွန်တော်တို့ရဲ့ Nicholas Sparkကြီးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie
Message in a Bottle (1999)
6.4
New York Stories (1989)
New York Stories (1989)~ IMDb - 6.4/10, Rotten Tomatoes - 76% ~New York Stories ကို အမေရိကရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေဖြစ်တဲ့ Martin Scorsese, Francis Ford Coppola နဲ့ Woody Allen တို့ သုံးယောက်တွဲ ရိုက်ထားတယ်။ ဒီ Anthology Film မှာ Life Lessons, Life Without Zoë, Oedipus Wrecks ဆိုတဲ့ ဇာတ်လမ်း၃ခုပါတယ်။ ဒီသုံးခုလုံးမှာ တူညီတာဆိုလို့ နယူးယောက်မှာ ဇာတ်အိမ်တည်ထားတဲ့အချက်ပဲရှိတယ်။ ထိတ်ထိတ်ကြဲဒါရိုက်တာကြီးတွေချည်း ရိုက်တာပေမဲ့ အများကြီးတော့ မမျှော်လင့်ထားစေချင်ဘူး။ပထမဆုံးဇာတ်လမ်းဖြစ်တဲ့ Life Lessons ကိုတော့ Martin Scorsese က ရိုက်ထားတယ်။ ဇာတ်လမ်းကိုတော့ ဒီမတိုင်ခင် သူ့ကို ...
movie
New York Stories (1989)
1989
The New Guy (2002)
Imdb rating - 5.8/10ဒီကားလေးကတော့ အမေရိကန် ကျောင်းသားဟာသကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒစ်ဇ်က အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အတန်းထဲမှာ အနိုင်ကျင့်ခံအရှုံးသမားတစ်ယောက်ပါ။ ဒါပေမဲ့ စီနီယာနှစ်မှာတော့ အဲဒါကိုပြောင်းလဲဖို့အတွက်ကြိုးစားရင်း မတော်တဆမှုဖြစ်ပြီး လူရယ်စရာဖြစ်သွားပါတယ်။ စိတ်ညစ်ညစ်နဲ့ ချာ့ခ်ျဂီတအဖွဲ့ထဲ၀င်ကြွယ်လိုက်တာ တစ်ညဂျေးအောင်းလိုက်ရပြီး လူသာဆိုတဲ့ဘဲကြီးဆီအရှုံးသမားကနေ လူကြမ်းကြီးဖြစ်ဖို့ နည်းစနာယူပညာသင်ပါတော့တယ်။ကျောင်းလည်းပြောင်းလိုက်ပြီးတော့ နာမည်ပါပြောင်း သင်လာသမျှပညာတွေထုတ်သုံးပြီး ဒစ်ဇ်တစ်ယောက် သူဖြစ်ချင်သလို လူကြမ်းကြီးဖြစ်အောင် ကြိုးစားတဲ့အကြောင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။ plotက အကောင်းကြီးမဟုတ်ပေမဲ့ ခွီပဲခွီချင်တယ်ဆိုတဲ့ ကြည့်ရှုသူတွေအတွက် ရွေးချယ်ဖို့အဆင်ပြေတဲ့ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe
movie
The New Guy (2002)
7.3
Ghost World (2001)
Ghost World (2001)~ IMDb - 7.3/10, RT - 93%, Meta - 90% ~Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ ...
movie
Ghost World (2001)
2001
Abomination (2023)
Thriller လည်းကြည့်ချင်တယ် အရမ်းကြီးတုန်လှုပ်ခြောက်ခြားနေစရာကောင်းနေတာမျိုးလည်း မဟုတ်ဘဲနဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ချင်တာမျိုးဆိုရင်တော့ Abomination ကို ကြည့်ဖို့ ပြောပြချင်ပါတယ်။သိပ္ပံပညာရှင် အဂ္ဂိရတ်ဆရာ အာခီမိဒိစ်က သူ့ရဲ့ဖန်တီးမှုတစ်ခုအနေနဲ့ သေဆုံးသွားတဲ့ အဒမ်ကို ပြန်ရှင်လာအောင် လုပ်ပေးရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ အဒမ်ရဲ့ ရှင်သန်မှုဟာ တခြားသူတွေကို ဒုက္ခပေးသလိုဖြစ်နေခဲ့ပြီးတော့ ဟီးရိုးသိပ်ဖြစ်ချင်သူ မိုက်ကယ်ဟာလည်း ဒီဇာတ်ထဲကို ကလဲ့စားချေဖို့ဆိုပြီးတော့ ပါလာပါတော့တယ်။ မိုက်ကယ်ဟာ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အက်ကနီ၊ လစ်ဇ်တို့နဲ့အတူ သူ့ရဲ့ ကလဲ့စားချေမယ်ဆိုတဲ့ အစီအစဥ်ကို စတင်ပါတော့တယ်။သေရွာပြန် အဒမ်ကို နှိမ်နင်းနိုင်ကြမလား မနှိမ်နင်းနိုင်ကြဘူးလားဆိုတာကို စိတ်ဝင်တစားကြည့်လို့ ရမယ့် Black comedy, Thriller ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(762 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Comedy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Doros
movie
Abomination (2023)
6.8
To Die For (1995)
To Die For [1995] (IMDb 6.8/10, RT 66%)မင်းသမီးကြီး Nicole Kidman ရဲ့ ကားဟောင်းတွေထဲက ကားကောင်းတစ်ကား လာပါပြီ။ ရုပ်ရှင်ဆုတွေလည်း အများကြီး ရထားခဲ့တဲ့ကားပါ။ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ကူးထားခဲ့ကားဖြစ်တဲ့အပြင် ဇာတ်ရဲ့ စလယ်ဆုံးကို ဆက်တိုက် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ဆူဇန် မာရက်တိုဆိုသူဟာ ရုပ်မြင်သံကြားတင်ဆက်သူ တစ်ယောက်ဖြစ်ဖို့ ငယ်ငယ်လေးကတည်းက ရူးသွပ်ခဲ့ရသူပါ... ရူးသွပ်လွန်းလို့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတွေရဲ့ ဘဝ၊ နေပုံထိုင်ပုံ၊ စားပုံသောက်ပုံ နောက်ဆုံး မင်္ဂလာပွဲမှာ သုံး ခြုံလွှာအထိ လိုက်တုပပြီး အသုံးပြုသူပါ... သူ့ယောက်ျား လယ်ရီ မာရက်တိုဟာလည်း သူ့ရဲ့ တမူထူးခြားတဲ့ ပုံစံကလေးကြောင့်ပဲ ဆူဇန်ကို ချစ်မြတ်နိုးပြီး လက်ထပ်ပေါင်းသင်းခဲ့သူပါ... ဒါပေမယ့် ဆူဇန်ဟာ ရုပ်မြင်သံကြားအလုပ်ပေါ်မှာ အလွန်အကြူးစွဲလမ်းနေတဲ့အတွက်ကြောင့် သူတို့မိသားစုပိုင်စီးပွားရေးဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ တွဲလုပ်ဖို့ တိုက်တွန်းမိပါတော့တယ်... ဒီလို တိုက်တွန်းလာတဲ့အပေါ် ဆူဇန်ကတော့ လုံးဝမကြိုက်ပါဘူး... သူ့လမ်းကြောင်းကို ပိတ်ပင်တားဆီးဖို့ ကြိုးစားနေတယ်လို့လည်း မြင်လာပါတော့တယ်... ဒီလိုနဲ့ သူရိုက်ကူးနေတဲ့ လူငယ်ရေးရာ ...
movie
To Die For (1995)
1995
6.6
Dummy (2002)
Dummy (2002) ============== IMDb Rating - 6.6/10ဒီဇာတ်ကားလေးကတော့ The Pianist နဲ့ Oscar ရခဲ့တဲ့ Adrien Brodyတို့၊ Resident Evil မင်းသမီးကြီး Vera Farmiga တို့အပြင် Resident Evil မင်းသမီး Milla Jovovich ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance-Comedy ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ 2000ခုနှစ်အငွေ့အသက်တွေအများ ကြီးပါပြီး အဲဒီခေတ်ကခေတ်စားတဲ့ pop-rockဇာတ်ဝင်တေးလေးတွေနဲ့ Nostalgicဖြစ်ဖြစ်နဲ့ ခံစားကြည့်ရှုရမယ့် ကားဟောင်း၊ကားကောင်းလေးတစ် ကားပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စတီဗင်က ငယ်ငယ်ကတည်းက ရုပ်သေးနဲ့ အသံတုလုပ်ပြီးဖျော်ဖြေသူတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် သာမန်အလုပ်လေး တစ်ခုမှာပဲ လုပ်နေခဲ့တဲ့ ခပ်အေးအေးကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာသူငယ်ချင်းဆိုလို့ သူနဲ့ဘဝတူ မိဘအိမ်မှာပဲနေနေတဲ့ အဆိုတော်ရူးမလေး တစ်ယောက်ပဲရှိပါတယ်။ စတီဗင်တစ်ယောက် အလုပ်ထွက်ပြီး အိပ်မက်နောက် လိုက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာ သူကြုံရတဲ့အခက်အခဲတွေကြားထဲကနေ မိန်းက လေးတစ်ယောက်ကိုပါ သဘောကျမိသွားပြန်ပါသေးတယ်။ အလုပ်အကိုင်မယ် မယ်ရရမရှိ၊ မိဘအိမ်မှာနေနေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ဘဝအကြောင်း တွေ၊ မိသားစုပြဿနာတွေနဲ့ တခြားလေးနက်တဲ့အကြောင်းအရာတွေကို တင်ဆက် ထားလို့ Rom-Comဆိုပေမယ့် Dramaအရသာတွေလည်းခံစားရမယ့် ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်)File Size..........(1.95 GB) / (792 ...
movie
Dummy (2002)
2002
7.3
Cape Fear (1991)
သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင်တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက်ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည်အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီးဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှုကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေလွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီးလက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစုအပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p / 720p Format…mp4 Duration….2h 8m Genre ….. ...
movie
Cape Fear (1991)
6.9
Stir of Echoes (1999)
Stir of Echoes (1999) ================ IMDb Rating - 6.9/10တွမ်ဝစ်ဇကီးဟာ ဖုန်းလိုင်းပြင်လုပ်သားတစ်ယောက်ဖြစ်ပြီး သူ့ဇနီး မက်ဂီ၊သားငယ်ဂျိတ်ခ်တို့နဲ့အတူ အလုပ်သမားလူတန်း စားတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာနေပါတယ်။တစ်နေ့မှာ တော့ ပါတီတစ်ခုမှာစကြနောက်ကြရင်း အိပ်မွေ့ချပညာရှင် သဘာဝလွန်ကိစ္စတွေကိုဝါသနာပါတဲ့ ခယ်မဖြစ်သူက အမြင် ကျဉ်းလွန်းတဲ့သူ့ကို စိတ်တံခါးဖွင့်ပေးလိုက်ရာကနေ တမလွန် ဘဝကိုမြင်နိုင်တဲ့အမြင်အာရုံရရှိသွားပါတော့တယ်။အဲ့ဒီမှာသူစမြင်လာရတာကတော့ သူတို့အိမ်ဧည့်ခန်းထဲက ဆိုဖာ ပေါ်မှာထိုင်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကိုပါ။ သူတို့သားဖြစ်သူ ဂျိတ်ခ်ကတော့ ဒီမိန်းကလေးကိုမြင်တွေ့နေရ တာကြာပြီဖြစ်ပြီး အမြဲအဆက်အသွယ်ရှိ စကားပြောလေ့ရှိကြောင်း ကိုပါ တစ်စစသိလာရပြီးတဲ့နောက်မှာတော့ အဲ့ဒီမိန်းကလေးအ ကြောင်းကိုစုံစမ်းပြီး ကူညီပေးဖို့ကြိုးစားရပါတော့တယ်။ ဒီမကျွတ် လွတ်တဲ့မိန်းကလေးက သူတို့နဲ့ဘယ်လိုပတ်သက်နေလဲ၊ ဘာကြောင့် ဒီတိုက်ခန်းမှာကပ်တွယ်နေသလဲ၊ အစရှိတဲ့ပဟေဠိတွေကို သူဖြေ ရှင်းရပါလိမ့်မယ်။Stir of Echoes ဟာ တစ်ချိန်မှာဂန္ဓဝင်တွေဖြစ်လာမယ့်၊ အဲ့ဒီခေတ် ကာလကလည်း အပေါက်ကြီးပေါက်ခဲ့တဲ့ The Sixth Sense, The Blair Witch Project နဲ့ The Mummy တို့နဲ့တိုက်ဆိုင်ခဲ့တဲ့အတွက် ထိုက်သင့်သလောက်လူသိမများခဲ့တဲ့ Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.72 GB) / (636 MB) Quality............BLU-RAY L 1080p / ...
movie
Stir of Echoes (1999)
1999
The Adventures of Pluto Nash (2002)
The Adventures of Pluto Nash (2002) Genre - Sci-fi, Action၂၀၀၀ ပြည့်နှစ်တွေက Nutty Professor တို့ Norbit တို့နဲ့နာမည်ကြီးခဲ့တဲ့ ဟာသမင်းသား Eddie Murphy ရဲ့၂၀၀၂ ခုနှစ်တုန်းက သိပ္ပံစိတ်ကူးယဉ်ကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းလေး ပြောရမယ်ဆို လူတွေဟာအနာဂတ်မှာ လပေါ်မှာကိုလိုနီလုပ် နေထိုင်နေကြပါပြီ။မှောင်ခိုသမားအနေနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ပလူတိုတစ်ယောက်ထောင်ထဲကနေထွက်လာတဲ့အခါ ကလပ်လေးတစ်ခုကို တည်ထောင်ပြီးအောင်မြင်စွာ အလုပ်ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ခရိုနီလူတစ်စုက သူ့ကလပ်ကို ၁၀ သန်းအတင်းပေးပြီး လာဝယ်ပါတယ်ပလူတိုကလည်း ရောင်းစားဖို့ မဟုတ်ကြောင်း ငြင်းလိုက်ပြီး နှင်ထုတ်လိုက်ပါတော့တယ်။ဒါပေမဲ့ မကြာခင်မှာပဲ ကလပ်တစ်ခုလုံးကို ဖောက်ခွဲပြီးပလူတိုရဲ့ အသက်ကို ရန်ရှာလာတဲ့အထိ ဖြစ်လာချိန်မှာတော့ပလူတိုတစ်ယောက် သူ့ကို ဒုက္ခပေးခဲ့တဲ့ ဒီပဟေဠိလူသားကိုစက်ရုပ်အဖော်ရယ် စားပွဲထိုးမလေးရယ် အတူတကွ ဘယ်လိုရှာဖွေဖော်ထုတ်ပြီးဘယ်လိုတွေ စွန့်စားခန်း ထွက်ကြမယ်ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ File size… 2.6 GB ...
movie
The Adventures of Pluto Nash (2002)
2002
6.7
Made for Each Other(2023)
Made for Each Other(2023)*************************Rachael Becker ဆိုတဲ့ ကောင်မလေးဟာ ပန်းပုထုရတာကို ဝါသနာပါခဲ့ပြီးထက်ထက်မြက်မြက်လည်းရှိလေတော့ ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေတယ်.. တကယ်တော့ သူက အရမ်းဇီဇာကြောင်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်....သူလိုချင်တဲ့ ယောကျာ်းလေးပုံစံက အရမ်းပြီးပြည့်စုံတာမို့ အပြင်မှာမတွေ့နိုင်လောက်အောင် ရှားတာပါ... အဲ့ဒါကြောင့် သူဟာ အဲ့ဒီလိုလူပုံစံကို ပန်းပုပဲ ထုခဲ့ပါတော့တယ် တစ်နေ့တော့ သူ့ရဲ့ အိမ်နီးချင်း Doris ဆိုတဲ့ အမျိုးသမီးဆီကအဆောင်လိုမျိုး လည်ဆွဲတစ်ခုကို ရလို့ သူ့ရဲ့ လူရုပ်ထုကို ဆွဲပေးလိုက်ပါတော့တယ် အဲ့ဒီလိုနဲ့ အဲ့ဒီအရုပ် အသက်ဝင်လာတဲ့ အခါမှာတော့..... File Size :(1.8GB) and (695MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:24:00 Genre : Comedy, Fantasy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie
Made for Each Other(2023)
7.1
Alive (1993)
Alive (1993)~ IMDb - 7.1/10, Rotten Tomatoes - 59% ~ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီစ်ရေခဲတောင်တန်းတွေပေါ်ကို ...
movie
Alive (1993)
1993
8.7
GoodFellas(1990)
GoodFellas(1990)အညြွန္း *********************** IMDb...8.7,,,,Rotten....96% (unicode)IMDbရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၂၀) စာရင်းထဲမှာပါတယ်....တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားပါတယ်..ဒါရိုက်တာMartin Scorsese ရဲ့ အကောင်းဆုံးလက်ရာထဲက တစ်ကားပါ... အော်စစကာ တစ်ဆုရရှိခဲ့ပြီး အခြားဆုပေါင်း (၄၄)ဆုလည်း ဆွတ်ခူးခဲ့ပါတယ်...ဒီကားကို အညွှန်းမရေးပါရစေနဲ့... ရေးဖို့လည်းမစွမ်းသာတဲ့ကားမို့ပါ... ခံစားကြည့်လိုက်ပါဦးဗျို့..ဘာသာပြန်သူကတော့ Thaw Thaw Wai Oo ပဲဖြစ်ပါတယ်......(zawgyi)IMDbရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၂၀) စာရင်းထဲမှာပါတယ်....တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားပါတယ်..ဒါရိုက်တာMartin Scorsese ရဲ့ အကောင်းဆုံးလက်ရာထဲက တစ်ကားပါ... အော်စစကာ တစ်ဆုရရှိခဲ့ပြီး အခြားဆုပေါင်း (၄၄)ဆုလည်း ဆွတ်ခူးခဲ့ပါတယ်...ဒီကားကို အညွှန်းမရေးပါရစေနဲ့... ရေးဖို့လည်းမစွမ်းသာတဲ့ကားမို့ပါ... ခံစားကြည့်လိုက်ပါဦးဗျို့..ဘာသာပြန်သူကတော့ Thaw Thaw Wai Oo ပဲဖြစ်ပါတယ်......File Size : (1.12 GB) and (407 MB) Quality : Blu-Ray 720p Format…mp4 Duration…02:26:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
GoodFellas(1990)
1990