Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harry Styles
7.9
Dunkirk (2017)
Dunkirk (2017)IMDb Rating (7.9) / Rotten Tomatoes (92%)စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင်လုပ်ဖို့ဆိုတာသိပ်တော့လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ Imitation Game ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing စကားကိုပြန်ပြောပါရစေ “You know why people like violence? Because it’s feel good’’လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို့ စာအုပ်ဖတ်လို့ စကားအဖြစ်ပြောလို့ပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုံးတဲ့ဘက်ရော ကြားနေတဲ့အဖွဲ့ရော အကုန်ထိခိုက်ရတာပဲမဟုတ်လား။Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။သူ့ကိုတော်တော်များများက နာမည်ကျော် Superhero Batman ရုပ်ရှင် The Dark Knight Trilogy နဲ့တွဲသိကြမယ်ထင်ပါတယ်။ ရိုက်ခဲ့သမျှရုပ်ရှင်အားလုံးနီးပါး ...
movie
Dunkirk (2017)
2017
4K HEVC IMAX
6.3
My Policeman (2022)
My Policeman (2022) ================ IMDb Rating - 6.3/10One Direction အဖွဲ့က ဟယ်ရီစတိုင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ BL ရုပ်ရှင်အသစ်တစ်ကားဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရဲသားကြီးဆိုတဲ့နာမည်နဲ့ နာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါ။ Firebird ဇာတ်လမ်းနဲ့ဆင်သလိုလိုပဲလို့ ပြောရမှာပါပဲ။ Call Me by Your Name ကိုမမီပေမဲ့ အတော်လေးကောင်းတဲ့ ဗြိတိန်အချစ်ဇာတ်လမ်းပါပဲ။ဇာတ်လမ်းအကျဉ်း ============= တွမ်ဟာ စိတ်ထားကောင်းပြီး ယဉ်ကျေးတဲ့ ရဲတပ်သားလေးတစ်ယောက် ပါပဲ။ တွမ့်ကိုအရမ်းကြိုက်နေတဲ့ မာရီရွန်ဆိုတဲ့ကောင်မလေးကတော့ ကျောင်းဆရာမလေးပေါ့။ သူတို့နှစ်ယောက်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာသူကတော့ ပြတိုက်မှူး ပန်းချီဆရာ ပတ်ထရစ်ပါပဲ။ဇာတ်အိမ်တည်ထားတာက ဗြိတိန်ရဲ့ ၁၉၅၀ ကျော်ကာလဖြစ်လို့ လိင်တူ ချစ်ကြိုက်မှုဟာ ပြစ်မှုမြောက်ပါတယ်။ ထောင်ကျပါတယ်။ ဒီတော့ သူတို့ သုံးယောက်ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သိုင်းချခန်းအချို့ပါဝင်လို့ မိသားစုနဲ့တော့ ကြည့်လို့မသင့်တော်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(500 MB) Quality............Web-DL 720p Duration.........1Hr 53mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Mr.Anderson Encoder..........SWM
movie
My Policeman (2022)
2022
6.3
Don’t Worry Darling (2022)
Don't Worry Darling (2022)ဒီဒရာမာလေးကတော့ ပရိသတ်အချစ်တော်နာမည်ကြီးတွေများပါတယ်။ ဟယ်ရီစတိုင်၊ ဖလောရန့်စ် ပြူ၊ ခရစ္စပိုင်းတို့ အဓိကပါဝင်ထားပါတယ်။ Psycho drama thriller လေးပါပဲ။ဇာတ်လမ်းထဲမှာ ဗစ်ထရီစီမံကိန်းဆိုတဲ့ ဘာမှန်းမသိတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်။ အဲဒီကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ ယောကျာ်းတိုင်းအတွက် အိမ်ရာတစ်ခုရှိပါတယ်။ အဲဒီအိမ်ရာမှာပဲ ဇနီးကိုယ်စီနဲ့ ပျော်ပျော်ရွင်ရွှင်နေကြပါတယ်။ စားစရာသောက်စရာ၊ ငွေကြေး ဘာမှကိုပူစရာမလိုပါဘူး။ အလုပ်ဆင်းတာနဲ့အချိန်တိုင်း ပျော်စရာတွေချည်းပါပဲ။ ပါတီတွေ၊ အားကစားတွေနဲ့ သုခဘုံအစစ်ပါပဲ။ ဒါပေမဲ့ သူတို့တွေ ဘယ်ကနေဒီကိုရောက်လာသလဲ၊ ဘာအလုပ်တွေလုပ်ရလဲဆိုတာ အားလုံးဝေဝေဝါးဝါးပါပဲ။ အဲဒီလူတွေထဲကနေ ဒီလောကကြီးကို သံသယဖြစ်လာသူတွေရှိရင်လည်း အားလုံးက သူ့ကိုရူးနေသလိုပဲထင်ကြပါတယ်။ အဲဒီလို သံသယရှိလာသူတွေထဲမှာ အဲလစ်ပါလာတဲ့အခါ ဒီအရာတွေအားလုံးကိုအဖြေရှာဖို့ ကြိုးပမ်းလာပါတော့တယ်...ဒီဇာတ်ကားကတော့ လက်ရှိဘဝတွေနဲ့လူတွေရဲ့စိတ်တွေကို နိမိတ်ပုံလေးနဲ့ ပြထားတာဖြစ်ပြီး ကြည့်နေရတဲ့လူကိုပါ အားမလိုအားမရ မွန်းကြပ်လာအောင်ဖန်တီးထားတဲ့အမျိုးအစားမို့ တမူထူးခြားပြီးခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ခုပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.7GB | 901MB | 495MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar ...
movie
Don’t Worry Darling (2022)
4.5
One Direction: This Is Us (2013)
One Direction: This is us (2013)=========================Simon Cowell ဟာ X Factor ပြိုင်ပွဲဝင်များဖြစ်ကြတဲ့ Harry Styles, Zayn Malik,Niall Horan, Louis Tomlinson နဲ့ Liam Payne တို့ကို One Direction ဆိုပြီးဖွဲ့စည်းဖို့အချိန်ဆယ်မိနစ်ပဲ ယူခဲ့ပါတယ်တဲ့။ အစကတော့ သူကိုယ်တိုင် ဒီအဖွဲ့ဒီလောက်အောင်မြင်မယ်ဆိုပြီး လုံးဝ မထင်ထားခဲ့သလို ဘယ်သူမှလည်း မထင်ခဲ့ကြပါဘူး။Directioner များရဲ့ Supporting အားကောင်းမှုကြောင့် 1D စဖွဲ့စည်းချိန်မှာပဲစံချိန်များစွာ ချိုးဖျက်ခဲ့ပြီး တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့ပါတယ်။ဒီ Documentary လေးကို Take Me Home Tour လှည့်ချိန်မှာရိုက်ကူးထားခဲ့ပြီးအမိုက်စား Performance တွေအပြင် Member တစ်ယောက်ချင်းစီရဲ့အမူအကျင့်တွေ၊ ညီအစ်ကိုသံဃောဇဉ်တွေနဲ့ Directioner များအပေါ်ထားရှိတဲ့သူတို့ရဲ့ ချစ်ခြင်းမေတ္တာများကိုပါထည့်သွင်းဖော်ပြသွားပါတယ်။လူလတ်တန်းစားမိသားစုတွေမှာမွေးဖွားလာခဲ့ကြတဲ့ သာမန်ကောင်လေး ငါးယောက်ရဲ့အောင်မြင်မှုအပေါ်ထားရှိတဲ့သူတို့ရဲ့အမြင် ပြီးတော့ ဒီအောင်မြင်မှုကိုဘဝနဲ့ဟန်ချက်ညီအောင် ...
movie
One Direction: This Is Us (2013)
2013
6.8
Eternals (2021)
Eternals (2021)=============IMDb Rating - 6.8/10မာဗယ်ရဲ့ စူပါဟီးရိုးအသစ်တွေ လာပါပြီ။မူလပထမအစမှာ.... ဧကဖြစ်တည်မှု ၆ ခု မတိုင်ခင်၊ ဖန်ဆင်းမှုကြီးမတိုင်ခင် ဖန်ဆင်းရှင်များရှိခဲ့ပါတယ်။ မဟာဖန်ဆင်းရှင် အာရစ်ရှမ်ဟာ ပထမဆုံးသော နေကို ဖန်ဆင်းပြီး စကြဝဠာကိုအလင်းပေးခဲ့တယ်ပေါ့။ အဲ့လိုနဲ့ သက်ရှိတွေ စတင်ဖြစ်ပေါ်လာပြီး ဟန်ချက်ညီစွာ သာယာဝပြောခဲ့ကြတယ်။ အဲ့ဒီလိုပဲ အာကာသရဲ့ နက်ရှိင်းတဲ့နေရာတွေဆီမှာလည်း ဒီးဗီးယန့်ဆိုတဲ့ထူးခြားတဲ့ မျိုးစိတ်တွေ ဖြစ်ပေါ်လာပြီးအသိဉာဏ်ရှိ သက်ရှိတွေကို စားသုံးလာကြတဲ့အခါစကြဝဠာကြီးလည်း ကစင့်ကလျားဖြစ်ကုန်ပါတော့တယ်။ ဒီလိုဖြစ်ပျက်နေတဲ့ သဘာဝတရားကိုပုံမှန်ဖြစ်စေဖို့ အာရစ်ရှမ်ဟာ အိုလမ်ပီယာဂြိုလ်မှ မသေမျိုးသူရဲကောင်းတွေဖြစ်တဲ့ အီတာနယ်တွေကိုစေလွှတ်ပြီး ဒီးဗီးယန့်တွေကို ရှင်းလင်းစေခဲ့တယ်။ မဟာအီတာနယ် အာဂျက်ဦးဆောင်တဲ့အီတာနယ်တွေဟာ အာရစ်ရှမ်အပေါ်ကို စွဲစွဲမြဲမြဲသစ္စာရှိခဲ့ပေမဲ့ တာဝန်တစ်ခုနဲ့တွေ့လာတဲ့အခါအရာရာ ပြောင်းလဲသွားပါတော့တယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size - (4.22 GB) / (2.89 GB) / (1.5 ...
movie
Eternals (2021)
2021
4K HEVC Web-DL