Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Henri-Noël Tabary
7.0
Borgo (2023)
ဒီရုပ်ရှင်ကတော့ Borgo လို့ခေါ်တဲ့ ၂၀၂၃ကထွက်ခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ပြင်သစ်နိုင်ငံကရိုက်ကူးထားတာဖြစ်တဲ့ဒီ Crime/Drama ဇာတ်ကားကတော့၂၀၁၇တုန်းက Bastia လေဆိပ်မှာ Corsican ရာဇဝတ်သမားနှစ်ယောက်လုပ်ကြံခံရမှုမှာထောင်အစောင့်တစ်ယောက်ပါဝင်ပတ်သတ်နေတဲ့ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့...အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ Melissa နဲ့ သူ့မိသားစုဟာ Corsica ဆိုတဲ့ကျွန်းလေးကိုပြောင်းလာခဲ့ပါတယ် အဲ့ဒီမှာသူကတခြားထောင်တွေနဲ့မတူပဲတမူထူးခြားတဲ့ထောင်တစ်ခုရဲ့အစောင့်အနေနဲ့အလုပ်လုပ်ရင်းကနေသူ Saveriu လို့ခေါ်တဲ့လူငယ်အကျဥ်းသားတစ်ယောက်နဲ့ခင်သွားခဲ့ပါတယ်Saveriu ကထောင်ကလွတ်သွားတဲ့အခါမှာတော့သူ့ကိုအကူအညီတောင်းတာကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်က Crime/Drama genre ဖြစ်တဲ့အတွက်အက်ရှင်အခန်းတွေမပါပေမဲ့လည်းထောင်ကားနဲ့စုံထောက်ကားကိုပေါင်းထားတဲ့ပုံစံမျိုးဖြစ်တာကြောင့်တော်တော်ကိုကြည့်လို့ကောင်းပြီး IMDB Rating မှာလည်း 7.0 ရထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:58:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie
Borgo (2023)
6.8
Other People’s Children (2022)
အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ကိုယ့်ကလေးမဟုတ်တဲ့သူများရဲ့ကလေး Other People's Children ပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ နာမည်လေးအတိုင်းပဲ တခြားသူရဲ့ကလေးနဲ့ သွားပတ်သတ်မိတဲ့ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။IMDb Rating 6.8 အထိရရှိထားပြီး Rotten Tomatoes မှာတော့91 ရာခိုင်နှုန်းအထိရရှိထားပါတယ်။ရေချယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ကျောင်းတစ်ခုမှာစာသင်ပေးနေတဲ့ဆရာမဖြစ်ပြီး အချစ်ရေးကံမှာတော့ညံ့ဖျင်းလှပါတယ်။အခုလည်း အသည်းကွဲလာပြီးသိပ်မကြာခင်မှာပဲသူ့ရဲ့ဂစ်တာသင်တန်းကအလီဆိုတဲ့ ကလေးတစ်ယောက်အဖေနဲ့ငြိသွားပါတော့တယ်။သူတို့နှစ်ယောက်ကအတူတူနေတာကြာလာတဲ့အခါမှာတော့ အလီရဲ့သမီးဖြစ်သူလီလာနဲ့ရေချယ်တို့ကိုမိတ်ဆက်ပေးခဲ့ပါတော့တယ်။လီလာကချစ်စရာကောင်းတဲ့အပြင်ရေချယ့်ကိုလည်းချစ်တော့ သူတို့သုံးယောက်သားက မိသားစုကြီးတစ်ခုလိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့် အဲ့လိုပျော်ရွှင်နေတဲ့မိသားစုလေးရဲ့ဘဝထဲကို အလီ့ရဲ့ကွာရှင်းထားတဲ့ မိန်းမအဲလစ်ပြန်ရောက်လာတဲ့အခါမှာတော့ဘယ်လိုရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာမယ်ဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်... File size…1.54 GB/ 711 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Other People’s Children (2022)