Channel Myanmar

Iang Darmawan

The Last 7 Days (2025) Sebelum 7 Hari 5.4
The Last 7 Days (2025) Sebelum 7 Hari  The Last 7 Days (2025)IMDb Rating (5.4) တာရီဟာ ဆင်ဂယ်မိခင်တစ်ယောက်ဖြစ်ပြီး ဟာနစ်ဖ်နဲ့ဘီယန်းဆိုတဲ့ သားနဲ့သမီးဖြစ်သူတို့နဲ့အတူနေထိုင်ပါတယ်။သူ့မှာအလုပ်အကိုင်မယ်မယ်ရရမရှိလေလွင့်နေတဲ့ ကဒါးဆိုတဲ့မောင်တစ်ယောက်ရှိပြီး တစ်ရက်တော့ သူတို့ရဲ့မွေးရပ်အိမ်ကြီးမှာ မိခင်ဖြစ်သူ အသည်းအသန်ဖြစ်နေပြီဆိုတဲ့သတင်းစကားကြောင့် အိမ်ပြန်ဖို့ဖြစ်လာပါတော့တယ်။သူတို့ရဲ့မိခင်ဖြစ်သူဟာ သူတို့မောင်နှမနှစ်ယောက်ကို ငယ်စဉ်ကတည်းက အိမ်ပေါ်ကနှင်ချခဲ့တဲ့အတွက် တာရီက မိခင်ကိုအမြင်မကြည်ပါဘူး။ဒါပေမယ့်လည်း သူတို့ပြန်ရောက်ပြီးမကြာခင်မှာပဲ သူတို့ရဲ့မိခင်ဖြစ်သူဟာ ထူးဆန်းစွာသေဆုံးသွားခဲ့တဲ့အတွက် ရက်မလည်မချင်းနေရဖို့ဖြစ်လာခဲ့သလို ၊ သူ့အမေသေဆုံးချိန်ကစလို့ တစ်ယောက်ချင်းစီဟာ ထူးခြားတဲ့ဖြစ်စဉ်တွေနဲ့အခြောက်အလှန့်တွေခံလာရပါတယ်။အခြောက်အလှန့်တွေဟာ တစ်ရက်ထက်တစ်ရက်ပိုကြမ်းတမ်းလာခဲ့ပြီး သူတို့ရဲ့မိခင်ဖြစ်သူတစ္ဆေကပါ သူတို့ကိုကြုံတိုင်း ထွက်သွား လို့ပြောနေတဲ့အတွက် အိမ်ကနေအမြန်ထွက်သွားဖို့ကြိုးစားကြပေမယ့် အခြေအနေတွေက သူတို့ထွက်သွားဖို့မဖြစ်နိုင်အောင် တွန်းပို့ကြပါတော့တယ်။ယုံကြည်မှုဓလေ့အတော်များများမှာရှိကြတဲ့ ခုနှစ်ရက်မပြည့်မချင်း သေသူရဲ့ဝိဉာဉ်ဟာ လှည့်လည်သွားလာနေတယ်ဆိုတဲ့ အချက်ကိုအခြေခံပြီး အောက်လမ်းပညာနဲ့ပေါင်းစပ်ဇာတ်လမ်းဆင်ထားတဲ့ ဟော်ရာကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.2 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:47:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated ...
movie

The Last 7 Days (2025) Sebelum 7 Hari

2025
The Raid (2011) The Raid: Redemption 7.6
The Raid (2011) The Raid: Redemption The Raid (2011) The Raid: RedemptionIMDb Rating (7.6) / Rotten Tomatoes (87%)အင်ဒိုနီးရှားမင်းသား Iko Uwais ရဲ့ အကောင်းဆုံးနဲ့အကြမ်းဆုံး အက်ရှင်ဇာတ်ကားပါ။ဇာတ်လမ်းကတော့...အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က အဆောက်အအုံကြီးတခုမှာ အလွန်ရက်စက်ပြီး အာဏာလဲရှိတဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် တာမာနဲ့ သူ့အဖွဲ့သားတွေကိုဖမ်းဆီးဖို့အတွက် SWAT အဖွဲ့က အဆောက်အဆုံထဲချိုးဖောက်ဝင်ရောက်လာတဲ့ အခန်းနဲ့စတင်ထားတဲ့ ဒီဇာတ်ကားလေးက အင်ဒိုနီးရှားကရိုက်ကူးထားတာဆိုပေမဲ့ အနောက်တိုင်းအက်ရှင်တွေအတိုင်း တကားလုံးကိုအပစ်အခတ်အသတ်အပုတ်တွေနဲ့ အတော်လေးကြည့်ကောင်းပါတယ် ....အဆောက်အအုံထဲတိတ်တဆိတ်ဝင်လာတဲ့ SWAT အဖွဲ့ကို cctv ကတဆင့်သိသွားတဲ့တာမာက သူ့အဖွဲ့သားတွေလွှတ်ပြီး ဝင်ပေါက်ထွက်ပေါက်တွေအကုန်ပိတ်ချလိုက်တဲ့အခါ SWAT တဖွဲ့လုံး တိုက်ရဲ့၇ထပ်မြောက်မှာပိတ်မိသွားပါတော့တယ် အဲ့အခန်းကစပြီး သေနတ်တင်မက ဓားတုတ်တွေ့ရာလက်နက်နဲ့ အသက်လုပြီးတိုက်ပွဲဝင်ရတဲ့ SWATအဖွဲ့ကိုစတင်ရှုစားရမှာဖြစ်ပြီး သာမန် SWAT အဖွဲ့ဝင်လေး ရာမရဲ့အစွမ်းသတ္တိတွေကိုပါ အားရပါးရရှုစားရမဲ့ ဇာတ်ကြမ်းကားလေးဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းကို Khitmarket မှကူးယူဖော်ပြပါသည်။)လူကြိုက်များခဲ့လို့ Sequel အနေနဲ့ The Raid 2 ...
movie

The Raid (2011) The Raid: Redemption

2011
4K HEVC
Till Then, Hanna! (2024) 6.7
Till Then, Hanna! (2024) Till Then, Hanna! (2024)*************************ဇာတ်လမ်းအကျဉ်း ~~ကျောင်းသားမဂ္ဂဇင်းကို ခေါင်းဆောင်အယ်ဒီတာအနေနဲ့ လုပ်နေတဲ့ ဂန်နီနဲ့ သူ့ထက် တစ်နှစ်ကြီးတဲ့ ဒုခေါင်းဆောင်အယ်ဒီတာ ဟာနာတို့ဟာ ကျောင်းမဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် အတူတူလုပ်ကိုင်နေကြတဲ့ ဥပဒေကျောင်းက တက်ကြွလှုပ်ရှားကြသူတွေဖြစ်ပါတယ် .. ။ဂန်နီဟာ မဂ္ဂဇင်းအတွက် ဟာနာနဲ့ အမြဲတမ်းအတူတူ သွားလာနေကြရင်း ဟာနာအပေါ်မှာ တစ်ဖက်သတ်ချစ်မြတ်နိုးနေခဲ့သူဖြစ်ပါတယ်။ဖွင့်ပြောဖို့ ကြံစည်တိုင်းမှာလည်း ဟာနာရဲ့ အပြောတွေကြောင့် ဆက်မပြောဖြစ်ခဲ့ မြိုသိပ်ရင်း ချစ်နေရှာသူပါ။ ဂန်နီကိုတော့ အိမ်နီးချင်းဖြစ်သူ ဆရပ်စ်ဆိုတဲ့ မိန်းကလေးက ချစ်နေခဲ့ပါတယ်။တစ်နေ့ မဂ္ဂဇင်းအတွက် ဆောင်းပါးရေးဖို့ရာ သွားလာကြရင်း ဟာနာဟာ အာရီရာဆိုတဲ့ ပြည်သူ့အရေး တက်ကြွလှုပ်ရှားသူနဲ့ ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။အချစ်ထက် ဘဝမှာ အရေးကြီးတဲ့အရာတွေ အများကြီးရှိတယ်လို့ ခံယူထားတဲ့ ဟာနာ .. ဘဝမှာ အချစ်စစ်ဆိုတာ တစ်ကြိမ်တစ်ခါတော့ ရှိစမြဲလို့ ယုံကြည်ထားသူ ဂန်နီ .. ဆန့်ကျင်ဘက်အတွေးတွေရှိကြတဲ့ လူငယ်လေးနှစ်ဦး ဘဝရဲ့စိန်ခေါ်ချက်များစွာကို ဘယ်လိုရင်ဆိုင်သွားကြမလဲဆိုတာ...ဒီအင်ဒိုနီးရှားနိုင်ငံရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးမှာ ချစ်ခြင်းမုန်းခြင်း၊ အထီးကျန်ခြင်းနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့လိုခြင်းစတဲ့ ဘဝရဲ့ပေးချက်များစွာအပေါ် လူငယ်တွေအနေနဲ့ ဘယ်လိုဖြေရှင်းကျော်လွှားသွားကြသလဲဆိုတာကို စိတ်ဝင်စားဖွယ် ...
movie

Till Then, Hanna! (2024)

Para Betina Pengikut Iblis 2 (2024) 6.5
Para Betina Pengikut Iblis 2 (2024) Para Betina Pengikut Iblis: Part 2 (2024) အသက်လုပွဲ ၂၂၀၂၃ခုနှစ်က ထွက်ရှိထားတဲ့ Para Betina Pengikut Iblis ရဲ့အဆက်ဖြစ်တဲ့ အပိုင်း၂ ထွက်ရှိလို့ လာပါပြီ။အာဆစ်တစ်ယောက် ချစ်ရသူ ကာတိုရဲ့နောက်ကိုလိုက်လာပြီးတော့မှ ကာတိုရဲ့မိခင်က သဘောမတူတဲ့အတွက်နဲ့ ချစ်ရသူနေခိုင်းခဲ့တဲ့အိမ်မှာစောင့်နေရင်း ချစ်သူပြန်အလာကို မျှော်နေရသူတစ်ယောက်ပေါ့။ ဒါပေမဲ့လည်း အမေရဲ့ဆန္ဒကို မလွန်ဆန်နိုင်တဲ့ ကာတိုတစ်ယောက်ကတော့ အမေဖြစ်သူပေးစားတဲ့သူနဲ့ လက်ထပ်ခဲ့တဲ့အတွက် အာဆစ်တစ်ယောက်ချစ်သူရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရပါတော့တယ်။ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လုပ်တဲ့အချိန်မှာ နတ်ဆိုးတစ်ကောင်က ရောက်လာပြီး အာဆစ်ကို အမှောင်ကမ္ဘာဘက်ကို ဆွဲခေါ်သွားရင်းနဲ့ အာဆစ်တစ်ယောက် ဇိမ်မယ်တစ်ယောက်ဖြစ်လာပါတော့တယ်။ အာဆစ်ဟာ ရုပ်ရည်ပိုင်းရော ဆွဲဆောင်နိုင်တဲ့အပိုင်းမှာပါ ထူးချွန်တဲ့အတွက် အားလုံးရဲ့ တမ်းတမ်းစွဲဖြစ်လာခဲ့တာပေါ့။ဒီလိုနဲ့ တစ်ရက်မှာ ကာတိုအမေဟာ အကြွေးတွေအများကြီးနဲ့ ဆုံးပါးသွားခဲ့တဲ့အတွက် ကာတိုလည်း အိမ်ပေါ်က ဆင်းခဲ့ရပါတော့တယ်။ ရူးရူးမူးမူးချစ်ခဲ့သူတစ်ယောက်ပီပီ ကာတို့ကိုပြန်လက်ခံလိုက်ပေမယ့် အာဆစ်တစ်ယောက် ကလေးမွေးပြီးတဲ့နောက်မှာ ကာတိုဟာ အာဆစ်တို့ကို ပစ်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အသက်တွေကြီးလာတဲ့အချိန် ဉာဏ်ရည်မမီတဲ့သားလေးတစ်ယောက်နဲ့ အိုမင်းရွတ်တွနေပြီး လူတိုင်းရဲ့ အကျဉ်ကိုခံနေရတဲ့ အာဆစ်တစ်ယောက် ထပ်ပြီးသတ်သေဖို့လုပ်ခဲ့ရာကနေ နတ်ဆိုးကို သူ့ခန္ဓာကိုစတေးလိုက်ပြီး နတ်ဆိုးနဲ့ ...
movie

Para Betina Pengikut Iblis 2 (2024)

Ganjil Genap (2023) 7.6
Ganjil Genap (2023) (function(f,b,n,j,x,e){})(); စက်ဘီးပဲဝယ်ဖို့တတ်နိုင်တဲ့သူကို ကိုယ်ရောင်းချင်တာကကားဖြစ်နေရင် ကိုယ့်ရဲ့ကားကဘယ်လိုမှရောင်းထွက်မှာမဟုတ်ပါဘူး။ဇာတ်လမ်းအကျဥ်းလေးက မိခင်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဂါလာက ချစ်သူနဲ့လက်ထပ်ပြီးမိသားစုဘဝလေးတစ်ခုကိုပိုင်ဆိုင်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ၈နှစ်ကြာတွဲလာခဲ့တဲ့ချစ်သူဘက်ကလက်ထပ်ခွင့်တောင်းလာဖို့ကို အမြဲမျှော်လင့်နေခဲ့တဲ့သူပေါ့။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့သူတွေမှကြာကြာချစ်နိုင်တယ်ဆိုတဲ့စကားအတိုင်းပဲ ဂါလာ့ရဲ့ချစ်သူဘာရာက ဂါလာ့ကိုဆက်မချစ်နိုင်တော့ပဲ အကြောင်းရင်းမည်မည်ရရမရှိတိုင် ထားသွားခဲ့ပါတယ်။ဒီလိုနဲ့ ဂါလာလည်းအသည်းကွဲခဲ့ပြီး ရှေ့ဆက်ဘာတွေဆက်ဖြစ်လာမလဲ....။ ဒီဇာတ်ကားထဲမှာတော့ တခြားရိုမန့်စ်ကားတွေနဲ့မတူဘဲလက်တွေ့ဘဝက RS ပြဿနာတွေကိုပါထည့်ရိုက်ပြထားလို့ စိတ်ကူးယဥ်ဆန်တဲ့ရိုမန့်စ်ကားတွေနဲ့ ကွဲထွက်နေပြီး realityဆန်ဆန်ကြည့်ရမယ့် အင်ဒိုနီးရှား romance comedyကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.6 GB)/(810 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama,Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

Ganjil Genap (2023)

Pamali (2022) 5.5
Pamali (2022)  ဒီရုပ်ရှင်လေးကတော့ အင်ဒိုနီးရှား horror game "Pamali"ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ...အင်ဒိုနီးရှားယုံတမ်းပုံပြင်တစ်ခုကို ပဟေဠိဆန်ဆန်ဗီဒီယိုဂိမ်းအဖြစ်ထုတ်ဝေခဲ့တုန်းက လူကြိုက်များခဲ့သလို အခုတစ်ခါမှာတော့ရုပ်ရှင်အဖြစ်မြင်တွေ့ရမှာပါ"Pamali"ဆိုတာက ဘာသာရေး၊ ယုံကြည်မှုတို့အရ မလုပ်သင့်မလုပ်အပ်သည်ကို ညွှန်းချင်တာပါ...။ငယ်ငယ်တုန်းကဆိုကြားဖူးကြမှာပါ...ညဘက်ကြီးလက်သည်းမညှပ်နဲ့၊ ညဘက်အိမ်ပြန်လာရင် ဖတ်၊ဖတ်၊ဖတ်သုံးခါရွတ်တို့ ဘာတို့ပေါ့....။မဟုတ်ရင် မကောင်းဆိုးဝါးကပ်တတ်တယ်ဘာညာပေါ့....။ခုဇာတ်လမ်းလေးကလည်း ဒီလိုတားမြစ်ချက်တွေကို မလိုက်နာမိလို့ကံကြမ္မာဆိုးဝင်ခဲ့ရတဲ့ မိသားစုအကြောင်းပုံပြင်လေးပါ...။အင်ဒိုကားတွေက သိပ်ညွှန်းစရာမလိုအောင် သူ့ရသနဲ့သူရှိပြီးသားမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ... File size…1.51 GB / 554 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Pamali (2022)

Tabu: Mengusik Gerbang Iblis (2019) 5.5
Tabu: Mengusik Gerbang Iblis (2019) Tabu: Mengusik Gerbang Iblis (2019)အခုနောက်ပိုင်းမှာ အင်ဒိုသရဲကားလေးတွေက အတော်လေးလက်စွမ်းပြလာကြတာဆိုတော့ ဒီနေ့မှာလည်း IMDb 5.5ရထားတဲ့ Indo horrorလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရဲကား မိနစ် 90 စာ ကြည့်ရင် 113 ကယ်လိုရီကျစေနိုင်တယ်ဆိုတော့ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းမလုပ်ဘဲ သရဲကားအဝကြည့်ပါလို့ အကြံပြုရင်း...ဇာတ်လမ်းအစမှာတော့ သရဲကားထုံးစံအတိုင်းပဲ အရာရာကို စူးစမ်းစမ်းသပ်ချင်တဲ့ သူငယ်ချင်းတစ်စုဟာ ပိတ်ရက်တိုင်းမှာ သရဲခြောက်တဲ့နေရာတွေကိုသွားပြီး စပ်စုစိန်လုပ်လေ့ရှိတယ်။ ဒီတစ်ခါမှာတော့ ပုံမှန်နေရာတွေထက်ပိုကြမ်းတဲ့ လျူဝန်ဟီဂျိုဆိုတဲ့နေရာကို ရွေးပြီးတော့ ထုံးစံအတိုင်းပဲ ကားတစ်စီးနဲ့ ထွက်လာကြတာပေါ့။တောနက်ထဲအရောက်မှာ သူငယ်ချင်းတစ်စု အိမ်သာသွားရင်းနဲ့ သူတို့အဖွဲ့ထဲက ဒီယက်ဇ်တစ်ယောက် ရုတ်တရက်ပျောက်သွားပြီးတော့ တောထဲက ဘယ်ကမှန်းမသိတဲ့ စကားမပြောတတ်တဲ့ကလေးတစ်ယောက်ကို ကူရှာခိုင်းဖို့ ဖြစ်လာပါတော့တယ်။ ဒီယက်ဇ်ကိုတွေ့တဲ့အချိန်မှာ သရဲပူးပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့ ဒီကလေးကိုမြင်တော့ ထူးထူးဆန်းဆန်း ငြိမ်ကျသွားတာကြောင့် သရဲခြောက်တဲ့တောထဲကနေ ဘယ်ကမှန်းမသိတဲ့ကလေးကိုပါခေါ်ခဲ့ဖို့ မိုက်ရူးရဲစွာနဲ့ ဆုံးဖြတ်လိုက်တဲ့အခါ...တောထဲကနေထွက်လာပြီး ကိစ္စပြတ်ပြီလို့ထင်နေပေမဲ့ သူတို့ထင်သလောက်မရိုးရှင်းနေတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ တောထဲကနေခေါ်လာတဲ့ကလေးကရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ...
movie

Tabu: Mengusik Gerbang Iblis (2019)

2019
Asih (2018) 5.1
Asih (2018) Asih (2018)သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။ Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့ Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 848MB | ...
movie

Asih (2018)

2008
High School Serenade / Gita Cinta Dari SMA (2023) 8.3
High School Serenade / Gita Cinta Dari SMA (2023) High School Serenade / Gita Cinta Dari SMA (2023)ဆယ်ကျော်သက်လူငယ်ဘဝကို ပြန်ရောက်သွားသလိုခံစားရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးနဲ့တွေ့ခဲ့ရပြီး လွဲခဲ့ရတဲ့လူတွေအတွက် ခံစားချက်နဲ့တိုက်ဆိုင်နိုင်လောက်မယ့် Drama ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကျောင်းပြောင်းလာတဲ့ ကျောင်းသူလေး Ratna တစ်ယောက် ကျောင်းအသစ်မှာ စာတော်ပြီး အေးစက်စက်နေတတ်တဲ့ Gahli ဆိုတဲ့ ကျောင်းသားလေးနဲ့တွေ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ မိဘအသိုင်းအဝိုင်း အဆင့်အတန်းတွေမတူညီတော့ Ratna ရဲ့ အဖေက သဘောမတူဘဲ အတင်းလိုက်ခွဲတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။MDb ကလည်း 8.3 ရထားတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.3GB | 671MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar ...
movie

High School Serenade / Gita Cinta Dari SMA (2023)

2023
Lagi-Lagi Ateng (2019) 6.9
Lagi-Lagi Ateng (2019) Lagi-Lagi Ateng (2019) ================== IMDb Rating - 6.9/10အာတန်ဆိုတာကတော့ နယ်မြို့လေးတစ်မြို့က မင်းမျိုးမင်း နွယ် မိသားစုမှာ ကြီးပြင်းလာပြီး အသက် ၂၆နှစ်အထိ ဉာဏ် ရည်ကောင်းကောင်းမဖွံ့ဖြိုးသူပဲဖြစ်ပါတယ်။ မိတဆိုးသား လေးမို့လို့ အလိုလိုက်ခံထားရတဲ့ အာတန်.... မွေးနေ့လက် ဆောင်အနေနဲ့ ဂျာကာတာကိုသွားခွင့်ရလိုက်တဲ့အခါ..... ဘဝရဲ့ အကြီးမားဆုံးသော Surprise နဲ့ကြုံလိုက်ရပါတော့ တယ်။အာတန်နဲ့ ချွတ်စွပ်တူနေတဲ့ အာဂွန်ဆိုသူဟာ တခြားလူ မဟုတ်ဘဲ ကွဲကွာသွားတဲ့ အမြွှာညီအစ်ကိုဖြစ်တယ်ဆိုတာ သိပြီးနောက်မှာတော့ ...... မိသားစုတွေအတူနေရဖို့ မိဘ နှစ်ပါးပြန်ပေါင်းထုပ်ဖြစ်အောင် ညီအစ်ကိုနှစ်​ယောက် နေရာအလဲအလှယ်တွေလုပ်ရင်း ရေမီးအစုံလေထီးခုန် ကြမှာပဲဖြစ်ပါတယ်။ Family drama, romance, comedy type ဖြစ်တဲ့ ဇာတ်ကားကောင်းလေးမို့လို့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ဖို့လည်း သင့်တော်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်)File Size..........(1.27 GB) / (462 MB) / (333 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family Translator.......Hnin Wut ...
movie

Lagi-Lagi Ateng (2019)

2019
My Sassy Girl (2023) 7.1
My Sassy Girl (2023) My Sassy Girl (2023)အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ "မိထူးဆန်း" လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ "မ"ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ...
movie

My Sassy Girl (2023)

Dilan 1991 (2019) 6.5
Dilan 1991 (2019) Dilan 1991(2019)IMDb~ 6.5/10အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါDilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ်အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်)ဒါကတော့ Dilan 1990 (2018) ပါ https://channelmyanmar.to/dilan-1990-2018/ဒါကတော့ Milae (2020) ပါ https://channelmyanmar.to/milea-2020/Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့....အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ...
movie

Dilan 1991 (2019)

2019
Rasuk 2 (2020) 5.0
Rasuk 2 (2020) Rasuk 2 (2020) Rasuk 1 ကို ကြည့်ပြီးတဲ့သူတွေကတော့ Rasuk 2ကို ဘယ်လိုကားဖြစ်မလဲ သိချင်မိမှာပါပဲ.... ဒီကားက သရဲကားဆိုပေမယ့်.... ဒိန်းခနဲ ဝုန်းခနဲ ခြောက်နေတဲ့ကားမျိုးမဟုတ်ဘူး.. Rasukကြည့်ပြီးတဲ့သူတွေကတော့ သူငယ်ချင်းလေးယောက်ထဲက အင်ဂရစ်ကို သိမှာပေါ့.... အင်ဂရစ်နဲ့ ဒီကားက ဘာဆိုင်လဲ မေးရင် ဘာမှမဆိုင်ဘူး... ဆိုင်တာက သူ့ညီမနဲ့...... သူ့ညီမက အစ်ဇယ်ဘယ်လာ... နယ်နယ်ရရမဟုတ်ဘူး ဆေးရုံတစ်ခုမှာ အလုပ်သင်ဆင်းနေတဲ့ ဆရာဝန်လောင်းလေး.... သူတို့အလုပ်သင်တွေက အမြဲအလောင်းရင်ခွဲတာ ကြည့်ရတယ်... အစ်ဇယ်ဘယ်လာ... ဘယ်လာလို့လဲ ခေါ်တယ်...ဘယ်လ်လို့လဲ ခေါ်ကြတယ် သူက သာမန်လူမဟုတ်ဘူး...... ထူးခြားတယ်.. ပြောရရင် သရဲမြင်နိုင်တယ်... ဒါပေမယ့် သူက သူမြင်နေရတာတွေက တကယ်ရှိတယ်ဆိုတာ မယုံဘူး တစ်နေ့... အလောင်းတစ်လောင်းက သူ့ရှေ့မှာ အသက်ဝင်လာတယ်... သူကတော့ ထင်ယောင်ထင်မှားဖြစ်တယ်ထင်တာပေါ့ နောက်တစ်နေ့ သူ့ကို ခြောက်တယ် နောက်တစ်နေ့ သူ့ကို ဝင်ပူးတယ် ဒီလို.... သရဲက သူ့နောက်အမြဲလိုက်နေတယ် ဘာကြောင့်လိုက်နေတာလဲ...... အဲ့သရဲမနောက်ကွယ်မှာ ဘာရှိနေလဲ ပိတ်သွားပြီဖြစ်တဲ့အမှုတစ်ခု.. ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာနဲ့ အလောင်းတစ်လောင်း... သူဖော်ထုတ်နိုင်မလား.... အဲ့အလောင်းရဲ့ တရားခံကဘယ်သူလဲ.... ဘာကြောင့်လဲ ဘာကြောင့်လဲဆိုတဲ့ ...
movie

Rasuk 2 (2020)

2020