Channel Myanmar

Hoàng Hà

Cu Li Never Cries  aka Cu Li không bao gio khóc  (2024) 6.7
Cu Li Never Cries aka Cu Li không bao gio khóc (2024) Cu Li Never Cries  aka Cu Li không bao gio khóc  (2024) IMDb: 6.7/10ဗီယက်နမ်ဒါရိုက်တာ အသစ်ဖြစ်တဲ့ Phạm Ngọc Lân ရိုက်ကူးထားပြီးတော့ ဇာတ်လမ်းလေးကို မင်းသမီးက ယောကျ်ားဖြစ်သူဆုံးပါးပြီးတဲ့ နောက်မှာ ဇာတိမြေကို ပြန်လာတဲ့ အချိန်နဲ့ အစပြုထားပါတယ်။သူနဲ့အတူလည်း သူ့ယောကျ်ားရဲ့ နောက်ဆုံးလက်ဆောင်တွေဖြစ်တဲ့ ဖန်ခွက်အကွဲတစ်ခုရယ် ၊ မျောက်နဲ့ တူသလိုရှိပြီး ကူလီလို့ခေါ်တဲ့ အကောင်လေးတစ်ကောင်လည်းပါလာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းကတော့ မင်းသမီးက ယောကျ်ားကွယ်လွန်ပြီးနောက် ဇာတိမြေဖြစ်တဲ့ ဟနွိုင်းမြို့ကို ပြန်လာရာကနေ အစပြု့ထားပါတယ်။ အရင်တချိန်ငယ်ရွယ်စဉ်အခါကအလွန်သာယာလှပခဲ့တဲ့ မြို့ကြီးဟာ အခုလက်ရှိမှာတော့ မျက်စီနှင့် မြင်နေတာကိုတောင် မယုံကြည်နိုင်ဖွယ်ရာ အလွန်ကိုမှ ပြောင်းလဲ သွားခဲ့ပြီဖြစ်ပါတယ်။ သူမလေးကလည်းနောက်ဆို လက်ထပ်တောမှာဖြစ်ပြီး အရာအားလုံးဟာ သူ့အတွက်တော့ အရင်လိုကိုမဟုတ်နေခဲ့တော့တာပဲဖြစ်ပါတယ်။တူမလေးနဲ့ကလည်း အသက်ရွယ်ကွာခြားလွန်းတာကြောင့်လည်း နေရာအတော်များများမှာ ဘဝင်မကျရတာတွေလည်း ရှိလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူဟာ အတိတ်ကအကြောင်းရာများကို လွမ်းဆွတ်မိပြီး အတိတ်ကနေ့ရက်တွေကို ပြန်လည်မြင်ယောင်နေရတာတွေကိုလည်း‌ သေချာလေးရိုက်ပြထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့မိသားစုရဲ့ ...
movie

Cu Li Never Cries aka Cu Li không bao gio khóc (2024)

The Soul Reaper (2023) 6.2
The Soul Reaper (2023) The Soul Reaper (2023)IMDb - 6.2/10နာမည်ကြီးနေတဲ့ ဗီယက်နမ် Horror ကားလေးကို စီအမ်ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဓားပြလူနည်းစုအုပ်စုတစ်စုဟာ နေရာရွှေ့ပြောင်းရင်း တစ်နှစ်ပတ်လုံးနှင်းတွေကျနေတဲ့ တောင်ပေါ်လေးတစ်နေရာမှာ အခြေချနေထိုင်ခဲ့ပါတယ်။ အဲဒီရွာလေးမှာ ထူးဆန်းတာကတော့ ရွာလူကြီးမိသားစုကလွဲပြီး ကျန်ရွာသားတွေက တောင်အောက်ကို မဆင်းနိုင်ပါဘူး။ သူတို့ရွာရဲ့ ထူးခြားမှုနောက်တစ်ခုကတော့ မှောင်လာရင် နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ ထကြွတယ်လို့ သတ်မှတ်ထားပေမဲ့ ရွာရဲ့ပွဲတစ်ခုခုလုပ်စရာရှိရင် ညဘက်မှာပဲ ကြွက်မျက်နှာဖုံးတွေတတ်ပြီး လုပ်ကြတာပါပဲ။ ဒီလိုနဲ့ ရွာလူကြီးသမီးဖြစ်သူ ဖုန်ရဲ့ မင်္ဂလာပွဲကိုလည်း ရွာရဲ့အစဉ်အလာအတိုင်း ညဘက်မှာကျင်းပတာပေါ့။ အဲဒီမှာပဲ ငယ်ငယ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့ ဖုန် ဟာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ပေမဲ့ ကျန်တဲ့သူတွေကတော့ မမြင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ နေလာရင်း သူတိုရွာမှာ ထူးဆန်းစွာနဲ့ လူတွေ တစ်ယောက်က နှစ်ယောက် သေဆုံးလာခဲ့တဲ့နောက်မှာတော့ ရွာသားတွေဟာ ရွာမှာမနေရဲဘဲ တောင်အောက်ဆင်းဖို့ လမ်းရှာရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲ..... လူတွေကို သတ်နေတဲ့သူကရော ဘယ်သူဖြစ်မလဲ..... ဖုန်မြင်လိုက်တဲ့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကရော ဘယ်သူများလဲ ..... ဆိုတာတွေကို ဂမ္ဘီရဆန်ဆန်နဲ့ ...
movie

The Soul Reaper (2023)

2023