Channel Myanmar

Heo Jung-Eun

Montage (2013) 7.4
Montage (2013) Montage (2013)*****************လွန်ခဲ့သော ၁၅ နှစ်က ပြန်ပေးဆွဲမှုမှာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ဦးဟာ တရားရင်ဆိုင်ရေးကာလ ကုန်ဆုံးသွားပြီလို့ ကြားသိလိုက်ရတဲ့အခါမှာတော့ တရားခံကို ဘယ်တော့မှ အပြစ်မပေးနိုင်တော့ဘူးဆိုတဲ့စိတ်ကြောင့် အရှင်လတ်လတ်ဝါးမြိုသလို ခံစားခဲ့ရပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်ချွဲဟာလည်း မိခင်တစ်ဦးရဲ့ သောကနဲ့အတူ မိမိရဲ့ အင်အားမဲ့မှုကိုပါ ရင်ဆိုင်ရတဲ့အခါ လိပ်ပြာမလုံတဲ့စိတ်ကြောင့် အလုပ်ထွက်သွားခဲ့တော့တယ် ..ဒါပေမဲ့ တစ်နေ့မှာ သူတို့နှစ်ဦးအတွက် စိတ်ဓာတ်ဆက်လက်ရှင်သန်ရာ သတင်းတစ်ခုပေါ်လာခဲ့တယ်။အဲဒီသတင်းကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုအတိုင်း တစ်ထေရာတည်း ကျူးလွန်နေတဲ့ ပြန်ပေးဆွဲလူသတ်သမား ပြန်လည်ပေါ်ပေါက်လာခြင်းပါပဲ။ဒီတစ်ခေါက်တော့ တရားခံကို အလွတ်မပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမေတစ်ယောက်နဲ့ စုံထောက်တစ်ဦးဟာ အပြစ်သားဖမ်းဆီးရေးခရီးမှာ ဘယ်လိုအတားအဆီးတွေ ကျော်ဖြတ်ရမလဲ၊သဲလွန်စတွေကို ဘယ်လိုအဖြေညှိမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်နေရမှာဖြစ်ပါတယ်။ကိုရီးယားအနုပညာလောကမှာ လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ အဆိုတော်-မင်းသမီး Uhm Jung Hwa နဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Kim Sang Kyung တို့ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် Bollywood ကတောင် ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းဖြစ်တာမို့ ကြည့်ရကျိုးနပ်မယ်ဆိုတာ အာမခံပါတယ်။ (အညွှန်းကို Esther Oo မှ ရေးသားထားပါတယ်) File ...
movie

Montage (2013)

A Hard Day (2014) 7.2
A Hard Day (2014) A Hard Day (2014) ******************* ကိုရီးယားရုပ်ရှင်လောကရဲ့ ကြွေလွင့်သွားရတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ မင်းသားကြီး Lee Sun-Kyun ရဲ့ Crime ,Action ,Thriller ,Police အမျိုးအစား ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ************* အမေဖြစ်သူရဲ့ ဈာပနကို သွားနေတဲ့လမ်းမှာ စုံထောက်ဂိုဂွန်းဆူ(Lee Sun-Kyun)တစ်ယောက် ဘယ်ကပေါ်လာမှန်းမသိတဲ့ လူကို ကားနဲ့တိုက်မိသွားပါတယ်။တိုက်မိသွားတဲ့လူဟာ လမ်းပေါ်မှာတင် ပွဲချင်းပြီးသေသွားတော့ စုံထောက်ဂိုဟာ အရမ်းလန့်သွားပြီး ကြံရာမရတဲ့အဆုံး အဲဒီအလောင်းကို ကားနောက်ဖုံးထဲ တင်ခေါ်ခဲ့ရာကနေ စုံထောက်ဂိုဂွန်းဆူရဲ့ ခက်ခဲသော နေ့တစ်နေ့ (A Hard Day) စတင်ပါတော့တယ်.....။ဇာတ်လမ်းအစ ၄မိနစ်ကတည်းက တက်လာခဲ့တဲ့ ဇာတ်ရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို တစ်ချက်မှ ကျမသွားဘဲ မင်းသားကြီးရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ နစ်မြောခံစားသွားရမဲ့ အချိန်ပေးရကျိုးနပ်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်တာကြောင့် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်)File size…1.82GB / 766MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 51 min. Genre ….. Action, Thriller, Mystery, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Yati ...
movie

A Hard Day (2014)