Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hwang Woo-seul-hye
6.5
Crush and Blush (2008)
Crush and Blush (2008) ***********************Channel Myanmar ပရိသတ်ကြီးတို့အတွက် When The Camellia Blooms ကားထဲက Daesang ဆုရှင် မင်းသမီး Kong Hyo-Jin ရဲ့ ဆုပေါင်းများစွာ သိမ်းပိုက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ် ။(လိင်မှုရေးရာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းအချို့ပါတာကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့မသင့်တော်ပါ)ဇာတ်လမ်းအညွှန်း ******************အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ယန်းမီဆု (Kong Hyo-Jin) ဟာ ကျောင်းရဲ့ အပယ်ခံ ဆရာမတစ်ယောက်ဖြစ်ပြီး မျက်နှာနီမြန်းတဲ့ရောဂါရှိသူဖြစ်ပါတယ်။ ယခင်က အထက်တန်း ရုရှားဘာသာဆရာမ ဖြစ်ခဲ့တဲ့သူမဟာ ရုပ်ချောတဲ့ ရုရှားဆရာမအီယူရီ (Hwang Woo Seul Hye)ကြောင့် အလယ်တန်းအင်္ဂလိပ်စာဆရာမ ဖြစ်သွားပါတော့တယ်။ဒါကြောင့်ပဲ ယန်းမီဆုဟာ ရုပ်ရည်မလှပတဲ့သူမထက် တစ်ပန်းသာနေတဲ့ အီယူရီကို ကြည့်မရဖြစ်ရာကနေ အီယူရီက သူမတစ်ဖက်သတ်ချစ်နေရတဲ့ အိမ်ထောင်သည် ကျောင်းဆရာ ဆောဂျုံချော (Lee Jong-Hyuk) နဲ့ပါ ဖောက်ပြန်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ ...
movie
Crush and Blush (2008)
7.1
Hitman 2 (2025)
Hitman 2 (2025)******************Hitman 1 တုန်းကလိုပဲ ဝက်ဝက်ကွဲ ရယ်ရဦးမဲ့ Hit Man 2 ထွက်ရှိလို့လာပါပြီ။သရုပ်ဆောင်တွေအနေနဲ့ S1 တုန်းကအတိုင်း Kwon Sang Woo, Jung Joon Ho,Lee Yi Kyung, Kim Sung Oh, Hwang Woo Seul Hye, Han Ji Eun တို့ကအဓိက ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။S1 တုန်းကလို ကာတွန်း ရေးရတာကို ဝါသနာပါတဲ့ ဂင်ဘုံဂျွန်ဟာ သူ့ဘဝဇာတ်ကြောင်းကိုအခြေခံပြီး ရေးသားထားတဲ့ "လုပ်ကြံရေးသမားဂျွန်" ဆိုတဲ့ Webtoonကို အတွဲ၂ ထွက်ရှိဖို့ကြိုးစားခဲ့ပေမဲ့ သူ ထင်ထားသလို မအောင်မြင်တဲ့အပြင် အပျက်သဘောဆောင်တဲ့မှတ်ချက်တွေနဲ့ပါ တိုက်ခိုက်ခံလာရပြီး နာမည်ပျက်ဖို့ လမ်းစပြုလာခဲ့ပါတယ်။အဲဒီအချိန်မှာပဲ အကြမ်းဖက်သမား အစစ်တွေ ကိုရီးယားကို ရောက်ရှိလာပြီး ဂင်ဘုံဂျွန်ကိုလုပ်ကြံဖို့အတွက် အကြမ်းဖက် လုပ်ရပ်တွေကို ...
movie
Hitman 2 (2025)
6.4
Hitman: Agent Jun (2019)
Hitman: Agent Jun (2019)IMDb Rating (6.4)မင်းသားကြီး Kwon Sang-woo နဲ့ Jung Joon-ho တို့အပြင် ဂင်ချားနား Lee Yi-kyung , မင်းသမီး Hwang Woo-seul-hye တို့ပါဝင်ထားတဲ့ အက်ရှင်ဟာသစုံထောက် ကိုရီးယားရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ၂ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့် သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါဒီလိုထူးခြားမှုတွေကြောင့် တစ်နေ့တော့ နိုင်ငံရဲ့လျှို့ဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့အဖွဲ့ရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်အဲ့လိုကနေ ဂင်ဘုံဂျွန်တယောက် အေးဂျင့်ဂျွန်အဖြစ်နဲ့ လုပ်ကြံသူအဖွဲ့ရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ အေးဂျင့်အလုပ်ကို ငြီးငွေ့လာတဲ့ ဂျွန်က အဲ့လောကကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့ ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်၁၅ နှစ်အကြာမှာ သူ့ရဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ လုပ်ကြံသူအေးဂျင့်ဘဝဇာတ်ကြောင်းကာတွန်းက နာမည်ကြီးလာခဲ့ပြီး လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်က ဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာတော့... အေးချမ်းတဲ့ဘဝမှာ ကိုယ်ယောင်ဖျောက်နေတဲ့ အေးဂျင့်ဂျွန်တယောက် ဒီလောကအရိပ်မည်းလက်ထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာ...။ File ...
movie
Hitman: Agent Jun (2019)
7.2
Salut d’Amour (2015)
Salut d'Amour (2015) ************************ IMDb....7.2 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Comedy, Romance နဲ့Drama အမျိုးအစားလေးဖြစ်တဲ့ Salut D’ Amour လို့ အမည်ရတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့ တော်တော်လေးရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Park Geung Hyung၊မင်းသမီးကြီး Youn Yuh Jung၊ မင်းသား Jo Jin Woong၊ မင်းသမီး Han Ji Min၊ EXO အဖွဲ့ဝင် Park Chan Yeol နဲ့မင်းသမီး Moon Ga Yeong တို့လို နာမည်ကြီးသရုပ်ဆောင် များစွာ ပါဝင်ထားပါသေးတယ်။-ဇာတ်လမ်းအကျဉ်း-ဒေါသကြီးတဲ့ ရေတပ်သားဟောင်း စစ်ပြန်ကြီးတစ်ဦးဖြစ်တဲ့ ဂင်ဆောင်ချီး (Park Geung Hyung) ဟာဂင်ဂျန်ဆူ (Jo Jin Woong) ပိုင်တဲ့ ...
movie
Salut d’Amour (2015)
7.2
Scandal Makers (2008)
Scandal Makers (2008)************************ဘဝကို ကြိုစားနေထိုင်လာရင်းနဲ့ အနုပညာလောကမှာ လူသိရှင်ကြား အောင်မြင်နေတဲ့အချိန် ရုတ်တရက် အိမ်ရှေ့တံခါးကို ဘယ်တုန်းက မွေးခဲ့လဲတောင် မသိလိုက်တဲ့ ကိုယ့်ရဲ့သမီးအရင်းနဲ့ မြေးတို့ ရောက်လာပြီး လူပျိုလို့ ထင်ခဲ့တဲ့ကိုယ်က ရုတ်တရက် အဘိုးဖြစ်နေတာကို သိလိုက်ရတဲ့အခါ သင်တို့သာဆိုရင်ရော ဘယ်လိုဖြစ်သွားမလဲ???Park Bo-young , Cha Tae-hyun , Wang Suk-hyun တို့ သုံးယောက် အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး တခြားနိုင်ငံက remake တွေ ပြန်ရိုက်လောက်ရတဲ့အထိ ဆုပေါင်းများစွာကို ဆွတ်ခူး အောင်မြင်ခဲ့တဲ့ 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ****************** အသက် သုံးဆယ်အရွယ် လူလတ်ပိုင်း Nam Hyun-Soo(Cha Tae-hyun) ဟာ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုရဲ့ အောင်မြင်နေတဲ့ MC တစ်ယောက်ပါ။သူ့ရဲ့ရေဒီယို အစီအစဉ်ကို အကြောင်းအရာတွေပို့နေကျ တစ်ကိုယ်တော်မိခင်လေးတစ်ယောက်ရှိပါတယ်။တစ်ရက်မှာတော့ အဲဒီတစ်ကိုယ်တော်မိခင်လေးကို ရှိလို့ရှိမှန်းတောင် မသိနေတဲ့ သူ့အဖေဖြစ်သူကို သွားတွေ့လိုက်ပါဆိုပြီး အာချောင်ပြီးတဲ့နောက် .. တကယ်တမ်း အဲဒီအဖေက ကိုယ်ဖြစ်နေပြီး အိမ်တံခါးဝအထိပါ သမီးနဲ့မြေးဖြစ်သူတို့ ရောက်ချလာကြတဲ့အခါ...ခြေတစ်ချက်ချော်ရုံနဲ့ အောက်ဆုံးထိ ထိုးကျသွားနိုင်တဲ့ အနုပညာ ...
movie
Scandal Makers (2008)
Virgin Theory (2014)
Virgin Theory (2014) ********************Main Cast များအနေနဲ့ Hwang Woo Seul Hye ၊ Kim Sa Hee နဲ့ The Graceful Family ကားထဲမှ မင်းသား Kim JIn Woo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်း --------------ဂွန်မာဟီး (Hwang Woo Seul Hye) က ရည်းစားတစ်ခါမှ မထားဘူးတဲ့ ၃၃ နှစ်အရွယ် အပျိုကြီးဖြစ်ပါတယ် သူနဲ့ ငယ်ငယ်လေးကတည်းက ခင်လာတဲ့ ဆန်းအူ (Kim JIn Woo) ကို ကြိတ်သဘောကျနေပေမဲ့ ရည်းစားထားဖူးတဲ့ အတွေ့အကြုံ တစ်ခါမှ မရှိတာမို့ အခက်တွေ့နေပါတယ်တစ်နေ့ မာဟီးရဲ့ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် သူတို့အိမ်ကို ဆယ်ယောင်း (Kim Sa Hee ) ဆိုတဲ့ မိန်းကလေး ရောက်လာခဲ့ပါတယ် ဆယ်ယောင်းကတော့ nude ရုပ်ပုံတွေဆွဲတဲ့ ပန်းချီဆရာမပါ ရည်းစားထားတဲ့နေရာမှာ ဆရာမကြီးဖြစ်တဲ့ ဆယ်ယောင်းက ဆန်းအူကိုအပိုင်ရအောင် လုပ်ရမဲ့နည်းလမ်းတွေ ...
movie
Virgin Theory (2014)
6.7
Lovers Vanished(2010)
Lovers Vanished(2010)*********************" AIDS ဖြစ်နေတဲ့ထောင်သားတွေကိုဆို ချက်ချင်းလွှတ်ပေးတယ် " ဆိုတာကတော့ ထောင်ထဲမှာကြားနေရတဲ့ကောလဟာလတစ်ခု...... အပြစ်မဲ့လျက်နဲ့ မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျတာကိုမခံမရပ်နိုင်ဖြစ်နေတဲ့ ထွက်ပြေးဝိဇ္ဇာLim Su-In အတွက်တော့ ဒီသတင်းက ထောင်ထွက်လက်မှတ်တစ်ခုလိုပါပဲ။ HIV ပိုးရှိလို့တစ်ထောင်လုံးကရှောင်ဖယ်ဖယ်လုပ်တာခံရတဲ့ Byung Sang ကတော့ နယ်မျက်လှည့်ဆရာတစ်ဦးဖြစ်ပြီးထောင်ကျရတဲ့အကြောင်းက ချစ်သူကောင်မလေးရဲ့အပြစ်ကို အစားဝင်ခံပေးတာမို့လို့Su-In နဲ့ သူမသာကိုယ်မသာပဲဖြစ်ပါတယ်။ ပိုးကူးခံရရင် ထောင်ကထွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Su- In တစ်ယောက်ကတော့Byung Sang ကိုအရောစဝင်ပြီး နောက်ဆုံးမှာ ပိုးကူးခါမှပဲ ကြားထားတဲ့သတင်းကဂျင်းကြီးမှန်းသိလိုက်ရပါတော့တယ်။ ဒါပေမယ့်လည်း လက်မလျှော့သေးဘဲ နောက်တစ်နည်းထပ်ကြိုးစားနေတုန်းမှာByung Sang ဘက်ကနေ အကူအညီတစ်ခုတောင်းလာခဲ့ပါတော့တယ်။" မင်းထွက်နိုင်ခဲ့ရင် Mia ဆိုတဲ့ကောင်မလေးကိုသွားကြည့်ပေးပါလား " .အဲ့ဒီနောက်မှာတော့.....File Size :(3.1GB)(870 MB) and (408MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Romance , Drama Subtitle : ...
movie
Lovers Vanished(2010)
5.5
Searching for the Elephant (2009)
Searching for the Elephant (2009)IMDb 5.5/10================================ဇာတ်ကားနာမည်က "ဆင်ရှာပုံတော်ထွက်ခြင်း"တဲ့။ ဒါပေမဲ့ "ဆင်" အကြောင်းတော့မဟုတ်ပါဘူး။ "လူ" အကြောင်းမှ လူအကြောင်း စစ်စစ်ကို ရေမရောဘဲ ရိုက်ပြထားတာပါ။သေချာတာကတော့ ဒီကားက လူတိုင်းအတွက် မဟုတ်ပါဘူး။ဘယ်လိုလူတွေ အတွက်လဲဆိုတော့ လက်ရှိဘဝကို စိတ်ပျက်လာတဲ့အခါ.... ဘဝထဲက လူတွေအကြောင်း သိလာပြီး သူတို့မျက်နှာဖုံးတွေကို မြင်လာတဲ့အခါ....လွယ်လွယ်ပြောရရင် Dark mood ဝင်လာတဲ့အခါမှ မြိန့်မြိန့်ကြီး ထိုင်ကြည့်ပြီး ရိသဲ့သဲ့ စိတ်နာနာပြုံးမိမယ့် လူ့သဘာဝ dark side ကိုရိုက်ပြထားတဲ့ကားပါ။ဒီကားမှာ ဇာတ်သိမ်းကို ပြူးပြဲလိုက်ရှာလို့ မရသလို Plot ကိုနားလည်အောင် အတင်းချိတ်နေလို့လည်း မရပါဘူး။ဇာတ်ကားကို ဒါရိုက်တာ ခေါ်ဆောင်သွားတဲ့အတိုင်းလေး အလိုက်သင့်စီးမြောပြီး တစ်ခန်းချင်း ကြည့်သွားရုံပါပဲ။အဆုံးသတ်ကြရင် လူဆိုတာ ဒီလိုပါပဲဆိုပြီး သံဝေဂရစေမယ့် ဇာတ်ကားပါပဲ။ရုပ်ရှင်ဝေဖန်သူတွေက ဒီကားကို plot twist တွေများပြီး ခန့်မှန်းရခက်တယ်လို့ ဝေဖန်ထားကြပေမယ့်လူ့လောကကြီးကိုက Plot twist တွေပဲ မဟုတ်လားဗျာ [Plot ...
movie
Searching for the Elephant (2009)
N/A
Love+Sling (2018)
IMDb Rating (6.8) ထိရရှိထားတဲ့ ကိုရီးယား Drama/Comedy ဇာတ်ကားသစ်လေးပါ။Yoo Hae-jin, Sung Dong‑il တို့လို ဘိုးတော်တွေ အပိုင်သရုပ်ဆောင်ထားကြသလို Kim Min-jae, Lee Sung-kyung တို့လို တက်သစ်စ မင်းသားမင်းသမီးတွေကလဲ လိုက်ဖက်ညီစွာ ပါဝင်ထားပါတယ်...သားအဖနှစ်ယောက်က နပန်းဝါသနာရှင်တွေ....သားတော်မောင်က ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ကြိုက်သွားရော..ဒါပေမယ့် အဲ့ကောင်မလေးက သူ့အဖေကိုကြိုက်တယ်လို့ ဖွင့်ပြောလာတဲ့အခါ.......။ File size…(999 MB) and (470MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Chu Chu
movie
Love+Sling (2018)
2018
6.0
White: The Melody of the Curse (2011) IMDb - 6.0/10_____Rotten - 52% ဒီတစ်ခါမိတ်ဆက်ပေးမယ့် ခြောက်ခြားစရာဇာတ်လမ်းလေးကတော့ Kpop မိန်းကလေးအဖွဲ့လေးတစ်ခုရဲ့ သီချင်းလေးတစ်ပုဒ်ကိုဆိုလိုက်ရင်းကနေ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အသည်းပျက်ဖွယ်ရာ ထိတ်လန့်ကြောက်စရာ ဖြစ်ရပ်များကို ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်... သရဲ တစ္ဆေဆိုတာကို လူတိုင်းယုံကြည်ကြပါတယ်... ဒါပေမယ့် မယုံတဲ့လူတွေလည်းရှိပါတယ်... တချို့သေသွားတဲ့ လူတွေက အမျှလိုချင်လို့ ခြောက်လန့်ကြတယ်... တချို့ကျတော့လည်း နေရာလိုချင်လို့ ခြောက်လန့်ကြတယ်... အသိပေးကြတယ်... ဘယ်လိုပဲဖြစ်နေပါစေ ခြောက်တာကခြောက်တာပဲမဟုတ်ဘူးလား... ဒီဇာတ်လမ်းလေးထဲမှာတော့ အဲလိုမဟုတ်ပါဘူး.. သီချင်းလေးတစ်ခုကို စွဲလမ်းရင်းကနေ အဲသီချင်းလေးထဲမှာပဲ စိတ်ကရှိနေတာကြောင့် ဒီသီချင်းကိုဆိုတဲ့ လူမှန်သမျှဟာ အသေဆိုးနဲ့သေကြတာပါပဲ... ဘာလို့လဲဆိုတော့ အဲသီချင်းလေးထဲမှာရှိနေတဲ့ ကောင်မလေးဟာလည်း သနားစရာ ဇာတ်သိမ်းနဲ့ မတရားခံရပြီး အဆုံးသတ်သွားရလို့ပါ.. သူဟာ သူ့သီချင်းကိုပြီးအောင်မဆိုသွားခဲ့ရပဲ သေဆုံးသွားခဲ့ရတယ်.. ဘယ်လိုတွေသေဆုံးရတယ်ဆိုရင် ကိုယ့်ကိုကိုယ်သတ်သေသွားရလောက်တဲ့အထိ ဝေဒနာတွေခံစားသွားရလို့ပါ... သူမဆိုခဲ့ရတဲ့ သီချင်းကို နောက်လူတွေဆိုတဲ့အခါမှာ အဖြစ်ဆိုးတွေကြံလာကြတော့တာပါပဲ... အဲဒီအချိန်မှာမအောင်မြင်သေးတဲ့ မိန်းကလေးအဆိုတော်အဖွဲ့လေးက ဒီသီချင်းလေးကိုတွေ့ရှိပြီး ဆိုလိုက်ကြပါတယ်.. ဒီသီချင်းကြောင့်လည်းအရမ်းကိုအောင်မြင်လာကြပါတယ်... ဒါပေမယ့် သူတို့မသိလိုက်တာတစ်ခုကတော့ ဒီသီချင်းဆိုပြီးနောက်ပိုင်းမှာ သူတို့တွေ ရင်ဆိုင်ရမယ့် အဖြစ်ဆိုးကြီးတွေကိုပါပဲ... တချို့သောလူတွေက အစွဲလမ်းအရမ်းကြီးကြပါတယ်.. ဒီအစွဲလမ်းကြောင့်ပဲ သေသွားတဲ့အခါ သူတို့ကိုယ်တိုင်ဒုက္ခများစွာကို ခံစားရပါတယ်.. ဒီကားလေးမှာကတော့ အစွဲလမ်းကြီးတဲ့ တစ္ဆေကောင်မလေးတစ်ယောက်ကြောင့် လူသားအဆိုတော်မိန်းကလေး လေးယောက်ရဲ့ ကြောက်လန့်ခြောက်ခြားဖွယ်ရာ အဖြစ်ဆိုးကြီးတွေကို တစ်ကားလုံးမွန်းမွန်းကြပ်ကြပ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်... Rating 6 ရရှိထားပါတယ်... Horror ကားကြိုက်တဲ့လူတွေအဖို့ကတော့ တကယ်ကိုကောင်းတဲ့ကားလေးဖြစ်ပါတယ်... ကြောက်စရာကောင်းလားလို့ မေးမယ်ဆိုရင်တော့ တော်တော်ကြောက်ဖို့ကောင်းပါတယ်... (ကြောက်တတ်တဲ့လူများတစ်ယောက်တည်းကြည့်ဖို့မသင့်တော်ပါဘူး...) File Size : (770 MB) Quality : 720p HDRip Running Time : 1hr 46min Format ...
movie
White: The Melody of the Curse (2011)
2011