Channel Myanmar

Ian Duff

Rob Peace (2024) 6.5
Rob Peace (2024)  `သားဖန်တီးတဲ့ကမ္ဘာကို အမေမြင်ချင်ခဲ့တာ" ဆိုတဲ့ ဇာတ်သိမ်းမှာရော့ဘ်ပိ့စ်ရဲ့အမေပြောလိုက်တဲ့စကားဟာ ဝမ်းနည်းဆို့နင့်စရာကောင်းလှပါတယ်။ရော့ဘ်ပိ့စ်ဆိုတဲ့လူမည်းကောင်လေးဟာ ဥာဏ်ရည်ထူးချွန်ထက်မြက်သူဖြစ်တာကြောင့် မိသားစုကဆင်းရဲပေမယ့် မိခင်ဖြစ်သူက အလုပ်မျိုးစုံလုပ်ပြီး သားကိုအကောင်းဆုံးကျောင်းကိုမှထားပေးခဲ့တာပါ။ရော့ဘ်ကလည်း သိတတ်လိမ္မာပြီးကြိုးစားတာကြောင့် နာမည်ကျော်ရေးလ်တက္ကသိုလ်ကိုတောင် ဝင်ခွင့်ရခဲ့ပါတယ်။စိတ်ရင်းလည်းကောင်းတဲ့ရော့ဘ်ရဲ့အိပ်မက်က သိပ္ပံပညာရှင်အဖြစ်နဲ့ကင်ဆာရောဂါကုသမှုကို ရှာဖွေဖော်ထုတ်ဖို့ပါ။လူမည်းကလေးငယ်တွေရဲ့ရှေ့ဆောင်လမ်းပြအောင် ကိုယ်တိုင်ရုန်းကန်ကြိုးစားနိုင်ခဲ့တဲ့ရော့ဘ်ရဲ့အားနည်းချက်ကတော့ ဖခင်ကိုသံယောဇဥ်ကြီးလွန်းတာပါပဲ။ဆေးခြောက်ရောင်းသူတစ်ယောက်ဖြစ်တဲ့ ရော့ဘ်ရဲ့ဖခင်ဟာ လူသတ်မှုနဲ့လည်းထောင်ကျနေခဲ့တာဖြစ်ပါတယ်။ ရော့ဘ်လိုဥာဏ်ကြီးရှင်တစ်ယောက်ကဖခင်ကြောင့်လမ်းမှားရောက်သွားခဲ့ပုံကိုတော့ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Rob Peace ရုပ်ရှင်ထဲမှာနှမြောစရာကြည့်ရှု့ခံစားမိနိုင်မှာဖြစ်ပါတယ်။ File size…2.27GB / 1.04GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Rob Peace (2024)

Judas and the Black Messiah(2021) 7.8
Judas and the Black Messiah(2021) Judas and the Black Messiah(2021)အညွှန်း*************************************IMDb...7.8"ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး...မီးကိုရေနဲ့ငြိမ်းမှာ...ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကိုလူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး....ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ...အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ"ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်...သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့မျက်စိစပါးမွှေးစူးစရာပဲ...ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလိုသူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့ကြိုးစားပါတယ်...ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကိုသူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်...ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်..အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ဒီကားက Biography  ဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်...ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...File Size : (2.5 GB) and (1 GB) Quality : HEVC ...
movie

Judas and the Black Messiah(2021)

HEVC 1080p 5.1