Channel Myanmar

Harshavardhan

Court – State Vs. A Nobody (2025) 8
Court – State Vs. A Nobody (2025) Court - State vs. A Nobody (2025) "အညတရလူတစ်ယောက်အတွက်"တေလဂူးစကားပြော တရားခွင် ရုံကားအသစ်ဖြစ်ပြီး ၆၆.၇၅ ကုဋေအထိ ရုံတင်ငွေ ရရှိထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်တေဂျာဟာ ရှေ့နေပေါက်စတစ်ယောက်ဖြစ်ပြီး သူတို့ရှေ့နေရုံးခန်းက ဆရာကြီးနဲ့တကွ စီနီယာရှေ့နေတွေကျေးဇူးကြောင့် အလုပ်သက်တမ်း ၃ နှစ်အတွင်း အမှုတစ်ခုမှ ကိုယ်တိုင်မကိုင်ဖူးသေးဘဲ စိတ်ပျက်လျက်ရှိပါတယ်ကံအကြောင်းဖန်လာတော့ လေးရက်နေရင် စီရင်ချက်ချတော့မယ့် အားလုံးကလက်လျှော့ထားတဲ့ ၁၉ နှစ်အရွယ်တရားခံကောင်လေးနဲ့ ပတ်သက်သူတွေက အကူအညီတောင်းလာတဲ့အခါတရားလိုက ၁၇ နှစ်အရွယ်မိန်းကလေးရဲ့ အကောင်ကြီးကြီး အသိုင်းအဝိုင်းဖြစ်နေတာကြောင့်ရယ် အချိန်လည်းမရှိတော့တဲ့ ဒီကောင်လေးအတွက် တေဂျာတစ်ယောက် ကယ်တင်ရှင်ဖြစ်လာနိုင်မလား ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ ToMo ~ Cherry ~ Yunni မှ ဖြစ်ပါတယ် File size… 1.8 GB / 940 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Court – State Vs. A Nobody (2025)

Daaku Maharaaj (2025) 6.3
Daaku Maharaaj (2025) Daaku Maharaaj (2025)"ဒါကူမဟာရာ့ဂျ်" ===============================တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လို ဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက် အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့ မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက် သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေ လူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက် ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီး သူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကို ကာကွယ်ပေးဖို့ကြိုးစားပါတယ်။မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်း နောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.8 GB / 1.4 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Daaku Maharaaj (2025)

Mechanic Rocky (2024) 5
Mechanic Rocky (2024) Mechanic Rocky (2024) စက်ပြင်ဆရာလေး ရော့ကီ IMDb 4.5/10အချစ်ဟာသ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်သူ့ဖခင်ကားမောင်းသင်တာကို စိတ်တိုင်းမကျဖြစ်နေတဲ့ မိန်းကလေးချောလေးဟာ ကားရုံတစ်ခုရဲ့ကားမောင်းသင်တန်းကို သွားတက်ပြီး ကားမောင်းသင်ခဲ့ပါတယ်ဖြစ်ချင်တော့ အဲဒီကားမောင်းသင်တန်းက ကားရုံပိုင်ရှင် စက်ပြင်ဆရာက ကိုယ်တိုင်သင်ပေးဖို့ဖြစ်လာပါတော့တယ်ကားမောင်းသင်ရင်း စကားစမြည်ပြောရင်းနဲ့ မိန်းကလေးက သူသင်တန်းအပ်ရင်း ကားရုံပိတ်ဖို့အကြောင်းပြောနေတာကြားလို့ စက်ပြင်ဆရာကိုမေးမြန်းပါတယ်ထိုအခါမှစက်ပြင်ဆရာက သူ့ကားရုံအကြောင်း တစ်စိတ်တစ်ပိုင်းကို ပြောပြခဲ့ပါတယ် ဒီကားရုံဟာ သူ့အဘိုးအမွေဖြစ်ကြောင်း သူ့အဘိုးဟာဂိုဏ်းတစ်ခုကနာမည်ကြီးဂိုဏ်သားဖြစ်ကြောင်း သူ့အဘိုးရဲ့ပါးစပ်စည်းမစောင့်မှုကြောင့် လက်တစ်ဖက်ပါဆုံးရှုံးရကြောင်း သူ့အဘိုးသေဆုံးသွားတဲ့အခါ သူ့ဖခင်ကိုဒီကားရုံ အမွေပေးခဲ့ကြောင်း မသေခင် သူ့မိခင်ဆီပြန်လည်ဝင်စားမယ်လို့ပြောခဲ့ကြောင်း တွေအပြင်သူ့ဖခင်ရဲ့ အိမ်မက်အကြောင်းစသည်ဖြင့် ပြောပြပါတော့တယ်သူ့ဖခင်ရဲ့ဘဝအိမ်မက် ရည်မှန်းချက်ကဘာဖြစ်မလဲ သူ့အဘိုးကရောမသေခင်ဘာလို့ပြန်လည်ဝင်စားမယ်ပြောခဲ့သလဲ သူ့အဘိုးဂိုဏ်းသားဘဝအတွေ့အကြုံကရောဘာတွေဖြစ်မလဲ ဒီကားရုံကရော ထင်သလောက်ရိုးရှင်းပါ့မလားဆိုတာ ရယ်ရယ်မောမောနဲ့ စိတ်လှုပ်ရှားစွာ အားပေးခံစား‌ကြည့်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size… 2.33 GB / 1.33 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mechanic Rocky (2024)

Maa Nanna Superhero (2024) 8.6
Maa Nanna Superhero (2024) Maa Nanna Superhero 2024 (အဖေ့အတွက်သူရဲကောင်းကျွန်တော်)အဖေနဲ့သားကြားက သံယောဇဉ်ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ တေလဂူရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။အဖေအရင်းရယ် မွေးစားအဖေရယ် သူတို့ရဲ့သားရယ် သူတို့ 3 ယောက်ကြားက အလွဲလေးတွေအပြင် အရယ်အငိုရသစုံခံစားရစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ရင်ခွင်ပိုက်အရွယ် ကလေးငယ်လေးနဲ့ တစ်ကိုယ်တော်အဖေပရာကတ်ရှ်တစ်ယောက် သားလေးကိုမိဘမဲ့ဂေဟာမှာ ခဏအပ်ထားပြီး ကားသမားအနေနဲ့ ပုံသေအလုပ်ရဖို့ အော်ဒါလိုက်သွားပါတယ်။ကံဆိုးချင်တော့ သူမောင်းရတဲ့ကားက ဆေးခြောက်သယ်လာတဲ့ကားဖြစ်လို့ မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ်ကျသွားပြီး နှစ်နှစ်ဆယ်ကြာမှပဲ ထောင်ကပြန်လွတ်လို့ သားဖြစ်သူကို လိုက်ရှာပါတော့တယ်။တစ်ဖက်က သားဖြစ်သူဂျွန်နီကလည်း ‌မွေးစားအဖေရဲ့စတော့ရှယ်ယာကြွေးကိုဆပ်လိုက် ဟိုကအကြွေးပြန်တင်လိုက်နဲ့ သံသရာလည်နေပေမဲ့ အဖေ့ကို အပြစ်မမြင်တဲ့သူပေါ့။ ဒီလိုနဲ့ ကံကြမ္မာဇာတ်ဆရာရဲ့အလိုကျ ဒီ လူ 3 ယောက် ဆုံဆည်းဖို့ ဖြစ်လာတဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.12 GB / 1.06 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Maa Nanna Superhero (2024)

Saripodhaa Sanivaaram (2024) 7.6
Saripodhaa Sanivaaram (2024) Saripodhaa Sanivaaram (2024) "စနေကောင်"IMDB 7.6 တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့ တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ "ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ်ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာ သူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီး သူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့……အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.04 GB / 1.55 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Saripodhaa Sanivaaram (2024)

Maruthi Nagar Subramanyam (2024) 7.7
Maruthi Nagar Subramanyam (2024) Maruthi Nagar Subramanyam (2024)"ဗရုတ်သုတ်ခ မိသားစု" =============================================တေလေဂူးမင်းသားကြီး ရောဝ်ရာမက်ရှ်ရဲ့ အသစ်ထွက်ထားတဲ့ ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူဘရာမန်ယမ်ဟာ အစိုးရအလုပ်မရမချင်း အလုပ်မလုပ်ဘူးလို့ သံဓိဌာန်ချထားသူဖြစ်ပြီး သားဖြစ်သူ လူပျိုဖြစ်တဲ့ထိ အလုပ်မရှိသေးတဲ့သူဖြစ်ပါတယ်။သူတို့မိသားစုဟာ ဆူဘရာမန်ယန်ရဲ့ ဇနီးဖြစ်သူ ရာနီရဲ့လစာတစ်ခုတည်းနဲ့ လည်ပတ်နေရတာဖြစ်ပြီး မိသားစုဝင်တွေကလည်း ရောဂါသည်ဖြစ်ချင်နေတဲ့ ယောက္ခမကြီးရယ် သူ့ကိုယ်သူ လူစားလဲခံရတဲ့သူဌေးသားလို့ထင်နေတဲ့ သားဖြစ်သူရယ်နဲ့ တကယ့် ကဂျီကဂျောင်တွေပါ။အဲဒီလို အလုပ်မရှိတဲ့ ဆူဘရာမန်ယန်ကို မိန်းမဖြစ်သူက အမြင်ကပ်လို့ စီးကရက်ဖိုးတောင်မပေးတော့တဲ့အချိန်မှာ သူ့ရဲ့ဘဏ်အကောင့်ထဲကို ဘယ်ကမှန်းမသိရတဲ့ ပိုက်ဆံဆယ်သိန်း မှားဝင်လာတဲ့အချိန်မှာတော့ ဆူဘရာမန်ယမ်ရဲ့ဘဝအတွက် အလှည့်အပြောင်းတွေဖြစ်လာခဲ့ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.7 GB / 1.24 GB  Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by CM Bollywood Tea
movie

Maruthi Nagar Subramanyam (2024)

Bharathanatyam (2024) 7.5
Bharathanatyam (2024) Bharathanatyam (2024) "ဒါရိုက်တာ"တေလဂူး မဆလာ ဟာသရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရာဂျာဆိုတာ လက်ထောက်ဒါရိုက်တာအဖြစ် လေးနှစ်လုပ်ကိုင်ခဲ့ပြီး ကိုယ်တိုင်ရုပ်ရှင်ရိုက်ဖို့ ပရိုဂျူဆာတွေ လိုက်ကမ်းလှမ်းနေရတဲ့လူ ။သူ့ကောင်မလေးကိုတောင် မုန့်ဝယ်မကျွေးနိုင်၊ သူ့ဇာတ်ညွှန်းကလည်း ထုတ်လုပ်သူတိုင်းက ဟိုဟာဖြစ်တယ် ဒီဟာမပါဘူးဆိုပြီး ပယ်ချခံရတယ်အစစအရာရာ ကံဆိုးနေတဲ့ ရာဂျာတစ်ယောက် တစ်နေ့မှာ ဘဝအလှည့်အပြောင်းတစ်ခုကြုံရပြီး မြေအောက်ဒုစရိုက်လောကနဲ့ ပတ်သက်ဆက်နွယ်မိသွားတဲ့အခါ အန္တရာယ်များတဲ့ အခြေအနေတွေကနေ ဒုစရိုက်သားတွေကို ဘယ်လိုကွက်ကျော်ရိုက်ပြီး ရှောင်တိမ်းမှာလဲရုပ်ရှင်ဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံးလိမ်လည်မှုပဲ ဆိုတဲ့စကားအတိုင်း အရှုပ်အထွေးများကြားမှာ လွတ်မြောက်အောင်ကြိုးစားပုံကို ပရိသတ်အကြိုက် မြူမြူးကြွကြွလေး တင်ဆက်ထားတာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bharathanatyam (2024)

2024
Market Mahalakshmi (2024) 8.7
Market Mahalakshmi (2024) Market Mahalakshmi (2024) "ပျံကျဈေးသည်မလေး"IMDb 8.7 ရထားတဲ့ တေလဂူး အချစ်ဟာသကားလေးဖြစ်ပါတယ် တေလဂူးရိုမန့်ဆိုတဲ့အတိုင်း အထည်ကြီး အထက်တန်းလွှာအချစ်ထက် လမ်းဘေးအချစ်ကိုသာ ဦးစားပေးထားတဲ့ ရုပ်ရှင်လေးပါဒီကားထဲက ဇာတ်လိုက်ကျော်ဟာဆိုရင် အဖေရဲ့ဇွတ်တိုက်တွန်းမှုကြောင့် အင်ဂျင်နီယာကျောင်းကိုတက်ခဲ့ရပြီး လစာဝင်ငွေကောင်းရလာတဲ့အချိန်မှာလည်း အဖေဖြစ်သူက မိန်းမအတင်းပေးစားချင်ပြန်ပါတယ်အိန္ဒိယသားရှင်တို့ထုံးစံအတိုင်း တင်တောင်းငွေ အပုံလိုက်လိုချင်တဲ့ အဖေအမေတို့ တိုက်တွန်းတဲ့ ကြင်ယာလောင်းတွေ တစ်ယောက်ပြီးတစ်ယောက် တွေ့ခဲ့ပေမယ့်လည်း သူလိုချင်တဲ့ အရည်အသွေးမျိုး ရှိမနေလို့ ကြံရခက်နေချိန်မှာစွာတေးလန်ဈေးသည်မလေး မဟာလက်ရှ်မီးနဲ့ ဆုံခဲ့ရတယ် မတူခြားနားလှတဲ့ ဘဝနှစ်ခုပေါင်းဆုံဖို့ စိန်ခေါ်မှုမျိုးစုံ တွေ့ကြုံရပုံကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 2.63GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Market Mahalakshmi (2024)

2024
Satyabhama (2024) 7
Satyabhama (2024) Satyabhama 2024 (အမျိုးသမီးတို့အတွက် အားကိုးရာ ဆတ်ယာဘမ်)အမျိုးသမီးထုကြီးကို မားမားမတ်မတ် ရပ်တည်ပေးမယ့် SHEအဖွဲ့ကို ဦးဆောင်နေတဲ့ ACPဆတ်ယာဘမ်။ တစ်ရက်မှာတော့ ဟာဆီနာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံနေရတဲ့အတွက် ဆတ်ယာဘမ်ဆီကို လာရောက် အကူအညီတောင်းခံခဲ့ပါတယ်။ဟာဆီနာရဲ့ ခင်ပွန်းဖြစ်သူဟာ တင်ဒါက တွေ့တဲ့ကောင်မလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာတဲ့အတွက် ဟာဆီနာဟာ သည်းမခံနိုင်တော့ဘဲ ကွာရှင်းခွင့်တောင်းလိုက်ပေမယ့် ခင်ပွန်းဖြစ်သူဟာ ကွာရှင်းခွင့်မပေးဘဲ ဟာဆီနာကို ဆက်လက်နှိပ်စက်လျက်ရှိပါတယ်။ အဲဒီအတွက် ဟာဆီနာဟာ အိမ်ကနေ ဆင်းပြီးတော့ မောင်လေးဖြစ်သူနဲ့ လာနေထိုင်တဲ့အခါ မောင်လေးဖြစ်သူကိုပါ ခင်ပွန်းက ကိုယ်ထိလက်ရောက်ကျူးလွန်လာတဲ့အတွက် မခံနိုင်တဲ့အဆုံးမှာ ဆတ်ယာဘမ်ဆီကို ရောက်လို့လာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟာဆီဘမ်ရဲ့ ခင်ပွန်းဖြစ်သူဟာ ရဲကိုတိုင်လိုက်တာသိသွားတဲ့အချိန်မှာတော့ ဟာဆီနာ့ထံသို့ လာရောက်သောင်းကြမ်းနေစဉ် ဟာဆီနာဟာ သေဆုံးလို့ သွားခဲ့ရပါတယ်။ ကိုယ့်ဆီကို ယုံကြည်လို့ လာရောက်အကူအညီတောင်းခဲ့တဲ့သူကို မကူညီနိင်လိုက်တဲ့ ဆတ်ယာဘမ်ကတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရင်းနဲ့ ဟာဆီနာ့ရဲ့ခင်ပွန်းကို အပူတပြင်းလိုက်လံရှာဖွေရင်းနဲ့ ...... ဟာဆီနာ့ခင်ပွန်းကို လိုက်လံရှာဖွေရင်းနဲ့ရော ဘယ်လိုအဖြစ်တွေနဲ့ ကြုံတွေ့ရမလဲ ......ရှေ့ဆက် ဘယ်လိုတွေ ဖြစ်လာမလဲ ..... ဆိုတာတွေကို စိတ်ဝင်စားဖွယ် ...
movie

Satyabhama (2024)

2024
Oopiri [Thozha ] (2016) 8
Oopiri [Thozha ] (2016) Thozha (imdb 8/10 Rtscore 77 %) ......(ရင်ဘတ်မိတ်ဆွေ)......ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသဒရာမတောင်ပိုင်းကားလေးတစ်ကားပါပဲ ဘာဟူဗလီကားထဲက မင်းသမီးချောဖြူနုအုဖတ်လေး သမန်းနားလဲပါဝင်ထားပြီး ဇာတ်ပို့မင်းသားကြီး ပရာကတ်ရာ့ဂျ်တို့လို သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ်ဒီကားလေးကတော့ မသန်စွမ်းရောဂါဖြစ်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက် ဘဝမှာ ဘာကိုမှအလေးမထား အချုပ်ကျလိုက် လမ်းဘေးရှကီထုလိုက်နဲ့ အလေလိုက်နေတဲ့ စီနူဆိုတဲ့သူကို အလုပ်ခန့်လိုက်ပါတယ်..ဆရာသမားက လက်ကြောလဲမတင်း အလုပ်ကလဲကြေးများတဲ့အပြင် ဘာကိုမှလဲအလေးအနက်မရှိပါဘူး ဒီအလုပ်ကို လျှောက်တော့လဲ သူဌေးရဲ့အတွင်းရေးမှူးမလေးကို ဖွန်ကြောင်ချင်လို့ ဝင်အလုပ်လျှောက်တာပါသူဌေးကတော့ သူ့ရိုးသားပွင့်လင်းမှုကို သဘောကျပြီး အလုပ်ခန့်လိုက်တဲ့အခါမှာ တစ်ယောက်အခက်အခဲကို တစ်ယောက်ဘယ်လိုဖေးမကူပြီး ဘာဆက်ဖြစ်မလဲ....ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ် ဘာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.9GB / 1.18GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Oopiri [Thozha ] (2016)

2016
Extra Ordinary Man (2023) 7.3
Extra Ordinary Man (2023) Extra Ordinary Man (2023) "တမူထူးတဲ့ ဘူလူ" =====================================အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…4.03GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Extra Ordinary Man (2023)

2023
Maama Mascheendra (2023) 6.8
Maama Mascheendra (2023) Mama Mascheendra (2023)IMDb - 7.4/10မင်းသားချော ဆူဒီယားဘာဘူအထူးသရုပ်ဆောင်ထားတဲ့ ဒရာမာအက်ရှင်တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကောင်သုံးမျိုးကို တစ်ယောက်တည်းလို့မထင်မှတ်ရလောက်အောင် ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့မို့ အထူးသရုပ်ဆောင်ထားတယ်လို့ သုံးလိုက်တာပါ။ရာဗီနဲ့ ရတ်ဘာဆိုတဲ့ မင်းသမီးချောနှစ်လက်လည်း ပါဝင်ထားပါတယ်။ခံစားချက်တွေကို ရင်ဖွင့်ချင်ရင် ဒိုင်ယာရီချရေး လျှို့ဝှက်ချက်ကိုရင်ဖွင့်ချင်ရင်တော့ ချရေး ဖြဲပြီး မီးရှို့ရတယ်တဲ့ လောကကြီးမှာ ယုံကြည်ရတဲ့လူဆိုတာ မိမိ မိမိ ပြီးတော့ မိမိကိုယ်တိုင်ပါပဲ ဖခင်တစ်ယောက်ရယ်လို့မဖြစ်လာခင်မှာ ဆရာဖြစ်သူအတွက် လူသတ်ပေးဖို့လုပ်ရင်း သတ်ရမဲ့အထဲက ကလေး၂ယောက်က လွတ်သွားခဲ့တယ် ဒီအမြွှာကလေး၂ယောက်က နောင်တစ်ချိန်ကြီးလာရင် ကောင်းကောင်းကြီးလက်စားပြန်ချေမှာကို သိနေလေတော့ ဖခင်ဖြစ်လာမဲ့တစ်ချိန်မှာ ဘယ်လိုကာကွယ်မှုတွေလုပ်မလဲ...အဖေတစ်ယောက်ရဲ့ ရင်သွေးအပေါ် ကာကွယ်စောင့်ရှောက်မှုက မွေးကင်းစလေးကနေစပြီး အရွယ်ရောက်တဲ့အခါပြီးဆုံးသွားတာမျိုးမဟုတ်ဘူးမလား။ဒီဇာတ်လမ်းထဲမှာ ရန်သူတွေများတဲ့ ဂန်းစတားအဖေကြီးတစ်ယောက်က သူ့သမီးအပေါ်မှာ ကာကွယ်စောင့်ရှောက်လိုတဲ့စိတ်နဲ့ လုပ်ခဲ့တဲ့လုပ်ရပ်တွေ၊ သမီးဖြစ်သူရဲ့ အချစ်အပေါ်မှာထားတဲ့ စိတ်သဘောထားနဲ့လုပ်ရပ်တွေ သူတို့သားဖတွေရဲ့ တစ်ဦးနဲ့တစ်ဦးထားရှိကြတဲ့ ချစ်ခြင်းမေတ္တာတွေအပြင် မထင်မှတ်ထားတဲ့ လူသတ်မှုတွေပါ မှန်းမရလောက်အောင် ရှုပ်ထွေးတဲ့ Plot Twist တွေပါတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~V ~Alex ~Zwe ~Tomo တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Maama Mascheendra (2023)

2023
Miss. Shetty Mr. Polishetty (2023) 7.8
Miss. Shetty Mr. Polishetty (2023) Miss Shetty Mr Polishetty 2023IMDB 7.8 ရထားပြီး ရုံတင်ငွေ လေးဆကျော်မြတ်ခဲ့တဲ့ Telugu ဘာသာစကားပြော rom-com လေးလာပါပြီ စီးပွားရေးအရ အောင်မြင်ရုံမကပဲ ဝေဖန်ရေးဆရာတွေရဲ့ positive review တွေပါရထားတဲ့ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အန်ဗီသာဆိုတဲ့ အသက် ၃၀ အရွယ် လန်ဒန်က Master Chef မမ က သူ့အမေနဲ့အတူ နှစ်ယောက်တည်းနေပြီး ထက်မြက်တဲ့မိန်းမပီပီ မိန်းမဝါဒီတစ်ယောက်ဖြစ်ပါတယ်သူမဘဝမှာ သူ့အမေကို သင်ခန်းစာရလို့ အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ အချစ်နဲ့ ခပ်ကင်းကင်းနေသူတစ်ယောက်ပါ သူ့အမေဆုံးပြီးတဲ့နောက်တော့ တစ်ယောက်တည်းအထီးကျန်လို့ သူအသက်ကြီးလာတဲ့အခါ အနားမှာရှိနေပေးမယ့် သားသမီးမရှိမှာလည်း စိုးရိမ်လာပါတယ်ဒါပေမယ့်လည်း Independent 'ဝီးမန်း' ခံယူထားသူ မမက ယောကျာ်းယူဖို့ထက် သားသမီးကို ချစ်တင်းနှောခြင်းမပါပဲ မွေးဖို့ အလှူရှင်ရှာပါတော့တယ်ကြံရာကျပမ်း ယောကျာ်းအလှူရှင်နဲ့ရမှာကို တွေးပူပြီး သူ့စိတ်ကြိုက် သူ့စံနှုန်းနဲ့ ကိုက်မယ့်လူကို ရှာပုံတော်ထွက်ရာမှာ Stand-up comedian ဖြစ်ဖို့ကြိုးစားနေတဲ့ ဆစ်ဒူဆိုတဲ့ ကောင်လေးနဲ့ သွားတွေ့ပါတယ် ဆစ်ဒူကို မြင်မြင်ချင်းသဘောကျသွားတဲ့ ...
movie

Miss. Shetty Mr. Polishetty (2023)

2023
Ravanasura (2023) 6.3
Ravanasura (2023) Ravanasura 2023 အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။ သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီး အငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင် သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီး သမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာ ရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့ အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက် ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကို သူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ.... File size…2.85GB /1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein ~ Cherry
movie

Ravanasura (2023)

2023
Boyfriend For Hire (2022) 7.6
Boyfriend For Hire (2022) Boyfriend for hire (BFH) 2022 IMDb - 7.6/10 (1.1k)ဇာတ်လမ်းအကျဉ်း ငယ်ငယ်တုန်းက မိန်းကလေးရဲ့လှည့်စားခြင်းခံခဲ့ရပြီး စိတ်ဒဏ်ရာရကာ မိန်းကလေးတွေဆိုလုံး၀မယုံကြည်တော့တဲ့ အာဂျွန်၊ တစ်နေ့မှာအာဂျွန်တစ်ယောက် အိမ်ကပေးစားတဲ့သူနဲ့ လက်ထပ်ရတော့မယ့်အချိန်မှာ မိန်းမတွေကိုအယုံအကြည်မရှိတော့တဲ့ အာဂျွန်က "ငါမိန်းမတွေကို လုံး၀မယုံဘူး" ဆိုတဲ့သူ့ရဲ့စည်းမျဉ်းကိုဖောက်ဖို့ဖြစ်လာပြီး လက်ထပ်ရမယ့်သူကိုရှာဖို့ဖြစ်လာပါတော့တယ်။မိန်းမတွေကိုမယုံတဲ့ အာဂျွန်က မိန်းမအကြောင်းတွေကိုသိဖို့ အငှားရည်းစားလိုက်ရမှ သူပဲမိန်းမတွေကိုပလေးသွားမလား မိန်းမတွေကပဲ သူ့ကိုပလေးသွားမလားဆိုတာ....အလောင်တစ်လိုင်းတွေကိုခဏထားပြီး ရိုဆန်ဆန်နဲ့ကြည့်ရမယ့် တေလဂူး rom-com ဇာတ်ကားတစ်ကားကို ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…2GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~Yunni ~Nyein Aye
movie

Boyfriend For Hire (2022)

2022
HIT: The 2nd Case (2022) 7.6
HIT: The 2nd Case (2022) Hit: The 2nd Case (2022) ==================== IMDB ( 7.6/10 - 2.1k) 'Major' ကားနဲ့ကြမ်းပြခဲ့တဲ့ မင်းသားကြီး Adivi Seshကဒီတစ်ခေါက်မှာလည်း ဘယ်လိုအမှုတွေဖြေရှင်းပြီးကြမ်းပြဦးမလဲကြည့်လိုက်ကြရအောင် (ရင်ထိတ်စရာသတ်ဖြတ်ခန်း‌တွေပါတာကြောင့် အသည်းငယ်တတ်သူများအတွက်မသင့်တော်ပါ)ဇာတ်လမ်းအညွှန်း အခင်းဖြစ်ရင် တရားခံကို ငါးမိနစ်တည်းနဲ့ဖမ်းပြနိုင်တဲ့ SP ကေဒီ .. သတင်းထောက်တွေကြားနာမည်ကြီးရဲတစ်ယောက် ဉာဏ်လည်းကောင်း မိတ်လည်းပေါပြီးချစ်သူဖြစ်တဲ့အာရာနဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေသူပေါ့ဒီလိုနဲ့တစ်နေ့ သူ့ကိုစမ်းသပ်တဲ့အမှုကြီးပေါ်ပေါက်လာပါတယ် ခေါင်း၊ လက်၊ကိုယ်ခန္ဓာကို တခြားစီခုတ်ဖြတ်ထားတဲ့အလောင်းကို လူပုံစံအတိုင်းနေရာချထားတာပါ လူတစ်ယောက်ရဲ့ခန္ဓာပေမယ့် ခေါင်းကတော့အဲဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်မဟုတ်ပါဘူး ဆိုတော့ နောက်ထပ်အလောင်းတွေရှိနေသေးတဲ့သဘောပါ ဒီလိုနဲ့ဒီကိစ္စထဲသူပါဝင်သွားပြီး ဘယ်လိုအသက်ဘေးတွေတွေ့ကြုံရမလဲ တရားခံကရောဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.7GB / 792MB Quality…1080p WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Thet Ko & Yunni & Cherry
movie

HIT: The 2nd Case (2022)

2022
24 (2016) 7.9
24 (2016) 24 (2016) Action, Comedy, Drama IMDb 7.9/10 (23K)အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့ Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကဲ အခု ဇာတ်လမ်းကိုသွားမယ်။စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကို ခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ ရောက်လာခဲ့ပါပြီ။ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကို မျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…3.2GB / 1.64GB Quality…1080p ...
movie

24 (2016)

2016
Ante… Sundaraniki! (2022) 8.1
Ante… Sundaraniki! (2022) Ante Sundaraniki (2022) IMDb Rating- 8.1/10ရှေးရိုးစွဲမိသားစုတစ်ခုကနေဆင်းသက်လာတဲ့ "ဆန်ဒါ" ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ ပြည့်နှက်နေတဲ့သူပါ တစ်နေ့ ကျောင်းပြဇာတ်ပွဲမှာ ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့သူ့ကို ဒါရိုက်တာတစ်ယောက်က မျက်စိကျသွားပြီး U.S မှာ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ် ဒါနဲ့ပတ်သတ်လို့ မိသားစုတွင်းမှာအချေအတင်ဖြစ်ခဲ့ပေမဲ့ သွားဖို့ခွင်ပြုချက်ရခဲ့ပါတယ် သို့သော် သွားခါနီးလေးမှာ သူတို့သိလိုက်ရတဲ့အမှန်တရားကတော့ ဒါရိုက်တာက လူကုန်ကူးသမားဖြစ်နေခဲ့တာပါ ဒါနဲ့ပတ်သတ်ပြီး မိသားစုတစ်ယောက်ချင်းစီမှာ အကြောက်တရားကိုယ်စီဝင်သွားခဲ့တာကြောင့် ဆန်ဒါကို ခါတိုင်းထက်ပိုပြီး ဓလေ့ထုံးတမ်းတွေနဲ့ချုပ်ချယ်ခဲ့ပါတယ် ဗဒင်နက္ခတ်တွေနဲ့ ကံဇာတာဟောချက်တွေအရ သူ့ခင်ဗျာ ရေတောင်ကောင်းကောင်းမသောက်နိုင်ရှာပါဘူး... သူ့အနေနဲ့သရုပ်ဆောင်ဖြစ်ဖို့လက်လျှော့ခဲ့ရပေမဲ့ U.S သွားရဖို့ကိုတော့ ပိုပြီးအသည်းအသန်ဖြစ်လာခဲ့ပါတယ် လီလာဆိုတဲ့ ကလေးမလေးကတော့ အများနဲ့မတူတမူထူးခြားနေလို့ အပေါင်းအသင်းမရှိတဲ့ကလေးတစ်ယောက်ပါ သူမရဲ့မိသားစုကတော့ ပွင့်လင်းပြီး နားလည်မှုအပြည့်ပေးခဲ့တာကြောင့် အိမ်ကသူ့အတွက် န ားခိုရာဖြစ်ခဲ့ပါတယ် သို့သော် မိဘအတ္တဆိုသည်မှာတော့ မိသားစုတိုင်းမှာရှိစမြဲပါ လီလာ့အနေနဲ့ အစ်မဖြစ်သူနဲ့မတူဘဲ လိုချင်တာအမြဲနေခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေပေးစားတဲ့သူနဲ့ယူဖို့ အခြေအနေဖန်လာခဲ့ပါတယ်...လီလာမှာလည်း ချစ်ရတဲ့သူသတ်သတ် ရှိနှင့်နေပြီးဖြစ်ပါတယ် ဆန်ဒါနဲ့လီလာကတော့ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ် ဆန်ဒါဖက်ကတော့ ခံစားချက်ရှိနေခဲ့ပေမဲ့ ဖွင့်ပြောဖို့အတွက် အခြေအနေ မပေးခဲ့ပါဘူး.... ကဲ ဆန်ဒါ တစ်ယောက် သူ့ရဲ့ U.S အိမ်မက်ကို ဘယ်လိုအကောင်ထည်ဖော်မလဲ... လီလာကရောအိမ်နဲ့ထားရှိခဲ့ရတဲ့ကတိတွေကြားကနေ သူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲ.... သူငယ်ချင်းနှစ်ယောက်ရဲ့ ...
movie

Ante… Sundaraniki! (2022)

Mishan Impossible(2022) 7.0
Mishan Impossible(2022) Mishan Impossible(2022) အညွှန်း****************************** Thappad ဆိုတဲ့ ကားနဲ့ လူသိပိုများတဲ့နာမည်ကြီးမင်းသမီးချောလေး Taapsee Pannu  ရဲ့ ကားသစ်ထွက်ရှိလို့လာပါပြီ... တစ်ချို့သောသူတွေဟာ အာဏာရပြီး အများကျိုးသယ်ပိုးဟန်တွေပြတဲ့သူတွေဆိုပေမဲ့တစ်ချိန်တုန်းက ကလူတိုင်းထိတ်လန့်ကြောက်ရွှံရတဲ့ လူဆိုးကြီ:တွေဖြစ်ခဲ့ကြတယ်...လက်ရှိမှာလည်း ဉပဒေကိုလက်တစ်လုံးခြား ကွက်ကျော်ရိုက်နေတဲ့သူတွေပေါ့....ဒီလိုလူတွေကို နည်းမျိုးစုံနဲ့ လက်လံဖမ်းဆီးနေတဲ့ ကောင်မလေးတစ်ယောက်ဦးဆောင်တဲ့(၃)ယောက်အဖွဲ့တစ်ဖွဲ့ရှိတယ်...တစ်နေတာ့ သူတို့တွေဟာ ကလေး လူမှောင်ခိုကူးတာကိုအဓိကထားလုပ်နေတဲ့ ဒုစရိုက်ရာဇာတစ်ဦးကို ဖမ်းဖို့ စီစဉ်ကြတယ်...အာဏာလည်းရှိပြီးငွေလည်းရှိတဲ့အပြင် အဆက်အသွယ်တွေ လူအင်အားတွေ တောင့်လွန်းတော့သူတို့အတွက်မလွယ်လှဘူး...တစ်ချိန်တည်းမှာပဲ အစိုးရက ဒီလူဆိုးကြီ:ကိုဖမ်းနိုင်ရင်ရူပီသိန်း(၅၀)ချီးမြှင့်မယ်ဆိုပြီးကြေငြာထားတယ်...ဒီအကြောင်းကို ရွာတရွာရဲ့ မျောက်လောင်း ကလေး (၃)ယောက်ကသွားတွေ့တယ်...သူတို့သာ ဖမ်းနိုင်ရင် သိန်း၅၀ ရမယ် ..ဒါဆို သူတို့ရည်မှန်းချက်တွေပြည့်အောင်လုပ်ဖို့များစွာအထောက်အကူဖြစ်မယ်ဆိုပြီး စပါယ်ရှယ်အစီအစဉ်တွေဆွဲပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်..လူကြီး(၃)ယောက်နဲ့ ကလေး(၃)ယောက်ပေါင်းစည်းဖို့ဖြစ်လာသလိုသူတို့အစီအစဉ်တွေအောင်မြင်မလား...ဆိုတာကိုတော့...  File Size          : 2.5GB, 1.1GB, 378MB Quality            : Web-dl 720p, 480p Format    ...
movie

Mishan Impossible(2022)

Zombie Reddy (2021) 6.9
Zombie Reddy (2021) Zoombie Reddy (2021)အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေလူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်းနှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီးချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားကမြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်းဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်ကကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်းChannel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။  File size…4GB / 1.4Gb ...
movie

Zombie Reddy (2021)

2021