Channel Myanmar

Henry Kapono Ka'aihue

Waterworld (1995) 6.3
Waterworld (1995) Waterworld (1995) Ulysses Cut VersionIMDb Rating (6.3)ထုတ်လုပ်သူ Kevin Reynolds ရဲ့ ဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း ရှင်သန်ကျန်ရစ်သူတွေရဲ့ ဘဝကိုရိုက်ကူးတင်ဆက်ထားလို့ Post-apocalyptic နဲ့ Action-Adventure အမျိုးအစားဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေကတော့ Kevin Costner ရယ်၊ Jeanne Tripplehorn နဲ့ Dennis Hopper တို့ပါ။ရေကမ္ဘာ" (Waterworld) ဆိုတာ အနာဂတ်ကမ္ဘာကြီး ရေလွှမ်းမိုးပျက်စီးသွားပြီး လူသားတွေက ရေပေါ်မှာ အသက်ရှင်ကျန်ရစ်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Kevin Costner က "The Mariner" (အဏ္ဏဝါသား) ဆိုတဲ့ အထီးကျန်လှေသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး သူ့မှာ လူသားမဆန်တဲ့ ဗီဇပြောင်းလဲမှုတွေ ရှိနေတာပါ။တစ်နေ့မှာ သူက ဟယ်လင် (Jeanne Tripplehorn) နဲ့ သူ့ရဲ့မွေးစားသမီး အန်နိုလာ (Tina Majorino) တို့နဲ့ ...
movie

Waterworld (1995)

1995
4K HEVC
Mike and Dave Need Wedding Dates (2016) 6.0
Mike and Dave Need Wedding Dates (2016) REVIEW: Mike & Dave Need A Wedding Datesဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။  အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ - ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။  ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက -Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza ...
movie

Mike and Dave Need Wedding Dates (2016)

2016
4K HEVC