Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Helen Carey
6.6
The Pelican Brief (1993)
The Pelican Brief (1993) ***************************IMDB Rating -------- 6.6ဒီရုပ်ရှင်ရဲ့ မူရင်းဝတ္တုဟာ The Firm တို့ A Time To Kill တို့ Rain Makerတို့လို နာမည်ကျော် Legal Thriller တွေပဲရေးခဲ့တဲ့ John Grisham ပါ။သူရဲ့ ပထမဆုံးဝတ္တု A time to kill ဟာ ၂၀၁၂အထိ စစ်တမ်းအရ ၂၇၅သန်းအထိ ကော်ပီရောင်းရပြီးပါပြီ။ ဒီနောက်ရေးတဲ့ The Firm ဟာ Best Seller စာရင်းဝင်ခဲ့ပြီး သူ့ကို စအောင်မြင်စေခဲ့တဲ့ Legal Thriller လည်း ဖြစ်ပါတယ် ။အခုတော့ သူရဲ့ နာမည်ကျော်ဝတ္တုတစ်ပုဒ်ကိုပဲ Julia Roberts နဲ့ Denzel Washington တို့လို ထိတ်ထိတ်ကြဲတွေ သရုပ်ဆောင်ထားတဲ့ The Pelican Brief ဆိုတဲ့ ကားနဲ့ ...
movie
The Pelican Brief (1993)
Black Knight (2001)
Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာအသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ဂျမဲလ်ကတော့ ...
movie
Black Knight (2001)
7.5
Little Children (2006)
Little Children (2006)IMDb Rating (7.5) / Rotten Tomatoes (80 %)မင်းသမီး Kate Winslet နဲ့ Jennifer Connelly တို့အပြိုင်ကြဲထားပြီး သူတို့နှစ်ယောက်အပြိုင်လုမယ့်မင်းသားကတော့ Patrick Wilson ဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. ဘရက်ဆိုတဲ့ ကလေးအဖေဆီမှာ ကေသီဆိုတဲ့ မော်ဒယ်ရှုံးအောင်လှတဲ့ ဇနီးသည်လေးရှိပေမယ့် သူ့ဘဝသူ မလွတ်လပ်ဘူး မရှင်သန်ဘူးထင်ရာကနေ ဆာရာဆိုတဲ့လုံးကြီးပေါက်လှ ကလေးအမေ နောက်တယောက်ကို ငြိတွယ်မိသွားပါတယ်။ ဆာရာကျတော့လဲ သူ့ခင်ပွန်းရဲ့လိင်စိတ်စွဲလမ်းမှုတလွဲတွေကို သည်းမခံနိုင်ဖြစ်ရာကနေ သူ့ဘဝသူမကျေနပ်နဲ့ ပိတ်လှောင်နေရသူပါ။ ဒီလိုရှင်သန်ရာကိုယ်စီဘဝမှာ အားမရသူနှစ်ယောက်အချင်းချင်း အားပေးကူညီကြရင်း အားတွေပါကုန်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ......။ဒါတင်မကသေးဘဲ ဝမ်းနည်းကြေကွဲစရာ လူ့သဘောသဘာဝတခုနဲ့ပါ ချိတ်ဆက်ထားတာမလို့ ဒီရုပ်ရှင်ကားက Rating တွေလဲ ကောင်းခဲ့သလို တကယ်လဲ ထိုင်ရာမထတမ်းကြည့်မိမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။" လူတွေဟာ အတိတ်ကို ပြန်မပြင်နိုင်ကြပါဘူး.. ဒါပေမယ့်..အနာဂတ်ဘဝကိုတော့..မတူကွဲပြားအောင် တည်ဆောက်လို့ရပါတယ်... စပြောင်းလဲဖို့သာ အဓိကပါပဲ"- Little Children (2006)(အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို ချင့်ချိန်ကြည့်ရမယ့်ကားပါ။) File size…(2.4 GB )/(1.2 ...
movie
Little Children (2006)
2006
7
Julie & Julia (2009)
Julie & Julia (2009)တစ်နေ့တစ်နေ့ အစားအသောက် အချက်ပြုတ် video clips တွေကို ကြည့်ပြီး လက်တည့်စမ်းနေကြတဲ့ အိမ်ရှင်မလေးတွေ အတွက် အချက်ပြုတ် family drama ကားလေး လာပါပြီ။ အမေရိကန်ကို ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းတွေယူဆောင်လာပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ ယောကျာ်းဖြစ်သူကသံရုံးမှာလုပ်တော့ တာဝန်ကျရာပဲရစ်ကိုလိုက်သွားရင်း ယောကျာ်းဖြစ်သူကို ဖွယ်ဖွယ်ရာရာချက်ကျွေးချင်ရာကနေ စာအုပ်လိုက်ရှာတာ ချက်ပြုတ်နည်းတွေက ပြင်သစ်လိုချည်းပဲရှိလို့ ပါတနာတစ်ချို့နဲ့ အင်္ဂလိပ်လိုရေးထားတဲ့ပြင်သစ်ဟင်းလျာချက်နည်းစာအုပ်ကို ထုတ်ဝေသူလိုက်ရှာရ၊ အခက်ကြုံ ပယ်ချခံရနဲ့ နောက်ဆုံးဘယ်လိုအဆင်ပြေသွားမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 954MB | 459MB Format… mp4 Duration….2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron
movie
Julie & Julia (2009)
2009
7.4
The Next Three Days(2010)
IMDb...7.4 ၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီကားဟာ အတော်များများကြည့်ဖူးပြီးသားဖြစ်မှာပါ...ကျွန်တော်တို့ဟာ ဇာတ်လမ်းရဲ့ကောင်းမွန်မှု သရုပ်ဆောင်တွေရဲ့ပြောက်မြောက်တဲ့အမူအရာတွေကို ချီးမွန်းအကဲဖြတ်မှုအားနည်းခဲ့တဲ့အချိန်ကတောင် သိပ်ကိုကောင်းလွန်းတယ်လို့ တခြားသူတွေကိုညွှန်းဆိုခဲ့ဖူးပါတယ်...လင်မယား ၂ယောက် ..အမျိုးသားက ကျောင်းဆရာ ..အမျိုးသမီးက ရုံးဝန်ထမ်း..သားကလေးတစ်ယောက်နဲ့ပေါ့ ..ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့မိသားစုလေးတစ်စုပေါ့...သို့ပေမယ့် တစ်နေတော့ သူတို့မိသားစုအတွက်ကံဆိုးမှုတစ်ခုကြီးရောက်လာခဲ့တယ်..အမျိုးသမီးကို လူသတ်မှုတစ်ခုနဲ့ ရဲတွေဖမ်းခေါ်သွားတာပါပဲ..ယောကျ်ားဖြစ်သူဟာ မိန်းမကိုကယ်ဖို့ရှေ့နေတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အမှုရဲ့သက်သေများအရ သူ့မိန်းမဆီကိုပဲ ဦးတည်နေပါတယ်..သူ့မိန်းမကလည်းမသတ်ဘူးလို့ပြောခဲ့သလို သူကိုယ်တိုင်လည်း ယုံကြည်ခဲ့ပေမယ့် ဒီယုံကြည်မှု အမှန်တရားတွေဟာ ဘာမှ အသုံးမဝင်တော့ပါဘူး....ဒီတော့ သာမန်ကျောင်းဆရာတစ်ယောက်အတွက် အတွေးတွေဟာ ရူးမတတ်ပဲ..လူသတ်မှုဟာ နှစ်ရှည်လများထောင်ကျနိုင်တော့ ပြိုကွဲေတော့မယ့် မိသားစုအတွက်သူဟာ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်..သူ့မိန်းမကို ဒီအမှုတောထဲက ဆွဲထုတ်ပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးဖို့ပါပဲ...ကျွန်တော်တို့အားလုံး ချီးမွမ်းတဲ့ ဒီကားမှာ .Russell Crowe ဟာ အဓိကနေရာမှာ ပါခဲ့ပါတယ်..သူတစ်ယောက်ထဲ တစ်ကားလုံးကိုထိန်းကျောင်းသွားတယ်..သာမန်ကျောင်းဆရာလေးတစ်ယောက်ဟာ တော်ရုံလူမစဉ်းစား မလုပ်နိုင်တဲ့အရာမျိုးတွေကို တုန်တုန်ယင်ယင်နဲ့လုပ်သွားတာ...ခင်ဗျားတို့ဟာ ဒီကားကိုကြည့်နေရင်း Russell Crowe နဲ့အတူ လွင့်မြောပါသွားလိမ့်မယ်...ဇာတ်ကားရဲ့ဆွဲဆောင်မှုဟာ ၅မိနစ်လောက်ကထဲကဆွဲခေါ်သွားတယ်..ပြသချိန် ၂နာရီ ၁၃မိနစ်မှာခင်ဗျားဟာ ကျောက်ရုပ်တစ်ရုပ်ထိုင်နေသလို ငြိမ်သက်စွာထိုင်နေရင်း ရင်တထိတ်ထိတ်နဲ့ အတွေးတွေမျှော်လင့်ချက်တွေနဲ့ ပျော်ဝင်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံရတယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော ...
movie
The Next Three Days(2010)
2010