Channel Myanmar

Heavy D

Life (1999)
Life (1999)  ဒီ ဇာတ်ကားလေးကတော့ Old but Gold ဆိုတဲ့ အရင်တုန်းက ဟာသ ဇာတ်ကား လေးတစ်ကားဖြစ်ပါတယ် 2000 ခုနှစ် အော်စကာပေးပွဲမှာ အကောင်းဆုံးမိတ်ကပ်ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Eddie Murphy နဲ့ Martin Lawrence တို့က ပါဝင် သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Ray Gibson နဲ့ Claude Banks လို့ ခေါ်တဲ့ လူနှစ်ယောက်ဟာ မထင်မှတ်ပဲ တွေ့ဆုံပြီးတော့ အလုပ်တစ်ခုကို အတူတွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ် အဲ့ဒီ့အချိန်မှာပဲ လူသတ်မှု တစ်ခုကြားမှာ ပါဝင် ပတ်သက်မိပြီး ချောက်ချခံရပြီး မှားယွင်းစွပ်စွဲခံရပြီးတော့ နှစ်ယောက်လုံး ထောင်ဒဏ် တစ်သက် တစ်ကျွန်းကျသွားပါတော့တယ် ‌ထောင်ထဲမှာ ဘယ်လိုလူမျိုးတွေနဲ့ တွေ့မလဲ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြံစည်သွားမလဲဆိုတာကို ...
movie

Life (1999)

Big Trouble (2002)
Big Trouble (2002) Director Barry Sonnenfeld ရိုက်ကူးထားပြီးမင်းသားကြီး Stanley Tucci တို့ Tim Allen တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ဟာသဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်အလုပ်တွေပြုတ်၊ မိန်းမနဲ့ကွာရှင်း၊ စိတ်ဓာတ်တွေကျနေတဲ့ အဲလိယက်အာနိုး တစ်ယောက်ဟာ မိုင်ယာမီ ကိုရောက်လာဖို့ဖြစ်လာပါတယ်အဲဒီအချိန်မှာပဲ မိုင်ယာမီ လေဆိပ်ကို ခရီဆောင်သေတ္တာတစ်လုံးဟာလည်း ထူးထူးဆန်ဆန်းနဲ့ရောက်လာပါတယ်အဲဒီထူးဆန်းတဲ့သေတ္တာကိုအကြောင်းပြုပြီး လူပေါင်းများစွာဟာ ဘဝတွေအများကြီးပြောင်းလဲသွားကြသလိုလူပေါင်းများစွာရဲ့ဘဝတွေဲ့လည်း ဆက်စပ်နေပါသေးတယ်ဇာတ်ကားထဲမှာတော့ ဘဝဆိုတာတိုက်ဆိုင်မှုတွေ၊ ဖြစ်ရပ်ဆန်းတွေ၊ ပြောင်းလဲမှုတွေ၊ရူးကြောင်ကြောင်နိုင်မှုတွေ၊ မိုက်မဲမှုတွေ အားလုံးပေါင်းစပ်ပြီးရိုက်ကူးထားတာဖြစ်လို့လုံးဝကိုအခွီဇယားပါပဲ ပရိတ်သတ်ကြီးလည်း ကြည့်ရှုခံစားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(1.5 GB)/(801 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Comedy, Mystery, Thrller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo
movie

Big Trouble (2002)

The Cider House Rules (1999) 7.4
The Cider House Rules (1999)  ဒုတိယကမ္ဘာစစ်ကာလတုန်းက မိဘမဲ့ဂေဟာတစ်ခုမှာ ဒေါက်တာလာ့ခ်ျဟာ ကြီးကြပ်တာဝန်ယူခဲ့တယ် သူ့ရဲ့ဂေဟာမှာ ထူးထူးခြားခြား ကလေးလေးတစ်ယောက်ဟာ နှစ်ခါတောင် ဂေဟာပြန်ပို့ခံရတယ် ဒီလိုနဲ့ အဲ့ဒီကလေးကို သူပဲမွေးခဲ့ရတယ်အဲ့ဒီကောင်လေး အရွယ်ရောက်လာပြီး တကယ့်လောကကြီးထဲ ထွက်ခွာချင်လာတဲ့အခါ အပြင်လောကကြီးက ကောင်လေးအတွက် ဘယ်လိုအတွေ့အကြုံတွေ ပေးမှာလဲ ကျန်ခဲ့တဲ့ ဒေါက်တာလာ့ချ်နဲ့ ဂေဟာကလူတွေကရော ဘယ်လိုတွေဖြစ်ကြမှာလဲ လူငယ်တစ်ယောက်ရဲ့ စွန့်စားစိန်ခေါ်ချင်မှု... မိဘဘက်က သားသမီးကို တစ်ယောက်တည်း လောကကြီးထဲ လွှတ်လိုက်ရတဲ့အခါ ဖြစ်ရတဲ့ စိတ်ပူပန်မှု... ဒီလိုမျိုး ၅၂၈ မေတ္တာကို အခု‌ဇာတ်ကားလေးက လှလှပပလေး ဖော်ကြူးပေးထားပါတယ် ဒါ့အပြင် ကိုယ်ဝန်ဖျက်ချတာဟာ လုပ်သင့်ရဲ့လား?အချို့အခြေအနေတွေမှာ ကိုယ်ဝန်မဖျက်ချပေးရင်ရော တကယ်ကောင်းကျိုးဖြစ်မှာမို့လို့လား? မိဘမဲ့ဖြစ်လာတဲ့ ကလေးလေးတွေရဲ့ ခံစားချက်တွေ စတဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း စိန်ခေါ်ပြီး ရိုက်ကူးထားပါသေးတယ် ဇာတ်ကားလေးက အေးအေးလေးနဲ့ ရင်ထဲခံစားရအောင် ခေါ်ဆောင်ပေးသွားမှာမို့ စီးမျောလိုက်ပါပေးကြပါဦးနော် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie

The Cider House Rules (1999)

Step Up (2006) 6.5
Step Up (2006)  Channing Tatum ဆိုတဲ့ဘဲကြီးဆို မသိတဲ့သူ မရှိလောက်ပါဘူး။ဒီဘဲကြီး ငယ်စဉ်ကရိုက်ခဲ့တဲ့ အကဖက်စပ် လူငယ်ကားတွေပေါ့။ဒီကားက Step up Franchise ရဲ့အစပါ။ ၂၀၀၀ ခုနစ်ကနာမည်ကြီးခဲ့တဲ့teenage ကားတွေထဲကတစ်ခုပေါ့။အမေရိကန်အကရုပ်ရှင်တွေရဲ့ခေတ်ကဒီကားတွေက စတာပေါ့။အကကြိုက်တဲ့သူတွေ၊ အကအခုန် ဝါသနာကြီးသူတွေတော့ လက်လွှတ်မခံသင်တဲ့ ဇာတ်ကားတွေပါပဲ။မင်းသမီး Jenna Dewan ဆိုတာကလည်း ခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့သူမို့ သူ(မ)ရဲ့ ရင်ခုန်စရကကွက်လေးတွေနဲ့တင်ဇာတ်ကားကကြည့်ရတာတန်နေပါပြီ။ ပထမကားရဲ့အစကတော့ ဒီလိုပါ။တစ်ကားစီဖြတ်ကြည့်လို့ရပေမဲ့ ဇာတ်လမ်းအားလုံးကို ကြည့်ထားတာအကောင်းဆုံးပါ။ဖြစ်နိုင်ရင် အစဉ်လိုက်ကြည့်ဖို့ recommend ပေးပါတယ်။ပထမဆုံးအနေနဲ့ မယ်ရီလန်းအနုပညာကျောင်းက မြို့ထဲကကျောင်းကြီးတွေထဲက တစ်ကျောင်းပါ။အဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသူမလေးနိုရာကတော့ အကကိုဝါသနာပါပြီး ဘဝတစ်ခုလုံး ရင်းနှီးပုံအပ်ထားတဲ့စိတ်အားထက်သန်တဲ့ အကကျောင်းသူလေးပေါ့။သူ(မ) သူ(မ)အတွက်အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့ အားခဲနေတာပါ။တစ်ဖက်က တိုင်လာကတော့သူငယ်ချင်းတွေနဲ့ လမ်းမထက်မှာ ပျော်ပါးအချိန်ကုန် ဖြတ်သန်းနေရင်းအကပညာမှာပါရမီပါလာတဲ့ အညတရသားလေးပါ။သူတို့နှစ်ဉီးရဲ့ဇာတ်လမ်းကတော့ သူ့သူငယ်ချင်းတစ်စုနဲ့ မယ်ရီလန်းကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးကျောင်းထဲခိုးဝင် လက်သရမ်းမြူးထူးမှုဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီးလူမှုအကျိုးဆောင်အနေနဲ့ ...
movie

Step Up (2006)

Tower Heist(2011) 7.0
Tower Heist(2011) Tower Heist(2011) အညွှန်း ************************ IMDb...7.0 နာမည်ရင်းတွေသာမသိရင်နေမယ် ..ဟာသလေးတွေနဲ့ပရိတ်သတ်ကို ရင်ထဲ တစ်ခုခုချန်ချန်သွားတတ်တဲ့ ဒီသရုပ်ဆောင်ကြီး (၂)ဉီး Eddie Murphy ,Ben Stiller ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ဒီကားက ဓားပြတိုက်တဲ့ကားစာရင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သလို ဝင်ငွေလည်းစံချိန်တင်ခဲ့ပါတယ်... ဂျော့ရှ် ကိုဗက်ခ်စ် ဆိုတဲ့ လူတစ်ယောက်ဟာ နယူးယောက်မြို့ရဲ့ နာမည်အကြီးဆုံး "The Tower" ဆိုတဲ့ အဆောက်အဦမှာ အလုပ်လုပ်တဲ့ အရည်အချင်းရှိ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီ တာဝါ မှာရှိတဲ့ တိုက်ခန်းတွေက New York မှာဈေးအကြီးဆုံးဖြစ်ပြီးတော့ တကယ့်ကျိကျိတက် သူဌေးတွေပဲ နေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဂျော့်ရှ်ဟာ စပ်စပ်တယ်...ထက်မြက်တယ်....သနားကြင်နာတတ်တဲ့စိတ်လည်းရှိတယ်.... ဒါ့ကြောင့် တာဝါမှာရှိတဲ့အလုပ်သမားတွေကလည်း သူ့ကို အားကိုးကြတယ်... တစ်နေ့တော့ ဒီတာဝါမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့  အာသာရှောကို ငွေကြေးမသာမှုနဲ့ FBI ကဖမ်းဆီးသွားပါတယ်.... အဲ့ဒီနောက် ဂျော့ရှ်မထင်မှတ်ထားတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့သလို့ သူလုံးဝမမျှော်လင့်ထားတဲ့ဟာတွေလည်းသိလာခဲ့တယ်... အာသာရှောဟာ ပင်စင်လစာတွေပါ အလွဲသုံးစားလုပ်သွားတဲ့အပြင်  အောက်ခြေအလုပ်သမားတွေရဲ့ ရင်းနှီးမြှုတ်နှံငွေတွေပါ ဖျောင်သွားတာမျိုးပေါ့... တစ်ချို့အလုပ်သမားတွေဆို ကွကိုယ်သတ်သေတဲ့အထိဖြစ်သွားတယ်... အဲ့ဒီနောက် ဂျော့ရှ်ဟာ အကြီးအကျယ်ပေါက်ကွဲပြီးတော့ အာသာရှော ပိုင်တဲ့ penthouse ကို သူကိုယ်တိုင်ဉီးဆောင်ပြီး ဓားပြတိုက်ဖို့ကြံကြပါတော့တယ် ...
movie

Tower Heist(2011)