Channel Myanmar

Huang Di Yang

Dead Talents Society (2024) 7.4
Dead Talents Society (2024)  အူတက်အောင်ရယ်ရမဲ့ တရုတ်သရဲကားအခွီလေးကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုသာကြည့်လိုက်တော့ဗျာ။ ဇာတ်လမ်းအကျဉ်း++++++++++လောလောလတ်လတ် သေထားတာ မကြာသေးတဲ့သရဲမလေးတစ်ယောက်ဟာ ကမီလာဆိုတဲ့ သရဲမလေးနဲ့နှစ်ယောက်သား ပရလောကမှာ တရုတ်ရိုးရာအရ မိဘမီးရှို့ပေးတဲ့ အစားအသောက်တွေ အသုံးအဆောင်တွေကိုမှီခိုစားသောက်ပြီး သောင်တင်လို့နေပါတယ်။တစ်နေ့မှာတော့ သရဲမလေးရဲ့ မိဘတွေဟာ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ သူမရဲ့ မွေးစာရင်းကို လုပ်ဖျောက်လိုက်မိပြီးဘယ်လိုရှာရှာ ပြန်မတွေ့တော့ပါဘူး။သရဲမလေးဟာ သူမရဲ့ မွေးစာရင်းပျောက်သွားပြီးတဲ့နောက်မှာသူ့မရဲ့ ဝိဉာဉ်နာမ်ရုပ်ဟာ အခွေထစ်သလို ထစ်လာတဲ့အတွက်လိုက်မေးကြည့်တဲ့အခါ ကျန်ရစ်သူမိသားစုမှာ သေဆုံးသူရဲ့မွေးဖွားခဲ့တဲ့အထောက်အထား မရှိတော့တဲ့အခါ အဲဒီသရဲကရက်သုံးဆယ်အတွင်း နာမ်ရုပ် ပြိုကွဲသွားမှာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်။ ဒီတော့ သူမဟာ မပျောက်ကွယ်သွားချင်တဲ့အတွက် နည်းလမ်းရှာတဲ့အခါ ပရလောကမှာသရဲခြောက်ခွင့်လိုင်စင်ဆိုတာရှိပြီး အဲလိုင်စင်ရထားတဲ့သရဲတွေက ကိုယ်ထင်ပြနိုင်ပြီး လူတွေမြင်အောင်လုပ်နိုင်ရင်အမေ့ပျောက်မခံရတော့ပဲ ဆက်လက်တည်ရှိနိုင်ကြောင်းသိလိုက်ရတဲ့အခါ အဲဒီ သရဲခြောက်ခွင့်လိုင်စင်ကိုရဖို့ကြိုးစားပြီး လူတွေကို ခြောက်လှန့်နိုင်အောင် ကြိုးစားပါတော့တယ်။ဒီတော့ ဒီဇာတ်ကားလေးမှာ ဒီသရဲမလေးက ဘာကိုစိတ်မပြတ်လို့ မကျွတ်သေးတာလဲ......ဘာလို့ ပရလောကမှာ ဆက်တည်ရှိချင်တာလဲဆိုတာအပြင်သူ့ခမျာ အူတူတူ အတတနဲ့ ဘယ်လိုလုပ်သရဲခြောက်ပြီးလိုင်စင်ရအောင် လုပ်ကြမလဲဆိုတာက အခွီကြည့်ရမဲ့ဟာသကားလေးဖြစ်ပါတယ်။  File size… (1.59 GB) / ...
movie

Dead Talents Society (2024)

The Gangs, the Oscars, and the Walking Dead (2019)
The Gangs, the Oscars, and the Walking Dead (2019) The Gangs, the Oscars, and the Walking Dead (2019) **************************************************ဒီတစ်ခါမှာတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ ထိုင်ဝမ် ဟာသကားလေးတစ်ကားကို...တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရုပ်ရှင်ဝါသနာကြီးတဲ့ လူမိုက်တွေရဲ့ အဖြစ်အပျက်တွေကိုဒီဇာတ်လမ်းမှာ ဟာသမြောက်အောင် ရိုက်ကူးပုံဖော်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်း -------------ငယ်ငယ်ကတည်းက ဝါသနာတူပြီး အတူကစားပြီးကြီးပြင်းလာကြတဲ့ သူငယ်ချင်း(၂)ယောက်...တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းပြီးနေလာရာကနေ အသက်လေးရလာတော့...ငယ်ငယ်တုန်းကစိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုရိုက်ဖို့ ရုပ်ရှင်လောကထဲကိုဝင်ခဲ့တယ်...ရုပ်ရှင်ပြီးအောင်မရိုက်နိုင်တဲ့အပြင် အားလုံးပျက်စီးသွားလို့ အကြွေးဗရပွနဲ့ကျန်ခဲ့တယ်...အလုပ်ရှုံးသွားပြီး လျော်ကြေးပေးဖို့အတွက် လူဆိုးဂိုဏ်းထဲ မဝင်ချင်ဘဲ ဝင်လိုက်ရတယ်...သူတို့အတွက်ကံလေးပြန်တက်လာမယ်လို့ထင်လိုက်တာ...အဲဒီဂိုဏ်းထဲရောက်မှ ငါးပါးမှောက်တော့တာပဲ...သူတို့ လူဆိုးဂိုဏ်းထဲရောက်ပြီး...ဘယ်လိုတွေတိုင်ပတ်ကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းကို MiMi မှ ရေးသားပေးထားပါတယ်။File Size : 1.72GB / 772MB Quality : WEB-DL 1080p / 720p Duration : 01:45:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by ...
movie

The Gangs, the Oscars, and the Walking Dead (2019)

The Pig, the Snake and the Pigeon ( 2024 ) 6.1
The Pig, the Snake and the Pigeon ( 2024 ) ဒီတစ်ခါ CM ကနေထိုင်ဝမ်မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ The pig, The snake and the pigeon ဆိုတဲ့ ကားလေးနဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ချန်ကွေလင်ဆိုတဲ့လူက တစ်လောကလုံးသူ့နာမည်ကို ဘယ်သူမှမသိတဲ့လူမရှိအောင် ဖြစ်ချင်တဲ့လူတစ်ယောက်ပေါ့။ဒါကြောင့်ပဲ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုသတ်ဖြတ် ပစ်ခတ်တဲ့အလုပ်ကိုလုပ်တယ်။ တနေ့မှာ ဆေးစစ်လိုက်ပြီးနောက် အဆုတ်ကင်ဆာ အဆင့်လေးရှိနေတာကိုသိသွားတဲ့အချိန် သူ့ဘဝမှာ သိက္ခာရှိရှိနာမည်ကျန်စေမယ့် အလုပ်တစ်ခုကိုမသေခင်မှာ လုပ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ဒီတော့ သူအလုပ်ချင်ဆုံးကဘာများဖြစ်နေမလဲ။ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြလဲစတဲ့ စိတ်ဝင်စားကောင်းတဲ့ဇာတ်လမ်းတွေအပြင် ထိုင်ဝမ်လေသံကိုပါ လေ့လာရတာမို့ လက်မလွတ်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Pig, the Snake and the Pigeon ( 2024 )

The Abandoned ( 2024 ) 6.1
The Abandoned ( 2024 ) CM ချစ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ abandoned ဆိုတဲ့ တရုတ်ကားကောင်းလေးနဲ့ မိတ်ဆက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားလေးကတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ သူများနိုင်ငံမှာ ဘယ်လိုရှင်သန်ရတယ်ဆိုတာကို တစ်စိတ်တစ်ပိုင်း ဖော်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်… ဒီဇာတ်လမ်းအစမှာ ရည်းစားသေလို့ ထရာမာရနေပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြိုးစားနေတဲ့ ဝူကျယ်ဆိုတဲ့ ရဲမေတစ်ယောက် သူသတ်သေဖို့ ကြံရွယ်နေချိန်မှာပဲ ဗီဇာသက်တမ်းကုန်နေတဲ့ ထွက်ပြေး ရွေ့ပြောင်းအလုပ်သမားတစ်ယောက်အလောင်းကို မြစ်ထဲပစ်တာနဲ့ ကြုံခဲ့ပါတယ်…ဒီလိုနဲ့ ဝူကျယ်တစ်ယောက် အလောင်းဖော်ထုတ်ရင်း ဘာတွေဖော်ထုတ်နိုင်ခဲ့လဲ… ဘာတွေ ကြုံတွေရမှာလဲ ဇာတ်လမ်းလေးက ခေါ်ဆောင်သွားပေးပါလိမ့်မယ်… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller , Crime , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK
movie

The Abandoned ( 2024 )