Channel Myanmar

Helen Mirren

Teaching Mrs. Tingle (1999)
Teaching Mrs. Tingle (1999) IMDb rating - 5.4 Rotten Tomato -19%Teaching Mrs. Tingle ဆိုတဲ့ကားလေးက ပေါ့ပေါ့ပါးပါး လူငယ် အထက်တန်း‌ ကျောင်းသား ကားလေး တစ်ကားပဲဖြစ်ပါတယ် လိတ်အန်း ဆိုတဲ့ ခပ်အေးအေး အဓိက ဇာတ်ကောင် ကောင်မလေးဟာ စာအရမ်းကြိုးစားပြီ ‌ကျောင်းသားထူးချွန်ဆု ကိုရယူနိုင်ဖို့ကြိုးစားနေသူပါ ၊ ဒီဆုကိုရနိုင်မှ သူဟာ ပညာသင်ထောက်ပံ့ဆုကို ရပြီး ဟားဗက် တက္ကသိုလ်ကို တက်ရောက်နိုင်မှာမလို့ပါ။ ဒါဟာ မွေးရပ်မြို့ကထွက်ပြီး ကျောင်းတက်ဖို့က သူမရဲ့ အိပ်မက်လိုပါပဲ ၊ သူ့အမေကိုလဲ ပြန်ငဲ့ရတဲ့သူမို့ စိတ်ဒါဏ်ရာတွေလဲရှိနေသူပါ ကျောင်းမှာ သူမရဲ့ အခက်အခဲဟာ အကျင့်ယုတ်လွန်းလို့ တစ်ကျောင်းလုံးရဲ့ ချဉ်ဖက် အဖြစ် သတ်မှတ်ခံထားရတဲ့ သမိုင်း ဆရာမ တင်ဂယ်ပါပဲ ၊ တင်ဂယ်က သူ့ကို မုန်းတယ် ၊မနာလိုဘူးပေါ့။လိတ်အန်းက နောက်ဆုံးစာမေးပွဲမတိုင်ခင် လူချမ်းသာဖြစ်ပြီး ...
movie

Teaching Mrs. Tingle (1999)

Door to Door (2002) 7.8
Door to Door (2002) ဘေလ်ပေါ်တာဆိုတဲ့သူဟာ မွေးကတည်းက Cerebral Palsy ဆိုတဲ့ ရောဂါတစ်မျိုးကြောင့်အများသူငါလိုပြောဆိုဆက်ဆံရာမှာ အခက်တွေ့ရသူ တစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ ထူးဆန်းတဲ့ လမ်းလျှောက်ပုံ၊ စကားပြောဆိုပုံတွေကြောင့် ဉာဏ်ရည်မမီသူ၊မသန်စွမ်း တစ်ယောက်အနေနဲ့ အများက သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်တဲ့ သူ့ဖခင်ရဲ့အကြောင်းတွေကို ငယ်စဉ်ကတည်းက နားရည်ဝနေခဲ့တော့သူ့ရဲ့ အခြေအနေကို ဂရုမထားဘဲ အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။မိခင်ဖြစ်သူကလည်း ဘေလ်ပေါ်တာကို ဘဝမှာ တစ်ရက်မှ သိမ်ငယ်စိတ်မဝင်ရအောင် အားပေးခဲ့ပါတယ်။အိမ်သုံးသန့်ရှင်းရေးပစ္စည်း နဲ့ ဟင်းခတ်အမွေးအကြိုင် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဝက်ကင်းစ်ကုမ္ပဏီမှာအလုပ်ဝင်လုပ်ရရေးဟာ ဘေလ်ပေါ်တာရဲ့ အိမ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။သူ့ရဲ့ စိတ်ရှည်သည်းခံမှု နဲ့ မဆုတ်မနစ်တဲ့ဇွဲလုံ့လတို့ကြောင့် ဘယ် အရောင်းသမားမှ မသွားချင်တဲ့ရပ်ကွက်တစ်ခုကို အပိုင်စားရခဲ့ပါတယ်။သူ့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့စကားပြောဆိုပုံကြောင့် အများကသနားစာနာစိတ်နဲ့ ပေးကမ်းကြပေမယ့်သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ မာနက သူ့ကို ပေးကမ်းသမျှကို ငြင်းဆန်စေခဲ့ပါတယ်။စကားပြောဆိုမှု၊ လှုပ်ရှားမှုအခက်အခဲတွေကို ကျော်လွှားပြီး အလုပ်သဘောသက်သက်နဲ့သာသူ့ရဲ့ပစ္စည်းတွေကို ကြော်ငြာရောင်းချနိုင်ခဲ့ပါတယ်။သူ့ရဲ့ အရောင်းသမား ပါဝင်တဲ့ဟာသတွေကလည်း ...
movie

Door to Door (2002)

The Prince of Egypt 7.2
The Prince of Egypt ဒီအန်နီမေးရှင်းဇာတ်လမ်းလေးမှာ Imdb 7 အထိရရှိထားပြီး မိသားစုနဲ့အတူကြည့်နိုင်တဲ့ကားကောင်းလေးတစ်ကားပါ။ မိတ်ဆွေအချင်းချင်းရိုင်းပင်းကူညီမှုနဲ့ကြိုးစားအားထုတ်ရင်ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာကိုမီးမောင်းထိုးပြထားတဲ့ပညာပေးအန်နီမေးရှင်းဇာတ်ကားကောင်းတစ်ကားဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအညွှန်းဆိုရရင်တော့ဖြင့်  တစ်ခါကအီဂျစ်နိုင်ငံမှာMoses နဲ့ Ramses ဆိုတဲ့ညီအကိုနှစ်ယောက်အကြောင်းနဲ့စတင်ထားပါတယ်။တစ်ယောက်ဟာ နန်းညွန့်နန်းလျာအဖြစ်ကြီးပြင်းလာခဲ့ပြီးတော့ကျန်တစ်ယောက်မှာတော့  မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့ကြရပါတယ်။ဘာကြောင့်လဲဆိုတာတော့မပြောတော့ပါဘူး။သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဖြစ်နဲ့သာရင်းနှီးကျွမ်းဝင်ကြပြီးညီအကိုတွေမှန်းမသိခဲ့ကြပါဘူး။တစ်နေ့ အိမ်ရှေ့စံမင်းသားလေးဟာတိုင်းပြည်ကိုအုပ်ချုပ်ရတော့တဲ့အခါမှာတော့  ငယ်ရွယ်သေးတာကြောင့်အခက်ခဲတွေနဲ့ကြုံတွေ့ရပါတော့တယ်။အဲ့ဒီခါ သူဘာတွေကိုကြိုးစားသင်ယူပြီး ဘယ်လိုအခက်အခဲတွေကိုဖြေရှင်းမလဲဘယ်သူ့ရဲ့တိုက်ခိုက်မှုတွေ ဘယ်သူ့ရဲ့ကူညီမှုတွေကိုရနိုင်မလဲနောက်ဆုံးအီဂျစ်ပြည်ကြီးစည်ပင်ဝပြောဖို့သူကြံဆောင်နိုင်ပါ့မလားဆိုတာဇာတ်ကားလေးကိုသာကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်။(ဇာတ်ကား အညွှန်းကိုတော့ မိုးဦးမာန်က ရေးသားပေးခဲ့တာပါ)  File size…    3.7 GB / 1.4 GB / 727 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Animation/ Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Myo Min Thu Thant Myint
movie

The Prince of Egypt

4K HEVC
The Clearing (2004)
The Clearing (2004)  The Clearing ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ဇာတ်ကားဟာ ခံစားမှုများပြားတဲ့ စိတ်ကူးယဉ်သည့် ဇာတ်လမ်းဖြစ်ပြီး သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ Wayne Hayes (Robert Redford) ဟာ လောဘမပါဘဲ အောင်မြင်မှုရနေသူတစ်ဦးဖြစ်ပြီး၊ သူ့ဇနီး Eileen Hayes (Helen Mirren) နဲ့အတူ ချမ်းသာကျေနပ်စွာနေထိုင်ပါတယ်။ တစ်နေ့မှာတော့ Wayne ကို Arnold Mack (Willem Dafoe) ဆိုတဲ့ လူဆိုးတစ်ဦးက အတင်းဖမ်းဆီးပြီး ပျောက်ဆုံးသွားတဲ့အခါမှာ Eileen နဲ့ မိသားစုဟာ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုများပြားတဲ့ အခြေအနေကို တွေ့ကြုံရပါတယ်။"The Clearing" ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့ ထင်မြင်ချက်တွေကို လှုံ့ဆော်ပေးပြီး ရင်ဖိုစရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ်။ကိုယ်တိုင်ကြည့်ရှုခံစားပေးပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

The Clearing (2004)

Raising Helen (2004)
Raising Helen (2004) ၂၀၀၀ ခုနှစ်​ကျော်​ကာလတွေမှာ ခေတ်​စားခဲ့တဲ့ အမေရိကန်​ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်​ပေးပါရစေ။ Family/Drama နဲ့ Comedy​ အမျိုး​အစား​ရုပ်ရှင်​ဖြစ်​ပြီး ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Helen Harris က နာမည်ကြီး​ ဖက်​ရှင်အေဂျင်စီတစ်ခုမှာ အလုပ်​လုပ်​တဲ့ ခေတ်​ဆန်​ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့​မှာ သူ့အစ်မအကြီးဆုံး Lindsay တို့​ဇနီး​မောင်နှံ​ ကား​မှောက်​ပြီး ကွယ်​လွန်​သွား​ကြပါတယ်။Lindsay က သေတမ်းစာ​မှာ သူ့ရဲ့​သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်​အဖြစ်​ အတွေ့အကြုံ​ရှိပြီးသား Jenny လက်​ထဲမအပ်ခဲ့ဘဲ ထူးဆန်း​စွာနဲ့ ညီမ​အငယ်ဆုံး Helen လက်​ထဲအပ်ခဲ့ပါတယ်။ ဒီလို​နဲ့ မိခင်​တစ်​ဦး​ဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေး​သုံး​ဦး​တို့​ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ဟာသ​ရုပ်ရှင်​ဆို​ပေမဲ့​ မိသားစု၊ ချစ်​ခြင်း​မေတ္တာ​နဲ့ ကိုယ့်ကိုယ်ကို ပြန်​လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့​ထားတဲ့​ လေးနက်​ကြည်နူးဖွယ် Drama​ အငွေ့အသက်များလည်း ပါဝင်​ပါတယ်။ Lindsay​ ...
movie

Raising Helen (2004)

Anna (2019) 6.6
Anna (2019) Anna (2019)IMDb Rating (6.6)မင်းသမီးချော Sasha Luss ရဲ့အက်ရှင်စကေးတွေနဲ့ မင်းသားကြီး Cillian Murphy , Luke Evans , မင်းသမီးကြီး Helen Mirren တို့ပါဝင်ထားတဲ့ရုရှား-အမေရိကန် စပိုင်အက်ရှင်ဇာတ်ကြမ်းကားပါ။ဇာတ်လမ်းကတော့....အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှာသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ….သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျှိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို အမိုက်စားအလှအပ အကြမ်းစားအက်ရှင်တွေနဲ့ ကြည့်ရှုရမှာပါ။စပိုင်အေးဂျင့်ဇာတ်လမ်းတွေထဲ မိမိုက်တဲ့အထဲပါပါတယ်။ File size…(6.1 GB)/(1.9 GB )/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:58:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Neve
movie

Anna (2019)

4K HEVC
RED (2010) 7.0
RED (2010) Red ဆိုတာကတော့ Retire: Extremely Dangerous ကို အတိုကောက်ခေါ်တာဖြစ်ပြီး "အငြိမ်းစား-အလွန်ကြမ်း" ဆိုသလို အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကို ဟာသတွေနှောလို့ အက်ရှင်စွန့်စားခန်းအဖြစ် ခမ်းခမ်းနားနားရိုက်ကူးထားတာပါ။အငြိမ်းစားဇာတ်ကောင်နေရာတွေမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bruce Willis , Morgan Freeman , John Malkovich , Helen Mirren , Mary-Louise Parker တို့နဲ့တည်ဆောက်ထားပြီး The Boys ထဲက ဝူးဝါးဇာတ်ကောင်ကြီး Karl Urban လဲ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့....အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ...ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဒီဇာတ်လမ်းမှာ ဘယ်လိုပါဝင်ပက်သက်လာကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါဘယ်သူမှန်းမသိတဲ့တစုံတရာက သူတို့ကိုသတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ်အန္တရာယ်ကြားက စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာ ...
movie

RED (2010)

2010
4K HEVC
White Bird (2024) 7.3
White Bird (2024)  ဒီဇာတ်ကားကတော့ မင်းသမီးကြီး Helen Mirrenပါဝင်ထားပြီး IMDb 7.3/10 ရရှိထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ဇာတ်အိမ်က ယနေ့ခေတ်မှာတည်ထားပေမယ့် အဓိကကတော့ ပြင်သစ်ကို နာဇီတွေမင်းမူနေပြီး သိမ်းပိုက်ထားတဲ့အချိန်မှာ ဂျူးလူမျိုးကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်ကြောင်းပြန်ပြောပြတဲ့အနေနဲ့ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့ ယနေ့ခေတ်မှာ ဂျူလီယန်ဟာ အရင်ကျောင်းအဟောင်းကနေအထုတ်ခံခဲ့ရပြီး ကျောင်းအသစ်ကိုရောက်ခဲ့ပေမယ့် အရင်ကျောင်းကအတိတ်တွေကြောင့် သူ့စိတ်ထဲမှာ အမြဲတမ်း တစ်ခုခုဆိုရင်သေချာမဆုံးဖြတ်နိုင်ပဲ လမ်းပျောက်နေခဲ့တာပါ။ ဒါ့ကြောင့်ပဲ သူ့ရဲ့အဖွားဟာ ဂျူလီယန်ရဲ့ဘဝကိုပြောင်းလဲစေနိုင်ဖို့ သူမရဲ့ငယ်ဘဝအကြောင်းကိုပြောပြခဲ့ပါတယ်။ သူမရဲ့ငယ်ဘဝကတော့ ဂျာမန်တွေအပိုင်သိမ်းထားတဲ့ပြင်သစ်မှာ သူမဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်နေခဲ့တာကြောင့်ထွက်ပြေးရင်းနဲ့ ကောင်လေးတစ်ယောက်က သူမကိုကယ်ခဲ့ပါတယ်။အဲဒီကနေ သူတို့က အချစ်ဦးတွေဖြစ်ခဲ့ကြတာတွေ၊ စပါးကျီထဲမှာပုန်းနေရတဲ့သူမအတွက် စိတ်ကူးယဉ်ကမ္ဘာကိုဖန်တီးကြတာတွေ၊ ဂျာမန်တွေကိုပုန်းရှောင်ခဲ့ရတာတွေနဲ့ ကောင်လေးရဲ့မိဘတွေဟာ သွေးမတော်သားမစပ်ပေမယ့် သူမကိုအတတ်နိုင်ဆုံးစောင့်ရှောက်ခဲ့တာတွေကို ပုံပြင်ရှည်ကြီးတစ်ခုလို ပြောပြသွားတာကြောင့် မိတ်ဆွေတို့လဲ လိုက်ပါစီးမြောမိမှာပါ။ ဒီတော့ ဒုတိယကမ္ဘာစစ်ထဲက ဇာတ်လမ်းလေးတစ်ပုဒ်ကို အခုပဲကြည့်ရှုခံစားလိုက်ကြတာပေါ့။ File size…(1.9 GB GB)/(930 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre... ...
movie

White Bird (2024)

Brighton Rock (2010) 5.7
Brighton Rock (2010)  ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီးnomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင်ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံလိုက်ရပါတယ်။သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိဖြစ်သွားတာပါ။ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေလက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့အခါမှာတော့.....။  File size…1.52GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 51m Genre …..Crime , Drama , ...
movie

Brighton Rock (2010)

Excalibur (1981) 7.3
Excalibur (1981) Excalibur (1981)IMDb Rating (7.3) / Rotten Tomatoes (72%)ဒါရိုက်တာကြီး Sir John Boorman ရဲ့ နာမည်ကျော် Fantasy ရုပ်ရှင်ကားကြီးပါ...နာမည်ကြီးမင်းသားမင်းသမီးတွေကိုလဲ ငယ်ငယ်တုန်းကရုပ်တွေနဲ့ရှုစားကြရပါမယ်။ဇာတ်လမ်းကတော့....မှော်ဝင်ဓားတစ်လက်ရယ်၊ အချိန်ကာလအားလုံးထဲက အကြီးမြတ်ဆုံး မှော်ဆရာတစ်ယောက်ရယ်၊ ထီးဆောင်းမင်းတွေထဲကမှ ဘုန်းကံအကြီးဆုံးမင်းမြတ်တစ်ပါးရယ်၊ သူတို့သုံးခုပါဝင်တဲ့ သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ဘုရင်မင်းမြတ် အာသာ၊ အကြီးမြတ်ဆုံးမှော်ဆရာ မာလင်၊ ဓားဘုရင် မှော်ဝင်ဓားတို့ဟာ သမိုင်းကြောင်းတစ်ခုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ဝါးအစည်းပြေသလို ပြန့်ကျဲနေတဲ့ ပဒေသရာဇ်မင်းတွေကို စုစည်းပြီး အင်ပါယာထူထောင်၊ ဧကရာဇ်နိုင်ငံတော်ကြီးကို အုပ်စိုးကာ ငြိမ်းချမ်းရေးအရယူနိုင်ခဲ့တဲ့ မင်းမြတ် အာသာ။နဂါးမီးတောက်ထဲကို ကိုယ်တိုင်ဝင်ပြီး ဖန်တီးမှု ဖန်ဆင်းမှုတွေကို အံ့မခန်း လုပ်ဆောင်နိုင်တဲ့ မှော်ဆရာကြီး မာလင်။ထိုက်တန်သူသာ ကိုင်ဆောင်အသုံးပြုခွင့်ရတဲ့၊ ကိုင်ဆောင်သူကို စွမ်းအင်တွေပေးတဲ့ ဓားဘုရင် မှော်ဝင်ဓား။သူတို့လို ခေသူမဟုတ်တွေတောင်မှပဲ ရှုံးနိမ့်ချိန်ဆိုတာ ရှိပါတယ်။ ပလ္လင်ပေါ်ကတောင် မထနိုင်တော့တဲ့ ...
movie

Excalibur (1981)

4K HEVC
Trumbo (2015) 7.4
Trumbo (2015)  ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby ...
movie

Trumbo (2015)

The Last Station (2009) 6.9
The Last Station (2009)  ၁၉၁၀ ခုနှစ်က နာမည်ကျော်စာရေးဆရာကြီး တိုစတွိုင်းနဲ့ သူ့ရဲ့ဇနီး ဆိုဖီယာဆို့ဟာ တိုစတွိုင်းရဲ့ စာပေအမွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှုလွဲခဲ့ကြပါတယ်. ဆိုဖီယာက အဲဒီ့အမွေတွေကို သူ့ကို ပေးခဲ့သင့်တယ်လို့ ယူဆခဲ့ပေမယ့် တိုစတွိုင်းရဲ့ တပည့်ရင်းဖြစ်တဲ့ ချာ့ဖ်ကော့ဗ်ကတော့ ရုရှားပြည်သူတွေအတွက် ဖြစ်ရမယ်လို့ နားချဖို့ ကြိုးစားပါတော့တယ်. နောက်ဆုံးတော့ ချာ့ဖ်ကော့ဗ်က တိုစတွိုင်ရဲ့အိမ်ထဲကို သူလျှို တစ်ယောက်ထည့်ပြီး အဲဒီ့သူလျှိုက စာရေးဆရာကြီးရဲ့ သမီးတစ်ဦးနဲ့ မေတ္တာမျှကြတဲ့အခါ...ဖြစ်ရပ်မှန်အပေါ် အခြေခံထားပြီး နာမည်ကြီး Red Movie တွေမှာ Main role အနေနဲ့ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Helen Mirren အပြင်, X-men Movie တွေရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ James MaAvoy တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Michael Hoffman ရဲ့ လက်ရာဖြစ်ပါတယ်. File size…(1.8 GB)/(1 ...
movie

The Last Station (2009)

Woman in Gold (2015) 7.3
Woman in Gold (2015)  ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating - 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်း‌စည်းစေချင်သူတွေကတော့ ဂျာမန်လူ‌မျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ...
movie

Woman in Gold (2015)

Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

2023
Barbie(2023) 7.3
Barbie(2023) Barbie(2023)*********** Lady Bird ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာဖြစ်တဲ့ Greta Gerwig ရဲ့ လက်ရာပဲဖြစ်ပါတယ်။မာဂေါ့ရော့ဘီနဲ့ ရိုင်ယန်ဂို့စလင်းတို့ ပါဝင်ထားပါတယ်။ ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိနေပြီးIMDb 7.3 နဲ့ လူကြိုက်များနေပါတယ်။ ဒီရုပ်ရှင်ဟာ အဓိကအားဖြင့် လူ့အသိုင်းအဝိုင်းနဲ့ ကျားဝါဒီမဝါဒီတွေကို အခြေပြုတဲ့ ဟာသကားအနေနဲ့ ရိုက်ထားတာပါ။ ဖိုကြီးစိုးရေးဝါဒကိုအံတုနေရတဲ့မိန်းမသားတွေ၊ မဝါဒီအားကောင်းလာချိန်မှာ ရုန်းကန်လာရတဲ့ ယောကျ်ားတွေ စသဖြင့်ပေါ့။ဇာတ်လမ်းအကျဉ်းဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။အဲဒီကမ္ဘာမှာ ဘာဘီတွေ ကြီးစိုးနေပြီ သမ္မတ၊ သိပ္ပံပညာရှင်၊ တရားသူကြီး၊နိုဘယ်ဆုရှင်အားလုံးက ဘာဘီချည်းပါပဲ။ ကန်ဆိုတဲ့ ယောကျာ်းတွေကတော့ဘာဘီတွေကို မှီခိုနေရတဲ့ ဖျော်ဖြေနေရတဲ့သူတွေပေါ့။ ဘာဘီတွေဟာ လူသားကမ္ဘာကြီးကိုလည်းသူတို့တွေရဲ့ ဘာဘီအရုပ်တွေက ပိုကောင်းအောင်ပြောင်းလဲပြီး မိန်းမတွေကြီးစိုးနေပြီလို့ပဲ ထင်ထားခဲ့တာပါ။ဘာဘီအမျိုးမျိုးရှိတဲ့အထဲမှာမှ မာဂေါ့ရဲ့ ဘာဘီကတော့ သမားရိုးကျဘာဘီ တစ်ယောက်ပဲဖြစ်ပါတယ်။ဘယ်နေရာမှာ ထူးချွန်နေတာမဟုတ်တဲ့ ဘာဘီသက်သက်ပါပဲ။ တစ်နေ့မှာတော့ဘာဘီဟာ သေခြင်းတရားအကြောင်းကိုတွေးမိရာကနေ ဘာဘီလောကနဲ့ အံမဝင်တော့ဘူးဘာဘီအစွမ်းတွေပျောက်လာပြီး ဖြစ်တည်မှုသံသယတွေပွားလာပါတော့တယ်။အဲဒါကို ကုသဖို့ နည်းကတော့ ...
movie

Barbie(2023)

2023
4K HEVC