Channel Myanmar

Humphrey Bogart

The Desperate Hours (1955) 7.4
The Desperate Hours (1955)  Casablanca မင်းသားကြီး Humphrey Bogart မဆုံးခင် ၂ နှစ်အလိုမှာ ရိုက်ကူးထားခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဂလန်းဂရစ်ဖင်ဆိုသူ ထောင်သားဟာ လွန်ခဲ့တဲ့ ၄ နှစ်က အဖမ်းခံရချိန် သူ့မေးရိုးကို ချိုးခဲ့တဲ့ရဲကို လက်စားပြန်ချေမယ်လို့ ကြိမ်းဝါးသွားခဲ့တာ သူဟာ သူ့ညီရယ် နောက်ထပ်ထောင်သားတစ်ယောက်ရယ်နဲ့ ထောင်ဖောက်ပြေးလွတ်မြောက်လာချိန် သူ့အကြံ‌စည်တွေအကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်ချိန်ထိ ပုန်းနေလိုရမယ့် အိမ်တစ်အိမ်ကို ရွေးလိုက်တယ်။မိသားစု ၄ ‌ယောက်ရှိတဲ့ ဟီလီယတ်မိသားစုကိုပါပဲ။ သူတို့ ၃ ယောက်ဟာ တစ်မိသားစုလုံးကို သေနတ်ကိုင်ခြိမ်းခြောက်ထားပြီး သူ့အကြံအစည်တွေကို အကောင်အထည်ဖော်နေချိန် တချိန်က ဂရစ်ဖင်ကိုဖမ်းခဲ့တဲ့ ရဲသားကြီးကလည်း အပူတပြင်းလိုက်ရှာနေတယ်။ ဟီလီယတ်တို့ မိသားစုဟာလည်း သူတိုတွေလက်ထဲ ပြုသမျှနုနေရပေမဲ့ ခေသူတွေမဟုတ်ကြလေတော့ ..... File size…(3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:52:00 Genre... Crime, Drama, Thriller Subtitle….Myanmar Subtitle ...
movie

The Desperate Hours (1955)

The Maltese Falcon (1941) 7.9
The Maltese Falcon (1941)  ဒီဇာတ်ကားကတော့ အမေရိကန်ဝတ္ထုကို ရုပ်ရုင်ပြန်ရိုက်ထားတဲ့ ဂန္တဝင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။ဒါရိုက်တာကJohn Hustonပါ။ နာမည်ကြီးမင်းသားHumphrey Bogart (ဟမ်ဖရီဘိုးဂတ်)နဲ့မင်းသမီး Mary Astor(မေရီအက်စတာ)တို့ခေါင်းဆောင် ပါဝင်ထားကြပါတယ်။အက်ရှင်သိပ်မပါတဲ့ စုံထောက်ကားဖြစ်ပေမဲ့ ဒီဇတ်ကားနာမည်ကြီးရတာက စုံထောက်နဲ့ ရာဇဝတ်သားတွေ ဥာဏ်ချင်းယှဥ်ပြီးစကားစစ်ထိုးတာတွေ အမှုကိုပေါ်အောင်ဖော်တာတွေက စိတ်ဝင်စားစရာဖြစ်နေလို့ပါပဲ။အမေရိကန်လိုနိုင်ငံမျိုးမှာတောင် ရဲတွေကကြည့်မရတဲ့လူဆို ချောက်ချခံရနိုင်တာနဲ့ အမှုပေါ်ပြီးရော ပြစ်မှုကိုအစားခံပေးမယ့်သားကောင်ရှာတာမျိုးက ပြုံးချင်စရာပါ။ အဓိက ဇာတ်ကောင် စုံထောက်ဆမ် စပိဒ်ရဲ့ ဇာတ်ကောင်စရိုက်ကလည်း သဘောကျစရာကောင်းပါတယ်။ဇတ်လမ်းအကျဥ်းအလွတ်စုံထောက် ဆမ်စပိတ်ဒ်( ဟမ်ဖရီဘိုးဂတ်)ရဲ့ ရုံးခန်းကို ခပ်ချောချောအမျိုးသမီးတစ်ယောက်က သူ့ညီမကိုရှာပေးဖို့ သူ့ညီမနဲ့ ထွက်ပြေးတယ်ဆိုတဲ့ သာ့စ်ဘီဆိုတဲ့လူကို နောက်ယောင်ခံဖို့ အလုပ်လာအပ်ပါတယ် ။ဆမ်ရဲ့တွဲဘက် မိုင်းလ်စ်အာချာက နောက်ယောင်ခံလိုက်ပေးဖို့ လိုက်သွားရင်းသတ်ခံလိုက်ရပါတယ်။နောက်နေ့မှာ သာ့စ်ဘီလည်းသတ်ခံရပါတယ်။ရဲတွေက မိုင်းလ်စ်ရဲ့မိန်းမနဲ့မရှင်းမရှင်းဖြစ်နေတဲ့ဆမ်ကိုလူသတ်မှုအတွက်စွပ်စွဲချင်နေကြပါတယ်။ ဆမ့်ကို နောက်ယောင်ခံနေတဲ့သူရှိတာ ဆမ်က ရိပ်မိပါတယ်။ ဆမ်တို့ကိုအလုပ်အပ်တဲ့ အမျိုးသမီး မစ္စရှော့နက်စီရဲ့ ညီမ ဇာတ်လမ်းက လုပ်ဇာတ်ကြီးဖြစ်နေပြီး တစ်စတစ်စနဲ့ အကြောင်းရင်းမှန်ကပေါ်လာပါတယ်။ မစ္စရှော့နက်စီနဲ့ဆမ်လည်း အနမ်းဝေဖြာ ...
movie

The Maltese Falcon (1941)

4K HEVC
The Big Sleep (1946)
The Big Sleep (1946)  ခေတ်ဟောင်းကားတွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက် ၁၉၄၆ခုနှစ်ထွက် Crime/Noir အမျိုးအစား ကားကောင်းနဲ့ မိတ်ဆက်ပေးပါရစေ။ အဲ့ဒီခေတ်က နာမည်ကြီး ခဲ့တဲ့ Humphrey Bogart နဲ့ Lauren Bacall တို့ပါဝင်ထားတာပါ။ အပြင်မှာလည်း သူတို့နှစ်ယောက်က လက်ထပ်ဖူးတဲ့ စုံတွဲတွေ ဖြစ်ပါတယ်။Philip Marlowe က အလွတ်စုံထောက်တစ်ယောက်ပါ။ သူ့ကို ဗိုလ်ချုပ် Sternwood က အမှုတစ်ခု လိုက်ပေးဖို့ ငှားပါတယ်။ Sternwood မှာ သမီး နှစ်ယောက် ရှိပါတယ်။ အကြီးဖြစ်တဲ့ Vivian Rutledge နဲ့ အငယ်ကတော့ Carmen Sternwood ပါ။ အကြီးမက အိမ်ထောင်ကွဲထားပါတယ်။ အငယ်မ Carmen ကတော့ ဂြိုလ်အရမ်းမွှေတဲ့သူမျိုးပါ။ ပြဿနာက Carmen ရိုက်ထားတဲ့ ပုံတွေကို Geiger ဆိုသူက ဗိုလ်ချုပ် Sternwood ဆီ ပို့ပြီး ...
movie

The Big Sleep (1946)

Sabrina (1954) 7.6
Sabrina (1954) ဆင်းရဲသားနဲ့ သူဌေးသမီးတို့ရဲ့ အချစ်ဇာတ်လမ်းတို့ဘာတို့ဆိုတာကိုငယ်ငယ်တုန်းက ငှားကြည်ခဲ့ကြတဲ့အခွေတွေထဲမှာတော့ မကြာမကြာ ကြည့်ခဲ့ဖူးကြမှာပါ။(၁၉၅၄)တုန်းက ထွက်ရှိခဲ့တဲ့အချစ်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်တဲ့“Sabrina”ဆိုတဲ့ ဇာတ်ကားလေးမှာတော့ကျိကျိတက်ချမ်းသာကြွယ်ဝလှတဲ့သူဌေးသားညီအစ်ကိုတို့နဲ့ သူတို့အိမ်က ဒရိုင်ဘာသမီး“ဆာဘရီနာ”တို့ကြားက အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုပုံတွေကို သဘောကျဖွယ် ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ဆာဘရီနာကတော့ ညီဖြစ်သူဒေးဗစ်လာရာဘီးကို ငယ်စဥ်တောင်ကျေးကလေးဘဝကတည်းကတစ်ဖက်သတ်ချစ်မြတ်နိုးနေမိခဲ့တာပါ။ ဒါပေမယ့်လည်း မိန်းမလှလေးတွေ ဝိုင်းနေတဲ့ဒေးဗစ်တစ်ယောက် သူ့အိမ်က ဒရိုင်ဘာသမီးကို ဘယ်မျက်စိကျပါ့မလဲ။ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်တာမျိုးပေါ့။အခုလိုမျိုး အဆင့်အတန်း အဘက်ဘက်က ကွာခြားလှတဲ့ အချစ်မျိုးကိုမမြင်ချင်တာကြောင့်ဆာဘရီနာအဖေက ဆာဘရီနာကို ပဲရစ်က အချက်အပြုတ်ကျောင်းကိုပို့လိုက်ပါလေရော။ခက်တာက ပြန်ရောက်လာတဲ့အချိန် အလှကြီးလှလာတဲ့ ဆာဘရီနာကိုလေးဆက်မြောက်အိမ်ထောင်အတွက်စေ့စပ်ထားပြီဖြစ်တဲ့ ဒေးဗစ်တစ်ယောက်မျက်စိကျကာချစ်မိသလိုတွေ ဖြစ်ကုန်ပါတော့တယ်။သံယောဇဥ်မပြတ်သေးတဲ့ ဆာဘရီနာကကော ဒီနွံကိုများဆက်တိုးမလား။စီးပွားရေးကိုသာ ဇောက်ချလုပ်နေတဲ့ အစ်ကိုဖြစ်သူ လိုင်းနက်စ်ဟာလည်း ဒေးဗစ်လိုပဲဆာဘရီနာကို ရင်ခုန်မိသွားပါတော့တယ်။နွံထဲပဲ ဆက်နစ်ကြမလား။ သုံးပွင့်ပဲ ဆိုင်မလား။ စတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့အဖြူအမည်းခေတ်က ရုပ်ရှင် “Sabrina”ကို ခံစားကြည့်ရှုရင်း အဖြေအတူတူ ရှာကြည့်လိုက်လို့ရပါပြီ။File size…    3.4 GB /  1.4 GB Quality… BluRay 1080p ...
movie

Sabrina (1954)

To Have and Have Not (1944)
To Have and Have Not (1944)  IMDbs 7.8/10 ; Rotten Tomatoes (94%)အဖြူအမဲခေတ်မှာ အတော်လေးပေါက်ခဲ့တဲ့မင်းသားကြီးဘိုဂတ်ရဲ့ ရိုမန့်စ် အက်ရှင်ကားကောင်းလေးပါ 1940နောက်ပိုင်း ပြင်သစ်ကျရှုံးပြီး ဗစ်ချီအစိုးရလက်အောက်ရောက်သွားချိန် နိုင်ငံရေးအရှုပ်အထွေးကာလကို ဇာတ်အိမ်တည်ထားတာပါပြင်သစ်ရောက် အမေရိကန်လူမျိုး ငါးဖမ်း​လှေပိုင်ရှင် ကပ္ပတိန်မော်ဂန်ဟာ တစ်နေ့မှာတော့ လူတစ်စုကနေသူ့လှေကိုငှားရမ်းပြီး အလုပ်တစ်ခုလက်ခံပေးဖို့ တောင်းဆိုဖို့ရောက်လာကြတယ်နိုင်ငံရေးအရှုပ်အထွေးထဲဝင်မပါချင်တဲ့မော်ဂန်ဟာ အစပိုင်းဟာငြင်းဆိုခဲ့ပေမဲ့ သူနဲ့ပတ်သက်တဲ့မိန်းကလေးကို အိမ်ပြန်ပို့ရဖို့ဖြစ်လာတဲ့အခါ ဒီအလုပ်ကိုလက်ခံဖို့ဖြစ်လာပါတော့တယ် အဲ့ဒီနောက်မှာတော့ မော်ဂန်ဟာအန္တရာယ်များတဲ့အလုပ်ကိုလုပ်မိတာကနေ ဘယ်လိုအရှုပ်အထွေးတွေထဲဝင်ပါမိမလဲဆိုတာ....အဖြူအမဲခေတ်ကအရသာလေးနဲ့ ခံစားကြည့်လိုက်ကြပါအုံး Ratingတွေလဲကောင်းပြီး သရုပ်ဆောင်တွေကလဲအမိုက်စားနဲ့ မပျင်းရမဲ့ ဇာတ်ကားကောင်းလေးပါနော် File size…(2 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre... Film Noir, Adventure, Comedy, Romance, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si
movie

To Have and Have Not (1944)

In a Lonely Place (1950) 7.9
In a Lonely Place (1950) In a lonely place (1950)အဖြူ အမဲ ဂန္တဝင် ရုပ်ရှင် classical film ကောင်းကောင်းတွေကို ကြိုက်တတ်တဲ့ သူတွေ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ Rotten tomatoes ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက်မှာလဲ rating ကောင်းကောင်း ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းကျောရိုးကတော့ဒုတိယ ကမ္ဘာစစ်ကြီးလွန်ပြီး ၁၉၅၀ ကာလများက နာမည်ကြီး ဒစ်ခ်ဆန် စတီးလ်ဆိုတဲ့ ဇာတ်ညွှန်းရေး ဆရာ တစ်ယောက်ရဲ့ အသက်ငါးဆယ်ဝန်းကျင် ဘဝအဖြစ်အပျက်တွေပေါ်မှာ တည်ထားတာပါ။ ဒစ်ဆန်ဟာ သူအိမ်ခေါ်မိတဲ့ ကောင်မလေး တစ်ယောက် အသတ်ခံရတာကြောင့် ရဲတွေရဲ့ သံသယအရှိဆုံးသူအဖြစ် သတ်မှတ်ခံရပါတယ်။ ရဲတွေက သူ့မျက်နှာချင်းဆိုင်မှာ နေတဲ့ တက်သစ်စ မင်းသမီး တစ်ယောက်ကို ခေါ်မေးရာကနေ ဇာတ်ညွှန်းရေးဆရာ ဒစ်ခ်ဆန်နဲ့ မင်းသမီးတို့ မေတ္တာသက်ဝင်သွားပါတယ်။ပေါက်ကွဲလွယ်တဲ့ ဒေါသအိုးတစ်ဦး ဖြစ်ပြီး မဟုတ်ရင်မခံတတ်တဲ့ ဗီဇလည်းရှိသလို မိမိအတ္တကိုလည်း နည်းနည်းလေးမှ အထိပါးမခံတဲ့ ဒစ်ခ်ဆန်တစ်ယောက်ရဲ့ အပြုအမူတွေဟာ ရဲတွေ သံသယဝင်လောက်စရာကောင်းအောင်ကို မူမမှန်တွေ ...
movie

In a Lonely Place (1950)

1950
Casablanca (1942) 8.5
Casablanca (1942) CM ပရိတ်သတ်ကြီးအတွက် G(old) ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျားတို့ဘဝမှာ လုံးဝမမေ့နိုင်လောက်အောင်ချစ်ခဲ့ရတဲ့သူ ပြီးရင် အဲ့ဒီလူအတွက် ဘာမဆိုပေးဆပ်ရဲအောင် ချစ်ခဲ့ပြီးမှ စွန့်လွှတ်လိုက်ရတာမျိုးကြုံဖူးလား‌ဗျ ဒါဆိုရင်တော့ ဒီဇာတ်ကားက ခင်ဗျားတို့နဲ့ တော်တော်တူသွားပါပြီ ဇာတ်ကားနာမည်က Casablanca ပါ လူတော်တော်များများက Casablanca ဆိုတဲ့နာမည်ကို ကြားဖူးကြမှာပါ အဲ့သီချင်းက အဓိပတိလမ်းမထက်ကခြေရာများဆိုတဲ့ သီချင်းရဲ့ မူရင်းသီချင်းဖြစ်ပြီး Bertie Higgins သီဆိုထားပါတယ် အဲ့ဒီ့သီချင်းထဲမှာmovieထဲက As Time Goes By ဆိုတဲ့ theme song နာမည်ကို ထည့်ဆိုထားသလို movie scriptဖြစ်တဲ့ A kiss is just a kiss in Casablanca ဆိုတာကိုလည်းထည့်ဆိုထားပါသေးတယ် ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံပြီးရိုက်ထားတာပါ နိုင်ငံရေးနဲ့ အချစ် ရောပြွန်းထားတဲ့ ဇာတ်ကားပုံစံပေါ့ဒါပေမယ့်လည်း G(old) ဟောင်းပေမယ့် ကောင်းနေဆဲပါပဲ ရစ်ခ် နဲ့ အယ်လ်ဆာ ဟာ Parisမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် အရမ်းကိုရိုမန့်ဆန်တဲ့ချစ်သူနှစ်ယောက်ပါ သူတို့နှစ်ဦး စန္ဒရားသမားကိုတီးခိုင်းပြီး အမြဲနားထောင်လေ့ရှိတဲ့ သီချင်းတစ်ပုဒ်က As Time Goes By ဆိုတဲ့သီချင်းပါပဲ ဝေးကြဖို့ အကြောင်းကဖန်လာတော့ ပြင်သစ်မှာ နိုင်ငံရေးအခြေအနေကြောင့် ရစ်ခ် က အယ်လ်ဆာနဲ့အတူထွက်ပြေးဖို့ စီစဉ်ထားတာကို အယ်လ်ဆာ ဟာရောက်မလာခဲ့ပါဘူး အဲ့ဒီ့ကနေ ရစ်ခ် ...
movie

Casablanca (1942)

1942