Channel Myanmar

Heo Sung-tae

The Outlaws (2017) 7.2
The Outlaws (2017) The Outlaws (2017)IMDb Rating (7.2)/ Rotten Tomatoes (91%)နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ (မာဒုံဆော့) Ma Dong-Seok နဲ့ Yoon Kye-sang, Jo Jae-yoon စတဲ့ အက်ရှင်မင်းသားတွေပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကိုတော့ ၂၀၀၄ ခုနှစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုမှာဖြစ်ပွားတဲ့ လူဆိုးဂိုဏ်းတွေရဲ့ ရာဇဝတ်မှုတွေကိုအခြေခံရိုက်ကူးထားပါတယ်The Outlaws တဲ့ ..မြန်မာလိုဆိုရင်တော့ဝရမ်းပြေးတွေပေါ့ဗျာ…ဇာတ်လမ်းကို ဟာဂျီဝန်ဆိုတဲ့ ဆိုးလ်မြို့က ရပ်ကွက်လေးတစ်ခုရဲ့စျေးထဲမှာဖြစ်တဲ့လူမိုက်တွေရဲ့ရန်ပွဲလေးတစ်ခုနဲ့အစပြုထားပါတယ်… ဒီဒေသတစ်ဝိုက်ကိုတာဝန်ယူရတာက ရဲစုံထောက်မားနဲ့အဖွဲ့ဖြစ်ပြီး အနားတစ်ဝိုက်ကလူမိုက်တွေက စုံထောက်မားကို ချစ်ခင်လေးစားကြပုံ… နောက်တော့ တခြားနယ်က လူမိုက်တွေရောက်လာပြီး လူသတ်နှိပ်စက်မှုတွေကြောင့် ရဲနဲ့ လူမိုက်တွေရဲ့အသည်းအေးဖွယ်ရာယှဉ်ပြိုင်မှုတွေကို အမိုက်စားခပ်ကြမ်းကြမ်းကြည့်ရှုကြရမှာပါ။ File size…(2 GB )/ (1 GB) Quality…BluRay Remux 1080p HEVC / 720p Format…mkv/mp4 Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Zuel Khant Twin
movie

The Outlaws (2017)

2017
Intern Detective Oh Kyeon-sik (2019) 6.0
Intern Detective Oh Kyeon-sik (2019) Intern Detective Oh Kyeon-sik (2019)************************************IMDb..... 6.0 ဒီတစ်ခါမှာတာ့ ၂၀၁၉ ခုနှစ်က ထွက်ရှိထားပြီး Infinite အဖွဲ့ဝင် Lee Sung-yeol နဲ့Squid Game ထဲမှ မင်းသား Heo Sung-tae တို့ အဓိကပါဝင်ထားတဲ့စုံထောက်ကားလေးတစ်ကား တင်ဆက်‌ပေး လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ***အိုဂယောင်းရှစ်ဟာ စုံထောက်တစ်ယောက်ဖြစ်ချင်ပေမဲ့ စာသင်စာဖတ်ရခက်တဲ့ ရောဂါရှိတာကြောင့်ရဲဝန်ထမ်းစာမေးပွဲကို မအောင်မြင်တဲ့အတွက် ရဲအရာရှိဖြစ်မလာခဲ့သူပါ။ဒီလိုနဲ့ ညစောင့်အလုပ်လုပ်ရင်း ရဲတွေ အတော်ကြာအောင်ဖမ်းမမိခဲ့တဲ့ တရားခံတစ်ယာက်ကိုဖမ်းမိခဲ့တဲ့အတွက် အထူးအခွင့်အရေးအနေနဲ့ အလုပ်သင်စုံထောက်အဖြစ် ခန့်အပ်ခံခဲ့ရတယ်။ဒါပေမဲ့ သာမန်လူက ရဲဝန်ထမ်းစာမေးပွဲလည်း မအောင်ဘဲ စုံထောက်ဖြစ်လာတယ်ဆိုပြီးရဲအရာရှိတွေက အမြင်မကြည်ဖြစ်ကြပြီး သူ့ကိုအလုပ်ထွက်သွားအောင် ကြံစည်ကြတာ့တယ်။ဒီလိုနဲ့ အိုဂယောင်းရှစ်တစ်ယောက် သူ့အိပ်မက်အတိုင်း တရားဝင်စုံထောက်ဖြစ်လာမလားလက်လျှော့ပြီး ထွက်သွားမလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu ပဲ ဖြစ်ပါတယ်။) File Size : 1.10GB/ 540MB Quality : WEB-DL 1080p/ ...
movie

Intern Detective Oh Kyeon-sik (2019)

The Divine Move 2: The Wrathful 7
The Divine Move 2: The Wrathful The Divine Move 2: The Wrathful (2019) **************************************The Divine Move က 2014 မှာ ထွက်ခဲ့ဖူးပါတယ်...မင်းသားကြီး Woo-sung Jung ကအဓိက သရုပ်ဆောင်ထားပြီးဂိုကစားနည်းကိုအခြေခံထားတဲ့ဒီဇာတ်ကားကို လူတော်တော်များများကြိုက်နှစ်သက်ကြပါတယ်...၂၀၁၉ မှာ ထွက်တဲ့ The Divine Move 2 ဟာ 2014 တုန်းက ထွက်ထားတဲ့The Divine Move နဲ့ ဆက်စပ်မှုတော့သိပ်မရှိလှပါဘူး...သို့ပေမဲ့ ဂိုကစားနည်းနဲ့ပဲ ဇာတ်အိမ်ကိုအခြေပြုထားပြီး 2014 တုန်းက ထွက်ခဲ့တဲ့ဟာထက်ဒီကားမှာက အက်ရှင်ခန်းတွေပိုများလာသလို Fight Scene တွေလည်းပိုမိုက်လာတာအမှန်ပါပဲ...အားနေ ချနေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းသွားကလည်းအတော်ကောင်းပါတယ်...သတ်ဖြတ်ခန်းတွေ ဓားနဲ့ထိုးတာတွေ အရိုးတွေချိုးတာတွေ တော်တော်ကြီးကိုပီပြင်ပါတယ်...Spoiler ဖြစ်မှာ စိုးလို့ ဒီလောက်ပဲပြောပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်....File Size : 1.62GB / 650MB Quality : ...
movie

The Divine Move 2: The Wrathful

Nocturnal (2025) 6.5
Nocturnal (2025) Nocturnal (2025)*********************အားလုံး စောင့်မျှော်နေကြတဲ့ Along With the Gods ဇာတ်ကားမှ မင်းသားကြီး Ha Jung-Woo နဲ့The Fiery Priest မှ မင်းသား Kim Nam-Gil တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ရုံတင် အက်ရှင်မှုခင်းဇာတ်ကားသစ်လေးက နောက်ဆုံးတော့ ထွက်ရှိလို့လာပါပြီ။- ဇာတ်လမ်းအကျဉ်း -ဘယ်မင်ထယ် (Ha Jung-Woo) က ယခင်က ဂန်းစတားဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဆောက်လုပ်ရေးလုပ်သားအဖြစ်လုပ်ကိုင်နေသူပါ။ တစ်နေ့မှာ မင်ထယ် ညဘက်အိပ်နေတုန်း ညီဖြစ်သူဆော့ထယ်က ဖုန်းဆက်လာခဲ့ပေမဲ့ မင်ထယ်ကမကိုင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဆော့ထယ်နဲ့ အတော်ကြာအဆက်အသွယ်မရဘဲ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ဆော့ထယ်ကို သွေးရာတွေအပြည့်နဲ့ အလောင်းအဖြစ်နဲ့ပဲ ပြန်တွေ့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော့ထယ်နဲ့အတူနေထိုင်နေသူဖြစ်တဲ့ ချာမွန်းယောင်း (Yoo Da-In) လည်း ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။ဒါကြောင့် မင်ထယ်လည်း ညီဖြစ်သူကို သတ်တဲ့ လူသတ်သမားကို သိရဖို့အတွက် သဲလွန်စတွေ ...
movie

Nocturnal (2025)

Hitman: Agent Jun (2019) 6.4
Hitman: Agent Jun (2019) Hitman: Agent Jun (2019)IMDb Rating (6.4)မင်းသားကြီး Kwon Sang-woo နဲ့ Jung Joon-ho တို့အပြင် ဂင်ချားနား Lee Yi-kyung , မင်းသမီး Hwang Woo-seul-hye တို့ပါဝင်ထားတဲ့ အက်ရှင်ဟာသစုံထောက် ကိုရီးယားရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ၂ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့် သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါဒီလိုထူးခြားမှုတွေကြောင့် တစ်နေ့တော့ နိုင်ငံရဲ့လျှို့ဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့အဖွဲ့ရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်အဲ့လိုကနေ ဂင်ဘုံဂျွန်တယောက် အေးဂျင့်ဂျွန်အဖြစ်နဲ့  လုပ်ကြံသူအဖွဲ့ရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ အေးဂျင့်အလုပ်ကို ငြီးငွေ့လာတဲ့ ဂျွန်က အဲ့လောကကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့  ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်၁၅ နှစ်အကြာမှာ သူ့ရဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ လုပ်ကြံသူအေးဂျင့်ဘဝဇာတ်ကြောင်းကာတွန်းက နာမည်ကြီးလာခဲ့ပြီး လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်က ဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာတော့... အေးချမ်းတဲ့ဘဝမှာ ကိုယ်ယောင်ဖျောက်နေတဲ့ အေးဂျင့်ဂျွန်တယောက် ဒီလောကအရိပ်မည်းလက်ထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာ...။ File ...
movie

Hitman: Agent Jun (2019)

Rampant (2018) 6.7
Rampant (2018) Rampant (2018)*****************ဒီတစ်​ခေါက်ဇာတ်ကားက​တော့ 2018ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့Action/Horror ရုပ်ရှင်ဖြစ်ပြီး Hyun Bin၊ Jang Dong Gun၊ Kim Eui Sung နှင့် နာမည်ကြီးသရုပ်ဆောင်များစွာတို့ ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့ အရည်အချင်းမရှိတဲ့ဘုရင်​ကြောင့် ချင်နိုင်ငံရဲ့လက်​အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းခံထားရတဲ့ ဂျိုဆွန်းပြည်ကို လွတ်​မြောက်ဖို့ကြိုးစားနေတဲ့စစ်မက်​ရေးရာအမတ်ဂင်ရဲ့ လျှို့ဝှက်ကြံစည်မှု​ကြောင့် အိမ်​ရှေ့စံမင်းသားသေဆုံးသွားပြီးညသရဲလို့​ခေါ်တဲ့ မ​ကောင်းဆိုးဝါး​တွေ ​ရောက်ရှိလာပါ​တော့တယ်။တစ်ဖက်မှာလည်း ဂျိုဆွန်းမှာ​မွေးပြီး ချင်နိုင်ငံမှာ ကြီးပြင်းလာတဲ့ မင်းသားဂန်ရင်းကအိမ်​ရှေ့စံရဲ့ ​​သေတမ်းစာ​ကို ရရှိပြီး ဂျိုဆွန်းကိုပြန်​ရောက်လာပါ​တော့တယ်။​​ရောက်​ရောက်ချင်းပဲ အမတ်ဂင်ရဲ့ လုပ်ကြံ​​ရေးအဖွဲ့အပြင် ညသရဲ​တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးအိမ်​ရှေ့စံရဲ့ အ​စေခံရဲမက်နဲ့ ​​တွေ့ဆုံကာ အ​ခြေအ​နေ​တွေကို တဖြည်းဖြည်းချင်းနားလည်လာပါ​​တော့တယ်။နောက်ဆုံး အမတ်ဂင်ရဲ့ အကြံအစည်တွေ​ကြောင့် မင်းကြီး​သေဆုံးကာနန်း​တော်တစ်ခုလုံး ညသရဲအဖြစ် ​ပြောင်းလဲသွားပြီး​ ဂျိုဆွန်းတစ်ပြည်လုံးကိုကယ်တင်ဖို့ မင်းသားဂန်ရင်းရဲ့ ​ တာဝန်ဖြစ်လာတဲ့အခါမှာတော့...မင်းသားဂန်ရင်းက ​သူ့တာဝန်ဖြစ်တဲ့ ဂျိုဆွန်းကို ကယ်တင်​ပြီး ညသရဲ​တွေကိုဘယ်လိုနှိမ်နင်းသွားမလဲဆိုတာကို​တော့ ဆက်လက်ကြည့်ရှုလိုက်ရ​အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။) File Size : ...
movie

Rampant (2018)

MAL·MO·E: The Secret Mission (2019) 6.9
MAL·MO·E: The Secret Mission (2019) MAL·MO·E: The Secret Mission (2019)***********************************အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ..ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် .. ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ်(ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....)File size…1.77GB / 949MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 15 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phu ...
movie

MAL·MO·E: The Secret Mission (2019)

The 12th Suspect (2020) 6.5
The 12th Suspect (2020) The 12th Suspect(2020)*********************** ဆောင်းရာသီ ညတစ်ညမှာ နာမည်ကြီး ကဗျာဆရာ ဘဲ့ဒူဟွမ် အသတ်ခံခဲ့ရပါတယ်.....ကျော်ကြားတဲ့သူဖြစ်သလို အသတ်ခံရပုံကလည်း ဆန်းတဲ့အတွက်ကြောင့်...လူထုအကြား ဒီသတင်းဟာ အရမ်းကိုပျံနှံသွားတယ်...စာပေအသိုင်းအဝန်းအတွက်လည်း သတင်းဆိုးကြီးတစ်ခုပေါ့...ဒီအမှုကိုစုံစမ်းဖော်ထုတ်ဖို့...စုံစမ်းရေးမှူး ဂင်ဂီချာက  ကြိုးစားဖော်ထုတ်ပါတော့တယ်....တကယ်ပဲ ဘဲ့ဒူဟွမ်က အသတ်ခံရတာလား......တရားခံက ဘယ်သူဖြစ်မလဲ.....တကယ့်အကြောင်းရင်းမှန်က ဘာဖြစ်မလဲ ...နောက်ကွယ်က တခြားဘာအကြောင်းအရာတွေရှိနေဉီးမလဲဆိုတာကိုတော့..ဆက်လက် ခံစားကြည့်ပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Angel ပဲဖြစ်ပါတယ်.... File Size : 916MB / 385MB Quality :1080p/720p Duration…01:43:00 Genre : History , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Angel Encoded by Heather Oo
movie

The 12th Suspect (2020)

The Boys (2023) 7
The Boys (2023) The Boys (2023)******************The boys ကတော့ ၁၉၉၉ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အမှုကို အခြေခံပြီးရိုက်ကူးထားတဲ့မှုခင်းဇာတ်ကားလေးပဲဖြစ်ပါတယ်။Kill Boksoon ထဲကမင်းသားကြီး Sul Kyung Gu, Doom At your service ထဲက မင်းသား Seo In Guk,Dr.romantic ထဲက မင်းသမီး Jin Kyung တို့အပြင် တခြားနာမည်ကြီး cast တွေအများကြီးနဲ့ရိုက်ကူးထားတာမို့ ခပ်မိုက်မိုက် သရုပ်ဆောင်ချက်တွေကို ကြည့်ရမယ့် movie လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမြို့လေးတစ်မြို့က အူရီ စူပါမားကတ်မှာ ခိုးယူမှုနဲ့ လူသတ်မှု ဖြစ်ပွားခဲ့တယ်။အသက်မပြည့်ကြသေးတဲ့ ကောင်လေးသုံးယောက်ဖြစ်တဲ့ ချန်းဟို, ဆွန်းအူနဲ့ ဗြောင်းဝန်းတို့ကအဲဒီအမှုအတွက် တရားခံအဖြစ် စွပ်စွဲခံလိုက်ရပြီး အမှုစစ်တွေရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကြောင့်ကောင်လေးတွေဟာ ဒဏ်မခံနိုင်တော့ဘဲ မကျူးလွန်ထားတဲ့ပြစ်မှုကို ဝန်ခံလိုက်ရတယ်။ဒါပေမဲ့ ဒုရဲအုပ်ဖြစ်တဲ့ ဟွမ်ဂျွန်ချောကတော့ သူတို့ရဲ့ ဝန်ခံချက်ကို သံသယဖြစ်ပြီးအမှုကို ပြန်လည်စစ်ဆေးမှုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ...
movie

The Boys (2023)

Stellar: A Magical Ride (2022)
Stellar: A Magical Ride (2022) Stellar: A Magical Ride (2022) ဇာတ်လမ်းအညွှန်း ယုံဘယ်ဆိုတာတော့ ကားအငှားလောကမှာ အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်ပါ။ တစ်နေ့မှာတော့ တစ်နေရာကို ပို့ပေးရမဲ့ ကားတစ်စီး ကို သူငယ်ချင်းဖြစ်သူက ဒုန်းရှစ်က ယူပြီး ပျောက်သွားတဲ့အခါ ယုံဘယ်တစ်ယောက် အခက်ကြုံရပါတော့တယ်။ဖြစ်ချင်တော့ လူဆိုးဂိုဏ်းတစ်ခုကလည်း ပျောက်သွားတဲ့ကားထဲမှာ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ပါသွားတယ်ဆိုပြီး ယုံဘယ်ကို အပူတပြင်း လိုက်ရှာနေကြပါပြီ။ယုံဘယ်ကတော့ သူ့အဖေရဲ့ နာရေးသတင်းကို သိလိုက်ရတာကြောင့် အဖေ့ရဲ့ ဈာပနအခမ်းအနားကိုသွားခဲ့ပြီး အရင်က သူ တက္ကစီမောင်းပြီး စီးပွားရှာခဲ့တဲ့ အဖေ့ရဲ့ ကားစုတ်လေး ကို ရှာနေခဲ့ပါတယ်။ ကံဆိုးချင်တော့ အရင်က ဇိမ်ခံကားအဖြစ် သူသိခဲ့တဲ့ ကားလေးက အခုတော့ တံခါးတောင် ကောင်းကောင်းဖွင့်လို့ မရတဲ့ အနေအထားကို ဖြစ်နေပါပြီ။ ဒါပေမဲ့ အဲ့ဒီ ကားလေးကို သူ့ရဲ့ စီးတော်ယာဉ်အဖြစ် အသုံးချပြီး ကားပျောက်ရှာပုံတော် ...
movie

Stellar: A Magical Ride (2022)

2022
Death to 2021 (2021) 6.3
Death to 2021 (2021) Death to 2021 (2021) ===============IMDb Rating - 6.3/10Netflix ကထွက်ရှိထားတဲ့ ဒီTV Special ဇာတ်ကားဟာဆိုရင် IMDb 6.3 ထိရရှိထားတာဖြစ်ပါတယ်။ ဇာတ်ကားဆိုတာထက် TV Program တစ်ခုကို ကြည့်နေရသလိုဆိုရင် ပိုမှန်ပါလိမ့်မယ်။ 2020 , 2021 မှာဆိုရင် ကမ္ဘာတစ်လွှားမှာ ကပ်ရောဂါဘေးတွေရင်ဆိုင်ရသလို နိုင်ငံရေး စီးပွားရေး သဘာဝပတ်ဝန်းကျင်ကပ်ဘေး အစသဖြင့် ကိစ္စတော်တော်များများကြုံတွေ့ခဲ့ရပါတယ်။ ဒီကားမှာဆိုရင် သရုပ်ဆောင်တွေက ကျွန်တော်တို့ 2021 ခုနှစ်အတွင်း ဖြစ်ခဲ့သမျှ အကြောင်းကို အကုန်ပြန်သုံးသပ်ပြီးပြောကြတာဖြစ်ပါတယ်။ နိုင်ငံရေး ကျန်းမာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိတဲ့ နယ်ပယ်မျိုးစုံကအကြောင်းအရာတွေနဲ့ပတ်သတ်ပြီးဆွေးနွေးထားတာကြပြီးတော့ အသိ ပညာဗဟုသုတ တိုးစေမဲ့ဇာတ်ကားလေးဖြစ်တာကြောင့်ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Shwe Pyae မှရေးသားပေးထားပြီး ဘာသာပြန်များကတော့ Shwe Pyae, Jo Jo Va တို့ပဲဖြစ်ပါတယ်။)File Size -(1.12 GB) / (580 MB) / (276 MB) Quality – WebDL ...
movie

Death to 2021 (2021)

2021
Collectors (2020) 7.8
Collectors (2020) ဇာတ်ကားအကြောင်းမပြောခင် ပါဝင်ထားတဲ့သရုပ်ဆောင်တွေက မိတ်ဆက်ပေးစရာမလိုလောက်အောင် ကိုရီးယားပရိသတ်အတော်များများ သေချာပေါက်သိကြမယ့် နာမည်ကြီးမင်းသားမင်းသမီး ဇာတ်ပို့ဇာတ်ရန်တွေချည်းပါပဲ ပြောရရင်တော့ မင်းသမီးနေရာမှာ လက်ရှိ အားလုံးသဘောကျနေကြတဲ့ ဂျိုဆွန်းခေတ်မိဖုရားကြီးနေရာသရုပ်ဆောင်ထားတဲ့ ရှင်းဟယ်ဆောင်း ပါဝင်အားဖြည့်ပေးထားပါတယ် ( အဓိကအချက် ) ဖောက်ထွင်းလူလိမ်လို့ခေါ်ရလောက်အောင် ရှေးဟောင်းပစ္စည်းတွေကို ဖောက်ထွင်းပြီး ဈေးကောင်းပေးတဲ့နေရာမှာ ပြန်ရောင်းစားတဲ့ ဂန်ဒုန်ဂူဆိုတဲ့လူတစ်ယောက်ဟာ အပေါ်ယံမှာတော့ ရှေးဟောင်းယဉ်ကျေးမှုအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ပြီး နောက်ကွယ်မှာ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားနေတဲ့ ဥက္ကဋ္ဌဂျင်ဆန်းဂူဆိုတဲ့လူနဲ့ပတ်သတ်ဖို့ဖြစ်လာခဲ့တဲ့အခါ... ဘိုးတော်တပ်မက်လောက်မယ့်ပစ္စည်းကို ဖောက်ထွင်းပေးဖို့ကြိုးစားရင်း ဂန်ဒုန်ဂူတို့အဖွဲ့ ဘယ်လိုတွေ ကတုံးပေါ်ထိပ်ကွက်မလဲဆိုတာကို ဆက်ကြည့်ပေးစေချင်ပါတယ် ဇာတ်လမ်းက ( ကိုရီးယားဇာတ်ကားအနေနဲ့ ) အတော်လေးစိတ်ဝင်စားစရာကောင်းပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ကိုယ်ပိုင်ဟန်က မပျင်းမရိရဘဲ အဆုံးထိဆွဲခေါ်ပေးသွားပါလိမ့်မယ် အချိန်ပေးရတာ သေချာပေါက်တန်စေမှာဖြစ်ပြီး မင်းသားရော မင်းသမီးပါ ကြည့်ရင်း ပြီးလို့ပြီးသွားမှန်းမသိမှာမလို့ ကြည့်စေချင်တာနဲ့ညွှန်းပေးလိုက်ပါတယ် File Size -  1.6 GB Quality - Web-dl 1080p Subtitle - Burmese Translator - Phu Nge Nge Thein Encoder - Thit San Khant
movie

Collectors (2020)

2020
Black Money(2019) 6.5
Black Money(2019) Black Money(2019)2019 က ထွက်ရှိထားတဲ့ Black Money ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရို်က်ကူးထားတာ ဖြစ်ပြီး တောင်ကိုရီးယား အရာရှိတစ်ချို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကိုလည်း ဖော်ပြထားပါတယ်....ရန်မင်ယော့ဟာ ဆိုးလ်ဗဟို အမှုစစ်ရုံးရဲ့ အမှုစစ်တစ်ယောက်ဖြစ်ပါတယ်....တစ်နေ့တော့ ဘတ်ဆူယောင်းဆိုတဲ့ကောင်မလေးဟာ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...သတ်မသေခင်မှာ အမှုစစ်ဘတ်ဆူယောင်းဟာ သူမကို လိင်ပိုငး်ဆိုင်ရာအကြမ်းဖက်တယ်လို့ဆွေမျိုးတွေကိုစာပို့ခဲ့တယ်...ဒီစွပ်စွဲကြောင့် အမှုစစ်ရန်မင်ယော့ဟာ အစွပ်စွဲခံရပါတော့တယ်...နောက်ပိုင်းသူဟာ ဒီကိစ္စမှာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းကိုသက်သေပြဖို့ကြိုးစားတဲ့အခါမှာဒီသတ်သေမှုဟာ ထင်သလောက်မရိုးရှင်းတဲ့အပြင် ပြဿနာပေါင်းစုံရဲ့ဇာစ်မြစ်ဖြစ်ကြောင်းသိလာရတဲ့အခါမှာတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (900 MB) and (547 MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by ...
movie

Black Money(2019)

The Age of Shadows (2016) 7.1
The Age of Shadows (2016) The Age of Shadows (2016) IMDb - 7.1/10_____Rotten - 100%  Goblin မှင်စာသတို့သမီးထဲက မှင်စာဦးဦး fans တို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ။ ။ ဂျပန်တွေ ကိုရီးယားကို အုပ်စိုးစဉ်ကာလကို အခြေခံထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ကိုရီးယားနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ခရီးကြမ်းတမ်းပုံ ရင်းခဲ့ရတဲ့ သွေးတွေ ဘဝတွေအကြောင်းကို ဒီဇာတ်လမ်းလေး ကြည့်လိုက်ရင် ခံစားနိုင်မှာပါ။ ။ ဂျပန်အစိုးရအမှုထမ်း ကိုရီးယားလူမျိုး လီချန်ချော(Song Kang-ho)ဟာ အတိုက်အခံပါတီဝင် ငယ်သူငယ်ချင်း လီချန်အုတ်ကို ဆုံးရှုံးလိုက်ရပြီးနောက် စိတ်ပြောင်းသွားမှာလား။ နောက်ပြီး အထက်အမိန့်အရ အတိုက်အခံပါတီဝင် ကင်ဝူဂျင်(Gong Yoo )ကို ချဉ်းကပ်ရာ ဘာတွေ ကြုံတွေ့ရမလဲ။ ဂျပန်အစိုးရနဲ့ အတိုက်အခံပါတီ ဉာဏ်ချင်းယှဉ် ကျားကွက်ရွေ့ ဇာတ်လမ်းမှာ ဘယ်လို အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားရမယ်ဆိုတာကတော့ ဇာတ်လမ်းလေးကိုသာ ကြည့်လိုက်ပါလို့ ...
movie

The Age of Shadows (2016)

2016