Channel Myanmar

Hwang Mi-young

With or Without You (2016) 6.4
With or Without You (2016) With or Without You (2016)**************************IMDb..... 6.4 ဒီတစ်ခေါက်မှာတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိထားတဲ့ မင်းသား Shin Min-Chul နဲ့မင်းသမီး Jeon Hye-Bin တို့ရဲ့ ရိုမန့်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း-Yeon-Yi (Jeon Hye-Bin) ဟာ နာမည်မရှိတဲ့ သရုပ်ဆောင်တစ်ဦးပါ။ Sun-Jae (Shin Min-Chul) ကတော့လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဒါရိုက်တာဖြစ်လာဖို့အတွက် အိပ်မက်မက်နေသူတစ်ဦးပါ။သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပြီး လက်ထပ်ဖြစ်သွားခဲ့ပေမဲ့လည်းသူတို့ရဲ့အိမ်ထောင်ရေးဟာ စိတ်မကောင်းစွာနဲ့ပဲ ကြာရှည်မခံခဲ့ပါဘူး။ကွာရှင်းလိုက်ပြီဖြစ်သော်ငြားလည်း သူတို့နှစ်ဦးဟာ နယ်ပယ်တူ လုပ်ဖော်ကိုင်ဖက်အဖြစ်သူငယ်ချင်းကောင်းအဖြစ်နဲ့ ဆက်လက်ကျန်ရှိနေကြပြီး အလုပ်တွေ အတူလုပ်ကာ အခင်မင်မပျက်နေထိုင်ခဲ့ကြပါတယ်။ အကြောင်းကြောင်းကြောင့် သူတို့နှစ်ယောက်ဟာ သူတို့ရဲ့အကြောင်းကိုအတူရေးဖူးခဲ့တဲ့ ဇာတ်ညွှန်းကို  ရိုက်ကူးဖို့ဖြစ်လာတဲ့အခါမှာတော့..ခြေလှမ်းတစ်ချက်မှ အပျက်မခံတဲ့ သရုပ်ဆောင်လောကထဲမှာ Yeon-Yi တစ်ယောက် နာမည်ရအောင်ထိုးဖောက်သွားနိုင်ပါ့မလား.... Sun-Jae တစ်ယောက်ကရော အလုပ်ဖိအားဒဏ်တွေ အဆင်မပြေတော့တဲ့သူတို့နှစ်ဦးရဲ့ကြားထဲက အေးစက်မှုဒဏ်တွေကို တောင့်ခံနိုင်သွားပါ့မလား... နှစ်ယောက်သားကရောနောက်ဆုံးမှာ ပြန်လည်ပေါင်းစည်းသွားနိုင်ပါ့မလား.. ဆိုတာတွေကို တငြိမ့်ငြိမ့်နဲ့ ...
movie

With or Without You (2016)

Familyhood (2016) 6.3
Familyhood (2016) Familyhood (2016) ***************** Comedy/ drama အမျိုးအစားလေးတစ်ခုဖြစ်တဲ့ familyhood ဇာတ်ကားလေးကတော့ အောင်မြင်မှုနဲ့ငွေကြေးအားလုံး ပိုင်ဆိုင်ထားပေမဲ့ သူ့ဘက်မှာအမှန်တကယ် ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိတဲ့ မင်းသမီးတစ်ယောက် သူ့ဘက်တော်သားဖန်တီးဖို့ ကလေးမွေးဖို့ရာ ကြိုးစားတဲ့အခါ ဖြစ်လာတဲ့ ဂယက်လေးတွေကို ဟာသအနေနဲ့ပုံဖော်ထားတာဖြစ်ပါတယ် ..Queen of umbrella ထဲက မင်းသမီးကြီး Kim Hye Soo, Penthouse ထဲက မင်းသမီး Kim Hyun Soo နဲ့ Train to busan ထဲက မင်းသားကြီး Ma Dong Seok တို့က အဓိကပါဝင်ထားလို့ cast တွေနဲ့တင် ကြည့်ရတာတန်နေတဲ့ Movie လေးဖြစ်မှာပါ ..ဇာတ်လမ်းအကျဉ်း ************** ဂိုဂျူယွန်း(Kim Hye Soo)ကတော့ Dating scandal ပေါင်းများစွာနဲ့ နာမည်ကြီးတဲ့အပြင် ထင်ရာစိုင်းတတ်တဲ့အကျင့်ကြောင့် 'အရူးမ'လို့ လူသိများတဲ့ မင်းသမီးတစ်ယောက်ပါ ..ဖြောင်းဂူ(Ma Dong Seok)ကတော့ ဂိုဂျူယွန်းထင်ရာစိုင်းသမျှကို သည်းခံရင်း သူ့ရဲ့စတိုင်လစ်အနေနဲ့ အနှစ်၂၀ကျော်လက်တွဲလုပ်လာခဲ့တဲ့ သစ္စာရှိအခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ ..ဒန်ဂျီ(Kim Hyun Soo)ဆိုတဲ့ အလယ်တန်းကျောင်းသူလေးကတော့ မိဘတွေမရှိတော့တဲ့နောက် ...
movie

Familyhood (2016)

Microhabitat (2017) 7.4
Microhabitat (2017) Microhabitat ( 2017 ) ----------------------------အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။Microhabitatထဲက "မီဆို" ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ...
movie

Microhabitat (2017)

2017