Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hiroshi Kobayashi
6.9
In His Chart (2011)
In His Chart (or) God's Medical Records (2011)**********************************************စာရေးဆရာ Sosuke Natsukawa ရေးသားထားတဲ့ ဝတ္ထုကို မန်ဂါအနေနဲ့ပါ ထွက်ရှိထားပြီး ဇာတ်ကားအနေနဲ့ပါ ရိုက်ကူးပုံဖော်ထားတဲ့ ဆေးလောက ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။အိချိတို ကူရီဟာရဆိုတဲ့ ကောင်လေးဟာ စိတ်ခံစားချက်အရမ်းကို နုနယ်လွန်းတဲ့သူလေးပါ။ဒီလိုကောင်လေးက ဆေးကျောင်းကို တက်ခွင့်ရခဲ့ပြီး ကျောင်းတက်နေစဉ်အတွင်းမှာလည်း အကောင်လေးတွေနဲ့ လက်တွေ့ဆင်းရမဲ့နေဆိုရင်ငို၊ လူနာတစ်ယောက်ယောက်ဆုံးရင်လည်း လူနာရှင်တွေကို ကြည့်ပြီးငို၊ ကုသလို့မရနိုင်တဲ့ရောဂါမျိုးဖြစ်တဲ့လူနာမျိုးနဲ့ တွေ့ရပြီဆိုရင်လည်း လူနာကို သနားလို့ငိုခဲ့ပါတယ်။ ဒီလိုတွေ ငိုခဲ့လွန်းလို့လည်း ကျောင်းမှာ အငိုသန်လေးဆိုပြီး နာမည်တောင်တွင်ခဲ့ပါတယ်။ဒီလိုအငိုသန်လေးက ဒေါက်တာကြီးဖြစ်လာပြီး လူနာတွေကို ကိုယ်တိုင် ကုသခွင့်ရတဲ့အချိန်မှာတော့ သူ ဘယ်လို စိတ်ခံစားချက်တွေထားပြီး လူနာတွေကို ကုသပေးမလဲ ......လူနာတွေနဲ့ သူ့ကြားက ဆက်ဆံရေးမှာရော ဘယ်လိုတွေ ဖြစ်လာမလဲ..... ဆိုတာကို ဆရာဝန်ကားပီပီ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…2.1GB / 778MB Quality… WEB-DL ...
movie
In His Chart (2011)
6.2
Liverleaf (2018)
Liverleaf (2018) ~ Sound Error FIXED!!! ~ ကျောင်းတွင်းအနိုင်ကျင့်မှုတွေကို ပြန်ကလဲ့စားချေတဲ့ ဇာတ်ကားကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီကားကို မြည်းစမ်းကြည့်သင့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... "နိုဇကိ ဟရုက"ဆိုတဲ့ ကျောင်းသူလေးက သူ့အဖေရဲ့အလုပ်ကြောင့် တိုကျိုကနေ အရမ်းအေးတဲ့ နယ်မြို့တစ်မြို့ကို ရွှေ့ပြောင်းလာခဲ့ရပါတယ်။ မကြာခင်မှာ အလယ်တန်းအောင်တော့မှာဖြစ်ပြီး သူလည်းကြိုးစားနေထိုင်နေပါတယ်။ဒါပေမဲ့ ကလေးအချင်းချင်းကြား အထင်လွဲမှုတွေဖြစ်ပြီး အတန်းတွင်းလူဆိုးအုပ်စုရဲ့ ပစ်မှတ်က သူဖြစ်လာပါတယ်။ ကျောင်းပြီးချင်စိတ်နဲ့ သည်းခံလာခဲ့ပေမဲ့ တစ်နေ့မှာ နိုဇကိရဲ့အိမ်ကို Bully ကောင်တွေက ဓာတ်ဆီလောင်းပြီးတော့ပါ မီးရှို့လိုက်ကြပါတယ်။ဒီဖြစ်ရပ်ကြောင့် ဟရုကရဲ့ မိဘနှစ်ပါးလုံး အရှင်လတ်လတ် မီးလောင်သေဆုံးသွားရပြီး ညီမလေးဖြစ်သူကလည်း တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာနဲ့ အမြဲဆေးကုသနေရပါတယ်။အမြဲသည်းခံလာခဲ့တဲ့ ဟရုကတစ်ယောက် ပြင်းထန်တဲ့ရိုက်ခတ်မှုတွေအပြီးမှာ သူ့မိသားစုကို သတ်ခဲ့ကြတဲ့လူတွေကို ဘယ်လိုပြန်ပြီး ကလဲ့စားချေ တုန့်ပြန်သတ်ဖြတ်မလဲဆိုတာကို ဒီ Psychological, Thriller, Murder ဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
Liverleaf (2018)
2018
6.5
The World of Kanako (2014)
The World of Kanako (2014) ===================== IMDb Rating - 6.5/10ဂျပန်ကားတွေဟာ အေးချမ်းရင်လည်း ကမ်းကုန်အောင် အေးချမ်း တတ်သလို ရက်စက်ရင်လည်းကမ်းကုန်အောင် ရက်စက်တတ်တာ အားလုံးအသိပါပဲ။ ဒီကားကတော့ ဒုတိယအမျိုးအစားကားပါပဲ။ ဘယ်လိုရက်စက်လဲဆိုတော့ အပြအားဖြင့်တော့ တစ်ချို့သတ်ပြ ဖြတ်ပြရုံသက်သက်ကားတွေလို လူမကြည့်နိုင်လောက်အောင် အရမ်း ဆိုးဆိုးရွားရွားကြီးဖြစ်မနေပါဘူး။ ဒါပေမဲ့ ဘာလို့ ဘယ်လို ဘယ်ပုံ ဆိုတဲ့အကြောင်းရင်းတွေနဲ့ကို သေသေသပ်သပ်နဲ့ကို ရက်စက်နေတဲ့ ရုပ်ရှင်လို့တော့ ပြောရပါမယ်။ ပတ်ချန်းဝတ်ရဲ့ Oldboy ရဲ့ ရက်စက် မှုမျိုးလို့ပြောလို့ရပေမဲ့ အဲဒီလိုကြီးထပ်တူမဟုတ်နေသလို ဇာတ်ကောင် တစ်ကောင်တည်းမဟုတ်ဘဲ ပါတဲ့ဇာတ်ကောင်အများစုကိုက နည်းပေါင်း စုံနဲ့ရက်စက်နေတဲ့ ရုပ်ရှင်ပါပဲ။ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို သူ့နည်းသူ့ဟန်နဲ့ အရသာရှိနေတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ဒါရိုက်တာကတော့ ကားသိပ်မရှိပေမဲ့ ရိုက်သမျှတော့ ဒီလိုကားတွေဆို တော့ သူပိုင်နိုင်တဲ့လိုင်းလို့ပဲပြောရပါမယ်။ ဂျပန်ရုပ်ရှင်ပရိသတ်ဆိုရင် ဒီကားကိုကြည့်သင့်တဲ့ အကြောင်းရင်းက နောက်ထပ်၂ခုတောင်ရှိပါတယ်။ တစ်ချက်ကတော့ Koji Yakushoဆိုတဲ့ ဂျပန်မင်းသားကြီးပါပဲ။ Under the Open Skyကားမှာ တော်တော်များများသိပြီးလောက်သလို Memoirs Of A Geisha , Tampopo , ...
movie
The World of Kanako (2014)
2014
[18+] Pink Cut: Love Me Hard, Love Me Deep (1983)
Pink Cut: Love Me Hard, Love Me Deep (1983)Nikkatsu Pink Films တွေထဲက ရှားရှားပါးပါး အချစ်ဟာသပုံစံနဲ့ ကားလေးတစ်ကားပါ။ Mami ဆိုတဲ့ ဆံသဆိုင်ပိုင်ရှင်ကောင်မလေးဟာ ငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေကို ဆိုင်မှာခန့်ထားပြီး ယောက်ျားလေးဖောက်သည်တွေကို ဆွဲဆောင်ပါတယ်။ သူကိုယ်တိုင်လည်း ကောလိပ်ကို ဖြတ်လမ်းကနေ အတန်းမတက်ပဲအောင်ဖို့ ကောလိပ်ဆရာကြီးတစ်ယောက်ကိုဝင်အောင်းထားပါတယ်။သူ့ဆိုင်မှာလာညှပ်နေတဲ့ ကောလိပ်ကျောင်းသားလေး Akira ကတော့ ချစ်သူနဲ့နီးစပ်ဖို့ အလုပ်ရှာနေပေမယ့်အလုပ်ကံခေလို့ ချစ်သူရဲ့ငြိုငြင်မှုကို ခံနေရသူဖြစ်ပါတယ်။ Akira နဲ့ချစ်သူကောင်မလေး၊ Mami နဲ့ကောလိပ်ဆရာ၊ Mami ရဲ့ဆိုင်ကဆံသဆရာမလေးတွေနဲ့ဖောက်သည်တွေရဲ့ ဇာတ်လမ်းအစုံစုံတို့ကို ဟာသနှောပြီး ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားတာပါ။ မြင်နေကျကားတွေမှာလို ကြိုးတုပ်တာတွေ ဖယောင်းစက်ချတာတွေ နှိပ်စက်အဓမ္မတွေမပါဝင်ပဲ အချစ်ဟာသ ဇာတ်ကားလေးတစ်ကားအတိုင်း အရောင်စုံပေါ့ပေါ့ပါးပါး ရှုစားခံစားဖီးတက်ရမယ့် ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.6GB, 620MB Quality ...
movie
[18+] Pink Cut: Love Me Hard, Love Me Deep (1983)
1983