Channel Myanmar

Hwang Jung-min

All for Love (2005) 6.7
All for Love (2005) All for Love (2005) ********************IMDb 6.7 ရှိပြီး နာမည်ကြီး မင်းသမီးကြီး Uhm Jung Hwan နဲ့ မင်းသားကြီး Hwang Jung Min တို့ ပါဝင်ထားတဲ့ အချစ်၊ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်…။အားလုံးရဲ့အချစ်တော် Jung Kyung Ho ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်သလို မင်းသမီး Kim Yoo Jung ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်…။ဒီဇာတ်လမ်းလေးကတော့ ဆိုးလ်မြို့ရဲ့ တစ်ပတ်တာအတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ဖန်တီးထားတာဖြစ်ပါတယ် ..ပုံတုံးတုံးစုံထောက်နာနဲ့ စိတ်ပညာရှင်ဟောယူဂျောင်တို့ရဲ့အချစ်ဇာတ်လမ်း...။ငွေကြေးအခက်အခဲတွေ အကြွေးတွေနဲ့ပြည့်နေတဲ့ ညားခါစစုံတွဲ ချန်းဟူနဲ့ ဆွန်းအယ်တို့ရဲ့ ဇာတ်လမ်း…။စိတ်ဝေဒနာကြောင့် ကုသမှုခံနေရတဲ့ အရင်က သီလရှင်ဖြစ်ခဲ့ဖူးတဲ့ ဆူဂယောင်းနဲ့ .. ရောဂါကြောင့် အိပ်ရာထဲလဲနေရတဲ့ နာမည်ကြီးအဆိုတော် ဂျောင်ဟွန်းတို့ရဲ့ အချစ်ဇာတ်လမ်း…။ဘတ်စကတ်ဘောကစားသမား ဘတ်ဆောင်းဝမ်နဲ့ ရောဂါသည်သမီးရဲ့ သံယောဇဥ်...။အချစ်ကို စတင်တဲ့သူတွေ၊ အချစ်တစ်ခုကို အဆုံးသတ်တဲ့သူတွေ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေနဲ့ လူပေါင်းများစွာရဲ့ တစ်ပတ်အတွင်း ဖြစ်ပျက်သွားတဲ့ ...
movie

All for Love (2005)

Happiness (2007) 7.0
Happiness (2007) Happiness (2007)*****************IMDb..... 7.0 ဒီတစ်ခါမှာတော့ Hwang Jung-min၊ Im Soo-jung နဲ့ Gong Hyo-jin တို့လို တကယ့် ထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားပြီး သူ့ခေတ်သူ့အခါတုန်းက ရုံဝင် အရမ်းကောင်းခဲ့တဲ့ Happiness ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ပြိုးပြိုးပြက်ပြက် မီးရောင်တွေအောက်က ကလပ်ပိုင်ရှင် ယောင်းဆူ...ကလပ်ပိုင်ရှင်ပီပီ အရက်၊ဆေးလိပ် အကုန်သောက်ရာကနေ အသည်းခြောက်ရောဂါကဖြစ် စီးပွားရေးကလည်းတစ်စတစ်စ ဆုတ်ယုတ်လာပြီး နောက်ဆုံး နယ်မြို့လေးမှာရှိတဲ့ စောင့်ရှောက်ရေးဂေဟာမှာ နေဖို့ဖြစ်လာတော့တယ်။ယောင်းဆူ စောင့်ရှောက်ရေးဂေဟာကို ရောက်လာပြီးနောက်မှာပဲ အဲဒီမှာရှိနေတဲ့ နာတာရှည်အဆုတ်ရောဂါသည်လေးအွန်ဟီးနဲ့ လူငယ်ချင်း သဘောကျရာကနေ နှစ်ယောက်အတူ အပြင်ထွက်နေဖို့ လုပ်ပါတော့တယ်။ရောဂါသည်နှစ်ယောက် တစ်အိုးတစ်အိမ် ထူထောင်တာ အဆင်ပြေပါ့မလား..မြို့ကြီးသားယောင်းဆူကရော နယ်ဘက်မှာ သူနေခဲ့တဲ့ ဘဝနဲ့ လုံးဝ မတူတော့တဲ့ ဘဝတစ်ခုမှာ နေနိုင်မှာလား..ယောင်းဆူရဲ့ ရည်းစားဟောင်း ဆူယွန်းပေါ်လာတဲ့အခါမှာရော ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုသရုပ်ဆောင်ချက် အမိုက်စားတွေနဲ့ လှလှပပ ပုံဖော်ထားတဲ့ကားလေးဖြစ်တဲ့အတွက် ကြည့်ကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ MMyo ပဲ ဖြစ်ပါတယ်။) File ...
movie

Happiness (2007)

The Battleship Island (2017) 7.1
The Battleship Island (2017) The Battleship Island (2017) ****************************ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး ရုံတင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၇သန်းကျော် ရရှိခဲ့တဲ့အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်... ၂၀၁၇ ခုနှစ်အတွက် တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေထဲကတစ်ကားဖြစ်ခဲ့ပြီး သမိုင်းဝင်ဇာတ်ကားတွေထဲမှာလည်း အမြတ်ငွေအများဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်...ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Hwang Jung Minနဲ့အတူ မင်းသား So Ji Sub, Song Joong Ki,မင်းသမီး Lee Jung Hyunတို့က ပါဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း --------------၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်အင်ပါယာလက်အောက်က ဟာရှီးမားကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံထားတာပါ...ဒီကျွန်းပေါ်မှာ ဂျပန်တွေက ကိုရီးယားလူမျိုးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းပြီး ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်စေခဲ့တယ်...ကျွန်းက လုံခြုံရေးအရမ်းတင်းကျပ်တာကြောင့် ထွက်ပြေးဖို့ လမ်းမရှိသလောက်ပါပဲ...ဂျပန်တွေရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံးမှာတော့ကျွန်းပေါ်က ကိုရီးယားအလုပ်သမားပေါင်း ၄၀၀ကျော်ဟာ ...
movie

The Battleship Island (2017)

New World (2013) 7.5
New World (2013) New World (2013)*******************IMDb....7.5 ပိတ်ရက်မှာ ကြည့်ဖို့အတွက် Lee Jung-Jae ,Choi Min-Sik ,Hwang Jung-Min,Park Sung-Woong , Song Ji-Hyo အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းရုပ်ရှင်ဟောင်းလေးကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -အမျိုးသားရဲတပ်ဖွဲ့မှ ဌာနမှူးဖြစ်သူ ဂန်ဟျောင်းချော (Choi Min-Sik) က အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Goldmoon ကို လျှို့ဝှက်စုံစမ်းဖို့အတွက် ရဲဝန်ထမ်းသစ်လေးဖြစ်တဲ့ အီဂျာဆောင်း(Lee Jung-Jae) ကို Goldmoon လုပ်ငန်းစုထဲ သူလျှိုအဖြစ် သွင်းခဲ့ပါတယ်။Goldmoon ဥက္ကဌကိုသာ ဖမ်းထည့်နိုင်ခဲ့မယ်ဆိုရင် ဂျာ‌ဆောင်းကို ပြည်ပမှာ တာဝန်သွားရောက်‌ထမ်းဆောင်ဖို့ စေလွှတ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပေါ့။၈ နှစ်အကြာမှာတော့ ဂျာဆောင်းက Goldmoon လုပ်ငန်းစုရဲ့ နံပါတ် ၂ အာဏာရှိသူ ဂျောင်ချောင်း(Hwang Jung-Min) ရဲ့ ညာလက်ရုံးဖြစ်လို့နေခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲ Goldmoon ရဲ့ အကြီးဆုံးအာဏာရှိသူ ဥက္ကဌ ...
movie

New World (2013)

YMCA Baseball Team (2002) 6.3
YMCA Baseball Team (2002) YMCA Baseball Team (2002)**************************ဒီကားလေးကတော့ Parasite ထဲကမင်းသားကြီး Song Kang Ho , Under the Queen’s Umbrella ထဲကမင်းသမီးကြီး Kim Hye Soo နဲ့ Believer ထဲကမင်းသားကြီး Kim Joo Hyuk တို့က အဓိကသရုပ်ဆောင်တွေ အနေနဲ့ ပါဝင်ထားပြီး ဒါရိုက်တာ Kim Hyeon Seok ရိုက်ကူးပြသထားတဲ့ Comedy , Drama , Sports ကားလေးပါ ..ဇာတ်လမ်းအကျဉ်း ****************ဂျပန်လက်အောက်ကျရောက်နေတဲ့ ဂျိုဆွန်းခေတ်က စာသင်သားလေးအီဟိုချန်းဟာ သံတမန်ဖြစ်ချင်တဲ့ သူ့ရဲ့မူလပန်းတိုင်ပျောက်ဆုံးသွားပြီးတဲ့နောက် တစ်နေ့မှာတော့ အမေရိကန်သားတွေ ဘေ့စ်ဘောကစားနေတာကိုတွေ့ရာက ဘေ့စ်ဘောရဲ့တည်ရှိမှုကို စိတ်ဝင်စားသွားခဲ့ပါတယ် ..အီဟိုချန်းဟာ သူ့အဖေကျောင်းအုပ်ဖြစ်သူရဲ့ဆန္ဒအတိုင်း အဖေဖြစ်သူနေရာကိုဆက်ခံမလား ..ဟိုချန်းရဲ့ပန်းတိုင်အသစ်ဖြစ်တဲ့ ဂျိုဆွန်းရဲ့ပထမဆုံးနဲ့အကောင်းဆုံးဘေ့စ်ဘောအသင်းရဲ့ ဘေ့စ်ဘောကစားသမားဘဝကိုရွေးချယ်မလား ဆိုတာကို ဟာသလေးနှောပြီး အဲဒီခေတ်က ဂျပန်လူမျိုးတွေနဲ့ ဂျိုဆွန်းပြည်သူတွေရဲ့အရှုပ်တော်ပုံတွေ၊ မျိုးချစ်စိတ်တွေကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ..(အညွှန်းကို Lucien မှ ရေးသားထားပါတယ်)File size…1.68GB / 775MB Quality… ...
movie

YMCA Baseball Team (2002)

Veteran 2 (2024) 7
Veteran 2 (2024) Veteran 2 (2024)********************IMDb... 712:12 The Day၊ The Point Men ထဲက Hwang Jung Min နဲ့ Connection,Love Next Doorထဲက Jung Hae In တို့ ပါဝင်ထားပြီး ကြည့်ရှုသူ 7သန်းကျော်ခဲ့တဲ့Crime,Action ဇာတ်ကား Veteran 2 ထွက်ရှိလို့ လာပါပြီ။ဇာတ်လမ်းအညွှန်းမိသားစုကိုတောင် အချိန်မပေးနိုင်တဲ့အထိ မိုးလင်းမိုးချုပ် အလုပ်များကြတဲ့ဆောဒိုချော (Hwang Jung Min) တို့ရဲ့  မှုခင်းတပ်ဖွဲ့ကို ခေါင်းစားအောင် လုပ်မဲ့ကွင်းဆက် လူသတ်သမားဟာ သူရဲ့ နောက်ထပ် ပစ်မှတ်ကို ‌ညွှန်ပြထားတဲ့ ဗွီဒိယို တစ်ခုကိုအင်တာနက်ပေါ်မှာ တင်ခဲ့ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်အောင် ဖန်တီးလိုက်ပါတယ်။တရားမျှတမှုကို လက်ကိုင်ထားတဲ့ ရဲဝန်ထမ်း ပေါက်စ ဘတ်ဆွန်းအူ (Jung Hae In)ရဲ့လုပ်ရည်ကိုင်ရည်ကို သဘောကျသွားတဲ့ ဝါရင့် စုံထောက် ...
movie

Veteran 2 (2024)

Moby Dick (2011) 6.4
Moby Dick (2011) Moby Dick (2011) **************** ဒီတစ်ခါ CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုတာက ၂၀၁၁ တုန်းက ထွက်ရှိခဲ့ပြီးတော့ ပရိသတ်တွေရဲ့ ရင်းနှီးပြီးသား ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Hwang Jung-Min, Kim Sang-Ho, Kim Min-Hee နဲ့ Jin Goo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Mystery, Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ************************* ၁၉၉၄ ခုနှစ်မှာ ဆိုးလ်းမြို့စွန်မှာရှိတဲ့ ဘာရမ်တံတားမှာ အမျိုးအမည် မသိတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။သတင်းဦးသတင်းထူးရချင်တဲ့ သတင်းထောက်အီဘန်းအူ (Hwang Jung-Min)က သွားရောက်စုံစမ်းခဲ့ပြီး မြောက်ပိုင်းကသူလျှိုရဲ့လက်ချက်ဖြစ်တယ်ဆိုတဲ့ အတွင်းသတင်းကိုရလာခဲ့ပေမဲ့မွေးရပ်မြေက ညီငယ်တစ်ယောက်ဖြစ်တဲ့ ယွန်းဟျော့ (Jin Goo) က ဒီပေါက်ကွဲမှုက လုပ်ဇာတ်ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးစနဲ့ အချက်အလက်တချို့ကိုပေးသွားခဲ့ပါတယ်။ဒီအချက်အလက်တွေကို လုပ်ဖော်ကိုင်ဖက်သတင်းထောက်တွေဖြစ်တဲ့ ဆုန်းဂျင်ဂီ (Kim Sang-Ho)နဲ့ ဟိုဂွမ် (Kim Min-Hee)တို့နဲ့အတူ ပူးပေါင်းစုံစမ်းရင်းနဲ့ နောက်ကွယ်မှာဘယ်လိုအမှန်တရားမျိုးကိုတွေ့ရှိလာရမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။(အညွှန်းကို Zoronoa မှ ရေးသားပေးထားပါတယ်)File size…2GB / 770MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ...
movie

Moby Dick (2011)

Mission: Cross (2024)
Mission: Cross (2024) Mission: Cross (2024)*********************** ကြမ်းခန်း ယမ်းခန်းတွေ အက်ရှင်ဇာတ်ကြမ်းတွေကိုမှ စိတ်လှုပ်ရှားတတ်တဲ့ပရိသတ်ကြီးတို့အတွက် ဒီနေ့ ပူပူနွေးနွေးထွက်ရှိလာတဲ့ ဇာတ်ကားကောင်းတစ်ခုကိုCM ကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။ဘတ်ဂန်မူနဲ့ ဂန်မီဆွန်းတို့ဟာ ဇနီးမောင်နှံတွေဖြစ်ပြီး ဂန်မူဟာ မီဆွန်းအပေါ်အိမ်ထောင့်တာဝန်ကို ကျေပွန်အောင် ကြိုးပမ်းနေတဲ့ ခင်ပွန်းတစ်ယောက်ပါ။သို့သော်လည်း သူ့အတိတ်အကြောင်းနဲ့ပတ်သတ်ပြီးတော့ မိန်းမဖြစ်သူကိုတစ်ခွန်းမှ ဖွင့်ဟပြောပြထားခြင်းမရှိပါဘူး။တစ်နေ့မှာတော့ ဂန်မူဆီကို ဂျန်ဟီးဂျူဆိုတဲ့အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ဒါကို မီဆွန်းသိသွားတဲ့အခါ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်အထင်နဲ့အကြမ်းဖက်နှိမ်နင်းရေးစုံထောက်တစ်ယောက်ပီပီ ယောက်ျားနောက်ကိုတိတ်တဆိတ်လိုက်ကာ စုံစမ်းစစ်ဆေးပါတော့တယ်။ယောက်ျားဖြစ်သူရဲ့ အတိတ်ကို သိရှိသွားပြီးနောက်မှာတော့ မီဆွန်းတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ။ဂန်မူကရော ဟီးဂျူနဲ့ ဘယ်လိုပတ်သတ်နေပြီး ဘာတွေ လုပ်နေတာလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်တဲ့အပြင် လင်မယားနှစ်ယောက်ပေါင်းပြီးဘယ်လိုဖိုက်တင်အခန်းတွေနဲ့ ကြမ်းမလဲဆိုတာကို ပရိသတ်ကြီးတို့ရေ ခုပဲ ခံစားကြည့်ရှုလိုက်ပါတော့နော်။ဘတ်ဂန်မူအဖြစ် မင်းသားကြီး Hwang Jung Min၊ ဂန်မီဆွန်းအဖြစ် မင်းသမီးကြီး Yeom Jung Ah၊ဂျန်ဟီးဆူအဖြစ် Jeon Hye Jin စတဲ့ ဝါရင့်သဘာရင့်သရုပ်ဆောင်ကြီးများအပြင်တစ်ခြားသောနာမည်ကြီးသရုပ်ဆောင်များပါဝင်ထားတာမို့ အက်ရှင်ဇာတ်ကြမ်းကိုမှမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမယ့်ရုပ်ရှင်ဇာတ်ကောင်းတစ်ကောင်းဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ...
movie

Mission: Cross (2024)

Man in Love (2014) 7.0
Man in Love (2014) Man in Love (2014)ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ...အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ...။မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-minမင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin...ဇာတ်လမ်းကတော့...ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။အဲ့ဒီအပေးအယူကဘာလဲ...လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ....ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။ File size…(1.8 GB )/(880 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myat Chel
movie

Man in Love (2014)

The Wailing(2016) 7.4
The Wailing(2016) The Wailing(2016)*****************Exhuma 2024  သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် ...တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာတစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်းအဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်းပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်...Horror ကားကြိုက်သူများခံစားကြပါကုန်....တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်းအင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။  မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီးသူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့မိသားစုဝင် လူသတ်သမားတစ်ယောက်။ ...
movie

The Wailing(2016)

12.12: The Day(2023)
12.12: The Day(2023) 12.12: The Day(2023)*******************ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ  ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်..ကိုရီးယားသမိုင်းရဲ့  မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့်ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေသံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံးပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်...ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး...ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်...လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ...ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်...အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့  The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ...ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း  အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့...ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ကြည့်သင့်တဲ့ကားပါ...တန်ပါတယ်...  File Size : (2.02GB) and ...
movie

12.12: The Day(2023)

In My End Is My Beginning (2009) 5.4
In My End Is My Beginning (2009) In My End is My Beginning 18+ အညွှန်းအခုတင်ဆက်ပေးလိုက်တဲ့ကိုရီးယားကားလေးကတော့ ၂၀၀၉ ခုနှစ်မှာ ဒါရိုက်တာ Min Kyu Dong ရဲ့ လက်ရာဖြစ်တဲ့ Short film လေးကို လူကြိုက်များတဲ့အတွက် Full length version အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး ၂၀၀၉ ဘူဆန်ရုပ်ရှင်ပြပွဲမှာ ထုတ်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ရုံတင်ခဲ့ပြီး Box office မှာ ဒေါ်လာ ၂ မီလီယံကျော်ထိပြန်လည်ရရှိခဲ့တဲ့ကားဖြစ်ပါတယ်။ မင်းသားကြီး Hwang Jung Min ၊ မင်းသမီး Uhm Jung Hwa နဲ့ Castway Div‌a ထဲက အချောလေးဖြစ်တဲ့ ရန်ဂျူး (Kim Hyo Jin) အစရှိတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်ထားပြီး သရုပ်ဆောင်ပြောင်မြောက်လွန်းတဲ့အတွက် ဝေဖန်ရေးဆရာတွေကတောင် ချီးကျူးတဲ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Hwang Jung Min က ဝတ္ထုဆရာအနေနဲ့ ...
movie

In My End Is My Beginning (2009)

2009
[18+]Road Movie(2002) 6.5
[18+]Road Movie(2002) [18+]Road Movie(2002)***********************ဒီနေ့မှာတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+ BL ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Cast တွေအနေနဲ့ movie star တွေဖြစ်တဲ့ Hwang Jung-min နဲ့ Jung Chan တို့မင်းသားနှစ်ယောက်နဲ့ မင်းသမီး Seo Lin က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အတိတ်ကိုဖုံးကွယ်ထားပြီးတော့ လမ်းပေါ်မှာပဲ ရှင်သန်နေထိုင်တဲ့ဒယ်ရှစ်၊ သူက ခက်ထန်တဲ့ပုံပေါ်ပေမဲ့တစ်ခါတစ်လေမှာ ဝမ်းနည်းအထီးကျန်နေတဲ့ပုံလည်း ပေါ်ပါတယ်။ တစ်နေ့မှာတော့ ဒယ်ရှစ်က လမ်းပေါ်မှာ အရက်မူးပြီးလဲနေတဲ့ ဆော့ဝန်လို့ခေါ်တဲ့သူကို တွေ့ခဲ့တယ်။ အစက လှည့်ထွက်ဖို့လုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူနေတဲ့နေရာကို ခေါ်လာခဲ့လိုက်ပါတယ်။ထပ်မချစ်တော့ဘူးလို့လုပ်ခဲ့ပေမဲ့ သူ့နှလုံးသားက ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ဆော့ဝန်က စီးပွားပျက်ပြီး မိန်းမရဲ့စွန့်ပစ်မှုကိုပါ ခံလိုက်ရလို့ စိတ်ဓာတ်ကျပြီး ကိုယ်ကိုယ့်ကိုယ်သတ်သေဖို့ အမြဲကြိုးစားနေတဲ့သူပါ။ဒယ်ရှစ်နဲ့တွေ့ပြီးတဲ့နောက်မှာတော့ ငြီးငွေ့စရာကောင်းတဲ့ လူအဖွဲ့အစည်းကနေ ရုန်းထွက်ပြီးတော့ဒယ်ရှစ်နဲ့အတူ ခြေဦးထွက်ရာ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့... File Size :(3.6GB)& (1.4GB) Quality ...
movie

[18+]Road Movie(2002)

Private Eye(2009) 6.7
Private Eye(2009) Private Eye(2009)*****************ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Hwang Jung-min ပါဝင်ထားတဲ့ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလိုplot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ..ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်း​တွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီတစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။ဆေးကျောင်းသားလေးက တိရစ္ဆာန်အ​သေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာလူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်းနောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီးအထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။ နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်​ခြစားမှုတွေ၊ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့်အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်..File Size : ...
movie

Private Eye(2009)

Kill Boksoon(2023) 7.3
Kill Boksoon(2023) Kill Boksoon(2023)*****************Netflix က အသစ်ထပ်ထွက်လာတဲ့ ဒီ Action, Drama ရုပ်ရှင်ကတော့ လောလောဆယ်မှာRT 92% တောင်ရထားတာဖြစ်ပါတယ်...ဘို့ဆွန်းဆိုတဲ့ အမျိုးသမီးက နာမည်ကြီး ကြေးစားလူသတ်သမား‌တစ်ယောက်ဖြစ်တယ်..သူတို့လောက က တကယ်တော့ တရားဝင် ဟန်ပြကုမ္ပဏီထောင်ကြပြီး နောက်ကွယ်မှာတော့ကြေးစားလူသတ်သမားတွေမွေးထုတ်ပြီး ဒိတ်ဒိတ်ကျဲတွေကို အခကြေးငွေယူပြီးသတ်ပေးပါတယ်..ဒီလူတွေထဲမှာ ဘို့ဆွန်းကတော့ တိုက်ရည်ခိုက်ရည်ပြည့်ဝပြီးအောင်မြင်မှု ၁ ရာခိုင်နှုန်းပဲရှိရင်တောင် ဖြစ်အောင်လုပ်နိုင်လို့ သူတို့လောကမှာတော့အားလုံးက ကြောက်ရွှံလေးစားကြပါတယ်.. ဘယ်အလုပ်မဆို အနားယူရမဲ့ အချိန်ကာလဆိုတာရှိကြတယ်မလား..ဘို့ဆွန်းမှာလည်း သမီးလေးတစ်ယောက်ရှိသလိုဒီလောက က အနားယူပြီး အေးဆေး သာမန်မိခင်တစ်ဦးအနေနဲ့ နေချိန်တန်ပြီလို့သူမ ယူဆလာတယ်.. ဒါ့ကြောင့် အနားယူဖို့ ပြင်ဆင်ခါ မှသူမ မမျှောလင့်ထားတဲ့အရာအားလုံးဖြစ်ပျက်ခဲ့သလိုဒီလောကကြီးထဲက အတော်ဆုံးဆိုသော ကြေးစားလူသတ်သမားတွေ သူမနောက်ကိုတစ်ပြုံကြီးလိုက်လာကြတဲ့အခါမှာတော့.....ကိုရီးယားရဲ့ အထင်ကရမင်းသမီးကြီး Jeon Do Yeon နဲ့  မင်းသားကြီး Sol Kyung Gu တို့အဓိက ပါဝင်ကြမ်းရမ်းထားကြပြီး  Esom လေးကလည်း ဇပျင်းပျင်းနဲ့ဖိုက်တာ  ...
movie

Kill Boksoon(2023)

The Point Men (2023) 6/8
The Point Men (2023) The Point Men (2023)Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men!ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. ...
movie

The Point Men (2023)

2023
Shiri (1999) 6.5
Shiri (1999) Shiri (1999)၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့်Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality….  720p | 480p File size…2GB | ...
movie

Shiri (1999)

1999
My 11th Mother (2007)
My 11th Mother (2007) My 11th Mother (2007)မိသားစုစုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေလာရတဲ့သူတွေအတွက်တော့ မိဘကောင်းရှိတာ အဆန်းမဟုတ်ပေမယ့် ကံအကြောင်းမလှလို့ အမေဆုံးပြီး ကိုယ့်ကိုမချစ်တဲ့ အဖေနဲ့ ကြုံတွေ့ရတဲ့ကလေးအတွက်တော့ ဒါဟာ အင်မတန်ပြီးပြည့်စုံတဲ့ အိပ်မက်လေးတစ်ခု ဖြစ်နေတာပေါ့ဒီကားလေးမှာတော့ မိန်းမပျက်တွေကို ရောင်းစားတဲ့ဖခင်လက်ထဲမှာ ကြီးပြင်းလာရတဲ့ ဂျယ်ဆူလေးက မိခင်မေတ္တာဆာလောင်နေတဲ့ ကလေးတစ်ယောက်ပေါ့၊ ငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ် ဟင်းချက်စားသောက်ရင်း နေလာခဲ့ရတယ်၊ အရင်က အဖေဖြစ်သူခေါ်လာတဲ့ မိန်းမတွေကို လွယ်လွယ်နဲ့အမေလို့ နှုတ်ကခေါ်ခဲ့ပေမယ့် တစ်နေ့မှာတော့ ကိုယ့်အပေါ် တကယ်ဂရုစိုက်တဲ့ အမျိုးသမီးတစ်ဦးနဲ့ သံယောဇဥ်တွယ်ခဲ့ကြတယ်၊ မိခင်းရင်းသဖွယ် မေတ္တာတွေပေးလို့ ဂျယ်ဆူပျော်ရွှင်နေရင်းက ကံကြမ္မာက ရက်စက်လွန်းပါတယ်၊ အဲ့အမျိုးသမီးမှာ ကင်ဆာရောဂါဝေဒနာ ပြင်းထန်လာတဲ့အခါမှာတော့...အနှေးနဲ့အမြန် သေရမှာကို ကြိုသိလို့ ဂျယ်ဆူကို တတ်နိုင်သလောက် သင်ပြပေးရင်း နောက်ဆုံးမှာ ဘုရားက သူတို့သားအမိ ၂ယောက်ကို အတူတူနေခွင့်ပေးမလား၊ ဂျယ်ဆူတစ်ယောက်တည်း ဘဝကို အထီးကျန်ကျန် ဆက်လက်ဖြတ်သန်းရမလားဆိုတာကို ခုပဲ ကြည့်လို့ရပြီနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Jinzel ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p ...
movie

My 11th Mother (2007)