Channel Myanmar

Harshavardhan

Raja Vikramarka (2022) 8.8
Raja Vikramarka (2022)  မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယစပိုင်အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အက်ရှင်ခန်းတွေအပြင် ဟာသ၊ ဒရာမာ စုံလင်စွာပါဝင်တဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်လည်းခိုင်မာတဲ့အပြင် သရုပ်ဆောင်တွေကလည်းအပြစ်ပြောစရာမရှိသလောက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ NIA အေးဂျင့်အဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကရန်ငြှိုးရှိခဲ့ဖူးတဲ့ ဂုရုနာရာရနာဆိုတဲ့လူဆိုးဂိုဏ်းနဲ့ ပတ်သတ်နေတဲ့ နိုင်ငံခြားသားလက်နက်ရောင်းဝယ်ဖောက်ကားသူကိုဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်စွာပဲ ဗစ်ခရမ်မှ အဲဒီနိုင်ငံခြားသားကို မတော်တဆပစ်သတ်မိတဲ့အခါ ရာထူးဆိုင်းငံ့ခံရပြီး ဘာတွေဆက်ဖြစ်လာမလဲ.... မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေပါဝင်တာကြောင့် စပိုင်အက်ရှင်ကားတွေကိုနှစ်သက်တတ်မယ်ဆိုရင် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်း တစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…(2.06 GB) /(587 MB) Quality….WEBDL 1080p /720p Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by Shwe Pwint , Haruko , Yunni , Honeyey
movie

Raja Vikramarka (2022)

2022
Varudu Kaavalenu (2021) 7.1
Varudu Kaavalenu (2021) Varudu Kaavalenu 2021 Romance/ Comedy IMDb 7.1/10ဇီဇာကြောင်ပြီး ချေးများတဲ့ အပျိုကြီးတွေကို ကြုံဖူးပါသလား။ ဇီ‌ဇာကြောင် ချေးများရုံဘယ်ကဦးမလဲ ပစိပစပ်ကများသေးတာမျိုးဗျာ။ သိတယ်မလား ဘယ်ယောက်ျားမှ နွားမထင် မှားလို့ လူမထင်တဲ့အမျိုးတွေပေါ့‌ဗျာ။ ဟိုအပင်ပေါ်က သစ်သီးတွေ အချိန်လွန်ရင် ပုပ်လိမ့်မယ်ဆိုတဲ့သီချင်းအတိုင်း အရွယ်လွန် အပျိုဟိုင်းကြီးဘဝနဲ့ အဆုံးသတ်တော့မယ့် မမကြီးတွေပေါ့ဗျာ။ဒါပေမယ့် ဒီဇာတ်ကားထဲက မင်းသမီးကတော့ ရှိသင့်တဲ့အလှအပ ရင့်ကျက်မှုတွေအကုန် အပြည့်အစုံဆုံးအရွယ်မှာ အတောက်ပဆုံးလင်းလက်နေတဲ့ ကြယ်လေးတစ်စင်းလို လှပလွန်းသူလေးပါ..ဒီအပျိုကြီးကြယ်လေးကို မြင်မြင်ချင်းကြွေသွားရသူကတော့ ပဲရစ်ကလာတဲ့ဒီဇိုင်းဗိသုကာပညာရှင်ကောင်လေးပေါ့....ဒီတော့ ဒီဇိုင်းဗိသုကာပညာရှင်ကောင်‌ဆိုးလေးတစ်ယောက် အပျိုကြီးမမအချောအလှရဲ့ အချစ်ကို ရနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်သူတွေဝင်လာကြမယ်၊ ဘယ်လိုအရှုပ်‌ထုပ်တွေ ဝင်မွှေမယ်၊ ဘယ်လိုဟာသအလွဲတွေနဲ့ ပြုံးနေရမယ်ဆိုတာကိုတော့....။အချစ်ရိုမန့်ဇာတ်ကားကောင်းကောင်းကိုမှ မျှော်လင့်နေရင်တော့ ဒီဇာတ်ကားက အသင့်တော်ဆုံးပါပဲ။ ဇာတ်ကားလေးကဗျာ ဘယ်လိုပြောရမလဲ...ပြုံးပြုံးပြီး သဘောခွေ့ပြီးတော့ကို ကြည့်ရတဲ့ အချစ်ရိုမန့်ဇာတ်ကားလေး။ File size…(1.9 GB) /(1 GB) Quality….WEBDL 1080p /720p Format…mp4 Duration….02:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie

Varudu Kaavalenu (2021)

Sridevi Soda Center (2021) 7.6
Sridevi Soda Center (2021) IMDb Rating (7.6)ဒီနေ့ပဲအသစ်ထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်း အချစ်အက်ရှင်ဇာတ်ကားလေးတစ်ကားကို တင်ဆက်လိုက်ပါတယ်။Suri Babu ဟာ သူ့ရွာမှာစတိတ်ခုံ မီးစတဲ့အပြင်အဆင်တွေမှာကွျမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအလုပ်ကို စီးပွားရေးအဖြစ်ဇောက်ချလုပ်ဖို့စဉ်းစားနေပါတယ်၊သူချစ်မိသွားတာကတော့ ဆိုဒါအရောင်းဆိုင်ပိုင်ရှင်ကြီးရဲ့သမီး မိန်းမလှလေးSrideviပဲဖြစ်ပါတယ်။ Srideviက သူ့အချစ်ကိုတုန့်ပြန်ခဲ့ပေမယ့် သူ့အဖေကတော့ ခါးခါးသီးသီးပါပဲ။သဘောမတူနိုင်ရတဲ့အကြောင်းရင်းကတော့ Suri ဟာ သူတို့ထက် ဇာတ်နိမ့်နေလို့ပါပဲ။တစ်နေ့မှာတော့ ဆူရီဟာ ရွာထဲကအကောင်ကြီးကြီးတစ်ယောက်နဲ့လူသတ်မှုတစ်ခုမှာပါဝင်ပတ်သက်မိရာကနေ ဒုက္ခကြုံရပြီး အချစ်ဇာတ်လမ်းမှာပါ အနှောင့်အယှက်တွေကြုံရဖို့ဖြစ်လာပါတော့တယ်။တစ်ခုပြီးတစ်ခု မြွေပူရာကင်းမှောင့်သလိုဖြစ်လာတဲ့ပြဿနာတွေဟာ သွေးရိုးသားရိုးဟုတ်ပါ့မလား။ သူ့အပေါ်မလိုမုန်းထားသူတွေ သူတို့ဇာတ်လမ်းအပေါ်ဖျက်လို့ဖျက်ဆီးလုပ်ချင်သူတွေ ဘယ်လောက်များမလဲ။ ဒါတွေကိုရော သူတို့နှစ်ယောက်ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ကြမလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။အပြင်မှာတကယ်ဖြစ်နေဆဲ ဖြစ်ခဲ့ပြီးသား အဖြစ်အပျက်တွေထဲက ဖြစ်ရပ်မှန်တစ်ချို့ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘယ်လိုအဖြစ်မှန်တွေလဲဆိုတာကိုသိရင်တော့ ဇာတ်လမ်းပေါ့ပျက်သွားနိုင်လို့မပြောတော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအဖြေရှာကြပါ။ File size…(2.2 GB) / (1.1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy & Alias
movie

Sridevi Soda Center (2021)

HEVC 1080p
Akshara(2021) 5.6
Akshara(2021) Akshara 2021 --------------------------"စာသင်ခန်းဆိုတာ တိုင်းပြည်ရဲ့အနာဂတ်တွေကိုထုတ်လုပ်ပေးတဲ့မြင့်မြတ်တဲ့နေရာ၊စာသင်ခန်းဆိုတာ ထောင်မဟုတ်ဘူး" တဲ့ဇာတ်ကားထဲက ဒိုင်ယာလော့လေးတစ်ခုပါ..... ဒီဇာတ်လေးကိုတော့ အက်ရှာရာဆိုတဲ့အမျိုးသမီးလေးတစ်ဦးအပေါ် အခြေခံဇာတ်အိမ်တည်ထားပါတယ်.အက်ရှာရာက ဆင်းရဲပြီး အမေတစ်ယောက်တည်းကသာပြုစုပျိုးထောင်ပေးခဲ့တဲ့ ထက်မြတ်တဲ့ ကောင်မလေးပေါ့.သူ့ရဲ့ထက်မြက်မှုကြောင့် သူက 10တန်းမှာလဲ ဂုဏ်ထူးဆောင်ကျောင်းသူတဦးဖြစ်ခဲ့ပါတယ်. သူ့ရဲ့ရည်ရွယ်ချက်လေးကလဲ ကောင်းပါတယ်.နိုင်ငံရဲ့ ရတနာဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေကို သင်ကြားပေးချင်တဲ့ဆရာမလေးတဦးဖြစ်ချင်တာပါ. သူမက ဆရာတဦးမှာရှိသင့်တဲ့ နာသုံးနာလဲပြည့်စုံပြီး ကျောင်းသားတွေရဲ့ ရင်ထဲက ဆန္ဒကပါ မြင်နိုင်တဲ့ထိ တော်တာကြောင့်အိန္ဒိယရဲ့ထိပ်တန်းကောလိပ်တခုမှာ ရူပဗေဒဆရာမအဖြစ်အလုပ်ရခဲ့ပါတယ်.သူမရဲ့ဘဝလေး ပြီးပြည့်စုံနေခဲ့ပေမယ့် ဆိုးဝါးတဲ့ကိစ္စတစ်ခုကြောင့် သူမဟာကျောင်းရဲ့ဘုတ်အဖွဲ့ဝင်တဦးကို သတ်မိခဲ့ပြီး ဇာတ်လမ်းအချိုးအကွေ့နဲ့ဇာတ်ရှိန်ဟာပြောင်းလဲသွားခဲ့ပါတယ်.......သူမဘာလို့ သူ့ကိုသတ်ခဲ့ရတာလဲ...ဒီကောလိပ်ကတကယ်ပဲ ထိပ်တန်းအဆင့်မှီရဲ့လား...ဆရာမတဦးရဲ့အရည်အချင်းကဘာလဲ....တကယ်ကို ပညာရေးစနစ်နဲ့ ဆရာတစ်ယောက်ရဲ့အရည်အချင်းကို ပြန်မေးခွန်းထုတ်စေမယ့် ရုပ်ရှင်ပါပဲ...သရုပ်ဆောင်ပိုင်းမှာလဲ အက်ရှရာနေရာသရုပ်ဆောင်ထားတဲ့ မင်းသမီးကသူ့ရဲ့ဇာတ်ရုပ်ကို အတော်လေး ပိုင်နိုင်တာတွေ့ရပါတယ်...   File size…2.1GB and 1.1Gb and 501MB Quality…1080p WEB DL DD+5.1 and 720p and 480p Format…Mp4 Duration….2h 16min Subtitle….Myanmar Subtile(Hard Sub) Encoder…. YK Translated ...
movie

Akshara(2021)

2021
Check(2021) 7.0
Check(2021) Check(2021) အညွှန်း******************IMDb...7.0၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ ဗုံးပေါက်ကွဲမှုကြောင့်  လူအယောက် (၄၀) အသက်ဆုံးရှုံးခဲ့ရတယ်...ဒီသေဆုံးမှုကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးဒေါသတွေထွက်ကြတယ်.အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု (၂)အကြာလုပ်အပြီးမှာ တရားခံ(၄)ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပြီး  သေမိန့်ပေးခဲ့တယ်...ဒီထဲမှာ သံသယရှိသူအဖြစ်ထပ်မံဖမ်းဆီးခံရတာကတော့ အဒိတျဆိုတဲ့သူတစ်ယောက်ပါ...သူကတော့ လုံးဝအပြစ်ကင်းတယ်လို့ အကြိမ်တိုင်းပြောနေသလိုဒီအတွက်အယူခံဝင်ဖို့လည်း ကြိုးစားနေပါတယ်...ခက်တာက သူ့ကိုဘယ်သူမှရှေ့နေလိုက်မပေးချင်ကြသလို လိုက်တဲ့ရှေ့နေတွေကလည်းရှုံးလည်း ဘာမဖြစ်ဘူးလို့ခံယူထားကြတော့သူ့အတွက်အတော်ဒုက္ခရောက်နေပါတယ်..ဒီကြားထဲသူဟာ တရားခံ(၄)ယောက်ရဲ့ နောက်ဆုံးထောင်ထားတဲ့ဗုံးတည်နေရာတွေအတွက်ဖော်ကောင်လုပ်လိုက်လို့ ထောင်ထဲမှာ အချိန်မရွေး အသက်ပျောက်နိုင်တဲ့အနေအထားဖြစ်နေပါတယ်....ဒီ အိန္ဒိယကားက ဇာတ်လမ်းစထဲက စိတ်ဝင်စားစရာကောင်းပါတယ်...လှည့်ကွက် မြှုတ်ကွက်ပေါင်းများစွာပါသလိုအပိုကြီးတွေသိပ်မလုပ်တဲ့ထူးခြားဇာတ်လမ်းလို့တောင်ပြောလို့ရပါတယ်...ပိုစိတ်ဝင်စားဖို့ကောင်းတာက ထောင်ထဲကစစ်တုရင်ပွဲတွေပါပဲ....ဘယ်သူမှာ သူ့ဘက်မှာမရှိတဲ့ ထောင်ထဲက သူဘယ်လိုထွက်မလဲ...သူကိုယ်တိုင်ကရော တကယ်အပြစ်ကင်းရဲ့လား...သူ့အသက်အန္တရယ်ကိုရော ကာကွယ်နိုင်ပါ့မလား...တစ်ကောင်ကြွက်ဘဝနဲ့ ကလေးဘဝထဲက ခြေဉီးတည့်ရာလျှောက်သွားနေတဲ့ ဒီကောင်လေးမှာရောဘယ်လိုအရည်အချင်းတွေရှိမလဲ...နင်းကန်ကောင်းတယ်လို့ ညွှန်းချင်တယ်...ကြည့်ရကြိုးလုံးဝနပ်စေရမယ်.... File Size : (2.2GB) and (1.1GB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:20:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet  ...
movie

Check(2021)

Ala Vaikunthapurramuloo(2020) 7.2
Ala Vaikunthapurramuloo(2020) Ala Vaikunthapurramuloo(2020)ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီး သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာမိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်... အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။..... ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်းသီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu ပဲဖြစ်ပါတယ်....File Size : (1.25 GB) and ...
movie

Ala Vaikunthapurramuloo(2020)