Channel Myanmar

Hassei Takano

Uzumaki (2000) 6.1
Uzumaki (2000) 2000 ခုနှစ်ကထွက်ရှိခဲ့တဲ့ Japanese Horror, Sci-fi ကားလေးတစ်ခုဖြစ်ပြီး နာမည်ကျော် The Junji Ito Collection တို့Tomie တို့ရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Artist Junji Ito ရဲ့ Manga ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Junji Ito ရဲ့ထုံးစံအတိုင်း လျှို့ဝှက်ဆန်းကျယ်စွာနဲ့ ခြောက်လှန့်မယ့်၊ ကြောက်လန့်ရမယ့်ကားလေးဆိုလည်း မမှားပါဘူး။ရှူးအိချိနဲ့ခီရိအဲတို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကျောင်းသွားကျောင်းပြန် အတူတူသွားလာနေကြလျက်ရှိပါတယ်။တစ်နေ့ ခီရိအဲ ရှူးအိချိနဲ့ဆုံနေကျနေရာကိုသွားတဲ့လမ်းမှာ ရှူးအိချိရဲ့အဖေကိုတွေ့လို့ သွားနှုတ်ဆက်ချိန်မှာတော့ ရှူးအိချိအဖေက ပြန်မနှုတ်ဆက်ခဲ့ပါဘူး။ရှူးအိချိအဖေက အုဇုမာကိလို့ခေါ်တဲ့ ကြောင်လိမ်ပုံစံ အသွင်သဏ္ဍာန်တစ်ခုကို အလွန်စွဲလမ်းနေတဲ့လူတစ်ယောက်ပါ။မြို့ထဲလမ်းပတ်လျှောက်ရင်း အုဇုမာကိပုံစံတစ်ခုခုကိုတွေ့တိုင်း အိမ်ကိုပြန်သယ်လာတဲ့အထိ အစွန်းရောက်စွဲလမ်းနေတာပဲဖြစ်ပါတယ်။ရှူးအိချိက သူ့အဖေရဲ့ မူမမှန်တဲ့ပုံစံတွေကိုကြည့်ရင်း မြို့ကြီးက ထူးဆန်းနေတယ်ဆိုတာကို သတိထားမိလာပါတော့တယ်။ဒီလိုနဲ့ ထူးဆန်းမှုတွေက ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခါမှာတော့ တစ်မြို့လုံး ဘယ်လိုကံကြမ္မာကြီးနဲ့ ကြုံတွေ့လာရမလဲ။ အုဇုမာကိစွဲလမ်းမှုက ရိုးရှင်းရဲ့လား။ File Size :  2.4 GB, 987 MB Quality : ...
movie

Uzumaki (2000)

Pulse (2001) 6.5
Pulse (2001) မိချိ၊ ရာဘဲ၊ ဂျွန်ကိုနဲ့ တာဂုချိတို့ သူငယ်ချင်းလေးယောက် အလုပ်လုပ်နေရင်းတာဂုချိတစ်ယောက်ဆီက အဆက်အသွယ်မရလို့ ဂျွန်ကိုတစ်ယောက် တာဂုချိရဲ့အိမ်ကို လိုက်သွားပါတော့တယ်။အဲ့လိုလိုက်သွားတဲ့အချိန်မှာ တာဂုချိ ကိုယ့်ကိုယ်ကို သတ်သေတာကိုမြင်လိုက်ရပြီး အထိတ်တလန့်ဖြစ်သွားပါတော့တယ်။တာဂုချိရဲ့သေဆုံးမှုအပြီးမှာ တိတ်ခွေတစ်ခုကြည့်ရင်း တာဂုချိရဲ့သေဆုံးမှုက ထူးဆန်းနေတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ရာဘဲနဲ့ ဂျွန်ကိုတို့ရဲ့ပုံစံတွေကလည်း မူမမှန်သလိုဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း ခါဝါရှီမကလည်း ကွန်ပျူတာစမ်းသုံးကြည့်ရင်း ဝက်ဘ်ဆိုက်တစ်ခုက ရုတ်တရက်ပေါ်လာပါတယ်၊ဝက်ဘ်ဆိုက်က သူ့အလိုလိုပေါ်လာတာဖြစ်တဲ့အတွက် နောက်ရက်မှာ ကွန်ပျူတာမေဂျာကျောင်းသားတွေကို သွားမေးရင်းဟာရုအဲဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့လာပါတယ်။ဟာရုအဲက ပရိုဂရမ်တစ်ခုကိုလေ့လာနေပြီး သရဲတွေအကြောင်းလည်း စိတ်ဝင်စားသူတစ်ယောက်ပါ။ဒီလိုနဲ့ ဟာရုအဲနဲ့ခါဝါရှီမတို့ အဲဒီဝက်ဘ်ဆိုက်အကြောင်းပြောရင်း ဟာရုအဲတစ်ယောက် ထူးဆန်းလာပါတော့တယ်။အထီးကျန်တဲ့သူတွေရဲ့ စိတ်နှလုံးသားအနက်ရှိုင်းဆုံးထဲကိုလှည့်စားတတ်တဲ့ဝိညာဉ်တွေရဲ့လက်ထဲကနေမိချိနဲ့ခါဝါရှီမတို့ သူတို့ရဲ့သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလား။သူတို့နှစ်ယောက်ကိုယ်တိုင်ကရော ဘေးကင်းနိုင်ပါ့မလား၊ ဘယ်လိုမျိုးခြောက်လှန့်မှုတွေနဲ့ကြုံတွေ့ရမလဲ... File Size :  3.9 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 59min Format : Mp4 Genre : ...
movie

Pulse (2001)