Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ian Burfield
8.2
V for Vendetta (2005)
V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%နိုဝင်ဘာ၅ရက်နေ့ဟာ ဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။အဲဒီနေ့ကို GuyFawkes နေ့လို့လည်းခေါ်ခဲ့ကြပါတယ်။အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာ GuyFawkes ဆိုတဲ့ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာ သူ့အဖွဲ့ဝင်တွေနဲ့အတူကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။သို့ပေမယ့်ကံမကောင်းချင်တော့ အမည်မသိသတင်းပေးစာတစောင်ကြောင့်သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံ့ပြန်ကြမလဲ။အိုင်ဒီယိုလော်ဂျီတစ်ခုကို ဘာနဲ့မှသတ်လို့မရဘူးဆိုတာတွေ စတဲ့စတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအပြင်ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ...အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ။သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။စိတ်ကိုဖျော်ဖြေပေးရုံရုပ်ရှင်သက်သက်မဟုတ်ဘဲကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီး တကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။Rating မြင့်ကားလေးတကားဖြစ်ပြီး imdb rating 8.2ထိရထားပါတယ်။ File size…(900 MB) and 3GB Quality…Blu-Ray Rip HEVC 1080p 5.1 / 720p Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie
V for Vendetta (2005)
2005
7.0
The International(2009)
The International(2009) အညွှန်း****************************IBBC ဆိုတဲ့ဘဏ်က ဘဏ်နဲ့မဆိုင်တဲ့ သန်းရာချီ လက်နက်တွေဝယ်ယူနေတဲ့လို့သတင်းရပြီးနောက်ပိုင်းအေးဂျင့် လူးဝစ် နဲ့ သူ့အဖွဲ့က IBBC ကို ဆက်တိုက်လိုက်စုံစမ်းပါတယ်...အချက်အလက်တွေ အချိန်တွေ အများကြီးယူပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဟာ အရေးပါတဲ့သူတစ်ယောက်နဲ့ဆက်သွယ်မိကြတယ်...ခက်တာက အဲ့ဒီသူနဲ့တွေ့တဲ့ လူးဝစ်တို့အဖွဲ့က တစ်ယောက် မတော်တဆမှုနဲ့သေဆုံးခဲ့သလိုအချိန်တစ်ရက်မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်မိတဲ့သူဟာလည်း မတော်တဆမှုနဲ့ထပ်မံ့ပြီးသေဆုံးခဲ့ပါတယ်..အထက်ကလူကြီးတွေကလည်း မရေရာမသေချာတဲ့ ဒီကိစ္စကြီးကိုလက်ရှောင်ချင်နေကြတယ်..လူးဝစ်အတွက်တော့ လုပ်ဖော်ကိုင်ဖက်လည်းဆုံးရှုံးရသလို အင်အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်နေရလို့လက်ရှောင်ချင်တဲ့သူတွေကြားမှာတော့ အကြီးအကျယ် ဒေါသထွက်နေတယ်...သို့ပေမဲ့ သူအစွမ်းရှိသလောက် ရအောင်ဖော်ထုတ်မယ်ဆိုပြီ:ကြိုးစားတဲ့အခါမှာတော့...ဒီကားဟာ BOX Office မှာ ဝင်ငွေကောင်းခဲ့သလို မင်းသားကြီး Clive Owen နဲ့ မင်းသမီ:ကြီးNaomi Watts တို့ က အဓိက သရုပ်ဆောင်ထားပြီ: ဇာတ်လမ်းအစမှ အဆုံး အီနေတာမျိုးမရှိဘဲတော်တော်လန်းတဲ့ဇာလမ်းမို့ ကြည့်ကြပါလို့....File Size :(4.1GB)(924MB) and (292MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:58:00 Genre : Crime , ...
movie
The International(2009)
6.3
Criminal (2016)
Criminal (2016)_____IMDb - 6.3/10 မင်းသားကြီး Kevin Costner ရဲ့ ဇာတ်ကြမ်းကားပါ။ IMDb (6.3/10) ရရှိထားပါတယ်။ ဓါတ်ပူးမင်းသား Ryan Reynolds ဟာ CIA အေးဂျင့်တစ်ယောက်ပါ... ကမ္ဘာနဲ့ချီ ဒုက္ခရောက်မယ့် ကိစ္စတစ်ခုမှာ ဝင်ရောက်ကယ်တင်ရင်း မအောင်မြင်ဘဲ ဂန့်သွားပါတယ်.... အဲ့ဒီမပြီးပြတ်သေးတဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သူ့ရဲ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို လူကြမ်းကြီး Kevin Costner ထဲကို ကော်ပီကူး ရွှေ့ပြောင်းပါတယ်....။ အဲ့ဒီထူးဆန်းတဲ့ကိစ္စကြီးအောင်မြင်သွားမလား... ကမ္ဘာနဲ့ချီဒုက္ခရောက်မယ့်ကိစ္စကြီးရော အောင်မြင်သွားမလား.... လူကြမ်းကြီးရဲ့နှလုံးသားရော နူးညံ့သွားမလားဆိုတာ ရင်တမမကြည့်ရှုရမှာပါ။ Spoil လုပ်ရရင် လူကြမ်းကြီးရဲ့ နှလုံးသားကတော့ မင်းသမီး Gal Gadot (Wonder Woman ) ကြောင့် သေချာပေါက် အရည်ပျော်သွားဖို့ရှိနေပါတယ်...:P ။ File size…(814 MB) Quality…Blu-Ray 720p Format…mp4 Duration….01:53:00 Subtitle….Myanmar Subtitle (Hardsub) Fixed By Naing Aung Latt Encoded By Nyeinsaeya Aung
movie
Criminal (2016)
2016