Channel Myanmar

Hemma Gulhane

Cinderella’s Curse (2024) 5.9
Cinderella’s Curse (2024)  Cinderella's Curse (2024)ဒီဇာတ်လမ်းကတော့ နာမည်ကျော်စင်ဒရဲလားပုံပြင်ကိုမှ သူ့ရဲ့မူရင်း နတ်သမီးပုံပြင်လိုမဟုတ်ဘဲ ကလေးတွေမကြည့်သင့်တဲ့ ထိတ်လန့်ဖွယ် သွေးအလိမ်းလိမ်းနဲ့ dark horror version ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Cinderella ပုံပြင်အတိုင်း ယုတ်မာတဲ့ သူ့ရဲ့မိထွေးနဲ့အစ်မနှစ်ယောက်က Cinderella ကို နှိပ်စက်တာပေါ့။ဒါပေမဲ့ ရိုးရာပုံပြင်ထဲက Cinderella က သူ့ကိုမြင်မြင်ချင်းချစ်တဲ့ မင်းသားလေးရှိပေမဲ့ ဒီထဲမှာတော့ မင်းသားလေးက သူ့ရဲ့ မိထွေးဘက်က အစ်မနှစ်ယောက်ထဲက တစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတာပါပဲ။ပြီးတော့ ပုံပြင်ထဲကလို Cinderella ကို ကပွဲကိုသွားနိုင်ဖို လာပြီးကူညီမှာက နတ်သမီးမေမေ မဟုတ်ဘဲ ချောက်ချားစရာနတ်ဆိုးမိန်းမကြီး ဖြစ်နေတယ်။ဒီလိုနဲ့ Cinderella က သူ့ကိုနှိပ်စက်ခဲ့တဲ့လူတွေအကုန်လုံးကို ဘယ်လိုမျိုး လက်စားပြန်‌ချေသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာထိတ်လန့်ဖွယ် ‌သွေးသံတရဲရဲဇာတ်ခန်းတွေနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (880 MB) / (580 MB) Quality….WEB-Rip 1080p ...
movie

Cinderella’s Curse (2024)

2024
Sweet Bobby: My Catfish Nightmare (2024) 6.3
Sweet Bobby: My Catfish Nightmare (2024) Sweet Bobby: My Catfish Nightmare 2024IMDb - 6.4/10နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုဖြစ်လာတဲ့ ဆိုရှယ်မီဒီယာရဲ့ကြီးစိုးမှုအောက်မှာ အွန်လိုင်းချစ်သူဆိုတာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ မေးစရာရှိတာက အွန်လိုင်းပေါ်ကဘဝက လက်တွေ့နဲ့ ဘယ်လောက်ထိထပ်တူကျလဲ။ကိုယ်ကသိပ်ချစ်ပါတယ်ဆိုတဲ့ အွန်လိုင်းချစ်သူအကြောင်းကိုရော ကိုယ်ဘယ်လောက်သိလဲ?သူတို့စကားထဲက သူတို့အကြောင်းတွေကရော တကယ်ပဲသူတို့အကြောင်းလား? သူတို့ကတကယ်ပဲ ဘယ်သူတွေလဲ?ဒါပေမဲ့ ကျွန်တော်တို့အားလုံးဟာ ချစ်မိသွားရင် စုံလုံးကန်းကြတာဆိုတော့ သိစိတ်ရဲ့ထောင့်တစ်နေရာက မေးခွန်းထုတ်မိရင်တောင် နှလုံးသား တရားသူကြီးရဲ့စီရင်ချက်အောက်မှာ ဒီသံသယမေးခွန်းတွေဟာ မကြာခဏဆိုသလို သေဒဏ်ပေးခံလိုက်ရတတ်ပါတယ်။ ဒါကလည်း Catfisherဆိုတဲ့ အွန်လိုင်းပေါ်မှာ အချက်အလက်အတုတွေနဲ့ အချစ်ကိုညာယူတတ်သူတွေ သုံးနေကြအကွက်ပေါ့။အခုတင်ဆက်ပေးမှာကတော့ BBCရဲ့ Sweet Bobby ဆိုတဲ့ အပိုင်းဆက်podcastကို Documentary movieပြန်ရိုက်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး အချိန်အကြာဆုံး Catfishလုပ်ခံရသူတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆယ်စုနှစ်တစ်ခုနီးပါ ဘော်ဘီဆိုတဲ့လူလိမ်ရဲ့ အလိမ်အညာရေယဉ်ကြောမှာ မျောပါခဲ့ရတဲ့ သူ့ရဲ့ဇာတ်ကြောင်းကို သင်ခန်းစာရဖွယ် ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Alex ~ Bluri တို့ပဲ ...
movie

Sweet Bobby: My Catfish Nightmare (2024)